Showing posts with label ထောင်းနည်းစုံ စားဖွယ်ရာများ. Show all posts
Showing posts with label ထောင်းနည်းစုံ စားဖွယ်ရာများ. Show all posts

Friday, 20 June 2025

အာလူးထောင်း

 


ဒီတခါတော့ စားလို့အရမ်းကောင်းလွန်းတဲ့ အာလူးထောင်းနည်းလေး မျှဝေပေးချင်ပါတယ်။

နာဂတောင်တန်းမှာနေစဉ်တုန်းက နေ့စဉ်ထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ အရံဟင်းတမယ်ပါ။

မြန်မာမိသားစု ထမင်းဝိုင်းမှာ မပါမဖြစ် ငါးပိရည် ငါးပိထောင်းတို့ မပါရင် မစားတတ်သလိုဘဲ အေးလွန်းတဲ့ တောင်တန်းပေါ်မှာလဲ ရွှေလံဘိုငရုတ်သီးစပ်စပ်လေးနဲ့ အာလူးထောင်းလေးပါမှ ထမင်းစားလို့ ​ြမိန်တတ်ကြပါတယ်။


ပါဝင်ပစ္စည်းများ
  1. အာလူး - အနေတော် ၅လုံး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၂မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ဥ
  5. နံနံပင် - မိမိနှစ်သက်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီးအစပ် အခြောက်တောင့် - ၆တောင့်ခန့်
  8. ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း ၃ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (၂မျိုးသုံးရန်)
  10. ဆီ - ထမင်းစားဇွန်း ၃ဇွန်း (အာလူးထောင်းထဲထည့်ရန်)
  11. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး သာသာ (ငရုတ်သီးကြော်နှင့် ကြက်သွန်ဖြူကြော်ရန် )


ပြင်ဆင်ပုံ
  • အာလူးကို ရေမြုပ်အောင်ထည့်ပြီး နူးအောင်ပြုပ်ပေးပါ
  • အာလူးနူးပါက ရေစိမ်ပြီး အေအးခံကာ အခွံခွာပေးပါ
  • အခွံခွာပြီးပါက ငရုတ်ဆုံထဲထည့်ကာ ကြေညက်သွားအောင် ထောင်းပေးပါ

  • ကြက်သွန်ဖြူ ၁၂မွှာခန့်ကို အခွံခွာပြီး ရေဆေးကာ မညက်တညက် အ​နေအထားရအောင် ထောင်းပေးပါ
  • ကျန်နေသောကြက်သွန်ဖြူ ၃မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်သီး အခြောက်တောင့်ကို အညှာခြွေကာ ရေဆေးပြီး ခက်ကြမ်းကြမ်း ထောင်းပေးထားပါ
  • နံနံပင်ကို ရေဆေးထားကာ အနေတော် လှီးထားပါ
  • ငရုတ်သီးလုံးခြမ်းခွဲ အရသာမှုန့် ဆား နနွင်းမှုန့် နှင့်ဆီတို့ကို အဆင်သင့် ပြင်ထားပါ
ငရုတ်သီးကြော်နှင့် ကြက်သွန်ဖြူကြော်ရန်
  • ဆီကိုဒယ်အိုးထဲထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး မညက်တညက် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြော်နေစဉ် မကြာမကြာ မွှေပေးပါ
  • ရွှေဝါရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • အိုးထဲမှ ဆီချက်များကို ထမင်းစားဇွန်း ၃ဇွန်းလောက် ခပ်ထားကာ ကြွေပန်းကန်ထဲသို့ ပြောင်းထည့်ပေးထားပါ
  • ဆီအိုးကို ပြန်အပူပေးပြီး ဆီပူတာနဲ့ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ထိုဆီအိုးထဲကို ငရုတ်သီးလုံးခြမ်းခွဲ မိနစ်ဝက်လောက် ထည့်မွှေကာ ပန်းကန်ထဲ ပြောင်းထည့်ပေးပါ 
စားပွဲပြင်ရန်
  • မိမိနှစ်သက်ရာ ပန်းကန်တချပ်ထဲမှာ အာလူးထောင်းကို ထည့်ပေးပါ
  • အာလူးထောင်းအပေါ်မှာ ကြက်သွန်ဖြူဆီချက်ဖတ် ငရုတ်သီးဆီချက်ဖတ်နှင့် နံနံပင်တို့ကို ထည့်ပေးပါ
  • အဆင်သင့်ဖြစ်တာနဲ့ ရေနွေးကြမ်းလေးနဲ့ဘဲ သုံးဆောင် သုံးဆောင် ထမင်းပူပူလေးနဲ့ဘဲ စားစား အရမ်းကို စားလို့ကောင်းတဲ့ အာလူးထောင်း စပ်စပ်လေး ရပါပြီ။

