Wednesday 29 October 2014

သတ်သတ်လွတ် ကော်ပြန့်စိမ်း


ဒီနေ့လုပ်စားဖြစ်တဲ့ သတ်သတ်လွတ် ကော်ပြန့်စိမ်းလေးပေါ့ ကော်ပြန့်စိမ်းဆိုရင် ဘာပါရမယ် ညာပါရမယ် ဘာပါမှပြည့်စုံမယ် ညာပါမှ ပြည့်စုံမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ မရှိပါဘူး။

စားတဲ့အခါ ခံတွင်းတွေ့ဖို့သာ အဓိကမို့ ဒီနေ့အိမ်မှာရှိတဲ့ အသီးအရွက်လေးနဲ့ သမီးအတွက် ကော်ပြန့်စိမ်းလေး လုပ်ပေးဖြစ်ပါတယ်။

ကော်ပြန့်စိမ်းလေး မကြာမကြာ လုပ်စားဖြစ်သလို အိမ်မှာရှိတဲ့ အသီးအရွက်တွေနဲ့အဆင်ပြေအောင် လုပ်နိုင်တာမို့ အရသာရှိရှိနဲ့ စားသုံးနိုင်အောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်​ပစ္စည်းများ

  1. အနေတော်အရွယ် လှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  2. အနေတော်အရွယ် လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တလုံးမောက်မောက်
  3. လက်တစ်ဆစ်ခန့်အနေလှီးထားသော ကြက်သွန်မိတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  4. တစ်လက်မသာသာအရှည် အချောင်းလေးများရအောင် လှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  5. လက်တစ်ဆစ်ခန့်အရွယ်လှီးထားသော တရုတ်နံနံ - လက်ဖက်ရည်ကြမ်းပန်းကန် တစ်လုံးမောက်မာက်ေ
  6. သေးသေးနုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  7. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  11. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  13. ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း ၂ဇွန်း
  14. Rice paper - ၁၂ရွက်

ပြင်ဆင်ပုံ
  • လှီးထားသော အသီးအရွက် အားလုံးကို ရေဆေးပြီး ရေစစ်ထားပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို နီညိုရောင် သန်းလာတဲ့ထိ ကြော်လိုက်ပါ
  • ပြီးတာနဲ့ကြက်သွန်နီကို မိနစ်ဝက်လောက် ထဲ့မွှေပါ
  • မုံလာဥနီ ဂေါ်ဖီ တရုတ်မုန့်ညှင်းတို့ကို မိနစ်ဝက်လောက် ထဲ့မွှေပါ
  • ဆား အရသာမှုန့်ထဲ့ပြီးတာနဲ့ ကြက်သွန်မိတ် တရုတ်နံနံ ငရုတ်ကောင်းမှုန့် နှမ်းဆီတို့ကို ထဲ့မွှေပါ
  • တမိနစ်လောက်မွှေပြီးတာနဲ့ မီးပိတ်ပြီး ကြော်ထားသောအိုးကို တခြမ်းစောင်းကာ အအေးခံပြီး အရည်စစ်ပေးထားပါ။
  • အသီးအရွက်များအေးတာနဲ့ ဆန်ပြားရွက်ကို ရေနွေးနွေးလေးနဲ့ ပန်းကန်ပြားတချပ်ထဲ ထဲ့ပြီး မိနစ်ဝက်လောက်ဘဲ ပျော့လာတဲ့ထိစိမ်လိုက်ပါ
  • စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက်တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ
  • ကြော်ထားသောအစာကို ထမင်းစားဇွန်း သုံးဇွန်းလောက်ကို အောက်ဖက်နားမှာ ပုံပြီးထဲ့ပေးပါ
  • ပုံထားသော အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
  • ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစ်စဆီ ခေါက်ပေးပါ
  • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
  • ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
အချဉ်ရည်အတွက်ပြင်ပါမယ်
  • Tomato sauce ထမင်းစားဇွန်း ၂ဇွန်း
  • Chili sauce ထမင်းစားဇွန်း ၂ဇွန်း 
  • ရေနွေး ထမင်းစားဇွန်း ၄ဇွန်း တို့ကိုရောမွှေပေးပါ

Saturday 25 October 2014

မုန့်လက်ကောက်ကြော်




မုန့်သားသေစေရန်ဆန်မှုန့် ကောက်ညှင်းမှုန့် 
ဆား ဆိုဒါ အားလုံးရောနယ်ပြီး နှပ်ထားပေးပါ


မုန့်သားကို ကွင်းပြီးတာနဲ့ နှမ်းစေ့နှင့်လူးပေးပါ


ကြော်ပြီးပါက တခုခြင်းကို Paper Towels


ကြော်ပြီး ဆီစစ်ထားတဲ့ နှမ်းကပ် 
မုန့်လက်ကောက်လေးရပါပြီ


ကျိုပြီးအအေးခံထားသော ထန်းလျှက်ရည်ထဲမှာ 
စိမ်ထားပေးပါ


နှမ်းကပ်ကြော် မွှေးမွှေးလေးနဲ့ မုန့်လက်ကောက် 
ချိုစိမ့်စိမ့်လေးရပါပြီ။

နေ့ လည်နေ့ခင်း မုန့်အချိုစိမ့်စိမ့်လေး စားရအောင် မာမာ မုန့်လက်ကောက်လေး ကြော်ပါတယ် ရိုးရိုးမုန့်လက်ကောက်လေးထက် စားရတာ အရသာပိုကောင်းပြီး မွှေးစိမ့်နေအောင် နှမ်းစိမ်းလေးနဲ့ လှိမ့်ကာ ကြော်ထားပါတယ်။

မုန့်လက်ကောက်က ကြော်တတ်ပြီး ကြော်နည်းလေးသိရင် စားလို့အရမ်းကောင်းသလို ကြော်လို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ကြော်နည်းမကျွမ်းကျင်ရင်တော့ ကြော်တဲ့အခါ အန္တရာယ် နည်းနည်းများပါတယ်။

