Saturday, 17 October 2015

အောင်ဗလကြော် စိမ့်စိမ့်လေး


ငယ်ငယ်ထဲက အရမ်းကြိုက်ခဲ့တဲ့ မုန့်လေးပါ အမေခနခန ကြော်ကျွေးတာမို့ အရသာက လျှာမှာ စွဲနေလေတော့ စားချင်စိတ်ပေါ်လာတာနဲ့ ဒီနေ့ကြော်စားဖြစ်သွားပါတယ် ဒါကြောင့်မို့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
  • အုန်းသီး - တခြမ်း
  • ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • သကြား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခွဲ
ပြင်ဆင်ပုံ
  1. အုန်းသီး တခြမ်းကို ခြစ်ထားပါ
  2. ပဲကို နူးအိနေအောင် ပြုပ်ပြီး ကြေသွားအောင် ချေထားပါ
  3. ပဲခြေပြီးသား အုန်းသီးမှုန့် ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်ကိုရောမွှေပြီး ရေနည်းနည်းခြင်းထည့်ကာ မုန့်သားပျော့လာအောင် နယ်ပေးပါ
  4. ရေကို နည်းနည်းခြင်းထည့်ပါ မုန့်သားပျော့လွန်းလျှင် ကြော်လို့မကောင်းပါ
  5. မုန့်သားနယ်ပြီးပါက အနည်းဆုံး တနာရီလောက် နှပ်ထားပြီးမှ ကြော်ပါ
  6. မုန့်သားနှပ်ထားချိန် သကြားကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးနှင့် ပေါက်စီးမကျတကျ ကျိုထားပါ
  7. မုန့်သားနပ်သွားလျှင် ဆီကို အပူပေးပါ
  8. ဆီပူလာပါက မုန့်ကို အနေတော် လုံးကာ ကြော်ပေးပါ
  9. မုန့်တခုလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  10. ဆီစစ်သွားပါက သကြားရည်ထဲ စိမ်ထားကာ အောင်ဗလကြော် စိမ့်စိမ့်လေးကို စားသုံးနိုင်ပါပြီ။






No comments:

Post a Comment