Tuesday, 13 May 2025

ရုံးပတေသီးထောင်း

 

မာမာဒီနေ့တော့ ရုံးပတေသီးကို ချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် ဒါကြောင့်မို့လို့  ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့ ရုံးပတေသီး ထောင်းနည်းလေးကို မျှ‌ဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1.  ရုံးပတေသီး - အတောင့်နှစ်ဆယ်ခန့်
  2. ဆား - အနည်းငယ် (ထောင်းရန်)
  3. ဆား - လက်ဘက်ရည်ဇွန်း တဇွန်းသာသာ (အသီးပြုပ်ရန်)
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  7. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  8. နံနံပင် - အနေတော် တစ်ပင်
  9. သံပုရာသီး - တစ်ခြမ်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ

 ပြုပ်ရန် ပြင်ဆင်ပုံ
  • ရုံးပတေသီးကို အတောင့်လိုက် ရေစင်အောင် ဆေးထားပါ
  • အိုးတစ်လုံးထဲမှာ ရေခပ်များများ ထဲ့ကာ ရေဆူအောင် တည်ပေးပါ
  • ရေဆလာတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တဇွန်းသာသာထဲ့ကာ တည်ပေးပါ
  • ပြီးတာနဲ့ ရုံးပတေသီးများကိုထဲ့ကာ မိနစ်ဝက်လောက် ပြုပ်ပေးပါ
  • ပြုပ်ပြီးတာနဲ့ ရေနွေးများ သွန်ပေးကာ ရေအေးခပ်များများနှင့် ရေမြုပ်အောင်ထည့်ကာ နာရီငါးမိနစ်လောက် စိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ထိုအရည်များ သွန်ပေးကာ  ရေစရေထားပါ
ထောင်းရန် ပြင်ဆင်ပုံ
  • ပြုပ်ပြီးသား ရုံးပတေသီးများကို မထူမပါးလေးတွေ နွှင်ထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ထူထူ လှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံ ကျယ်ကျယ်ထဲမှာ ငရုတ်သီးစိမ်း ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ဆားတို့ကိုထည့်ကာ မညက်တညက်လေး ထောင်းပေးပါ
  • ပြီးတာနဲ့  ရုံးပတေသီးများ ငရုတ်သီးမှုန့်  အရသာမှုန့်  ဆားနှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွ ထောင်းပေးပါ
  •  ရုံးပတေသီး ထောင်းထားတာ အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဥ်ငံစပ် ရုံးပတေသီး ထောင်းလေးကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

Saturday, 15 March 2025

ပိန္နဲသီးထောင်း

 





မာမာဒီနေ့တော့ ပိန္နဲသီးကို ချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် ဒါကြောင့်မို့လို့  ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့ ပိန္နဲသီးထောင်းနည်းလေးကို မျှ‌ဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1.  ပိန္နဲသီးပြုပ်ပြီးသား - အနေတော် လေးစိတ်
  2. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ဆား - အနည်းငယ်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  7. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  8. နံနံပင် - အနေတော် တစ်ပင်
  9. သံပုရာသီး - တစ်ခြမ်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ

 ပြုပ်ရန် ပြင်ဆင်ပုံ
  • ပိန္နဲသီးမှ ရင့်နေသော အဖတ်များနှင့် မလိုတာ‌တွေကို ဖယ်ပေးပြီး ရေစင်အောင် ဆေးထားပါ
  • ပြီးတာနဲ့ ပိန္နဲသီးကွင်း ကို ဗနီကာ ခပ်များများနှင့် ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ထိုအရည်များ သွန်ပေးကာ  အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီးတာနဲ့ ပိန္နဲသီးကွင်း များကို နူးတဲ့အထိ ပြုပ်ပေးပါ
  • နူးအိနေအောင် ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကိုသွန်ကာ ရေစစ်ပေးပါ
ထောင်းရန် ပြင်ဆင်ပုံ
  • ပြုပ်ပြီးသား ပိန္နဲသီးများကို မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ထူထူ လှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံ ကျယ်ကျယ်ထဲမှာ ငရုတ်သီးစိမ်း ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ဆားတို့ကိုထည့်ကာ မညက်တညက်လေး ထောင်းပေးပါ
  • ပြီးတာနဲ့  ပိန္နဲသီးများ ငရုတ်သီးမှုန့်  အရသာမှုန့် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွ ထောင်းပေးပါ
  •  ပိန္နဲသီး ထောင်းထားတာ အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဥ်ငံစပ် ပိန္နဲသီး ထောင်းလေးကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