မကြော်ခင် မုန့်သားစပ်ပြီး အနည်းဆုံ ၂နာရီ၃နာရီလောက် မုန့်သားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ဆီပေါက်ပြီး ဆီရော မုန့်သားတွေပါ တော်တော် ခပ်ဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ်။

ဒါကြောင့်မို့ ဆီပူမထိရလေအောင် မုန့်သားသေအောင်ထားပြီးမှ ကြော်တာအကောင်းဆုံးပါ မုန့်သားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ ဘူးပေါ့နော်။

ပါ၀င်ပစ္စည်းများ

ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး
ရနွေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးသာသာ
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတရှိ
ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတရှိ
နှမ်းဖြူ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်၀က်သာသာ
ဆီ - လိုသလောက် သုံးပါ
ထန်းလျှက်ခဲ - 200 g
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး

ထန်းလျှက်ရည်ကျိုရန်
အိုးတလုံးထဲမှာ ထန်းလျှက်ခဲနှင့် ရေကိုထည့်ပြီး မီးဖိုပေါ်တင်ကာ ကျိုပေးပါ
ထန်းလျှက်ခဲများ အရည်ပျော်လာပါက အရည်ကို ပျစ်လာတဲ့အထိ ဆက်တိုက်မွှေပေးပါ
မွှေနေစဉ် ထန်းလျှက်ရည် ကြွက်မြှီးတန်း အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို ယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
ကြွက်မြှီးတန်း အနေအထားလောက် ရလာပါက အအေးခံပေးထားပါ
ပြင်ဆင်ပုံ
ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့် ဆန်မှုန့် ဆား ဆိုဒါတို့ကို ရေနွေးနည်းနည်းချင်းထည့်ကာ နယ်ပေးပါ
ကောက်ညှင်းမှုန့်အပေါ်မူတည်ပြီး ရေကို နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ
မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်း မပျော့စေရန် ရေအကုန်မထည့်ဘဲ ရေကိုချန်ထားလိုက်ပါ
မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
မုန့်သားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို အနည်းဆုံး ၂နာရီကျော် ၃နာရီလောက် နှပ်ထားပေးပါ
မုန့်သားနှပ်ပြီးတာနဲ့ လက်တဖျစ်စာသာသာ  အနေတော်မုန့်သားကိုယူကာ လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေးရတာနဲ့ ထိပ်စ၂ဖက်ကို အဝိုင်းလေးလုပ်ကာ ဖိပြီးဆက်လိုက်ပါ
ပြီးတာနဲ့ နှမ်းထည့်ထားသော ပန်းကန်ထဲမှာ နှမ်းစေ့များ ကပ်အောင် လူးလိုက်ပါ
ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကိုမီးအပူပေးပါ
ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီးမှ ကွင်းထားသော မုန့်သားကို ထည့်ကြော်ပေးပါ
မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
မီးအနေတော်နဲ့ကြော်နေစဉ် တဖက်ရွှေဝါရောင် သန်းလာပြီး ကျက်လာရင် တဖက်ကို လှန်ပေးပါ
၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး ကျွတ်သွားပါက ဆယ်ပြီး Paper Towels ပေါ်တင်ပြီး ဆီစစ်ပေးထားပါ
မုန့်လက်ကောက် ၁၅ခုစာ ရပါမယ်
ထန်းလျှက်ရည် ကျိုပြီးပါက နှမ်းကပ်မုန့်လက်ကောက်ကို ထန်းလျှက်ရည် ချိုချိုလေးနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီရှင်။

Wednesday 22 October 2014

(Black Fungus) ကော်ပြန့်ကြော်


သတ်သတ်လွတ် ကြွက်နားရွက်မှို ကော်ပြန့်လိပ်ကြော်လေး ကြော်စားဖြစ်ပါတယ် အသားဆို ညင်းတတ်တဲ့ သမီးငယ်လေးက အသားမပါရင်တော့ မြိန်ရည်ယှက်ရည် စားသုံးတတ်ပါတယ်။

ဒါကြောင့်မို့လဲ တနေ့တမျိုးမရိုးရအောင်လို့ သူ့အတွက် မာမာ စိတ်ကူးပြီး ကြော်ပေးထားတဲ့ ကော်ပြန့်ကြော်လေးမို့ မြည်းစမ်းဖို့အတွက် ကြော်ကြည့်စေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ

ကော်ပြန့်ရွက် - ၁၂ရွက်
ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - ၃မွှာ
ခပ်သေးသေး နုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
အနေတော်လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
လက်တစ်ဆစ်ခန့်လှီးထားသော ကြက်သွန်မ်ိတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
ခပ်ကြမ်းကြမ်းလှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
တစ်လက်မသာသာ ရှည်ရှည်အမြှောင်းလေးတွေလှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
ရေစိမ်ပြီး အနေတော် လှီးထားသောBlack Fungus - တရုတ်ဟင်းပြင်ပန်းကန် တစလုံးမောက်မောက်
ခပ်ကြမ်းကြမ်း လှီးထားသော တရုတ်နံနံ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးမောက်မောက်
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံ တစ်ပုံ
ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်၀က်

အစာအတွက်ကြော်ပါမယ်
ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို အရင်မွှေးလာအောင်ကြော်ပေးပါ
ပြီးတာနဲ့ကြက်သွန်နီကိုနဲနဲနွမ်းအောင်ကြော်ပေးပါ
ကြက်သွန်နီနွမ်းလာတာနဲ့ black fungus ကို တစ်မိနစ်လောက်ထဲ့ကြော်ပါ
လှီးထားသော အရွက်များထဲမှတရုတ်နံနံနှင့်ကြက်သွန်မိတ်ကိုချန်ထားပြီး ဆား အရသာမှုန့် တို့ထဲ့ပြီး အရွက်များနွမ်းအောင်ကြော်ပေးပါ
အားလုံးနွမ်းလာတာနဲ့ တရုတ်နံနံ ကြက်သွန်မိတ် ပဲငံပြာရည် ငရုတ်ကောင်းမှုန့် နှမ်းဆီတို့ထဲ့မွှေပြီး တမိနစ်လောက် ကြော်ပြီးတာနဲ့မီးပိတ်ပေးပါ။

