Showing posts with label အသုပ်စုံ စားဖွယ်ရာများ. Show all posts
Showing posts with label အသုပ်စုံ စားဖွယ်ရာများ. Show all posts

Saturday, 18 April 2026

ချဉ်ငံစပ် ပိန္နဲသီးသုပ်

 


မာဒီနေ့တော့ ပိန္နဲသီးကို ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့ ပိန္နဲသီးသုပ် နည်းလေးကို မျှ‌ဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ပိန္နဲသီးပြုပ်ပြီးသား - အနေတော် လေးစိတ်
  2. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  3. ဆား - အနည်းငယ်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  7. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  8. နံနံပင် - အနေတော် တစ်ပင်
  9. သံပုရာသီး - တစ်ခြမ်း (သို့မဟုတ်)
  10. မန်ကျည်းသီးမှည့်အနှစ် ထမင်းစားဇွန်း တစ်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  12. ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်းသာသာ
  14. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း


 ပိန္နဲသီးပြုပ်ရန် ပြင်ဆင်ပုံ

  • ပိန္နဲသီးမှ ရင့်နေသော အဖတ်များနှင့် မလိုတာ‌တွေကို ဖယ်ပေးပြီး ရေစင်အောင် ဆေးထားပါ
  • ပြီးတာနဲ့ ပိန္နဲသီးကွင်း ကို ဗနီကာ ခပ်များများနှင့် ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ထိုအရည်များ သွန်ပေးကာ အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီးတာနဲ့ ပိန္နဲသီးကွင်း များကို နူးတဲ့အထိ ပြုပ်ပေးပါ
  • နူးအိနေအောင် ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကိုသွန်ကာ ရေစစ်ပေးပါ

သုပ်ရန် ပြင်ဆင်ပုံ

  • ပြုပ်ပြီးသား ပိန္နဲသီးများကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထုထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံ ကျယ်ကျယ်ထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ထည့်ပေးကာ အရသာ သမမျှတအာင် နယ်ပေးပါ
  • ပြီးတာနဲ့ ပိန္နဲသီးများ အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဥ်ငံစပ် ပိန္နဲသီးသုပါ ချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

Sunday, 26 October 2025

သရက်သီးစိမ်းသုပ်

 


သရက်သီးစိမ်းလေး ဝယ်လာဖြစ်တာနဲ့
 ခပ်စပ်စပ်လေး သုပ်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ သရက်သီးစိမ်း သု ပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး 
  2. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  4. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  5. ဆား - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အညှာဖက်မှလှီးပြီး ရေနိူင်နိူင်ဆေးကာ အစေးထုတ်ပေးပါ
  • ပြီးတာနဲ့ အခွံခွာကာ ရေတခါ ထပ်ဆေးပေးပါ 
  • သရက်သီးကို မိမိနှစ်သက်သည့်ပုံစံ လှီးပေးပါ
  • ငရုတ်အစိမ်းမှုန့် ဆား သကြားနှင့် ငရုတ်သီး အလှော်မှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါ၀င်ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲ ထည့်ပေးကာ ဖွဖွလေး ရောနယ်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
  • ထမင်းနှင့် စားနိူင်သလို ဒီအတိုင်း စားနိူင်တဲ့ ချိုချိုစပ်စပ်နဲ့ စားလို့အင်မတန်မှ ကောင်းလွန်းတဲ့ သရက်သီးသုပ်လေး ရပါပြီ။

Tuesday, 9 September 2025

ချဥ်ငံစပ် အသုပ်စုံ

 