Friday, 14 March 2025

ငှက်ပျောဖူးထောင်း

 

မာမာဒီနေ့တော့ ငှက်ပျောဖူးကို ချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် ဒါကြောင့်မို့လို့  ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့ ငှက်ပျောဖူး ထောင်းနည်းလေးကို မျှ‌ဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငှက်ပျောဖူး - အနေတော် တစ်ခြမ်း
  2. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ဆား - အနည်းငယ်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  7. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  8. နံနံပင် - အနေတော် တစ်ပင်
  9. သံပုရာသီး - တစ်ခြမ်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ

ငှက်ပြောဖူး ပြုပ်ရန် ပြင်ဆင်ပုံ
  • ငှက်ပျောဖူးမှ ရင့်နေသော အဖတ်များနှင့် မလိုတာ‌တွေကို ဖယ်ပေးပြီး ရေစင်အောင် ဆေးထားပါ
  • ပြီးတာနဲ့ ငှက်ပျောဖူးကို ထက်ဝက်ခြမ်းပြီး ဗနီကာ ခပ်များများနှင့် ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ထိုအရည်များ သွန်ပေးကာ  အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများနှင့် မန်ကျည်းသီးမှည့် ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီးတာနဲ့ ငှက်ပျောဖူးများကို နူးတဲ့အထိ ပြုပ်ပေးပါ
  • နူးအိနေအောင် ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကိုသွန်ကာ ရေစစ်ပေးပါ
ငှက်ပျောဖူးထောင်းရန် ပြင်ဆင်ပုံ
  • ငှက်ပျောဖူးကို မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ထူထူ လှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆံု ကျယ်ကျယ်ထဲမှာ ငရုတ်သီးစိမ်း ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ဆားတို့ကိုထည့်ကာ မညက်တညက်လေး ထောင်းပေးပါ
  • ပြီးတာနဲ့ လှီးထားသော ငှက်ပျောဖူး ငရုတ်သီးမှုန့်  အရသာမှုန့် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွ ထောင်းပေးပါ
  • ငှက်ပျောဖူးထောင်းတာ အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဥ်ငံစပ် ငှက်ပျောဖူးထောင်းလေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Thursday, 7 November 2024

သရက်သီးစိမ်းထောင်း

 


ဒီရာသီဆို သရက်သီးစိမ်းလေးတွေ ပေါ်လာပါပြီ ဒါကြောင့်မို့လို့ သရက်သီးစိမ်းလေးတွေကို မျိုးစုံအောင် လုပ်စားရင်း ဒီနေ့တော့ သရက်သီးစိမ်းကို ကြက်သွန်ဖြူ ခပ်များများနဲ့ ထောင်းပြီး ထမင်းမြိန်မြိန် စားရလေအောင် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး တစ်ဆယ့်ငါးမွှာ
  3. ငရုတ်သီးတောင့် - အစပ်စားနိူင်သလောက်
  4. အရသာမှုန်. -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အရင်ဆုံး အညှာဘက်မှလှီးကာ ရေတနာရီလောက် စိမ်ထားပေးပါ
  • ရေစိမ်ပြီး အစေးများ ကုန်လောက်ပြီဆိုရင် အခွံခွာပြီး ဓါးပြတ်ပြတ်နှင့် ပေါက်ပေးပါ
  • ပြီးတာနဲ့ ခပ်နုတ်နုတ် သေးသေးလေးတွေ လှီးထားပေးပါ
  • ကြပ်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်ဆုံထဲမှာ ငရုတ်သီး ကြက်သွန်ဖြူတို့ ကိုထည့်ပြီး မညက်တညက် ထောင်းထားပေးပါ
  • ပြီးတာနဲ့ လှီးထားသော သရက်သီး  ဆားနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  • အရသာ သမအောင် ဇွန်းနှင့်မွှေပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • သရက်သီးစိမ်းထောင်းကို အရသာ ပြင်ပေးပြီးတာနဲ့ ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday, 3 August 2024

မန်ကျည်းသီးစိမ်းထောင်း

 











မာမာရေ မန်ကျည်းသီးစိမ်းလေးတွေ ပေါ်ကာစမို့လို့ ထောင်းနည်းလေး တင်ပေးပါအုံးဆိုလို့ ပြောလာကြတဲ့အတွက် ဒီနေ့တော့ ရာသီစာ မန်ကျည်းသီးစိမ်းလေးတွေကို ချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ်။ 