ကော်ပြန့်လိပ်ရန်အတွက်ပြင်ပါမယ်
ကြော်ထားသော အစာကို အအေးခံပြီး အရည်များ စစ်ထားပေးပါ
ကော်ပြန့်ရွက်ကို ထောင့်ချွန်းခင်းပြီး အောက်နားမှာ အစာကို ထမင်းစားဇွန်း နှစ်ဇွန်းလောက်ပုံပေးပါ
အစာအောက်ဖက်မှ အစကို စပြီးလိပ်ပေးကာ ဘေး၂ဖက်ကိုပါ ခေါက်ပေးပြီး ဆက်လိပ်ပေးပါ
လိပ်လာသော အစဆုံးကာနီးပါက ဂျုံမှုန့်ဖျော်ထားသော အရည်နှင့် အနားစကိုကပ်ပြီး ဆက်လိပ်ပေးပါ
ကော်ပြန့်လိပ်များ လိပ်လို့ပြီးပါက ဆီလက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲကို ဒယ်အိုးထဲထည့်ပြီး မီးအပူပေးပါ
ဆီပူလာပါက မီးကို အလယ်လောက်ထိ လျော့ချပြီးမှ ကော်ပြန့်လိပ်ကို တလိပ်ခြင်း ထဲ့ကြော်ပေးပါ
ကော်ပြန့်လိတ် တလိတ်လံ ေးရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစ်ပေးပါ။
ကော်ပြန့်လိပ်နှင့်စားရန် အချဉ်စပ်ပါမယ်
Tomato sauce ထမင်းစားဇွန်း တစ်ဇွန်း
Chili sauce ထမင်းစားဇွန်း တစ်ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တစ်၀က်
သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ရေနွေးနွေးရုံလေး ထမင်းစားဇွန်း သုံးဇွန်း တို့ကိုရောမွှေပေးပါ

Monday 20 October 2014

My Little Garden

မြန်မာပြည်က မာမာ့သပြေခြံလေးရယ် အခုလက်ရှိနေနေတဲ့ နိုင်ငံက ဥယျာဉ်လေးထဲက စားပင် အချို့ရယ်ပါ ၀ါသနာစုံတယ်လို့တော့ ထင်ကြမှာဘဲနော်။

ထမင်းချက် ဟင်းချက် မုန့်လုပ်တာတွေအပြင် စာရေး ကဗျာစပ်ဆိုတဲ့ တောက်တိုမယ်ရလေးက စပ်စပ်စုစုလုပ်တတ်သလို အိမ်မှာ အပင်စိုက် အင်္ကျံချုပ် သိုးမွှေးထိုးတာလေး တွေကလဲ တောက်တိုမယ်ရ လုပ်တတ်ပါသေးတယ်။

ဒီနေ့တော့ ခြံထဲက အပင်လေးတွေ ပွင့်နေတာလေးတွေ တင်ပေးမယ်နော် ၀ါသနာတူရင် မျှဝေခံစားလို့ ရအောင်ပေါ့နော်။

ဒါကတော့ မြန်မာပြည်က မာမာ့ရဲ့ 
အာဆီယံ သပြေခြံလေးပါ

ဒါကတော့ မာမာအခုနေတဲ့ အိမ်မှာစိုက်ထားတဲ့ 
ကန်စွန်းပင်က အပွင့်လေးပါ

ဒါကတော့ ရေခဲသေတ္တာထဲမှာ မစားဖြစ်ဘဲ 
ကျန်နေတဲ့ကန်ဇွန်းဥကနေ အပင်လေးတွေ
ပေါက်နေတာပါ

ဒါကတော့ ပျိုးပင်လေးဘ၀နဲ့ ပန်းအိုးထဲမှာဘဲ 
ပွင့်တော့မဲ့ ဘူးပင်လေးပါ

ဒါကတော့ မုံလာပွင့်လေးပါ

ဒါလေးကတော့ ရွှေဖရုံပွင့်လေးတွေပါ

ဘေဘီ ဘလိုကိုလီကြော်



ဒီနေ့တော့ သတ်သတ်လွတ် ဘေဘီဘရိုကိုလီ ကြော်ပါတယ် လတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစိုလေးမို့ စားလို့လဲ အရမ်းကောင်းပါတယ် အသားငါး စိမ်းစိမ်းစိုစိုတွေ မစားတဲ့ သမီးလေးအတွက်မို့ မာမာ့ရဲ့စိတ်ကူးနဲ့ ချက်ခဲ့တဲ့ ဟင်းလေးတစ်မျိုးပါ။

မာမာ့သမီးလေးကတော့ မာမာချက်သမျှ သတ်သတ်လွတ်ဟင်းလေးတွေက သူ့အဖို့တော့ နတ်သုဒ္ဓါဟင်းလေးတွေမို့ ချက်ပြုပ်ကျွေးရတဲ့ ဟင်းလေးတွေအတွက် မာမာ့ပီတိလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရေစင်အောင် ဆေးထားသော ဘေဘီဘလိုကိုလီ - ခွန်နှစ်ပင်
  2. ဆီ ထမင်းစားဇွန်း - နှစ်ဇွန်း
  3. နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  5. အရသာမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - လေးမွှာ
  7. ရေ - အနည်းငယ်
  8. ငရုတ်ကောင်းမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်



