Showing posts with label Pasta & Spaghetti. Show all posts
Showing posts with label Pasta & Spaghetti. Show all posts

Thursday, 6 June 2024

Pasta Salad

 

တစ်ခါတစ်လေလဲ စိတ်ထဲမှာ ဘိုစာလေးတွေ စားချင်သလိုလို ရှိတဲ့အတွက် Pasta Salad (ပါစတာသုပ်)လေး သုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. Pasta (ပါစတာ) - 150 g
  2. မုံလာဥနီ - နှစ်ဥ
  3. သခွားသီး - တစ်တောင့်
  4. Olive (သံလွင်ဆီ) - အနည်းငယ်
  5. Feta Cheese - အနည်းငယ်
  6. Italian Dressing - ထမင်းစားဇွန်း ၃ ဇွန်း
  7. ဒိန်ချဉ် - အနည်းငယ်
  8. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  9. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြုလုပ်နည်း
  • အိုးထဲမှာ ရေအနေတော် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆီ ထမင်းစားဇွန်းတစ်ဇွန်းထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ပါစတာများကို နူးတဲ့အထိ ပြုပ်‌ပေးပြီး ရေနွေးများသွန်ကာ ရေစစ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး မျှင်မျှင်လေးတွေ လှီးထားပါ
  • သခွားသီးကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး ရှည်ရှည်လေးတွေ လှီးထားပါ
  • ဇလုံ ခပ်ကြီးကြီး တစ်လုံးထဲ Pasta နှင့်အတူ မုံလာဥနီ သခွားသီး Italian Dressing , Feta cheese , Italian Dressing , ဒိန်ချဉ် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ အားလုံးရောထည့်ပြီး သမအောင်မွှေပါ
  • အရသာ သမသွားတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ Pasta Salad ကို ရပါပြီ။

Thursday, 10 September 2020

Shrimp Paster








ဒီနေ့တော့ မာမာတို့တွေ ပုဇွန်ထုတ်လေးတွေနဲ့ Pasta လေး လုပ်စားဖြစ်ပါတယ် ပြင်ဆင်ရတာ အရမ်းလွယ်ကူ ရိုးရှင်းပါတယ် စားလို့ကောင်းလွန်းပေမဲ့ အအီအစိမ့်တွေ ပါတဲ့အတွက် ကျန်းမာရေးအတွက် အမြဲတမ်း စားဖို့အတွက်တော့ မသင့်တော်ဘူးလို့ ထင်မိပါတယ်။