မာမာ ဒီနေ့တော့ အသုပ်စုံ ားချင်တဲ့အတွက် ပြင်ဆင်ဖြစ်ပါတယ် 
ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် အသုပ်တစ်မျိုး သုပ်စားချင်ရင်တော့ မာမာ ပြင်ဆင်ပြီး သုပ်စားပုံလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ပဲကြာဇံ အခြောက် - 50 g
  2. အာလူး - အနေတော် သုံးလုံး
  3. ပဲပြား - တစ်တုံး
  4. ဆီ - ပဲပြားကြော်ရန် လိုသလောက်
  5. နနွင်းမှုန့် - အနည်းငယ် (ပဲပြားကြော်ရန် ဆီအိုးထဲထည့်ရန်)
  6. ပဲအကျက်မှုန့် - လိုသလောက်
  7. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
  9. နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ကြာဇံအရောင်အတွက် သုံးရန်)
  10. ဆီ - လိုသလောက်
  11. အရသာမှုန့် - လိုသလောက်
  12. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  13. မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငါးငံပြာရည် - လိုသလောက်
  15. နံနံပင် - လိုသလောက်
  16. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  17. ကြက်သွန်ဖြူ  - ၁၃မွှာ (ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  18. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  19. ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
  20. ဂေါ်ဖီ - အနည်းငယ်

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ

  1. ပဲကြာဇံ
  2. ပဲပြား
  3. ဆီချက်
  4. ငံပြာရည်
  5. ပုဇွန်ခြောက်မှုန့်
  6. ပဲအကျက်မှုန့်
  7. ငရုတ်သီး အလှော်မှုန့်
  8. ကြက်သားမှုန့်
  9. မန်ကျည်းသီးမှည့်
  10. နံနံပင်

ကြာဇံနှင့်အာလူး ပြုပ်ရန်

  • ပဲကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားပါ
  • အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော ပဲကြာဇံကို ရေသွန်ပြီး ပဲကြာဇံ အရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် သုံးမိနစ်လောက် ကြာတာနဲ့ ရေနွေးစိမ်ထားသော ကြာဇံကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
  • တစ်ခါတစ်လေ ရေနွေးစိမ်ရန် အသုံးပြုသော ပဲကြာဇံသည် ဆန်အပျော့ အမာပေါ် မူတည်သောကြောင့် အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
  • အိုးတစ်လုံးထဲမှာ ရေခပ်များများနှင့် အာလူးတို့ထည့်ကာ ပြုပ်ပေးပါ
  • အာလူးများ နူးလာပါက ရေများသွန်ပြီး အအေးခံကာ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ
ပဲပြားကြော်ရန်
  • ပဲပြားကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ပဲပြားများကို အပေါ်ယံကျော တင်းလာတဲ့အထိ ကြော်ပေးပါ
  • အပေါ်ယံကြော မာတင်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ

ဆီချက် ချက်ရန်

  1. ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ 
  3. ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  4. ကြက်သွန်ဖြူများ အဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  5. ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ

ဟင်းခါးချက်ရန်

  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ

အသုပ် တစ်ပွဲစာပြင်ရန်

  • အသုပ်သုပ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာလောက်နဲ့ စိမ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ပဲကြာဇံ တစ်ပွဲစာနှင့် ပဲပြားအနည်းငယ် အာလူးတို့ကို ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တစ်၀က်သာသာနှင့် နံနံပင်တို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီးတာနဲ့ စားပွဲပြင်ပေးပါ
  • ချဉ်ငံစပ် ပဲကြာဇံ အသုပ်ပွဲကို ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။

Friday, 29 August 2025

ချဥ်ငံစပ် အမဲအူကြမ်းသုပ်



မာမာဒီနေ့တော့ အမဲအူ ကြမ်းလေးတွေ ဝယ်လာပြီး မြန်မာပါးစပ်နဲ့ အကြိုက်တွေ့စေမဲ့ ပဲမှုန့်နံ့ သင်းသင်းလေးနဲ့ ချဥ်ချဥ် ငံငံ စပ်စပ်လေး သုပ်ဖြစ်ပါတယ်။ 

ဒါကြောင့်မို့လို့ အရမ်းစပ်ပြီး စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အမဲအူကြမ်း အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. အမဲအူကြမ်း ပြုပ်ပြီးသား - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ငါးငံပြာရည်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  7. သခွါးသီး ‌‌‌ -‌ မိမိနှစ်သက်သလောက်
  8. နံနံပင် - မိိမိနှစ်သက်သလောက်
  9. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  10. ကြက်သွန်နီ - အနေတော် တစ်လုံး
  11. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း နှစ်ဇွန်း


အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • အမဲအူကြမ်း ပြုပ်ပြီးသားကို မထူမပါးလေးတွေ လှီးပေးပြီး အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ‌သခွါးသီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ အမဲအူကြမ်း ပဲအကျက်မှုန့် ကြက်သွန်နီ ငရုတ်သီး အလှော်မှုန့် ငရုတ်သီးစိမ်း နံနံပင်နှင့် သခွါးသီး တို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ကာ စားလို့ကောင်းပြီး ပဲအကျက်မှုန့်နံ့ သင်းသင်းလေးနဲ့ အမဲအူကြမ်းသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 28 July 2025

အာဗြဲခြောက် မီးကင်သုပ်

 


မာမာ အရင်တပါတ်က အာဗြဲခြာက် မီးကင်ပြီးသားလးတွကို ချဉ်ချဉ် ငံငံ စပ်စပ်လး သုပ်ဖြစ်ပါတယ်။

ထမင်းစားရတာ ခံတွင်းပျက်သလို ဖြစ်နေတော့ စိတ်ကူးထဲ ပေါ်လာတာလးကို သုပ်စားမိပေမဲ့ စားလို့ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး သုပ်စားတဲ့ နည်းလေးကို မျှ‌ဝေ ပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မီးကင်ပြီးသား အာဗြဲခြောက် - အကောင်ကြီးကြီး ဆယ်ကောင်
  2. မုံလာဥနီ - ခပ်ကြီးကြီး တစ်ဥ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. နံနံပင် - အပင်ကြီးကြီး နှစ်ပင်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - အနည်းငယ်
  7. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်
  8. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းစာ
ပြင်ဆင်ပြုလုပ်ပုံ
  • ဇလုံတလုံးထဲမှာ မီးကင်ပြီးသား အာဗြဲခြောက်များကို ဖဲ့ပြီး ထည့်ထားပါ
  • မုံလာဥနီကို အခွံခွာရေဆေးပြီး ခြစ်တံနှင့် ခြစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ မထူမပါးလေး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံတလုံးထဲမှာ ထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မည်းပေးကာ မိမိစိတ်ကြိုက် အရသာ ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ချဉ်ငံစပ် အာဗြဲခြောက် မီးကင်သုပ်လး ရပါပြီ။

Monday, 24 March 2025

ပဲကြော်သုပ်

 



မာမာက အသားတွေ သိပ်မစားတော့ အသီးအရွက်နဲ့ ပဲမျိုးစုံကိုဘဲ အားထားရပါတယ် နောက်တစ်ခုက ဆီးချိုရှိတဲ့အတွက် အရမ်းချိုတဲ့ အသီးတွေနဲ့ ထမင်း တို့ကိုလဲ ဆင်ဆင်ချင်ချင် စားရပြန်ပါတယ်။
ဒါကြောင့်မိုလို့ ဒီတစ်ခါတော့ ပဲကြော်ကို ချဉ်ငံစပ်လေး သုပ်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲကြော် - ငါးချပ်
  2. ခရမ်းချဉ်သီး - အနေတော် တစ်လုံး
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. မန်ကျည်းသီးမှည့်အရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ဆား - အနည်းငယ်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - အနည်းငယ်
  8. ငရုတ်သီးစိမ်း - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
  • ပဲကြော်ကို ခပ်ကြမ်းကြမ်း ချေထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းကာ မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွါပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
  • မန်ကျည်းမှည့်ရည်ကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကိုထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် ပဲကြော်သုပ် စိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

Friday, 21 March 2025

ဟင်းနုနွယ်ရွက်သုပ်

 


အခုတလော Sydneyမှာ ဆောင်းဦးရာသီ ရောက်လာပြီ ဖြစ်တဲ့အတွက် ရာသီဥတုက အေးစိမ့်လို့ လာခဲ့ပါပြီ ရာသီဥတု အနေအထားအရ ချဥ်ငံစပ် အသုပ်လေးတွေ စားချင်လာခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းရောင် ဟင်းနုနွယ်ရွက် - အနေတော် ဇကာတစ်လုံး
  2. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  9. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ဟင်းနုနွယ်ရွက်ကို အကြောသင်ပြီး အရွက်ခြွေကာ ရေစင်အောင်ဆေးပြီး နှစ်မိနစ်ခန့် ပြုပ်ပေးကာ ရေသွန်ပေးပါ
  • ရေပူများ သွန်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ
  • ပြီးတာနဲ့ မထူမပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ဟင်းနုနွယ်ရွက်များ ကြက်သွန်နီ ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးလေးနဲ့ ချဉ်ငံစပ် ဟင်းနုနွယ်ရွက် အသုပ်ကို စားသုံးနိူင်ပါပြီ။