ဆီကိုအပူပေးပြီးနနွင်းမှုန့်ထဲ့ကာ 
ကြက်သွန်ဖြူကို ညိုလာတဲ့ထိကြော်ပေးပါ


ကြက်သွန်ဖြူညိုလာတာနဲ့ ဘေဘီဘလိုကိုလီ 
ဆားနဲ့ အရသာမှုန့်ထဲ့ပြီး ကြော်ပေးပါ


မိနစ်ဝက်လောက်ကြော်ပြီးတာနဲ့ရေထဲ့ပြီး
 ရေပွက်ပွက်ဆူလာအောင် တည်ပေးပါ

ရေခမ်းပြီဆိုတာနဲ့ ငရုတ်ကောင်းမှုန့်ဖြူးကာ 
စားသုံးနိုင်ပါပြီ

အာလူး ကတ်တလိတ်ကြော်



ဒီနေ့ကြော်စားဖြစ်တဲ့ အကြော်လေးပါ မာမာ့သမီးလေးအတွက် သတ်သတ်လွတ် ကြော်ဖြစ်တဲ့ အစားလေးတစ်မျိုးပေါ့ သတ်သတ်လွတ်စားတဲ့ သမီးအတွက် တစ်နေ့တစ်မျိုးမရိုးရအောင် စီမံချက်ပြုပ်ပေးထားတဲ့ အမေ့ရဲ့ စေတနာဟင်းလေးပေါ့နော်။

ကြော်ရတာ အရမ်းလွယ်ပါတယ် အိမ်ရှင်မတို့ကိုယ်တိုင်လဲ သားသားမီးမီးလေးတို့အတွက် သတ်သတ်လွတ် အစာလေးတစ်မျိုး ချက်ပေးစေချင်တယ်ဆိုရင် အာလူးကတ်တလိတ်လေး ကြော်ပေးနိုင်အောင် ကြော်ပုံကြော်နည်းလေးကို ရေးပါမယ်။

ပါဝင်ပစ္စည်းများ
  1. အားလူး - 700 g 
  2. တန်ပူရာအကြော်မှုန့် - 100 g
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. နံနံပင်- ၅ပင်ခန့်
  7. ဆီ - လိုသလောက်
  8. ကြက်ဥ - တစ်လုံး
  9. ဆီ - အနည်းငယ် (လက်ကိုသုတ်ရန်)

ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားကာ အနေတော်အရွယ် လှီးထားပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပေးပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အာလူးကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက ကြက်ဥအကာနှင့် နံနံပင်တို့ သမသွားအောင် ထည့်နယ်ပေးပါ
  • ပြီးတာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး လက်နှင့်ဆုတ်လုံးပေးပါ
  • အားလုံးဆုတ်လုံးပေးပြီးပါက လက်ဝါးနှစ်ဖက်ကို ဆီသုတ်ပေးကာ အာလူးလုံး တစ်လုံးချင်းယူကာ လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ၀ိုင်းသွားအောင် လုံးပေးပါ
  • အာလူးလုံးလေးများ အဆင်သင့်ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးလုံးလေးများ မထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တစ်လုံးခြင်းထည့်ပြီ ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • အာလူးကတ်တလိတ်ကြော် တစ်လုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နံနံပင်နံ့မွှေးမွှေးလေးနဲ့ သတ်သတ်လွတ်အာလူး ကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။

ငါး ငါးပိချက် စပ်စပ်လေး


ချက်စားဖြစ်ခဲ့တဲ့ ငါး ငါးပိချက်လေးပါ ဘာငါးနဲ့ဘဲ ချက်ချက် အဆင်ပြေတဲ့ ဟင်းလေးပါ ထမင်းစားရတာလဲ သိပ်မိန်တဲ့ဟင်းဆိုလဲ မမှားပါဘူး မာမာကတော့ ငါးပိချက် ချက်ပြီဆိုရင် တို့စရာအစုံအလင်နဲ့ စားရတာကို ပိုပြီးသဘောကျပါတယ်။

ထမင်းမိန်စေမဲ့ ငါးပိချက် ချက်နည်းလေးကို မာမာ့လိုဘဲ ချက်စားနိုင်အောင်  အားလုံးဘဲ ထမင်းမိန်မိန် စားနိုင်စေဖို့ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. နုတ်နုတ်စင်းထားသော ဘာဆာငါး - 150 g (အရိုးထွင်ပြီးသား မည်သည့်ငါးမဆို ချက်နိုင်ပါတယ် )
  2. ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  3. ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ပါးပါးလှီးထားသော ခရမ်းချဉ်သီး - အလုံးကြီးကြီး ၅လုံး
  5. အခွံခွာပြီးရေဆေးထားသော ကြက်သွန်ဖြူ - ၅မွှာ
  6. ဆီ လက်ဖက်ရည်အကြမ်းပန်းကန် - တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ကျိုထားသော ငါးပိရည်ကျိုပျစ်ပျစ် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ နနွင်းမှုန့်ကိုထဲ့ပေးပါ 
  • ပြီးတာနဲ့ကြက်သွန်နီကို ထည့်ပေးပြီး နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ ငရုတ်သီးမှုန့်ကို မွှေးလာတဲ့ထိ ကြော်ပေးပါ
  • ငရုတ်သီးမှုန့်မွှေးလာတာနဲ့ ငါးကိုငါးငံပြာရည်ထဲ့ကာ ခြောက်ပြီး ငါးအသားများ မွလာတဲ့အထိ ကြော်ပေးပါ
  • ငါးအသားများ မွလာတာနဲ့ ခရမ်းချဉ်သီးကိုထဲ့ပြီး အခွံများလိပ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ အရသာမှုန့်နှင့် ငပိရည်ကျိုတို့ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့အရသာကိုမြည်းကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့ထဲ့မွှေပေးပြီး မီးပိတ်ပေးပါ
  • ငါးပိချက် စပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်နိုင်ပါပြီ။

Friday 10 October 2014

မုန့်လိပ်ပြာ


ပဲဗူးကိုဖောက်ပြီး ရေဆေးပြီး ရေစစ်ထားပါ
မုန့်လိပ်ပြာအတွက် ပဲယိုနှင့်လိပ်ရန် ဆန်ပြားရွက်
ဆန်ပြားရွက်ကို ရေအေးနှင့်ပျော့သွားတဲ့
အထိ မိနစ်ဝက်လောက်ရေစိမ်ပေးပါ

