Showing posts with label ကြာဇံ ခေါက်ဆွဲ စားဖွယ်ရာများ. Show all posts
Showing posts with label ကြာဇံ ခေါက်ဆွဲ စားဖွယ်ရာများ. Show all posts

Tuesday, 13 January 2026

ကြာဇံကြော်

ဒီနေ့တော့ ညထဲက ဆန်ကြာဇံလေးတွေကို ရေစိမ်ထားပြီး အသီးအရွက်လေးတွေနဲ့ ကြော်ပါတယ်။

ထမင်းလွတ် စားကြတာမို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ဆန်ကြာဇံကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်ကြာဇံ - 150 g
  2. ပန်းဂေါ်ဖီ - အခက်ကြီးကြီး နှစ်ခက်
  3. ဂေါ်ဖီ - တစ်စိတ်ခန့်
  4. တရုတ်နံနံ - အပင်သေး နှစ်ပင်ခန့်
  5. ပဲငံပြာရည်အကြည် ထမင်းစားဇွန်း - နှစ်ဇွန်း
  6. ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  7. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  9. အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ကြက်ဥ - တစ်လုံး
  13. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  14. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ငါးနာရီလောက် စိမ်ထားပါ
  • ကြာဇံကြော်ရန် အဆင်သင့်ဖြစ်ပါက ရေစိမ်ထားသော ကြာဇံကို ရေဆေးပြီး ရေစစ်ထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်ဥကို ဇလုံထဲမှာ ဖောက်ထည့်ပြီး ခလောက်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆား ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် နှမ်းဆီမွှေးနှင့် အရသာမှုန့်တို့ကို သမအောင် မွှေထားပါ
  • ပါ၀င်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ ကြက်သွန်ဖြူနံ့ မွှေးလာပါက ကြက်ဥကို ထည့်ပြီး မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့  ဂေါ်ဖီနှင့် ပန်းဂေါ်ဖီတို့ကို တစ်မိနစ်လောက် ထည့်ကြော်ပါ
  • အရွက်များ ထည့်ပြီးတာနဲ့ ရောပြီး မွှေထားသော အရသာ အရည်ကို ထည့်ပေးကာ အရွက်များ အနည်းငယ် နွမ်းအောင်ကြော်ပေးပါ
  • ပြီးတာနဲ့ ကြာဇံထဲ့ပြီး မွှေပေးကာ ကြာဇံပျော့လာတဲ့အထိ မွှေပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလို ပြင်ပေးပါ 
  • အရသာ ပြင်ပြီးတာနဲ့ တရုတ်နံနံနှင့် ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး အားလုံးကို အရသာ သမအောင် ရောမွှေကာ မီးပိတ်ပေးပါ။
  • အသားမပါပေမဲ့ အင်မတန်မှ စားလို့ကောင်းလွန်းတဲ့ ဆန်ကြာဇံကြော်လေးကို မိမိနှစ်သက်သလို ပြင်ဆင်ပေးလို့ ရပါပြီ။

Tuesday, 18 November 2025

ဆန်ပြား ခေါက်ဆွဲကြော်

မာမာ ဒီနေ့တော့ ဆန်ပြားခေါက်ဆွဲဖတ်ကို ပုဇွန်ထုတ် ဘဲဥတို့နဲ့ ကြော်စားပါတယ်။ 

ကြော်ပြီးပြီးချင်း ပူပူလူလူလေး စားလို့ကတော့ အရမ်းကို စားလို့ကောင်းတဲ့အတွက် ကြော်စားကြည့်နိူင်အောင် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်ပြားခေါက်ဆွဲ - 500 g
  2. ပုဇွန်ထုတ် - ဆယ်ကောင်
  3. ဘဲဥ - တစ်လုံး
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ကိုက်လံ - အနေတော် တစ်ပင်
  6. ပဲပင်ပေါက် - နှစ်သက်သလောက်
  7. ကြက်သွန်မိတ် - အနေတော်နှစ်ပင်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း ခြောက်ဇွန်း 
ပြင်ဆင်ပုံ
  • ဆန်ပြားခေါက်ဆွဲနှင့် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာကာ မလိုတာတွေ ဖယ်ထားပါ
  • ကြ‌က်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကိုက်လံကို ခပ်ကြမ်းကြမ်း လှီးပေပြီး ရေဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပေးပြီး မိမိနှစ်သက်သလို လှီးပေးထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆား အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီတို့ကို အရသာ သမအောင် မွှေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် သကြားကို အရင်ဆုံးထည့်ပြီး ညိုလာတဲ့အထိ ကြော်ပေးပါ
  • သကြားများ အရည်ပျော််လာပြီး  ညိုရောင်သန်းလာတာနဲ့ ပုဇွန်ထုတ်များထည့်ပြီး သုံးမိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ကိုက်လံကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • ကိုက်လံကို တစ်မိနစ်လောက်ဘဲ ကြော်ပေးပါ
  • ကိုပ်လံ အနည်းငယ်လေး နွမ်းသွားပါက ဆန်ပြားခေါက်ဆွဲနှင့် အရသာ စပ်ထားသော အရည်ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာ မြည်းပြီးမိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ အိုးဘေးမှာ ခနတွန်းထားပြီး ခလောက်ထားတဲ့ ဘဲဥကိုထည့်ပေးပါ
  • ဘဲဥကျက်တာနဲ့ ဆန်ပြားကြော်ထဲမှာ ရောမွှေပေးပါ
  • ပြီးတာနဲ့ ပဲပင်ပေါက်နှင့် ကြက်သွန်မိတ်တို့ကို ထည့်ပေးပြီး မွှေပေးပြီးပါက ဆန်ပြားခေါက်ဆွဲကြော် ရပါပြီ
  • ကြော်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ဆန်ပြားခေါက်ဆွဲကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 6 October 2025