ဒါပေမဲ့လဲ တစ်ခါတစ်လေ စားမယ်ဆိုရင်တော့ အဆင်ပြေတဲ့အတွက် အပြောင်းအလဲလေး စားချင်ရင် စားလို့ရလေအောင် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. Pasta - 300 g
  2. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (spaghetti ပြုပ်ရန်)
  3. ရေ - 5 cups (spaghetti ပြုပ်ရန်)
  4. ဆား - ထမင်းစားဇွန်း တစ်ဇွန်း ( Pasta ပြုပ်ရန်)
  5. Fresh oregano leaves - မိမိနှစ်သက်သလောက် ထည့်ပါ (သို့မဟုတ်)
  6. Oregano အခြောက် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ပုဇွန်ထုတ် - 150 g
  8. ကြက်သွန်ဖြူ  - အမွှာကြီးကြီး လေးမွှာ
  9. Pasta ပြုပ်ရည် - 1 cup
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. Thickened Parmesan ချိစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  12. Cream - ထမင်းစားဇွန်း သုံးဇွန်း (ကြိုက်လျှင်ပိုထည့်ပါ)
  13. ဆီ - ထမင်းစားဇွန်း ငါးဇွန်း (pasta ကြော်ရန်)
  14. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ပုဇွန်အိုးပူတိုက်ရန်)
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမှာ ရေ ဆီနှင့် ဆားတို့ကို ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ Pasta ကိုထည့်ပြီး ပြုပ်ပေးပါ
  • Pasta နူးလာတာနဲ့ ဇကာခံပြီး ဇလုံသန့်သန့်ထဲကို ပြုပ်ရည်များ သွန်ချပေးကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခြံခြာကာ ရေဆေးပြီး အကွင်းလိုက်လေးတွေ လှီးပေးပါ
  • Oregano leaves ရွက်များကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ စင်းပေးပါ
  • ပုဇွန်ကို ရေဆေးပြီး အခြံ ခေါင်းနှင့် ကြောဖက်မှ အမဲကြောင်းကို ထုတ်ပေးထားပါ
  • ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ပုဇွန်များကို ထည့်ပေးပြီး အိုးပူတိုက်ပေးပါ
  • တစ်ဖက်ကျက်တာနဲ့ တစ်ဖက်ကို လှန်ပေးပြီး ကျက်အောင် လုပ်ပေးပါ
  • ပုဇွန်ကျက်တာနဲ့ ဒယ်အိုးနောက်တစ်လုံးထဲမှာ ဆီထည့်ပြီး ကြက်သွန်ဖြူ ကို ထည့်ပြီး အပူပေးပါ
  • ကြက်သွန်ဖြူ  နံ့လေး သင်းလာတာနဲ့ ပြုပ်ထားသော pasta နှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်မွှေပါ
  • ပြီးတာနဲ့ pasta ပြုပ်ထားသော အရည်နှင့် ပုဇွန်များ ထည့်မွှေပေးပါ
  • ရေခမ်းလာတာနဲ့ Oregano leaves အရွက်များကို ထည့်မွှေပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မြည်းပေးကာ လိုသလို ပြင်ပေးကာ ပန်းကန်ထဲ ထည့်ပေးပြီး parmesan ချိစ်ကို ထည့်ပေးပြီး ပူပူနွေးနွေးလေး သုံးဆောင်နိူင်ပါပြီ။

Tuesday, 1 September 2020

Spaghetti Shrimp










ဒီနေ့တော့ မာမာတို့တွေ ပုဇွန်ထုတ်လေးတွေနဲ့ Spaghetti Shrimp လေး လုပ်စားဖြစ်ပါတယ် ပြင်ဆင်ရတာ အရမ်းလွယ်သလောက် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. Spaghetti - 300 g
  2. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (spaghetti ပြုပ်ရန်)
  3. ရေ - 5 cups (spaghetti ပြုပ်ရန်) မုန့်လုပ်ရာတွင် ဆန်ချင်သောခွက်
  4. ဆား - ထမင်းစားဇွန်း တစ်ဇွန်း ( spaghetti ပြုပ်ရန်)
  5. Fresh parsley - မိမိနှစ်သက်သလောက် ထည့်ပါ (သို့မဟုတ်)
  6. Parsley အခြောက် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ပုဇွန်ထုတ် - 150 g
  8. ကြက်သွန်ဖြူ  - အမွှာကြီးကြီး လေးမွှာ
  9. Spaghetti ပြုပ်ရည် - 1 cup (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. Mozzarella cheese - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ငါးဇွန်း (spaghetti ကြော်ရန်)
  13. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ပုဇွန်အိုးပူတိုက်ရန်)
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမွာ ရေ ဆီနှင့် ဆားတို့ကို ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ spaghetti ကိုထည့်ပြီး ပြုပ်ပေးပါ
  • Spaghetti ပြုပ်ရာမှာ မိမိအသုံးပြုသော မီးအပူရှိန် ကွာခြားတတ်တဲ့အတွက် ပြုပ်နေစဉ် နူးမနူးကို ဆယ်ပြီး ဇွန်းလေးနှင့် ထိုးကြည့်ပေးပါ
  • Spaghetti နူးလာတာနဲ့ ဇကာခံပြီး ဇလုံသန့်သန့်ထဲကို ပြုပ်ရည်များ သွန်ချပေးကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကို အခြံခြာကာ ရေဆေးပြီး အကွင်းလိုက်လေးတွေ လှီးပေးပါ
  • Parsley ရွက်များကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ စင်းပေးပါ
  • ပုဇွန်ကို ရေဆေးပြီး အခွံ ခေါင်းနှင့် ကြောဖက်မှ အမဲကြောင်းကို ထုတ်ပေးထားပါ
  • ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ပုဇွန်များကို ထည့်ပေးပြီး အိုးပူတိုက်ပေးပါ
  • တစ်ဖက်ကျက်တာနဲ့ တစ်ဖက်ကို လှန်ပေးပြီး ကျက်အောင် လုပ်ပေးပါ
  • ပုဇွန်ကျက်တာနဲ့ ဒယ်အိုးနောက်တစ်လုံးထဲမှာ ဆီထည့်ပြီး ကြက်သွန်ဖြူ ကို ထည့်ပေးပြီး အပူပေးပါ
  • ကြက်သွန်ဖြူ  နံ့လေး သင်းလာတာနဲ့ ပြုပ်ထားသော spaghetti နှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ spaghetti ပြုပ်ထားသော အရည်နှင့် ပုဇြန္မ်ားကို ထည့်မွှေပေးပါ
  • ရေခမ်းလာတာနဲ့ parsley အရွက်များကို ထည့်မွှေပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မြည်းပေးကာ လိုသလို ပြင်ပေးကာ ပန်းကန်ထဲ ထည့်ပေးပြီး mozzarella cheeseကို ထည့်ပေးပြီး ပူပူနွေးနွေးလေး သုံးဆောင်နိူင်ပါပြီ။