ရေစိမ်ထားသော ဆန်ပြားရွက်ကို ပန်းကန်ပြား
တစ်ချပ်ပေါ်တွင်တင်ပြီး ပဲယိုကိုအလယ်
တည့်တည့်မှာ ထမင်းစားဇွန်းတစ်ဇွန်း ပုံပေးပါ

ပဲယိုပေါ်သို့ အောက်ဖက်မှစပြီး စပြီး
ခေါက်တင်ပေးပြီးမှ ဘေးစနှစ်ဖက်ကို 
တစ်ထပ်ချင်းခေါက်ပေးပါ နောက်ဆုံးမှ 
ကျန်နေတဲ့ အစကိုအုပ်ပေးပြီး ပဲယိုကိုအုပ်ပါ

မုန့်လိပ်ပြာမွှေးမွှေးလေးရပါပြီ နှမ်းထောင်း 
အုန်းသီးမှုန့်တို့ဖြူးပြီး စားသုံးနိုင်ပါပြီ

မြန်မာမုန့်လေးတွေကို နှစ်နှစ်သက်သက် ကြိုက်မိသူတွေအတွက် မုန့်လိပ်ပြာ လုပ်နည်းလေးပါ ဒီမုန့်လေး လုပ်စားရတာ အရမ်းလွယ်ပါတယ်။

 တာမှာနေပြီး တောမှာကြီးခဲ့တဲ့ မာမာတစ်ယောက် မြန်မာမုန့်လေးတွေ ကြိုက်တာ မဆန်းဘူးထင်ပါတယ်
ငယ်ငယ်ထဲက စားခဲ့တဲ့ မုန့်လေးတွေရဲ့ အရသာကို နှစ်သက်နေကြအုံးမယ်ဆိုရင် ဒီနည်းလေးအတိုင်း အလွယ်တစ်ကူ လုပ်စားကြည့်နိုင်အောင် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲနီ - တစ်ဗူး 400 g (ပြုပ်ပြီးသား ဗူးကိုသုံးထားပါတယ် )
  2. Rice Paper - ၇ရွက်
  3. သကြားအဖြူ (သို့) သကြားအညို - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ရေ - 2 cups (ပဲယိုထိုးရန်)
  6. ရေ - လိုသလောက်သုံးပါ (ဆန်ပြားရွက် ရေစိမ်ရန်)
  7. အုန်းသီးမှုန့် - မိမိနှစ်သက်သလောက်သုံးပေးပါ
ပြင်ဆင်ပုံ



  1. ပဲဗူးကိုဖောက်ပြီး  ပဲထဲမှာပါသော ရေများကိုသွန်ကာ ပဲများကို ရေတစ်ထပ်ဆေးပြီး ရေစေစ်ပေးပါ
  2. ဇလုံတစ်လုံးထဲမှာ ရေစစ်ထားသော ပဲ ဆား သကြားတို့ကိုထည့်ပြီး ကျေသွားအောင် ချေထားပေးပါ
  3. ပဲများကျေသွားတာနဲ့ မကပ်သော အိုးတစ်လုံးထဲမှာ ချေပြီးသားပဲနှင့် ရေကိုထည့်ပြီး မီးဖိုပေါ်တင်ကာ ယိုထိုးပေးပါ
  4. ရေခမ်းသွားတာနဲ့ ပဲယိုကို မီးပိတ်ပြီး အအေးခံထားပါ
  5. ပန်းကန်ပြား တချပ်ထဲမှာ ရေထည့်ပြီး ဆန်ပြားရွက်ကို တချပ်ချင်း မိနစ်ဝက်လောက် ရေစိမ်ပေးပါ 
  6. ရေစိမ်ပြီး ဆန်ပျားရွက် ပျော့သွားတာနဲ့ ပဲယိုကို ထမင်းစားဇွန်း တစ်ဇွန်းစာလောက် ထည့်ပေးပါ
  7. ပြီးတာနဲ့  ဆန်ပြားဖတ်ရဲ့ အောက်ဖက်မှနေပြီး စပြီးခေါက်ပေးပါ
  8. အောက်ဖက်မှ လိတ်ပြီးတာနဲ့ ဘေးနှစ်ဖက်ကို  ပုံပါအတိုင်း ခေါက်ပေးပါ
  9. ဘေးနှစ်ဖက် ခေါက်ပြီးတာနဲ့ အပေါ်ဘက်မှ ကျန်နေသော အစကို ခေါက်ပြီး အုပ်ပေးပါ
  10. ပဲယိုကို အုပ်မိသွားတာနဲ့ မုန့်လိပ်ပြာ မုန့်ကိုအုန်းသီးဖြူးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Friday 3 October 2014

စမူဆာသုပ်



စမူဆာ ပဲရည်သုပ်လေး သုပ်စားဖြစ်ပါတယ် လိုအပ်တာလေးတွေကတော့ ကြက်ခြေထောက်ပဲရည်သုပ်ထဲက အတိုင်းပါဘဲ ကြက်ခြေထောက်အစား စမူဆာပြောင်းပြီးထဲ့လိုက်ရုံပါဘဲ မိသားစုအားလပ်ရက်လေးမှာ သုပ်စားနိုင်အောင် မာမာပြင်ဆင်ထားတာလေးကို တင်ပေးလိုက်တာပါ။

ထဲ့မဲ့အစာတွေက အားလုံအတူပါဘဲ ချက်နည်းလေးတွေ ပြင်နည်းလေးတွေကို ကြက်ခြေထောက်ရိုး ပဲရည်သုပ်မှာ ကြည့်နိုင်ပါတယ်။






ဒီနေ့တော့ စမူဆာလေးတွေ လုပ်ဖြစ်တာနဲ့ စမူဆာ ပဲရည်သုပ်လေး သုပ်စားဖြစ်ပါတယ် လိုအပ်တာလေးတွေကတော့ ကြက်ခြေထောက်ပဲရည်သုပ်ထဲက အတိုင်းပါဘဲ ကြက်ခြေထောက်အစား စမူဆာပြောင်းပြီး ထည့်လိုက်ရုံပါဘဲ မိသားစု အားလပ်ရက်လေးမှာ သုပ်စားနိုင်အောင် မာမာပြင်ဆင်ပြီး ချက်ထားတာလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ 