Wednesday, 12 March 2025

မုန့်ညှင်းပင်ပေါက်သုပ်

 




မာမာ ဒီနေ့တော့ မုန့်ညှင်းပင်ပေါက်လေးတွေကို ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် ကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ မုန့်ညှင်းပင်ပေါက် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မုန့်ညှင်းပင်ပေါက် - 
  2. ကြက်သွန်နီ - 
  3. ငရုတ်သီး အလှော်မှုန့် -
  4. ပဲအကျက်မှုန့် - 
  5. ငါးငံပြာရည် - 
  6. ကြက်သွန်နီ ဆီချက် အဖတ် - 
  7. ကြက်သွန်နီ ဆီချက် -  
  8. အရသာမှုန့် - 
  9. မန်ကျည််းသီးမှည့် - 
  10. ပုဇွန်ခြောက်မှုန့် -

ပြင်ဆင်ပုံ
  • မုန့်ညှင်းပင်ပေါက်ရဲ့  အမြှစ်လေးတွေကို ဖယ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
  • အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ မုန့်ညှင်းပင်ပေါက်ကိုထည့်ပြီး မိနစ်ဝက်လောက်ထားကာ ရေ‌နွေးဖျောပေးပြီး ရေနွေးများ သွန်ပေးပါ
  • ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေစစ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ မုန့်ညှင်းပင်ပေါက်များ  ကြက်သွန်နီ  ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်နီ ဆီချက်ဖတ် ကြက်သွန်နီဆီချက် ပုဇွန်ခြောက်မှုန့် ငါးငံပြာရည်နှင့် မန်ကျည်းမှည့် ရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဉ်ငံစပ် အသုပ်စုံလေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Saturday, 8 March 2025

ဝက်နားရွက်သုပ်

 

မာမာ ဒီနေ့တော့ ဝက်နားရွက်လေးတွေ ဝယ်လာဖြစ်တာနဲ့ ဝက်နားရွက်ကို ချဥ်ငံစပ်လေး သုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ အရမ်းစပ်ပြီး စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်နားရွက်ပြုပ်ပြီးသား - အနေတော် တစ်တုံး
  2. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ငါးငံပြာရည်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  6. သခွားသီး - မိမိနှစ်သက်သလောက်
  7. နံနံပင် - မိိနှစ်သက်သလောက်
  8. ငရုတ်သီးစိမ်း - မိမိနှစ်သလောက်
  9. ငရုတ်ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ကြက်သွန်နီ - မိမိနှစ်သက်သလောက်

အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ဝက်နားရွက် ပြုပ်ပြီးသားကို မထူမပါးလေးတွေ လှီးပေးပြီး အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဝက်နားရွက် ကြက်သွန်နီ ငရုတ်သီး အလှော်မှုန့် ငရုတ်ဆီ သခွားသီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ  သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ပြီး စားလို့ကောင်းလွန်းတဲ့ ဝက်သားသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 14 January 2025

ဗောက်လောက်ရွက်သုပ်

 








မာမာ ဒီနေ့တော့ မာမာ့အိမ်မှာ အလေ့ကျ ပေါက်နေတဲ့ ဗောက်လောက်ရွက်လေးတွေခူးပြီး  ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဗောက်လောက်ရွက် - 
  2. အာလူး -
  3. မြေပဲလှော် - 
  4. ကြက်သွန်နီ - 
  5. ငရုတ်သီးစိမ်း - 
  6. ငရုတ်သီး အလှော်မှုန့် -
  7. ပဲအကျက်မှုန့် - 
  8. ငါးငံပြာရည် - 
  9. ကြက်သွန်ဖြူ ဆီချက် အဖတ် - 
  10. ကြက်သွန်နီ ဆီချက် -  
  11. အရသာမှုန့် - 
  12. သံပုရာသီး - 
  13. ပုဇွန်ခြောက်မှုန့် -