ပုဇွန်ခြောက်လေးတွေနဲ့ ထောင်းတဲ့အတွက် စားလို့ပိုပြီး ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို ထပ်မံပြီးတော့ မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မန်ကျည်းသီးစိမ်း - အတောင့်ကြီးကြီး ဆယ်တောင့်
  2. ငရုတ်သီးစိမ်း  - မိမိနှစ်သက်သလောက်
  3. ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် လေးဆယ်ခန့်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ခွန်နှစ်မွှာ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • မန်ကျည်းသီးစိမ်းကို အပေါ်ယံ အခွံမှာ ကပ်နေသော အညိုရောင်အမှုန့်များကို ခြစ်ပေးပါ
  • ပြီးတာနဲ့ မန်ကျည်းသီးမှ အစေ့နှင့် အကြောများထုတ်၍ ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာများ ဖြုတ်ထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်ဆုံထဲမှာ မန်ကျည်းသီးစိမ်း ပုဇွန်ခြောက် ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူ တို့ကိုထည့်ပြီး ညက်နေအောင် ထောင်ပေးပါ
  • ပြီးတာနဲ့ အချိုမှုန့်နှင့်ဆားတို့ ထည့်ထောင်းပေးပါ
  • အားလုံးညက်သွားပြီ ဆိုတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ပြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မန်ကျည်းသီးစိမ်းထောင်းကို ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး ဆီမြုပ်အောင် ထည့်ပေးပါ
  • ထမင်းပူပူလေးနဲ့ သုံးဆောင်နိူင်ရန် ချဉ်ငံစပ် မန်ကျည်းသီးစိမ်းထောင်း ချဉ်ငံစပ်လေးကို ရပါပြီ။

Thursday, 18 July 2024

ချင်းအမြှစ်ထောင်း (Ginger Root)

 








မာမာ ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ချင်းတက်လေးတွေ တူးဖြစ်ပါတယ် ချင်းတက်မှာ ကပ်နေတဲ့ ချင်းအမြှစ်လေးတွေကို ခပ်စပ်စပ်လေး ထောင်းဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ထမင်းစားလို့ မြိန်စေမဲ့ ထောင်းနည်းစုံတွေထဲက မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ချင်းအမြှစ် ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ချင်းအမြှစ်
  2. ရှမ်းပဲပုတ်
  3. ကြက်သွန်ဖြူ
  4. ငရုတ်သီးစိမ်း
  5. ဆား 
  6. အရသာမှုန့်
ပြင်ဆင်ပြုလုပ်ပုံ
  • ချင်းအမြှစ်များကို ရေစင်အောင် ဆေးထားပါ
  • ရှမ်းပဲပုတ်ကို မီးကင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ထောင်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာအောင် ထောင်းပေးပြီးတာနဲ့  ချဉ်မြှစ်ထောင်း ပူပူစပ်စပ်လေး ရပါပြီ။

Sunday, 14 July 2024

ဆိတ်ဖူးထောင်း (Finger Root)



 


Sydney မှာ အခုရက်ထဲ အအေးက ပိုကဲနေတော့ ပူပူစပ်စပ်လေးတွေ စားလေမှ နေသာထိုင်သာက ရှိသလိုလို ဖြစ်နေပါတယ်။

ဒီတော့လဲ ပူပူစပ်စပ်လေး စားဖို့ရာအတွက် ဆိတ်ဖူးလေးတွေ (Finger Root)ကို ထောင်းဖြစ်ခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ဆိတ်ဖူးကိုတော့ ပြီးခဲ့တဲ့ရက်က ထိုင်းဆိုင်တစ်ခုကိုသွားရင်း ready made ပုလင်းလေး ဝယ်လာတဲ့အတွက် အဆင်သင့် ထောင်းလိုက်ရုံပါဘဲ။


ပါ၀င်ပစွည်းများ

  1. ဆိတ်ဖူး
  2. ကြက်သွန်ဖြူ
  3. ငရုတ်သီးစိမ်း
  4. မျှင်ငပိ
  5. အရသာမှုန့် 

ပြင်ဆင်ပုံ

  • ဆိတ်ဖူးနှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • မျှင်ငပိကို ကျက်သွားအောင် မီးကင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ငရုတ်ဆုံထဲမှာ ထည့်ပေးပြီး ညက်နေအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ ဆိတ်ဖူးထောင်း မွှေးမွှေးလေးကို ပန်းကန်ထဲ ပြောင်းထည့်ပြီး ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ စားလို့ရပါပြီ။