Saturday, 13 August 2016

ဆယ်လမွန်​ငါးဟင်း အနှစ်​ဆမ်း PASTA




ဆယ်လမွန်ငါးတွေ ၀ယ်ထားပြီး ဘယ်လိုချက်စားရင် ကောင်းမလဲ စဉ်းစားနေရင်က ဆီပြန်ချက်တာလဲ မစားချင် ကင်ထားတာလဲ မစားချင်နဲ့ နောက်ဆုံးတော့ ခရမ်းချဉ်သီးနဲ့ အနှစ်ချက်ပြီး Pasta လုပ်ဖြစ်သွားပါတယ် တကယ်တမ်း ဟင်းအနှစ်ချက်ရင်တော့ အမွှေးနံ့သာတွေ အဆီအစိမ့်တွေ အများကြီးထည့်ရပါတယ်။

မွေးလာတဲ့ ဆီဦးထောပတ် စားလာတာ မဟုတ်လေတော့ သူတို့ချက်နည်းအတိုင်း ချင်ရင် လျှာမှာ အရသာ မတွေ့တဲ့အတွက် အရသာကို လိုသလိုပြင်ကာ  ချက်နည်းလေးကတော့ မာမာအရင်တုန်းကချက်တဲ့ ချက်နည်းတွေ အတိုင်းပါဘဲ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • PASTA အခြောက် - 400g
  • ဆယ်လမွန်ငါး - 400g
  • ကြက်သွန်ဖြူ - ၃မွှာ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ကြက်သွန်မိတ် - အပင်ကြီး ၂ပင်ခန့်
  • သံလွင်ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း ( ရိုးရိုးဆီသုံးလဲရ)
  • ခရမ်းချဉ်သီးအနှစ် - 400g
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. PASTA ကို ရေနွေးဆူဆူ မြုပ်အောင်ထည့်ပြီး နူးလာအောင် ပြုပ်ပေးပါ
  2. နူးလာတာနဲ့ ရေနွေးကိုသွန်ပြီး ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ
  3. ဆယ်လမွန်ငါးကို အနေတော်တုံးပြီး ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
  4. ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  5. ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ခပ်နုတ်နုတ်လှီးပေးထားပါ
  6. ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အရင်ဆီသတ်ပေးပါ
  7. နည်းနည်းနွမ်းလာတာနဲ့ ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး တမိနစ်လောက် မွှေပေးပါ 
  8. ပြီးတာနဲ့ အရသာနယ်ထားသောငါးကိုထည့်ပြီး မွှေပါ
  9. ရေခမ်းအောင်မတည်ဘဲ ရေအနေတော်လောက်ရတာနဲ့ ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းမှုန့်ဖြူးပြီး မီးပိတ်ပေးပါ
  10. ပြုပ်ထားသောပါစတာကို ပန်းကန်ပြားထဲမှာ တပွဲစာထည့်ပြီး ငါးဟင်းအနှစ်ဆမ်းပြီး စားပွဲပြင်နိုင်ပါပြီ။