ပြင်ဆင်ပုံ
  • ဗောက်လောက်ရွက်ရဲ့ အရင်းပိုင်း ရင့်နေတဲ့နေရာကို ဖယ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
  • အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဗောက်လောက်ရွက်ကို ထည့်ပြီး မိနစ်ဝက်လောက်ထားကာ ရေ‌နွေးများ သွန်ပေးပါ
  • ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေစစ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အာလူးကို နူးအောင်ပြုပ်ပြီး အခွံခွာကာ မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • မြေပဲလှော်ကို မညက်တညက် ထောင်းထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ဗောက်လောက်ရွက်များ အာလူး ကြက်သွန်နီ ငရုတ်သီးစိမ်း ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူ ဆီချက်ဖတ် ကြက်သွန်နီဆီချက် မြေပဲထောင်း ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဉ်ငံစပ် အသုပ်စုံလေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Wednesday, 25 December 2024

သရက်သီးမှည့်သုပ်

 



သရက်သီးမှည့်လေး သုပ်စားမိလေတိုင်း အဝေးမှာ နေတဲ့ သမီးလေးကို သတိတွေ ရနေတာတော့မှာ အမှန်ပါဘဲ။ 

ဒီနေ့သတ်သတ်လွတ်နေ့နော်လို့ ပြောလိုက်တာနဲ့ ဒီအမေကလဲ အိမ်မှာရှိတဲ့ အသီးအရွက်က သူ့အတွက် စားစရာတွေ ဖြစ်လေသတည်းပါဘဲ။

ဒီနေ့တော့ မာမာလဲ သတ်သတ်လွတ် စားရလေအောင် သရက်သီးမှည့်ကို ခပ်စပ်စပ်လေး သုပ်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ သရက်သီးမှည့် သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သရက်သီးမှည့် - ခပ်ကြီးကြီး တစ်လုံး 
  2. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  4. ဆား - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • သရက်သီးမှည့်ကို အညှာဖက်မှလှီးပြီး ရေနိူင်နိူင်ဆေးကာ အစေးထုတ်ပေးပါ
  • ပြီးတာနဲ့ အခွံခွာကာ ရေတခါ ထပ်ဆေးပေးပါ 
  • သရက်သီးကို မိမိနှစ်သက်သည့်ပုံစံ လှီးပေးပါ
  • ဆား သကြားနှင့် ငရုတ်သီး အလှော်မှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါ၀င်ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲ ထည့်ပေးကာ ဖွဖွလေး ရောနယ်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
  • ထမင်းနှင့် စားနိူင်သလို ဒီအတိုင်း စားနိူင်တဲ့ ချိုချိုစပ်စပ်နဲ့ စားလို့အင်မတန်မှ ကောင်းလွန်းတဲ့ သရက်သီးသုပ်လေး ရပါပြီ။

Thursday, 21 November 2024

ကြက်သားပဲရည်သုပ်

 







