Thursday 15 October 2015

ပဲလိပ် ကြာဇံကြော်


ဆန်ကြာဇံကို ပဲလိပ်ပဲပြားနဲ့အသီးအရွက်ရောပြီး သတ်သတ်လွတ် ကြော်ဖြစ်တာမို့သတ်သတ်လွတ် စားချင်သူတွေအတွက် ကြာဇံကြော် စိမ့်စိမ့်မွှေးမွှေး ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ကြော်ရန်အတွက်

  1. မနက်ကြော်မယ်ဆိုရင် ညထဲကရေမြုပ်အောင် စိမ်ထားသောဆန်ကြာဇံ - 150 g
  2. အနေတော်လှီးထားသော ပဲတောင့်ရှည် - ၃တောင့်
  3. ခပ်ထူထူလှီးထားသောဂေါ်ဖီ - နှစ်သက်သလောက်
  4. အရှည် အမြှောင်းလှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  5. အနေတော် လှီးထားသော ဘေဘီပြောင်းဖူး - ၃ဖူးေ
  6. ရနာရီဝက်လောက် စိမ်ထားသော ပဲလိပ်ပဲပြားအခြောက် - အချပ်ကြီး ၂ချပ်
  7. တရုတ်နံနံ - အနည်းငယ်
  8. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  9. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ (တစ်ဝက်ဆီ ခွဲသုံးပါ)
  10. ဆား - လဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်

ပြင်ဆင်ရန်
  • ရေစိမ်ထားသောကြာဇံကို ရေစစ်ပြီး ဆား အချိုမှုန့်တို့နဲ့ရောပြီးနယ်ထားပေးပါ
  • ပဲလိပ်ပဲပြာကို အနေတော် ကပ်ကြေးနှင့် ညှပ်ထားပေးပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို အရင်ဆုံးမွှေးသွားအောင် ကြော်ပေးပါ 
  • ကြက်သွန်ဖြူ မွှေးပါလာပါက
      • ပဲသီး ပဲလိပ်ပဲပြား မုံလာဥနီ ဂေါ်ဖီတို့ကို အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ နဲနဲနွမ်းအောင်ကြော်ပေးပါ
  •  နောက်ဆုံးမှ ကြာဇံထဲ့ပြီး ရောကြော်၍ ကြာဇံပျော့လာပြီဆိုတာနဲ့ တရုတ်နံနံထည့်ပြီး ရောမွှေကာ အရသာမြည်းပေးပါ အရသာလိုသလိုပြင်ပြီး ကြာဇံကြော် မွှေးမွှေးလေးကို သုံးဆောင်လို့ရပါပြီ။

No comments:

Post a Comment