ဆန်ခေါက်ဆွဲကြော်

မာမာ ဒီနေ့တော့ ဆန်ခေါက်ဆွဲကို ကြက်ဥနဲ့ ဝက်အူချောင်းထည့်ကာ ကြော်စားဖြစ်ပါတယ် မာမာက အသားသိပ်မစားတဲ့အတွက် အသားကို အထူးတလည် မထည့်ဖြစ်ပေမဲ့ မိမိတို့က အသားပါမှ ကြိုက်တယ်ဆိုရင်တော့ မိမိနှစ်သက်ရာ အသားကို ထည့်ကြော်လို့ရပါတယ်။

ဒါကြောင့်မို့လို့ မာမာကြော်သလိုလေး ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်ခေါက်ဆွဲအစို - လေးဆယ်သား
  2. တရုတ်မုန့်ညှင်းဖြူ - လေးရွက်ခန့်
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ဝက်အူချောင်း  - အနေတော် နှစ်ခု
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  8. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  12. ကြက်ဥ - နှစ်လုံး
  13. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြက်ဥကြော်ထဲထည့်ရန်)
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ( )
ကြက်ဥကြော်နည်း
  • ကြက်ဥကို ဆားနှင့်အရသာမှုန့်ထည့်ပြီး ခလောက်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥကို ဖြန့်ထည့်ပြီး ကြော််ပေးပါ
  • ကြက်ဥကြော် တဖက်ကျက်တာနဲ့ နောက်တဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကြက်ဥကြော် ကျက်သွားပါက မီးပိတ်ပေးပြီး မထူမပါးလေးတွေ လှီးထားပေးပါ
ဝက်အူချောင်းပြုပ်နည်း
  • ဒယ်အိုးထဲမှာ ဝက်အူချောင်းကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ရေခမ်းသွားပါ ဝက်အူချောင်းများကို မိမိနှစ်သက်သလို မထူမပါးလေးတွေ လှီးထားပါ

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ဆား ပဲငံပြာရည် အပျစ်တို့နဲ့ နယ်ပေးထားပါ
  • တရုတ်မုန့်ညှင်းကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • ဝက်အူချောင်းကို မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ​ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ဂေါ်ဖီနှင့် တရုတ်မုန့်ညှင်းတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ဆန်ခေါက်ဆွဲကြော် မွှေးမွှေးလေးကို ကြက်ဥကြော် ဖြူးပြီးတင်ပေးကာ သုံးဆောင်နိူင်ပါပြီ။

Monday, 25 August 2025

ခေါက်ဆွဲကြော်

မာမာ ဒီတစ်ခါတော့ အသားမပါပေမဲ့ အရမ်းစားလို့ကောင်းလွန်းတဲ့ ခေါက်ဆွဲကြော်လေး ကြော်စားဖြစ်ပါတယ် တရုတ်ဆိုင်က အရသာအတိုင်း အရသာမွှေးမွှေး ချိုချိုလေးရတဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥခေါက်ဆွဲအစို - လေးဆယ်သား
  2. မုန့်ညှင်းဖြူ - အနေတော် တစ်စိတ်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  6. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  9. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
  • မုန့်ညှင်းဖြူကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ မုန့်ညှင်းဖြူကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆား ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • မုန့်ညှင်းဖြူ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တမိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Saturday, 14 December 2024

Friday, 20 September 2024

Glass Noodles

ဒီတစ်ခါတော့ ဝါတွင်းကာလ သတ်သတ်လွတ် စားလို့ရလေအောင် ကန်စွန်းဥ ခေါက်ဆွဲကို ကြက်ဥနဲ့ ခပ်ချိုချိုလေး ကြော်စားဖြစ်ပါတယ် အရသာ အချိုအစိမ့်လေးရပြီး စားလို့ကောင်း တဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Glass Noodles - 350 g
  2. ဂေါ်ဖီ ‌‌‌ - မိမိနှစ်သက်သလောက်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကြက်သွန်မိတ် - အနည်းငယ်
  5. ကြက်ဥ - တစ်လုံး
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်

