Wednesday 14 October 2015

အာလူးအပျော့ကြော်


ချက်ရတာမြန်ပြီး ထမင်းပူပူလေးနဲ့လိုက်ဖက်တဲ့ အာလူးအပျော့ကြော်လေးပါ အာလူးဆို ဘယ်လိုလုပ်လုပ် နှစ်သက်တာမို့ ဒီကြော်နည်းလေးကလဲ ထမင်းကို မိန်စေအုံးမှာပါမို့ လွယ်ကူမြန်ဆန်တဲ့ အာလူးအပျော့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူးကြီးကြီး - ၂လုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်ဥ - တလုံး
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  1. အာလူးကို အခွံခွာပြီး ရှည်ရှည်အမြှောင်းလေးတွေ လှီးကာ ရေဆေးထားပါ
  2. အာလူးကို ဆား နနွင်း အချိုမှုန့်တို့နှင့် နယ်ထားပါ
  3. ဆီကိုအပူပေးပြီး ပါးပါးလှီထားသော ကြက်သွနီကို နွမ်းအောင် ကြော်ပေးပါ
  4. ကြက်သွန်နွမ်းတာနဲ့ အာလူးအရသာနယ်ကို ထည့်ကြော်ပြီး အဖုံးအုပ်ထားပါ
  5. ၂မိနစ်လောက်နေရင် တခါမွှေပေးပြီး အာလူးပျော့လာအောင် ဆက်ကြော်ပေးပါ
  6. အာလူးပျော့လာတာနဲ့ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  7. ကြက်ဥအာလူး သမသွားတာနဲ့ အရသာမြည်းပြီး စားပွဲပြင်ပေးနိုင်ပါပြီ။

2 comments:

  1. ချက်ထားတာတွေကလဲ အများကြီးပါဘဲ .. ငါးပိရည်ဖျော်၊ ငံပြာရည်ချက်၊ သီးစုံချဉ်ဟင်း၊ ပဲပြုတ်ထမင်းကြော်၊ ကြက်ဥ အာလူး ကြော်၊ အားလုံး အားလုံးကို တဝကြီးကိုဘဲ အားပေးသွားပါတယ်။
    အကုန်လုံးကိုကြိုက်တယ်။
    ရွှေလံဘို ငရုတ်သီးလဲ ခုမှမြင်ဘူးတယ် .. ^___^

    ReplyDelete
  2. အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမလေးရေ

    ReplyDelete