  1. စမူဆာ - အခု နှစ်ဆယ်
  2. ဆင်ခေါင်းပဲ - 400 g (ပြုပ်ပြီးသား)
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - ခပ်ပါးပါး သုံးပြား
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  7. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  8. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်(ပဲဆီသတ်ရန်)
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း လေးဇွန်း (ပဲဆီသတ်ရန်)
  15. ဂေါ်ဖီ -  အနေတော် တစ်ခြမ်း
  16. ကြက်သွန်နီ - အနေတော် နှစ်လုံး
  17. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  18. သံပုရာသီး - နှစ်လုံး
  19. ပူစီနံ - မိမိနှစ်သလောက်

ပဲ အာလူးဟင်းအတွက် ပြင်ဆင်ပုံ

  1. Ready made ဆင်ခေါင်းပဲ ပြုပ်ပြီးသား ဗူးကိုဖောက်ပြီး ပဲများကို ရေဆေးထားပါ
  2. ကြက်သွန်နီ ကြက်သွန်ဖြူ  နှင့်ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းထားပါ
  3. အာလူးကို အခွံခွာပြီး ရေဆေးကာ ရှစ်စိတ် စိတ်ပြီး ရေဆေးထားပါ
  4. မန်ကျည်းမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေအနည်းငယ်နှင့် စိမ်ထားပါ
  5. ဆင်ခေါင်းပဲ ငါးငံပြာရည် အာလူး ဆား အရသာမှုန့် ဆီ မဆလာနှင့် နနွင်းမှုန့်တို့ကို အဆင်သင့် ပြင်ထားပါ
  6. အားလုံး အဆင်သင့် ဖြစ်တာနဲ့ အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  7. ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  8. ဆီသတ်နံ့ သင်းလာတာနဲ့ အာလူးကို တစ်မိနစ်လောက် ထည့်မွှေပေးပါ
  9. ပြီးတာနဲ့ ငါးငံပြာရည်ကို ထည့်မွှေပေးပြီး အာလူးနူးအောင် တည်ပေးပါ
  10. အာလူးနူးတာနဲ့ ဆင်ခေါင်းပဲ အရသာမှုန့် ဆားနှင့် မန်ကျည်သီးမှည့် အရည်နှင့် ရေမြုပ်အောင် ထည့်ပေးကာ တည်ပေးပြီး အရသာ မြည်းပေးပါ
  11. ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး ရေခမ်းကာ နီးတာနဲ့ မဆလာအုပ်ကာ မီးပိတ်ပေးထားပါ

ပဲဟင်းရည်အတွက် ပါဝင်ပစ္စည်းမျာ
  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  2. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (ပဲရည်အိုးထဲထည့်ဖို့ ဆီသတ်ရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  6. ကြက်သွန်နီ - ခပ်သေးသေး ဆယ်ငါးလုံး
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ရေ - တရုတ်ဟင်းပြင်ပန်းကန် နှစ်လုံးသာသာ
ပဲဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  1. ဇလုံတစ်လုံးထဲမှာ ကုလားပဲ အစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးသာသာထည့်ပြီး ပဲမှုန့်များ ကျေသွားအောင် ချေထားပေးပါ
  2. ကြက်သွန်ဖြူ  နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ရောပြီးထောင်းထားပါ
  3. ကြက်သွန်နီများကို အခွံခွာပြီး ရေဆေးထားပါ
  4. ဆား ရေ ဆီ နနွင်းမှုန့်နှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  5. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပြီး အပူပေးပါ
  6. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထဲ့ကြော်ပြီး ဆီသတ်ပေးပါ
  7. ဆီသတ်နံ့လေး မွှေးလာတာနဲ့ မီးပိတ်ပေးပြီး မီးဖိုပေါ်က ဖယ်ပေးထားပါ
  8. ဇောက်နက်သော အိုးထဲမှာ အရည်ဖျော်ထားသော ပဲအရည်များကို ထည့်ပေးပြီး မီးဖိုပေါ် တင်ပေးပါ
  9. ပဲအရည်များ အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  10. ပဲရည်များ ပြစ်လာပြီး ပဲစိမ်းနံ့ ပျောက်လာပါက ရေနှင့် ကြက်သွန်နီတို့ကို ထည့်မွှေပေးပါ
  11. ပဲရည် ခပ်ကျဲကျဲလေး ရလာတာနဲ့ ဆီသတ်ထားသော ငရုတ်သီး ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပေးပါ
  12. ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ကြက်သွန်များ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  13. အရသာ ပြင်ပြီးတာနဲ့ မီးခပ်နွေးနွေးလေးနဲ့ မီးဖိုပေါ်မှာ ပဲဟင်းရည်အိုးကို တင်ထားပေးပါ။


စမူဆာ သုပ်ရန်
  1. စမူဆာများကို ကပ်ကျေးဖြင့် ခပ်ထူထူလေးတွေ ညှပ်ထားပါ
  2. ချက်ထားသော ပဲဟင်းရည်
  3. ကြက်သွန်ကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  4. ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  6. ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  7. သံပုရာသီးကို ရေဆေးကာ အစိတ်တွေ စိတ်ထားပါ
တစ်ပွဲစာအတွက် ပြင်ဆင်ပုံ
  • ပန်းကန်တစ်ခုထဲမှာ စမူဆာနှစ်ခုစာ ဂေါ်ဖီ အနည်းငယ် ကြက်သွန်နီ အနည်းငယ် ပဲအာလူးဟင်း အနည်းငယ် ငရုတ်သီးစိမ်း အနည်းငယ် ပူစီနံ အနည်းငယ် ထည့်ပေးပါ
  • ပြီးတာနဲ့ သံပုရာသီး တစ်စိတ် အရည်ညှစ်ကာ ပဲဟင်းရည်ကို မိမိနှစ်သက်သလောက် ဆမ်းပေးပြီး အရသာ အပေါ့အငံကို လိုသလိုပြင်ပေးပြီး သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