ဒီနေ့တော့ စိတ်ထဲမှာ စားချင်စိတ် ပေါ််လာတာနဲ့ ကြက်သား ပဲရည်သုပ်လေး သုပ်စားဖြစ်ပါတယ်  မိသားစု အားလပ်ရက်လေးမှာ သုပ်စားနိုင်အောင် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ 
  1. ကြက်သား - 500 g
  2. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - ခပ်ပါးပါး သုံးပြား
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  7. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  8. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ဆား - လိုသလောက် သုံးပေးပါ
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. နနွင်းမှုန့် - လိုသလေုာက် သုံးပေးပါ
  12. အရသာမှုန့် - လိုသလောက် သုံးပေးပါ
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း 
  14. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  15. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  16. ငရုတ်သီး အကျက်မှုန့် - လိုသလောက် သုံးပေးပါ
  17. သံပုရာသီး - နှစ်လုံး
  18. ပူစီနံ - မိမိနှစ်သလောက်
  19. နံနံပင် - နှစ်သက်သလောက်
  20. ပျဥ်းသိမ်းရွက် - အနေတော် နှစ်ခက်
  21. ရေ - လိုသလောက် သုံးပေးပါ
ကြက်သားပြုပ်ရန်
  • ကြက်သားကို ရေစင်အောင် ဆေးကာ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နဲ့ နယ်ထားပါ
  • အိုးတစ်လုံးထဲမှာ ရေ တရုတ်ဟင်းပြင်ပန်းကန် သုံးလုံးစာနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေပါ
  • ရေဆူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထည့်ကာ မိနစ်သုံးဆယ်လောက် ပြုပ်ပေးပါ
  • ကြက်သားများ ကျက်တာနဲ့ ဆယ်ပြီးရေစစ်ထားပါ
  • ကြက်ပြုပ်ရည်ကိုတော့ ပဲမှုန့်ကျိူရမှာ ပြန်သုံးမှာ ဖြစ်တဲ့အ့အက် အအေးခံထားပါ။

ပဲဟင်းရည်အတွက် ပါ၀င်ပစ္စည်းမျာ
  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  2. ဆီ - ထမင်းစားဇွန်း လေးဇွန်း (ပဲရည်အိုးထဲထည့်ဖို့ ဆီသတ်ရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ရေ - တရုတ်ဟင်းပြင်ပန်းကန် နှစ်လုံးသာသာ
ပဲဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကုလားပဲ အစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးသာသာထည့်ပြီး ပဲမှုန့်များ ကျေသွားအောင် ချေထားပေးပါ
  • ချင်း ကြက်သွန်ဖြူ  နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ရောပြီးထောင်းထားပါ
  • ပျဥ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • ဆား ရေ ဆီ နနွင်းမှုန့်နှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းနှင့်  ပျဥ်းတော်သိမ်းရွက်ကို ထဲ့ကြော်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ မီးပိတ်ပေးပြီး မီးဖိုပေါ်က ဖယ်ပေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ အရည်ဖျော်ထားသော ပဲအရည်များကို ထည့်ပေးပြီး မီးဖိုပေါ် တင်ပေးပါ
  • ပဲအရည်များ အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  • ပဲရည်များ ပြစ်လာပြီး ပဲစိမ်းနံ့ ပျောက်လာပါက အအေးခံထားသော ကြက်ပြုပ်ရည်ကို နဲနဲချင်း ထည့်မွှေပေးပါ
  • ပဲရည်အပျစ်အကျဲကို မိမိစိတ်ကြိုက် အနေအထား ရလာအောင် ထည့်မွှေပေးပါ
  •  မိမိ စိတ်ကြိုက် ပဲရည် အပျစ်အကျဲ ရလာပါက ဆီသတ်ထားသော ငရုတ်သီး ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပါက ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ မီးခပ်နွေးနွေးလေးနဲ့ မီးဖိုပေါ်မှာ ပဲဟင်းရည်အိုးကို တင်ထားပေးပါ။

အာလူးပြုပ်ရန်
  • အာလူးကို ရေဆေးပြီး အိုးထဲမှာ ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး အာလူးနူးတဲ့အထိ ပြုပ်ပေးပါ