Thursday, 30 June 2016

ကျူနာ ပါစတာ






မြန်မာအစာဘဲ ပါးစပ်ထဲမှာ ခံတွင်းတွေ့တတ်တဲ့အတွက် ကိုယ့်စိတ်ထဲ စားချင်သလို ပြင်ဆင်ပြီး ပါစတာကို ကျူနာဗူးနဲ့ မြန်မာမှုပြုပြီး ချက်လိုက်တော့ စားလို့တော့ အကောင်းသားပေါ့ရှင်။
တယောက်နဲ့တယောက် အကြိုက်ခြင်း မတူကြတာမို့လို့ အစားအသောက်တခုကို ကိုယ်နှစ်သလို ပြင်ဆင်ပြီး စားသောက်တာက အကောင်းဆုံးပါ ဒီနေ့တော့ လွယ်ကူမြန်ဆန်ပြီး အမြဲတမ်းမဟုတ်ပေမဲ့ ရံဖန်ရံခါ စားလို့ကောင်းတဲ့ ကျူနာပါစတာ လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • PASTA အခြောက် - 400g
  • ကျူနာ - 425g
  • ကြက်သွန်ဖြူ - ၃မွှာ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • သံလွင်ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း ( ရိုးရိုးဆီသုံးလဲရ)
  • ခရမ်းချဉ်သီးအနှစ် - 400g
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. PASTA ကို ရေနွေးဆူဆူ မြုပ်အောင်ထည့်ပြီး နူးလာအောင် ပြုပ်ပေးပါ
  2. နူးလာတာနဲ့ ရေနွေးကိုသွန်ပြီး ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ
  3. ကြက်ရင်ပုံသားကို နုတ်နုတ်စဉ်းပြီး ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
  4. ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ခပ်နုတ်နုတ်လှီးပေးထားပါ
  5. ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အရင်ဆီသတ်ပေးပါ
  6. နည်းနည်းနွမ်းလာတာနဲ့ ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး တမိနစ်လောက် မွှေပေးပါ 
  7. ပြီးတာနဲ့ ကျူနာအသားကိုထည့်ပြီး မွှေပါ
  8. ရေခမ်းအောင်မတည်ဘဲ ရေအနေတော်လောက်ရတာနဲ့ ငရုတ်ကောင်းမှုန့်ဖြူးပြီး မီးပိတ်ပေးပါ
  9. ပြုပ်ထားသောပါစတာကို ပန်းကန်ပြားထဲမှာ တပွဲစာထည့်ပြီး ကျူနာဟင်းအနှစ်ဆမ်းပြီး စားပွဲပြင်နိုင်ပါပြီ။