ကြက်ခြေထောက် ပဲရည်ဆမ်းသုပ်









စိတ်​ထဲမှာ တစ်ခါတစ်လေ စားချင်စိတ် ပေါ်လာတာလေးတွေ လုပ်စားဖြစ်ပါတယ် အမြဲတမ်း သုပ်စားမယ်ဆိုရင်လဲ အရမ်းကြိုက်တဲ့ အစာထဲမှာ ပါပါတယ် ဒါပေမဲ့ ကထိကထ တော်တော်လေးများလွန်းလို့ ရံဖန်ရံခါလောက်ဘဲ သုပ်စားဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ (ပဲ အာလူးဟင်းချက်ရန်)

  1. ကြက်ခြေထောက် - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်ခြေထောက်ပြုပ်ရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်ခြေထောက်ပြုပ်ရန်)
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်ခြေထောက်ပြုပ်ရန်)
  5. ဆင်ခေါင်းပဲ - 400 g (ပြုပ်ပြီးသား)
  6. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  7. ကြက်သွန်ဖြူ ၀ အမွှာကြီးကြီး သုံးမွှာ
  8. ချင်း - ခပ်ပါးပါး သုံးပြား
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  10. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  11. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်(ပဲဆီသတ်ရန်)
  16. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  17. ဆီ - ထမင်းစားဇွန်း လေးဇွန်း (ပဲဆီသတ်ရန်)
  18. ဂေါ်ဖီ -  အနေတော် တစ်ခြမ်း
  19. ကြက်သွန်နီ - အနေတော် နှစ်လုံး
  20. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  21. သံပုရာသီး - နှစ်လုံး
  22. ပူစီနံ - မိမိနှစ်သလောက်

ပဲ အာလူးဟင်းအတွက် ပြင်ဆင်ပုံ

  1. Ready made ဆင်ခေါင်းပဲ ပြုပ်ပြီးသား ဗူးကိုဖောက်ပြီး ပဲများကို ရေဆေးထားပါ
  2. ကြက်သွန်နီ ကြက်သွန်ဖြူ  နှင့်ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းထားပါ
  3. အာလူးကို အခွံခွာပြီး ရေဆေးကာ ရှစ်စိတ် စိတ်ပြီး ရေဆေးထားပါ
  4. မန်ကျည်းမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေအနည်းငယ်နှင့် စိမ်ထားပါ
  5. ဆင်ခေါင်းပဲ ငါးငံပြာရည် အာလူး ဆား အရသာမှုန့် ဆီ မဆလာနှင့် နနွင်းမှုန့်တို့ကို အဆင်သင့် ပြင်ထားပါ
  6. အားလုံး အဆင်သင့် ဖြစ်တာနဲ့ အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  7. ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  8. ဆီသတ်နံ့ သင်းလာတာနဲ့ အာလူးကို တစ်မိနစ်လောက် ထည့်မွှေပေးပါ
  9. ပြီးတာနဲ့ ငါးငံပြာရည်ကို ထည့်မွှေပေးပြီး အာလူးနူးအောင် တည်ပေးပါ
  10. အာလူးနူးတာနဲ့ ဆင်ခေါင်းပဲ အရသာမှုန့် ဆားနှင့် မန်ကျည်သီးမှည့် အရည်နှင့် ရေမြုပ်အောင် ထည့်ပေးကာ တည်ပေးပြီး အရသာ မြည်းပေးပါ
  11. ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး ရေခမ်းကာ နီးတာနဲ့ မဆလာအုပ်ကာ မီးပိတ်ပေးထားပါ

ပဲဟင်းရည်အတွက် ပါဝင်ပစ္စည်းမျာ
  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  2. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (ပဲရည်အိုးထဲထည့်ဖို့ ဆီသတ်ရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  6. ကြက်သွန်နီ - ခပ်သေးသေး ဆယ်ငါးလုံး
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ရေ - တရုတ်ဟင်းပြင်ပန်းကန် နှစ်လုံးသာသာ
ပဲဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  1. ဇလုံတစ်လုံးထဲမှာ ကုလားပဲ အစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးသာသာထည့်ပြီး ပဲမှုန့်များ ကျေသွားအောင် ချေထားပေးပါ
  2. ကြက်သွန်ဖြူ  နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ရောပြီးထောင်းထားပါ
  3. ကြက်သွန်နီများကို အခွံခွာပြီး ရေဆေးထားပါ
  4. ဆား ရေ ဆီ နနွင်းမှုန့်နှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  5. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပြီး အပူပေးပါ
  6. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထဲ့ကြော်ပြီး ဆီသတ်ပေးပါ
  7. ဆီသတ်နံ့လေး မွှေးလာတာနဲ့ မီးပိတ်ပေးပြီး မီးဖိုပေါ်က ဖယ်ပေးထားပါ
  8. ဇောက်နက်သော အိုးထဲမှာ အရည်ဖျော်ထားသော ပဲအရည်များကို ထည့်ပေးပြီး မီးဖိုပေါ် တင်ပေးပါ
  9. ပဲအရည်များ အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  10. ပဲရည်များ ပြစ်လာပြီး ပဲစိမ်းနံ့ ပျောက်လာပါက ရေနှင့် ကြက်သွန်နီတို့ကို ထည့်မွှေပေးပါ
  11. ပဲရည် ခပ်ကျဲကျဲလေး ရလာတာနဲ့ ဆီသတ်ထားသော ငရုတ်သီး ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပေးပါ
  12. ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ကြက်သွန်များ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  13. အရသာ ပြင်ပြီးတာနဲ့ မီးခပ်နွေးနွေးလေးနဲ့ မီးဖိုပေါ်မှာ ပဲဟင်းရည်အိုးကို တင်ထားပေးပါ။