Sunday, 4 February 2024

ချဉ်ငံစပ် ခရမ်းသီးထောင်း





မာမာ အရင်ရက်က ခရမ်းသီး အကျားလေလးတွေ ဝယ်လာခဲ့ပြီး ခရမ်းသီးထောင်း ထောင်းဖြစ်ပါတယ် စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ခရမ်းသီး - ရှစ်လုံး
  2. ငါးကြော် - တစ်ကောင်
  3. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  4. နံနံပင် - အနေတော် လေးပင်
  5. သံပုရာသီး - တစ်ခြမ်း
  6. ငါးငံပြာရည် - လိုသလောပ် သုံးပေးပါ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
  • ငါးကြော်တစ်ကောင်ကို အရိုးများ ထွင်ထားပါ
  • ခရမ်းသီးများကို ရေဆေးပြီး ရေများများထည့်ကာ  ခရမ်းသီးများ နူးတဲ့အထိ ပြုပ်ပေးပါ
  • ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  ငရုတ်ဆုံထဲမှာ ငရုတ်သီးစိမ်းများကို ညက်အောင် ထောင်းပေးပါ
  • ငရုတ်သီးစိမ်း ညက်တာနဲ့ အရိုးထွင်ထားသော ငါးကြော်ကို ထည့်ထောင်းပေးပါ
  • ပြီးတာနဲ့ ခရမ်းသီးများကို အညှာဖြုတ်ပြီး ရောထောင်းပေးပါ
  • အရသာအတွက် သံပုရာရည် နံနံပင် ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ ဇွန်းနဲ့ မွှေပေးပါ
  • အရသာ သမသွားတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • စိတ်ကြိုက် အရသာ ရလာတာနဲ့ ခရမ်းသီးထောင်း ချဉ်ငံစပ်လေးကို ထမင်းပူပူလေးနဲ့ စားသုံးနိူင်ပါပြီ။

Tuesday, 31 October 2023

ချင်းဆားထောင်း

 





မာမာ မနေ့က ချင်းဆားထောင်းလေး စားချင်တာနဲ့ ထောင်းဖြစ်ပါတယ် ချင်းဆားထောင်းက ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ငါးကြော် ငါးပေါင်း ကြက်ကြော် ကြက်သားပေါင်း အစရှိသည်ဖြင့် အသားမျိုးစုတို့နဲ့ လိုက်ဖက်ပါတယ်။

ဒါကြောင့်မိုလို့  မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ချင်းဆားထောင်း လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ချင်းတက် - လေးလက်မခန့်
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ငရုတ်သီး အစိမ်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  4. သံပုရာသီး - တစ်လုံး
  5. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပြုလုပ်ပုံ
  • ချင်းတက်ကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
  • ပါဝင်ပစ္စည်းများ အဆင်သင့် ပြင်ဆင်ထားပါ
  • ငရုတ်သီးမှုန့် ဆားနှင့် ချင်းတို့ကို ငရုတ်ဆုံထဲမှာထည့်ပြီး ညက်နေအောင် ထောင်းပေးပါ
  • ချင်းများ ညက်လာပါက သံပုရာရည် ညှစ်ထည့်ပေးပါ
  • အရသာ သမအောင် မွှေပြီးတာနဲ့ ချင်းဆားထောင်းကို ပန်းကန်ထဲ ပြောင်းထည့်ကာ ဆီမြုပ်တဲ့အထိ ထည့်ပေးပြီးတာနဲ့ ချင်းဆားထောင်း ချဉ်ငံစပ်ကို စားသုံးဖို့ ပြင်ဆင်ပေးနိူင်ပါပြီ။

Thursday, 15 June 2023

ဇီးဖြူသီးထောင်း


 



ဒီနေ့တော့ ရာသီစာ ဇီးဖြူသီးကို ချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် ပုဇွန်ထုတ်နဲ့ ထောင်းတဲ့အတွက် စားလို့ပိုပြီး ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဇီးဖြူသီး - အလုံးကြီးပြီး ငါးလုံး
  2. ငရုတ်သီးစိမ်း  - မိမိနှစ်သက်သလောက်
  3. ပုဇွန်ထုတ် - အကောင်ကြီးကြီး ငါးကောင်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ဇီးဖြူသီးကို ရေမြုပ်အောင်ထည့်ပြီး နူးလာတဲ့အထိ ပြုပ်ပေးပါ
  • ပြီးတာနဲ့  အစေ့ထုတ်ပေးပါ 
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာများ ဖြုတ်ကာ လှော်ထားပါ
  • ပုဇွန်ထုတ်ကို အခွံခွာပြီး ရေမြုအ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ လှော်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ငရုတ်ဆုံထဲမှာ ဇီးဖြူသီး ပုဇွန်လှော်နှင့် ငရုတ်သီးစိမ်း တို့ကိုထည့်ပြီး ညက်နေအောင် ထောင်ပေးပါ
  • ပြီးတာနဲ့ အချိုမှုန့်နှင့် ဆားတို့ ထည့်ထောင်းပေးပါ
  • အားလုံးညက်သွားပြီ ဆိုတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ဇီးဖြူသီး ထောင်းကို ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး ဆီထည့်ပေးပါ
  • ထမင်းပူပူလေးနဲ့ သုံးဆောင်နိူင်ရန် ချဉ်ငံစပ် ဇီးဖြူသီးထောင်း ချဉ်ငံစပ်လေးကို ရပါပြီ