Sunday, 5 June 2016

သိုးသားဟင်းအနှစ်ဆမ်း PASTA








ရံဖန်ရံခါ စားလို့ကောင်းတဲ့ pasta လေးတွေပါ ဆိတ်သားချက်နည်းနဲ့ အတူတူပါဘဲ ထည့်စားမဲ့ ဟင်းအနှစ်ကို မြန်မာမှုပြုပြီး ချက်ထားတာမို့လို့ ဘယ်သူမဆို နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • PASTA အခြောက် - 400g
  • သိုးသား - 500g
  • ကြက်သွန်ဖြူ - ၃မွှာ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ငရုတ်သီးစိမ်း - အစပ်တောင့် ၃တောင့်
  • ငရုတ်အပွတောင့် အစိမ်းရောင် - တခြမ်း
  • ငရုတ်သီး အပွတောင့် အနီရောင် - တခြမ်း
  • သံလွင်ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
  • ခရမ်းချဉ်သီးအနှစ်ဗူး - တဗူး
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. PASTA ကို ရေနွေးဆူဆူ မြုပ်အောင်ထည့်ပြီး နူးလာအောင် ပြုပ်ပေးပါ
  2. နူးလာတာနဲ့ ရေနွေးကိုသွန်ပြီး ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ
  3. သိုးသားကို နုတ်နုတ်စဉ်းပြီး ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
  4. ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းများကို ခပ်နုတ်နုတ် လှီးပေးထားပါ
  5. ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ နီ ငရုတ်သီးစိမ်းအစပ်တို့ကို အရင်ဆီသတ်ပေးပါ
  6. နည်းနည်းနွမ်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်ပြီး တမိနစ်လောက် ထားပါ
  7. ပြီးတာနဲ့ ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး  တမိနစ်လောက် ထည့်မွှေပါ
  8. သိုးသားကို ထည့်မွှေပြီး ထွက်လာသော အရည်များ ခမ်းအောင် တည်ပေးပါ
  9. ပထမတရည်ခမ်းတာနဲ့ နောက်တခါ အသားများ ရေမြုပ်အောင် ထည့်ပြီး တည်ပေးပါ
  10. နောက်တရည် မခမ်းခင် ငရုတ်သီးအပွ ၂မျိုးကို ထည့်မွှေကာ မိနစ်ဝက်လောက် ပြည့်တာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေကာ အရသာမြည်း၍ ဆီကျန်ရေကျန် ချက်ပေးပါ
  11. ပြုပ်ထားသော PASTA ဖတ်ကို ပွဲပြင်မည့် ပန်းကန်ထဲထည့်ပြီး သိုးသားဟင်းကို အသားအရည် မျှအောင်ဆမ်း၍ စားသုံးနိုင်ပါပြီ။

Saturday, 4 June 2016

ကြက်​သားဟင်း အနှစ်​ဆမ်း PASTA







ဒီနေ့တော့ မြန်မာနည်းလေးနဲ့ ချက်ထားတဲ့ ကြက်သားစဉ်းကော အနှစ်ဟင်းလေးကို pasta နဲ့တွဲပြီး စားပါမယ် ချက်နည်းကတော့ သိုးသား ဆိတ်သား အမဲသား ဆိတ်သားလုံးတို့နဲ့ ချက်နည်းလဲတူ ပြင်ဆင်ပုံလဲတူတဲ့ ကြက်သား Pasta  ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • PASTA အခြောက် - 400g
  • ကြက်ရင်ပုံသား - 500g
  • ကြက်သွန်ဖြူ - ၃မွှာ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ငရုတ်သီးစိမ်း - အစပ်တောင့် ၃တောင့်
  • ငရုတ်အပွတောင့် အစိမ်းရောင် - တခြမ်း
  • ငရုတ်သီး အပွတောင့် အနီရောင် - တခြမ်း
  • သံလွင်ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း ( ရိုးရိုးဆီသုံးလဲရ)
  • ခရမ်းချဉ်သီးအနှစ် - 400g
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. PASTA ကို ရေနွေးဆူဆူ မြုပ်အောင်ထည့်ပြီး နူးလာအောင် ပြုပ်ပေးပါ
  2. နူးလာတာနဲ့ ရေနွေးကိုသွန်ပြီး ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ
  3. ကြက်ရင်ပုံသားကို နုတ်နုတ်စဉ်းပြီး ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
  4. ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးများကို ပုံပါအတိုင်း လှီးပေးထားပါ
  5. ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်းအစပ်တို့ကို အရင်ဆီသတ်ပေးပါ
  6. နည်းနည်းနွမ်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်ပြီး တမိနစ်လောက် ထားပါ
  7. ပြီးတာနဲ့ ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး  တမိနစ်လောက် ထည့်မွှေပါ
  8. စဉ်းထားသော ကြက်သားကို ထည့်မွှေပြီး ထွက်လာသော အရည်များ ခမ်းအောင် တည်ပေးပါ
  9. ပထမတရည် ခမ်းတာနဲ့ နောက်တခါ အသားများ ရေမြုပ်အောင် ထည့်ပြီး တည်ပေးပါ
  10. နောက်တရည် မခမ်းခင် ငရုတ်သီးအပွ ၂မျိုးကို ထည့်မွှေကာ မိနစ်ဝက်လောက် ပြည့်တာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေကာ အရသာမြည်း၍ ဆီကျန်ရေကျန် ချက်ပေးပါ
  11. ပြုပ်ထားသော PASTA ဖတ်ကို ပွဲပြင်မည့် ပန်းကန်ထဲထည့်ပြီး ကြက်သားဟင်းအနှစ်ကို အသားအရည် မျှအောင်ဆမ်း၍ စားသုံးနိုင်ပါပြီ။


