Thursday 18 July 2024

ချင်းအမြှစ်ထောင်း (Ginger Root)

 








မာမာ ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ချင်းတက်လေးတွေ တူးဖြစ်ပါတယ် ချင်းတက်မှာ ကပ်နေတဲ့ ချင်းအမြှစ်လေးတွေကို ခပ်စပ်စပ်လေး ထောင်းဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ထမင်းစားလို့ မြိန်စေမဲ့ ထောင်းနည်းစုံတွေထဲက မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ချင်းအမြှစ် ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ချင်းအမြှစ်
  2. ရှမ်းပဲပုတ်
  3. ကြက်သွန်ဖြူ
  4. ငရုတ်သီးစိမ်း
  5. ဆား 
  6. အရသာမှုန့်
ပြင်ဆင်ပြုလုပ်ပုံ
  • ချင်းအမြှစ်များကို ရေစင်အောင် ဆေးထားပါ
  • ရှမ်းပဲပုတ်ကို မီးကင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ထောင်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာအောင် ထောင်းပေးပြီးတာနဲ့  ချဉ်မြှစ်ထောင်း ပူပူစပ်စပ်လေး ရပါပြီ။

No comments:

Post a Comment