ကြက်ခြေထောက်ပြုပ်ရန်

  1. ကြက်ခြေထောက်များကို ရေစင်အောင်ဆေးပြီး အရိုးများ ထုတ်ထားပေးပါ
  2. ဇောက်နက်သော အိုးထဲမှာ ကြက်ခြေထောက် ဆားနှင့် အရသာမှုန့်တို့ ထည့်ပေးကာ အရသာ ဝင်အောင် နယ်ပေးပါ
  3. ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးကာ ရေခမ်းပါက အအေးခံထားပေးပါ
ကြက်ခြေထောက်သုပ်ရန်
  1. ပြုပ်ထားသော ကြက်ခြေထောက်များ
  2. ချက်ထားသော ပဲဟင်းရည်
  3. ကြက်သွန်ကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  4. ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  6. ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  7. သံပုရာသီးကို ရေဆေးကာ အစိတ်တွေ စိတ်ထားပါ
တစ်ပွဲစာအတွက် ပြင်ဆင်ပုံ
  • ပန်းကန်တစ်ခုထဲမှာ ကြက်ခြေထောက် ဂေါ်ဖီ အနည်းငယ် ကြက်သွန်နီ အနည်းငယ် ပဲအာလူးဟင်း အနည်းငယ် ငရုတ်သီးစိမ်း အနည်းငယ် ပူစီနံ အနည်းငယ် ထည့်ပေးပါ
  • ပြီးတာနဲ့ သံပုရာသီး တစ်စိတ် အရည်ညှစ်ကာ ပဲဟင်းရည်ကို မိမိနှစ်သက်သလောက် ဆမ်းပေးပြီး အရသာ အပေါ့အငံကို လိုသလိုပြင်ပေးပြီး သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

ချင်းချဉ်သုပ်


နေ့လည်နေ့ခင်း ရေနွေးပူပူလေးနဲ့ ချင်းအရိုင်းသုပ်လေး သုပ်စားဖြစ်ပါတယ် ချင်းသုပ်လို့ဆိုလိုက်တာနဲ့ အုန်းသီးကြော် ပဲမှုန့် နှမ်းစေ့ဆီတို့ပါရပါမယ် မာမာကတော့ ဒါတွေမရှိလို့ အရိုင်းသုပ်လေးလို့ဘဲ နံမည်တပ်ပြီး သုပ်စားလိုက်ပါတယ်။

ကိုယ်တိုင်လုပ်တဲ့ ချင်းချဉ်လေးကို အိမ်မှာရှိတဲ့ အသီးအရွက်တွေ ပြစ်ထဲ့ပြီး ရောသမမွှေလိုက်ပြီးတဲ့နောက် ချင်းအရိုင်းသုပ်လေး တစ်ပွဲတော့ လှလှပပလေး ရလာပါပြီ။

ပါဝင်ပစ္စည်းများ

  1. ချင်းချဉ် ထမင်းစားဇွန်း - နှစ်ဇွန်းမောက်မောက်
  2. ဂေါ်ဖီ - အနေတော် တစ်စိတ်
  3. လက်ဖက်အကြော်စုံ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  4. ပုဇွန်ခြောက် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  5. ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  6. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ပဲဆီစိမ်း - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
  • ချင်းချဉ် လက်ဖက်အကြော်စုံနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာပါဝင်ပစ္စည်းများကို ထည့်ပေးပြီး သမအောင် ခပ်ဖွဖွလေး ရောနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ချင်းအရိုင်းသုပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

ချင်းချဉ်တည်နည်း





တစ်ခါတစ်ရံတော့ ချင်းသုပ်လေးဘာလေး အရမ်းစားချင်ပါတယ် အဲဒီလိုအချိန်တွေမှာ ချင်းချဉ်ကလဲ အလွယ်တစ်ကူ မရနိုင်တဲ့ နေရာ ဒေသမှာောရောက်နေရင် ကိုယ့်ဘာသာကို ချင်းချဉ်ကို တည်ရတော့တာပါဘဲ။

မာမာကတော့ မာမာ့အမေ အချဉ်တည်တဲ့ နည်းလေးနဲ့ တည်ပါတယ် အရမ်းအရမ်းကို လွယ်ပါတယ် အချဉ်တည်တဲ့ အချိန်မှာ တစ်ချက်လေးဘဲ သတိထားရမှာက ဖန်ပုလင်းနဲ့တည်တာအကောင်းဆုံးပါ။

 ကြွေပန်းကန်နဲ့တည်တဲ့အခါမှာ ကြွေအကောင်းစား အရည်အသွေး ပြည့်မှီတဲ့ေ ကြွေဆိုရင် ပြသနာမရှိပေမဲ့ အရည်အသွေး မပြည့်မှီတဲ့  ကြွေဆိုရင် တည်မိတဲ့ အချဉ်ကြောင့် အဆိပ်အတောက်ကို ဖြစ်စေပါတယ်။

ပါဝင်ပစ္စည်းများ

  1. အခွံခွာပြီး ရေစင်အောင် ဆေးထားသော ချင်း - 100 g
  2. သုံပုရာသီး - အနေတော် တစ်လုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
  • ချင်းကို ခပ်သေးသေး အမြှောင်းလေးတွေ ရအောင်လှီးပေးပါ
  • သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ချင်းထဲသို့အရည်ညှစ်ပေးပါ
  • ထိုအထဲသို့ ဆားရောထည့်ပြီး သမအောင် မွှေပေးပါ
  • အားလုံးသမသွားပါက ဖန်ပုလင်းထဲထည့်ပြီး တစ်ညသိပ် ထားပေးပါ
  • နောက်တစ်နေ့မှာ ချင်းအရောင် ပြောင်းလာပါ ချင်းချဉ်မွှေးမွှေးလေး ရပါပြီ
  • ချင်းသုပ် လက်ဖက်သုပ်တို့ သုပ်စားနိုင်ရန် အဆင်သင့် ရပါပြီ။