Monday, 30 May 2016

ဆိတ်သားလုံး ဟင်းအနှစ်ဆမ်း Pasta






ဒီတခါတော့ စားလိုက်ရင် ငါးဖယ်လုံးလို စေးထန်းထန်းလေးနဲ့ စားကောင်းလွန်းတဲ့ ဆိတ်သားလုံးဟင်း အနှစ်ဆမ်းတဲ့ Pasta ချက်နည်းလေး မျှဝေလိုက်ပါတယ် ပုံတွေတင်ရတာ များလွန်းနေတဲ့အတွက် ချက်နည်းတူ ပြင်ဆင်ပုံ တူတာတွေအတွက် ပုံတချို့ကိုတော့ မတင်ဘဲ ထားလိုက်ပါတယ်။

မွေးလာထဲက မြန်မာအစာတွေနဲ့ ကြီးပြင်းလာသူ တယောက်အဖို့ လျှာအရသာ မတူတာတွေ စားရတဲ့အခါမှာ မာမာကိုယ်တိုင် အဆင်မပြေတာတွေက များပါတယ် စားနေကျမဟုတ်တဲ့ ထောပတ်တွေ ချိစ်တွေဟာ တခါတလေ ကောင်းမယ်လို့ ထင်ရပေမဲ့ များသောအားဖြင့် အီလည်လည် အရသာတွေဘဲ ရတာမို့လို့ ကိုယ့်ဘာသာကို စားနိုင်အောင် ဆန်းသစ်ပြီး ချက်ကြည့်လိုက်ပါ အဆင်ပြေတဲ့အခါ ပြန်လည်မျှဝေပေးပါ။

ဟာ ဒါဆို ချက်နည်းလွဲနေတယ် ဒီဟင်းမဖြစ်နိုင်ဘူးဆိုပြီး ပြောချင်ပြောကြပါလိမ့်မယ် အဲဒီအခါမျိုးကျတော့လဲ ဟင်းချက်နည်းဆိုတာ ပုံသေနည်း တွက်သလို မတွက်နိုင်တဲ့ အရာမို့လို့ လိုတိုးပိုလျှော့ ချက်ရတာမျိုး ဆိုတာကို နားလည်ပေးရမှာပါ။