Friday, 24 March 2023

ချဉ်ငံစပ် မျှစ်ထောင်း

 


ဒီနေ့တော့ ရာသီဥတု အကူးအပြောင်းလေးမှာ ခေါင်းထဲအုံခဲခဲ ဖြစ်နေတာနဲ့ အိမ်မှာအဆင်သင့်ရှိတဲ့ မျှစ်ကြွတ်ပြုပ်ပြီးသားလေးတွေကို ချဉ်ချဉ်ငံငံစပ်စပ်လေး ထောင်းပါတယ်။

ပါဝင်ပစ္စည်းများ
  1. မျှစ်ပြုပ်ပြီးသား  - ဆယ်ချောင်း
  2. ယိုးဒယား ငါးပိရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ယိုးဒယား ဂဏန်းငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. သံပုရာသီး - တစ်လုံး
  5. ထန်းလျှက်ခဲ - အနေတော် တစ်ခဲ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ငရုတ်သီး အခြောက်တောင့် - ငါးတောင့်ခန့်
  8. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပါ
  9. ချယ်ရီခရမ်းချဉ်သီး - ဆယ်လုံးခန့်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပြုပ်ပြီးသား မျှစ်များကိုမိမိနှစ်သက်တဲ့ ပုံစံလေးတွေ ရလာအောင် လှီးပေးထားပါ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ  ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ကို ထည့်ထောင်းပေးပါ
  • မညက်တစ်ညက် အနေအထားလေး ရလာတာနဲ့ သုံးရမဲ့ ငါးပိရည် ငံပြာရည်နှင့် အရသာမှုန့်တို့ ကို ထည့်ပေးပြီး ဇွန်းနှင့်မွှေပေးပါ
  • ပြီးတာနဲ့ သံပုရည်ညှစ်ထည့်ကာ နံနံပင် ခရမ်းချဉ်သီးနှင့် မျှစ်တို့ကို ထည့်မွှေပေးပါ
  • အားလုံးအရသာ သမသွားတာနဲ့ အရသာကို မြည်းပေးပြီး ချိုချဉ်ငံစပ် အရသာကို မြည်းပေးကာ လိုအပ်တာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုရင်တော့ ချိုချဉ်ငံစပ်  မျှစ်ထောင်းလေးကို စားသုံးရန်  ပြင်ဆင်ပေးနိူင်ပါပြီရှင် ။

Sunday, 19 March 2023

ပုဇွန်အစိမ်းထောင်း

 


ဒီနေ့တော့ tiger prawns  အစိမ်းလေးတွေ ဝယ်လာပြီး ထောင်းစားဖြစ်ပါတယ် ထမင်းမစားချင်တဲ့ နေ့တွေဆို အခုလိုချိုချဉ်ငံစပ်လေးတွေ စားချင်စိတ် ပေါ်တတ်ပါတယ်။

 အခုက ပုဇွန်ကို အစိမ်းစားရတာ ဖြစ်တဲ့အတွက် မာမာကတော့ ပုဇွန်ကို အခွံခွာပြီးတာနဲ့ အရင်ဆုံး ဆားနဲ့တစ်ထပ် ဆေးပါတယ် ပြီးတော့ သံပုရာရည်နဲ့ တစ်ထပ်ဆေးသလို နောက်တစ်ခါ 7up အချိုရည်လေးနဲ့ ဆယ်မိနစ်လောပ် ထပ်စိမ်ပေးပါတယ်။

အထပ်ထပ် အခါအခါ ဆေးပြီးတာနဲ့ ရေခဲတုံးလေးတွေနဲ့  ဆယ်မိနစ်လောက် ထပ်စိမ်ပေးပြီးမှ ချိုချဉ်ငံစပ် အရသာလေး ရလာအောင် ထောင်းပါတယ်။