ကြက်သားပဲရည် အသုပ် သုပ်ရန်
  1. ကြက်သားများကို အရိုးများဖယ်ပြီး ကပ်ကျေးဖြင့် ခပ်ထူထူလေးတွေ ညှပ်ထားပါ (သို့မဟုတ်)
  2. အရိုးနှင့်အသား တွဲလျှက် စားချင်ပါက အနေတော် အတုံးလေးတွေ တုံးထားပါ
  3. ချက်ထားသော ပဲဟင်းရည်ကို ပြင်ထားပါ
  4. အာလူးကို အခွံခွာပြီး ရေဆေးကာမထူမပါးလေးတွေ လှီးထားပါ
  5. နံနံပင်ကို ရေဆေးကာ ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
  6. ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  7. ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  8. ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  9. ငရုတ်သီး အလှော်မှုန့်ကို ပြင်ထားပါ
  10. သံပုရာသီးကို ရေဆေးကာ အစိတ်တွေ စိတ်ထားပါ
တစ်ပွဲစာအတွက် ပြင်ဆင်ပုံ
  1. ပန်းကန်တစ်ခုထဲမှာ ကြက်သား ဂေါ်ဖီ အနည်းငယ် နံနံပင် အနည်းငယ် အာလူး အနည်းငယ် ငရုတ်သီးစိမ်း အနည်းငယ် ပူစီနံ အနည်းငယ်နှင့် ငရုတ်သီး အလှောမှုုန့်တို့ို့ည့်ပေးပါ
  2. ပြီးတာနဲ့ သံပုရာသီး တစ်စိတ်ရဲ့ အရည်ကိုညှစ်ကာ ပဲဟင်းရည်ကို မိမိနှစ်သက်သလောက် ဆမ်းပေးပြီး အရသာ အပေါ့အငံကို လိုသလိုပြင်ပေးပြီး ပလာတာ ပဲရည်သုပ်ကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Saturday, 9 November 2024

ဝက်နားရွက်သုပ်

ဒီနေ့တော့ ဝက်နားရွက်လေးတွေ ဝယ်လာဖြစ်တာနဲ့ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် အရင်ရက်က ဝက်နားရွက်ကို အစိမ့်သုပ်တဲ့ အသုပ် သုပ်နည်း တစ်နည်းကို တင်ပေးထားပါတယ်။

ဒီနေ့ကတော့ အရမ်းစပ်ပြီး စားလို့ပိုကောင်းကာ အရသာ ပြည့်စုံလွန်းတဲ့ အသုပ်သုပ်နည်း နောက်တစ်နည်းကို အရမ်းသပ်တဲ့ ငရုတ်ဆီနဲ့ သုပ်ထားပါတယ်။

စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်း နောက်တစ်နည်းကို ထပ်မံပြီး မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ဝက်နားရွက် - 
  2. ဗီနီကာ - 
  3. ဆား  - 
  4.  ချင်း - 


ဝက်နားရွက်ပြုပ်ပုံ

  • ဝက်နားရွက်ကို ရေဆေးပြီး ဆား အရသာမှုန့်နှင့် ဗနီကာတို့ထည့်ကာ နယ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ထောင်းထားပါ
  • ပြီးတာနဲ့ အိုးထဲမှာ ထောင်းထားသော ချင်းကိုထည့်ပြီး ပြုပ်ပေးပါ
  • ရေများ ပွက်ပွက်ဆူလာပါက အရသာ နယ်ထားသော ဝက်နားရွက်များကို ထည့်ပြုပ်ပေးပါ
  • ဝက်နားရွက်များ နူးလာပါက ဆယ်ပြီးရေစစ်ထားပါ။

အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ
  1. ဝက်နားရွက်
  2. အရသာမှုန့်
  3. ငါးငံပြာရည် 
  4. ကြက်သွန်နီ 
  5. ကြက်သွန်ဖြူ 
  6. ငရုတ်သီး အလှော်မှုန့် 
  7. သခွားသီး 
  8. နံနံပင်
  9. သံပုရာသီး
  10. ငရုတ်သီးစိမ်း

အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ရေစစ်ထားသော ဝက်နားရွက်များကို မထူမပါးလေးတွေ လှီးထားပါ
  • ငရုတ်သီး အလှော်မှုန့် အရသာမှုန့်နှင့် ငါးငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးဆွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ဓါးပြားရိုက်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဝက်နားရွက် ငရုတ်သီး အလှော်မှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ သခွားသီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ  သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ပြီး စားလို့ကောင်းလွန်းတဲ့ ဝက်ခေါင်းသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 15 October 2024

ကျောက်ပွင့်မှိုသုပ်

 