ဆိတ်သားလုံး လုံးရန်အတွက်
ပါဝင်ပစ္စည်းများ

  • ဆိတ်သား - 500g
  • ငရုတ်ကောင်းစေ့ - အစေ့၂၀ခန့်
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - 2cups
  • Corn Starch - ထမင်းစားဇွန်း ၂ဇွန်း
  • Baking Powder - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း တဇွန်း
  • ရေ - 1/2 cup
ပြင်ဆင်ပုံ
  1. ဆိတ်သားကို ရေဆေးပြီး ရေစင်အောင် သုတ်ထားပါ
  2. ရေသုတ်ထားသော ဆိတ်သားကို ခပ်သေးသေး အတုံးလေးတွေရအောင် ပေါက်ထားပါ
  3. ဆား သကြား ဆီ ရေ ငံပြာရည် ငရုတ်ကောင်းစေ့ corn starch, baking powderတို့ကို ရောပြီး မွှေထားပါ
  4. ခပ်သေးသေး အတုံးလေးတွေ ပေါက်ထားသော ဆိတ်သားကို ဘလင်ဒါထဲထည့်ကြိတ်ပါ
  5. တမိနစ် တခါကြိတ်ပြီး တကြိမ်နားကာ ၉ခါလောက် ကြိတ်ပေးပါ
  6. ကြိတ်နေစဉ် အရသာမွှေထားသော အရည်ကို လောင်းထည့်ပေးပါ
  7. အားလုံးသမသွားပြီဆိုတာနဲ့ အသားများကို ဇလုံတလုံးထဲ ပြောင်းထည့်ပြီး အပေါ်မှ cling wrap ဖြင့် လေလုံအောင် ပိတ်ပြီး နာရီဝက်လောက် အခန်းအပူချိန်အတိုင်း ထားပေးပါ
  8. အချိန်ပြည့်တာနဲ့ လက်ကိုရေစွတ်ပြီး အသားများကို အနေတော် အလုံးလေးတွေ လုံးပေးပါ
  9. အားလုံး လုံးပြီးတာနဲ့ ဇောက်နက်သောအိုး ခပ်သေးသေးတလုံးမှာ ရေထည့်ပြီး ဆူအောင်တည်ပါ
  10. ရေပွက်ပွက် ဆူလာပါက လုံးထားသော အသားလုံးများကို ရေနွေးဆူဆူထဲ ထည့်ပြုပ်ပေးပါ
  11. ရေအေးကို ဇလုံတလုံးထဲ ထည့်ပြီးပြင်ထားပါ
  12. အသားများ ကျက်လာပါက ရေပေါ်ပေါ်လာပါလိမ့်မယ်
  13. ပေါ်လာသော အသားလုံးများကို နှစ်မိနစ်လောက် ဆက်တည်ပေးထားပါ
  14. ပြီးတာနဲ့ အဆင်သင့်ပြင်ထားသော ရေအေးပန်းကန်လုံးထဲသို့ ဆယ်ပြီးထည့်ပေးပါ
  15. ရေအေးထဲမှာ နှစ်မိနစ်လောက် စိမ်ပြီးတာနဲ့ ရေစစ်ပေးပါ
ဆိတ်သားလုံးဟင်းချက်ရန်
ပါဝင်ပစ္စည်းများ

  • PASTA အခြောက် - 400g
  • ဆိတ်သားလုံး - 500g
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
  • ခရမ်းချဉ်သီးအနှစ် - 400g တဗူး
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. PASTA ကို ရေနွေးဆူဆူ မြုပ်အောင်ထည့်ပြီး နူးလာအောင် ပြုပ်ပေးပါ
  2. နူးလာတာနဲ့ ရေနွေးကိုသွန်ပြီး ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ
  3. ဆိတ်သားလုံးကို အဆင်သင့် ပြင်ထားပါ
  4. ခရမ်းချဉ်သီး အနှစ်ဗူးကို ဖောက်ထားပါ
  5. ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီးတို့ကို ခပ်နုတ်နုတ် လှီးပေးထားပါ
  6. ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ နီတို့ကို အရင်ဆီသတ်ပေးပါ
  7. နည်းနည်းနွမ်းလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ထည့်ပြီး တမိနစ်လောက် ချက်ပေးထားပါ
  8. ပြီးတာနဲ့ ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး  တမိနစ်လောက် ထည့်မွှေပါ
  9. ဆိတ်သားလုံးများကို ထည့်မွှေပြီး ခရမ်းချဉ်သီးအနှစ် အရည်များ ဆူအောင် တည်ပေးပါ
  10. အရည်အရမ်းမခမ်းခင် အရသာမြည်း၍ လိုသလိုပြင်ကာ မီးပိတ်ပေးပါ
  11. စားပွဲပြင်ရန် Pasta ဖတ်များကို ပန်းကန်တခုထဲ ထည့်ပေးပါ
  12. Pastaဖတ်ကို ပွဲပြင်မည့် ပန်းကန်ထဲထည့်ပြီး ဆိတ်သားလုံးဟင်းကို အသားအရည် မျှအောင်ဆမ်း၍ စားသုံးနိုင်ပါပြီ။