အဲဒီတော့မှ ပါးစပ်ထဲမှာ ခံတွင်းတွေ့သလိုလဲ ခံစားရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Tiger prawns  - ဆယ်ကောင်
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. သံပုရာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. 7up အချိုရည် - ထမင်းစားဇွန်း၁၅ဇွန်း
  5. ယိုးဒယား ငါးပိရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ယိုးဒယား ဂဏန်းငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. သံပုရာသီး - တစ်လုံး
  8. ထန်းလျှက်ခဲ - အနေတော် တစ်ခဲ
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  10. ငရုတ်သီး အခြောက်တောင့် - ငါးတောင့်ခန့်
  11. မြေပဲလှော် - မိမိနှစ်သက်သလောက် ထည့်ပါ
  12. ချယ်ရီခရမ်းချဉ်သီး - ဆယ်လုံးခန့်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပုဇွန်ဆေးရန်
  • ပုဇွန်ထုတ်များကို အခွံခွာကာ ခေါင်းများကို ဖယ်ပေးပြီး ကြောဖက်မှ အမည်းကြောင်းကိုလဲ ဖယ်ပေးလိုက်ပါ
  • ပြီးတာနဲ့ အခွံခွာထားတဲ့ ပုဇွန်များကို ဆားနဲ့အရင်ဆုံး နယ်ကာ ဆေးပေးပါ
  • နောက်တစ်ခါ သံပုရာရည်နဲ့ နယ်ပေးကာ ရေနဲ့ ဆေးပေးပါ
  • နောက်တစ်ကြိမ် 7up အချိုရည်နဲ့ ငါးမိနစ်လောက် စိမ်ကာ ရေဆေးပေးပါ
  • နောက်ဆုံးအနေနဲ့ ပုဇွန်ကို ရေခဲတုံးလေးတွေနဲ့ ဆယ်မိနစ်လောက် စိမ်ထားပေးပါ
ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ  ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ကို ထည့်ထောင်းပေးပါ
  • မညက်တစ်ညက် အနေအထားလေး ရလာတာနဲ့ သုံးရမဲ့ ငါးပိရည် ငံပြာရည်နှင့် အရသာမှုန့်တို့ ကို ထည့်ပေးပြီး ဇွန်းနှင့်မွှေပေးပါ
  • ပြီးတာနဲ့ သံပုရည်ညှစ်ထည့်ကာ ခရမ်းချဉ်သီးနှင့် ပုဇွန်ထုတ်တို့ကို ထည့်မွှေပေးပါ
  • အားလုံးအရသာ သမသွားတာနဲ့ အရသာကို မြည်းပေးပြီး ချိုချဉ်ငံစပ် အရသာကို မြည်းပေးကာ လိုအပ်တာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုရင်တော့ မြေပဲလှော်ထည့်ပေးပြီးတာနဲ့ ချိုချဉ်ငံစပ်  ပုဇွန်အစိမ်းထောင်းကို  ပြင်ဆင်ပေးနိူင်ပါပြီရှင် ။

Wednesday, 21 September 2022

သံပုယိုသီးထောင်း

 




ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ သံပုယိုသီး အမွှာထောင်းလေး ထောင်းဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီးထောင်းထားတဲ့ ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သံပုယိုသီး - အလုံးကြီးကြီး နှစ်လုံး
  2. ပုဇွန်ငပိ - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်းခွဲ
  3. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ငါးဇွန်းမောက်မောက်
  4. မြေပဲလှော် - ထမင်းစားဇွန်း လေးဇွန်း
  5. ငရုတ်သီး အလှော်မှုန့် - မိမိစားနိူင်သလောက်ထည့်ပါ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  7. ကြက်သွန်နီ -အလုံးခပ်သေးသေး သုံးလုံး
  8. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (သံပုယိုသီး ဆားရည်စိမ်ရန်)
ပြင်ဆင်ပုံ
  • ဆားကို ပန်းကန်လုံး တစ်လုံးထဲမှာ ထည့်ပေးပြီး ရေလက်ဖက်ရည် ပန်းကန်လုံး တစ်လုံးသာသာနှင့် ဖျော်ထားပါ
  • သံပုယိုသီးကို အခွံခွာပြီး အဖြူရောင် အကာများ မပါအောင် ဖယ်ပေးပြီး အသားမွှာလေးတွေ ထွင်ပေးပါ
  • ထို ထွင်ထားသော သံပုယိုသီး အသားမွှာ အဖတ်လေးများကို ဆားရည်ဖျော်ထားသော ရည်ထဲမှာ စိမ်ထားပါ
  • ပုဇွန်ငပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
  • မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တစ်လုံးထဲ ပုဇွန်ငပိကိုကပ်ကာ ကင်ပေးပါ
  • အပေါ်ယံ တင်းလာပါက နောက်တစ်ဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
  • ငရုတ်သီးစိမ်းများကို ရေဆေးပြီး လှော်ပေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • မြေပဲလှော် အရသာမှုန့်နှင့် ငရုတ်သီး အလှော်မှုန့်ကိုလဲ အဆင်သင့် ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ အရင်ဆုံး ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်မှုန့် မြေပဲ ကြက်သွန်နီ  ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူတို့ကို ထည့်ထောင်းပေးပါ
  • အားလုံး မညက်တစ်ညက် အနေအထား ရတာနဲ့ အရသာမှုန့် နှင့် ပုဇွန်ငပိတို့ကို ထည့်ထောင်းပေးပါ
  • ပြီးတာနဲ့ ပုဇွန်ငပိထောင်းကို သံပုယိုသီးအမွှာ အဖတ်နှင့် ရောမွှေပေးကာ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ ငပိထောင်းကို မိမိနှစ်သက်တဲ့ တို့စရာလေးတွေနဲ့ တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Wednesday, 31 August 2022