မာမာ ဒီနေ့တော့ ကျောက်ပွင့်မှိုကို ပုဇွန်ပြုပ်ပြီးသားလေးတွေနဲ့ ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် 
ဒါကြောင့်မိုလို့  မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကျောက်ပွင့်မှို - တစ်ခု
  2. နံနံပင် - အနည်းငယ်
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. သံပုရာသီး - တစ်ခြမ်း
  5. ဆား - အနည်းငယ်
  6. ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
  • အရင်ဆုံး ကျောက်ပွင့်မှိုကို ရေနွေးပူပူထဲမှာ ငါးမိနစ်လောက် စိမ်ထားပေးပါ
  • ပြီးတာနဲ့ ရေစစ်ပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွါပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ပုဇွန်ကို အခွံခွါပြီး ရေနွေးပူပူထဲမှာ သုံးမိနစ်ခန့် ပြုပ်ပေးပြီး ဆယ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကိုထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာမြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ကျောက်ပွင့်မှိုသုပ် စိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

Friday, 27 September 2024

ဆိတ်အူကြမ်း မာလာသုပ်

 

မာမာဒီနေ့တော့ ဆိတ်အူကြမ်းလေးတွေ ဝယ်လာပြီး ချဥ်ငံစပ်လေး သုပ်ပါတယ် ဒီအသုပ်လေးကိုတော့ ပဲအကျက်မှုန့် မထည့်ဘဲ မာလာအနှစ်လေး နည်းနည်းထည့်ကာ သုပ်ထားတဲ့အတွက် ပူစပ်စပ် အရသာလေးနဲ့ စားလို့အရမ်း ကောင်းပါတယ်။

ဒါကြောင့်မို့လို့ ပးစပ်စပ်လေးနဲ့ စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်အူကြမ်း ပြုပ်ပြီးသား - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. မာလာအနှစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ငါးငံပြာရည်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  7. ဂေါ်ဖီ ‌‌‌ -‌မိမိနှစ်သက်သလောက်
  8. နံနံပင် - မိိမနှစ်သက်သလောက်
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း နှစ်ဇွန်း


အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ဆိတ်အူကြမ်း ပြုပ်ပြီးသားကို မထူမပါးလေးတွေ လှီးပေးပြီး အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ‌ဂေါ်ဖီ ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆိတ်အူကြမ်း ကြက်သွန်နီ ငရုတ်သီး အလှော်မှုန့် ငရုတ်ဆီ မာလာအနှစ် နံနံပင်နှင့် ဂေါ်ဖီ တို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ ပူစပ်စပ် အရသာလေးနဲ့ စားလို့ကောင်းလွန်းတဲ့ ဆိတ်အူကြမ်းသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 26 August 2024

သခွားသီးသုပ်


ဒီနေ့တော့ မာမာ သခွားသီးသုပ် စားချင်တာနဲ့ ပုဇွန်ခြောက် အကောင်လေးတွေကို မညက်တညက် ထောင်းပေးကာ ခပ်စပ်စပ်လေး သုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် သခွားသီးသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သခွားသီး အလုံးကြီးကြီး - တစ်လုံး (တစ်ကီလိုခွဲခန့်)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. နံနံပင် - နှစ်သက်သလောက်
  4. ပုဇွန်ခြောက် - ၁၅ကောင်ခန့်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  8. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • သခွားသီးကို အခွံခွာပြီး အစေ့များ မပါအောင် အပြင်ဖက်မှစပြီး သခွားခြစ်နှင့် ခြစ်ထားပါ
  • အထဲမှ အစေ့များ ပေါ်လာပါက ဆက်မခြစ်တော့ဘဲ ပြစ်လိုက်ပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ အနေတော် လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပုဇွန်ခြောက်ကို ရေနာရီဝက်လောက် စိမ်ပေးကာ မညက်တစ်ညက် ထောင်းပေးပြီး အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို မီးကင်ပြီး အခွံခွာကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မီးကင်ထားပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မညက်တညက် အနေအထားရအောင် ထောင်းပေးပါ
သခွားသီးသုပ်ပုံ
  • ဇလုံကြီးကြီးထဲမှာ ခြစ်ထားသော သခွားသီး သံပုရာရည် ကြက်သွန်နီ နံနံပင် ပုဇွန်ခြောက်ထောင်းနှင့် ငရုတ်သီး စိမ်းထောင်း တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
  • သခွားသီးသုပ် အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်း စားရင်လဲ အရမ်းကောင်းလွန်းတဲ့ သခွားသီးသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။