Sunday, 15 May 2016

ဆိတ်သားဟင်းအနှစ်ဆမ်း PASTA








မြန်မာအစာမဟုတ်ရင် စားသာစားတာ သိပ်အာသီသ မရှိတတ်သလို စားနေရင်းက ပါးစပ်ထဲမှာ အရသာက ပေါ့ရှန်ရှန်နေသလိုလို အရသာက ဘာလိုနေမှန်း မသိသလိုလိုနဲ့ ဖြစ်တတ်လွန်းတာမို့လို့ ဒီနေ့တော့ ပါစတာကို မြန်မာမှုပြုပြီး ချက်ပလိုက်ပါတယ်။

ထမင်းမစားချင်တဲ့ နေ့လေးတွေမှာ စိတ်အပြောင်းအလဲလေး ဖြစ်ရအောင် မာမာ့လက်ရာ အိမ်ချက် ပါစတာကို ဆိတ်သားနဲ့ ချက်စားဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  • PASTA အခြောက် - 400g
  • ဆိတ်သား - 500g
  • ကြက်သွန်ဖြူ - ၃မွှာ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ငရုတ်သီးစိမ်း - အစပ်တောင့် ၃တောင့်
  • ငရုတ်အပွတောင့် အစိမ်းရောင် - တခြမ်း
  • ငရုတ်သီး အပွတောင့် အနီရောင် - တခြမ်း
  • သံလွင်ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
  • ခရမ်းချဉ်သီးအနှစ် - ထမင်းစားဇွန်း ၇ဇွန်း
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. PASTA ကို ရေနွေးဆူဆူ မြုပ်အောင်ထည့်ပြီး နူးလာအောင် ပြုပ်ပေးပါ
  2. နူးလာတာနဲ့ ရေနွေးကိုသွန်ပြီး ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ
  3. ဆိတ်သားကို နုတ်နုတ်စဉ်းပြီး ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
  4. ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးများကို ပုံပါအတိုင်း လှီးပေးထားပါ
  5. ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ နီ ငရုတ်သီးစိမ်းအစပ်တို့ကို အရင်ဆီသတ်ပေးပါ
  6. နည်းနည်းနွမ်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်ပြီး တမိနစ်လောက် ထားပါ
  7. ပြီးတာနဲ့ ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး  တမိနစ်လောက် ထည့်မွှေပါ
  8. ဆိတ်သားကို ထည့်မွှေပြီး ထွက်လာသော အရည်များ ခမ်းအောင် တည်ပေးပါ
  9. ပထမတရည်ခမ်းတာနဲ့ နောက်တခါ အသားများ ရေမြုပ်အောင် ထည့်ပြီး တည်ပေးပါ
  10. နောက်တရည် မခမ်းခင် ငရုတ်သီးအပွ ၂မျိုးကို ထည့်မွှေကာ မိနစ်ဝက်လောက် ပြည့်တာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေကာ အရသာမြည်း၍ ဆီကျန်ရေကျန် ချက်ပေးပါ
  11. ပြုပ်ထားသော PASTA ဖတ်ကို ပွဲပြင်မည့် ပန်းကန်ထဲထည့်ပြီး ဆိတ်သားဟင်းကို အသားအရည် မျှအောင်ဆမ်း၍ စားသုံးနိုင်ပါပြီ။