Thursday, 11 June 2026

ဝက်သားလုံးကြော်

 

မာမာ ဒီနေ့တော့ အရသာ တစ်မျိုးလေးနဲ့ စားလို့အရမ်းကောင်းလွန်းတဲ့ ဝက်သားလုံးကြော်လေး ကြော်ဖြစ်ပါတယ်။
ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်းလေးလဲ စားလို့ကောင်းပါတယ်။

ဒါကြောင့်မိုလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ဝက်သားလုံးကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ဝက်သား - 300 g (အဆီအသားတွဲရက်ကိုသုံးပါ)
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ချင်း - လက်တစ်ဆစ်ခန့် (ချင်းအရသာ ကြိုက်ပါက ပိုထည့်ပေးပါ)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ခရုဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း  
  9. နှမ်းဆီမွှေး - ထမင်းစားဇွန်း တစ်ဇွန်း
  10. ပြောင်းကော်မှုန့် - ထမင်းစားဇွန်ူ နှစ်ဇွန်း
  11. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်ဥကို ဇလုံတစ်လုံးထဲမှာ ခလောက်ထားပါ
  • တန်ပူရာမှုန့်ကို ပန်းကန်ထဲမှာ ထည့်ထားပေးပါ
  • ဝက်သားကို ရေဆေးပြီး ခပ်နုတ်နုတ် စဉ်းထားပါ
  • ပြီးတာနဲ့ နနွင်းမှုန့် ဆား အရသာမှုန့် ပြောင်းကော်မှုန့် ခရုဆီ နှမ်းဆီမွှေး ချင်း နှင့်ကြက်သွန်ဖြူတို့နဲ့အတူ ကြိတ်စက်ထဲ ထည့်ပေးပါ
  • အသားများ ညက်သွားတဲ့အထိ ကြိတ်ပေးပါ
  • ဝက်သားများ ညက်သွားတာနဲ့ အလုံးလေးတွေ လုံးပေးပါ
  • ဝက်သားလုံးလေးတွေ လုံးပြီးတာနဲ့ ကြော်ဖို့ပြင်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး မီးဖိုပေါ်တင်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ဝက်သားလုံးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ဝက်သား လုံးလေးတွေ တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • ဝက်သားလုံး တစ်ခုလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ဝက်သား လုံးကြော် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။