Monday 19 October 2015

ငါးဖယ်အောင်း ငါးပိကောင်


ငါးကို ဗိုက်ခွဲပြီး အစာအိတ်များဖယ်ကာ ဆားများများ
ထည့်နယ်ပြီး ပလပ်စတိတ်အိတ်ထဲထည့်၍ အပေါ်မှ
ခပ်လေးလေး ပစ္စည်းဖိပြ်ီး သုံးလေးရက်လောက် ထားပေးပါ

အလေးဖိထားစဉ် ထွက်လာသော အရည်များကိုဖယ်ပြီး
ငါးပိကောင်ဖြစ်သွားပြီဆိုရင် ရေစင်အောင်ဆေးပေးပါ

ဆီကို အပူပေးပြီး နနွင်းမှုန့် အနည်းငယ်ထည့်ကာ
ငါးပိကောင်ကိုထည့်ပြီး မီးအနေတော်နှင့်ကြော်ပေးပါ

တစ်ဖက်ကျက်လျှင် တစ်ဖက်ကိုလှန်ပြီးကြော်ပေးပြီး ဆီစစ်ထားပါ

ငါးပိကောင် ကြော်လို့ ပိုတဲ့ဆီထဲမှာ ကြက်သွန်ဖြူထောင်းကို
အရင်ဆုံးဆီသတ်ပြီး မွှေးလာတာနဲ့ ငရုတ်သီးလုံးခြမ်းခွဲကို
အချိုမှုန့်အနည်းငယ်ထဲ့ကာကြော်ပေးပါ

ငရုတ်သီးကြော်လေးနဲ့ငါးပိကောင်ကြော်မွှေးမွှေးလေးရပါပြီ

ဒီနေ့တော့ မာမာ့အိမ်မှာ ကိုယ်တိုင်လုပ်ထားတဲ့ ငါးဖယ်အောင်း ငါးပိကောင်လေးတွေ ရလာပြီမို့လို့ မြန်မာအစာလေးတွေမှ နှစ်သက်သူတို့အတွက် ကိုယ်တိုင်လုပ်နည်းနဲ့ ငပိကောင် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးဖယ်အောင်း - တကီလို
  2. ဆီ - စားပွဲတင်ဇွန်းကြီး ၂ဇွန်း
  3. ငရုတ်သီးလုံးကြမ်းခွဲ - ထမင်းစားဇွန်း လေးဇွန်းခန့်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  7. ဆားကြမ်း - လိုသလောက်သုံးပါ


ငါးဆားနယ်ရန်
  • ငါးကိုအကောင်လိုက် ရေဆေးပြီး  ဗိုက်ခွဲကာ အထဲမှ မလိုတာတွေ ဖယ်ပေးပါ။
  • ငါးရဲ့ ဗိုက်ထဲကို ဆားခပ်များများ သိပ်ပေးပါ။
  • ငါးအားလုံး ဆားသိပ်ပေးပြီးတာနဲ့ ပန်းကန်ပြား သို့မဟုတ် ဇလုံတစ်ချပ်ခံပြီး ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ။
  • ငါးထဲ့ထားသော ပန်းကန်ပြားကို ပလပ်စတစ်အိတ်နဲ့လုံနေအောင်ပိတ်ပြီး အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
  • ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ပန်းကန်တခု ထပ်ခံပေးထားပါ။
  • အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  • ၂ရက်၃ရက်အတွင်း ထားလိုက်ရင် ငါးဆားနယ် ရပါပြီ။
  • တစ်လလောက် ထားလိုက်ရင်တော့ ငါးပိကောင် ရလာပါပြီ



ကြော်ရန်ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • ငရုတ်သီး လုံးကြမ်းခွဲကို ပြင်ထားပါ
  • ငါးကိုဆားအငံ ပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ။
  • အငံတော်တော်လေး ပေါ့စေချင်ရင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက် စိမ်ပြီးမှဆေးပေးပါ။
  • ငရုတ်သီး အခြောက်တောင့်တို့ကို ပြင်ထားပါ။
  • ဆီကိုမီးအလယ်အလတ်လောက်နဲ့ အပူပေးပြီး ဒယ်အိုးထဲမှာ ဆီထည့်ပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်အနည်းငယ် ထဲ့ပေးပါ။ြ
  • ပီးတာနဲ့ ငါးဆားနယ်ကို ထဲ့ကြော်ပေးပြီး တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပါ။
  • နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ။
  • ကြော်ပြီးလို့ ပိုသောဆီကို ဖယ်ပေးပြီး ဒယ်အိုးထဲမှာ အနည်းငယ်ချန်ထားကာ မီးကို အနေတော်လောက်ထိ လျှော့ပေးပါ။
  • ပြီးတာနဲ့ ထိုဆီထဲမှာ ကြက်သွန်ဖြူ ငရုတ်သီး လုံးကြမ်းခွဲနှင့် အရသာမှုန့်တို့ကို ကြွတ်လာတဲ့ထိ ကြော်ပြီး ဆယ်ထားပါ။ြ
  • ပီးတာနဲ့ ငါးဖယ်အောင်း ငါးပိကောင်ကြော်နှင့် ငရုတ်သီးကြော်ကို ပန်းကန်ထဲထည့်ကာ ပြင်ပေးပြီး မိမိနှစ်သက်ရာ တို့စရာ အစုံနဲ့  တွဲဖက်၍ စားသုံးနိုင်ပါပြီ။

6 comments:

  1. အရမ်းကြိုက်မမာရေ။
    အိုင်အိုရာ

    ReplyDelete
  2. အရမ်းကြိုက်တာ ဒီမှာငါးလဲဝယ်မရဘူး ငပိကောင်လဲဝယ်မရလို့ မစားရဘူး မလေးရှားမှာတုန်းကစားရသေးတယ် အိမ်ကပို့ပေးလို့ပါ မေမေကတော့ပို့ပေးမယ်ပြောတယ် နွေကြရင်တဲ့ .....ခုတော့မမမာရဲ့ပုံလေးကြည့် သရေကျပြီးပြန်ခဲ့တယ်

    ReplyDelete
  3. ကျွန်တော့်အမေ အရမ်းကြိုက်တာ အမြဲကြော်ပေးရတရ်
    ငပိကောင်လုပ်င်္ပြးသားပေါ့ ကွကိုယ်တော့ မလုပ်ချင်ဘူးလေ ငါးကိုင်တာတင်တိုင်ပတ်နေမှာ

    ReplyDelete
    Replies
    1. ငါးပိကောင်လုပ်ရင် ငါးကိုရေစင်အောင်ဆေးပြီး ဗိုက်ခွဲပြီး မလိုတာတွေထုတ် ဆားနဲ့ ဗိုက်ထဲသိပ် အကောင်လိုက်ကိုနယ်ပေးပြီး ဘလော့မှာ ရေးထားတဲ့ နည်းအတိုင်း လုပ်ပါ လွယ်ပါတယ်

      Delete
  4. Like. What kind of fish do you use for this recipe? How do you call in English?

    ReplyDelete
    Replies
    1. ငါးဖယ်အောင်းကို
      Smelt@ Siamese River abramine လို့ ခေါ်ပါတယ်
      ငါးဖယ်အောင်းကို ငါးပိကောငိဒ်အပြင် ငရုတ်သီးနဲ့ ချက်စားနိုင်ပေမဲ့ ငါးပိကောင်လောက်တော့ စားမကောင်းဘူးရယ်နော့

      Delete