မန်ကျည်းသီးစိမ်းထောင်း

 


ဒီနေ့တော့ ရာသီစာ မန်ကျည်းသီးစိမ်းလေးတွေကို ချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် ပုဇွန်ခြောက်လေးတွေနဲ့ ထောင်းတဲ့အတွက် စားလို့ပိုပြီး ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မန်ကျည်းသီးစိမ်း - အတောင့်ကြီးကြီး ဆယ်တောင့်
  2. ငရုတ်သီးစိမ်း  - မိမိနှစ်သက်သလောက်
  3. ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် လေးဆယ်ခန့်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ခွန်နှစ်မွှာ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • မန်ကျည်းသီးစိမ်းကို အပေါ်ယံ အခွံမှာ ကပ်နေသော အညိုရောင်အမှုန့်များကို ခြစ်ပေးပါ
  • ပြီးတာနဲ့ မန်ကျည်းသီးမှ အစေ့နှင့် အကြောများထုတ်၍ ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာများ ဖြုတ်ထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်ဆုံထဲမှာ မန်ကျည်းသီးစိမ်း ပုဇွန်ခြောက် ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူ တို့ကိုထည့်ပြီး ညက်နေအောင် ထောင်ပေးပါ
  • ပြီးတာနဲ့ အချိုမှုန့်နှင့်ဆားတို့ ထည့်ထောင်းပေးပါ
  • အားလုံးညက်သွားပြီ ဆိုတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ပြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မန်ကျည်းသီးစိမ်းထောင်းကို ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး ဆီမြုပ်အောင် ထည့်ပေးပါ
  • ထမင်းပူပူလေးနဲ့ သုံးဆောင်နိူင်ရန် ချဉ်ငံစပ် မန်ကျည်းသီးစိမ်းထောင်း ချဉ်ငံစပ်လေးကို ရပါပြီ။

Tuesday, 30 August 2022

သရက်သီးစိမ်းထောင်း

 





ဒီရာသီဆို သရက်သီးစိမ်းလေးတွေ ပေါ်လာပါပြီ ဒါောကာင့်မို့လို့ သရက်သီးစိမ်းလေးတွေကို မျိုးစုံအောင် လုပ်စားရင်း ဒီနေ့တော့ သရက်သီးစိမ်းကို မြေပဲလှော်နဲ့ အစိမ့်လေး ထောင်းပြီး ထမင်းမြိန်မြိန် စားရလေအောင် မာမာပြင်ဆင်ထားတဲ့ ပဲဆီစိမ်းနဲ့ စိမ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး
  2. ပုဇွန်ခြောက် - တစ်ဆယ့်ငါးကောင်
  3. ငပိရည် - ထမင်းစားဇွန်း ၃ဇွန်း ( ပုံမှာပြထားတဲ့ ငပိရည်ကို သုံးပေးပါ)
  4. ငရုတ်သီးတောင့် - အစပ်စားနိူင်သလောက်
  5. အရသာမှုန်. -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အရင်ဆုံး အညှာဘက်မှလှီးကာ ရေတနာရီလောက် စိမ်ထားပေးပါ
  • ရေစိမ်ပြီး အစေးများ ကုန်လောက်ပြီဆိုရင် အခွံခွာပြီး ဓါးပြတ်ပြတ်နှင့် ပေါက်ပေးပါ
  • ပြီးတာနဲ့ ခပ်နုတ်နုတ် သေးသေးလေးတွေ လှီးထားပေးပါ
  • ကြပ်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်ဆုံထဲမှာ ငရုတ်သီး ကြက်သွန်ဖြူကို ပုဇွန်ခြောက်ကိုထည့်ပြီး မညက်တညက် ထောင်းထားပေးပါ
  • ပြီးတာနဲ့ လှီးထားသော သရက်သီး ငပိရည် ဆားနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  • အရသာ သမအောင် ဇွန်းနှင့်မွှေပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • သရက်သီးစိမ်းထောင်းကို အရသာ ပြင်ပေးပြီးတာနဲ့ ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။