ပြင်ဆင်ချက်ပြုပ်ပုံ
  • tအိုးထဲမှာ ရေခပ်များများနှင့် ခေါက်ဆွဲကိုထည့်ကာ ခေါက်ဆွဲနူးတဲ့အထိ ပြုပ်ပေးပါ
  • ခေါက်ဆွဲနူးတာနဲ့ ဇကာထဲ သွန်ချကာ ရေအေးနှင့် ဆေးကာ ရေစစ်ထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပေးထားပါ
  • ဂေါ်ဖီ ‌‌ကို ရေဆေးကာ မထူမပါးလေးတွေရအောင် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ဂေါ်ဖီ  နှင့် မုံလာဥနီတို့ကို နှစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့  အရသာမြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ကြက်သွန်မိတ်နှင့် ခေါက်ဆွဲကြော်ကို ရောမွှေပေးပါ
  • အားလုံးသမသွားတာနဲ့ သတ်သတ်လွတ် Glass Noodles ခေါက်ဆွဲကြော် ချိုစိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

Wednesday, 21 August 2024

ကန်စွန်းဥ ခေါက်ဆွဲကြော်

ဒီတစ်ခါတော့ ဝါတွင်းကာလ သတ်သတ်လွတ် စားလို့ရလေအောင် ကန်စွန်းဥ ခေါက်ဆွဲကို ကြက်ဥနဲ့ ခပ်ချိုချိုလေး ကြော်စားဖြစ်ပါတယ် အရသာ အချိုအစိမ့်လေးရပြီး စားလို့ကောင်း တဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကန်စွန်းဥခေါက်ဆွဲ - 350 g
  2. ဂေါ်ဖီ ‌‌‌ - မိမိနှစ်သက်သလောက်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကြက်သွန်မိတ် - အနည်းငယ်
  5. ကြက်ဥ - တစ်လုံး
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်

ပြင်ဆင်ချက်ပြုပ်ပုံ
  • tအိုးထဲမှာ ရေခပ်များများနှင့် ခေါက်ဆွဲကိုထည့်ကာ ခေါက်ဆွဲနူးတဲ့အထိ ပြုပ်ပေးပါ
  • ခေါက်ဆွဲနူးတာနဲ့ ဇကာထဲ သွန်ချကာ ရေအေးနှင့် ဆေးကာ ရေစစ်ထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပေးထားပါ
  • ဂေါ်ဖီ ‌‌ကို ရေဆေးကာ မထူမပါးလေးတွေရအောင် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ဂေါ်ဖီ  နှင့် မုံလာဥနီတို့ကို နှစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့  အရသာမြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ကြက်သွန်မိတ်နှင့် ခေါက်ဆွဲကြော်ကို ရောမွှေပေးပါ
  • အားလုံးသမသွားတာနဲ့ သတ်သတ်လွတ် ကန်စွန်းဥ ခေါက်ဆွဲကြော် ချိုစိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

Wednesday, 29 May 2024

ပဲကြာဇံကြော်

ထမင်းဝိုင်းမှာ အသီးအရွက်ကြော်လေး တစ်မယ်ပါလေမှ ထမင်းက စားလို့မြိန်မှာမို့လို့ ဒီနေ့တော့ အသီးအရွက်လေးတွေနဲ့ရောပြီး ပဲကြာဇံ ကြော်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပဲကြာဇံကြော် ကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲကြာဇံ - တစ်ပွဲစာ (လက်တစ်ဆုပ်စာ)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ဘေဘီမုန့်ညှင်း - နှစ်ပင် 
  4. တရုတ်နံနံ - အပင်ခပ်သေးသေး နှစ်ပင်ပဲ
  5. ငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း - ရှစ်ဇွန်း
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပဲကြာဇံက်ို ရေမြုပ်အောင်ထည့်ပြီး နာရီ၀က်လောက် ရေစိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • ဘေဘီမုန့်ညှင်းကို ရေဆေးပြီး အနေတော် လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး လက်တစ်ဆစ်ခန့် အနေအထား လှီးထားပါ
  • ငရုတ်ကောင်းမှုန့်ကို အဆင်သင့် ပြင်ထားပါ
  • ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီ နှမ်းဆီ ဆားနှင့် အရသာမှုန့်တို့ကို ပန်းကန်လုံးထဲမှာ ရောကာအရသာ စပ်ထားပါ
  • ရေစိမ်ထားသော ပဲကြာဇံ ပျော့လာပါကဆယ်ပြီး ရေစစ်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီကို မွှေးသွားအောင် အရင်ဆုံး ကြော်ပေးပါ
  • ကြက်သွန်နံ့ မွှေးလာတာနဲ့ တရုတ်နံနံမှလွဲပြီး ကျန်အသီးအရွက်များကို တစ်မိနစ်လောက် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ပဲကြာဇံထည့်ပြီး အရသာ စပ်ထားသော အရသာများကိုထည့်ကာ သမအောင် မွှေပေးပါ
  • အသီးအရွက်ကြော်စဉ် ထွက်လာသော အရည်ဖြင့် ပဲကြာဇံ ပျော့သွားအောင် ခနထားပေးပါ 
  • ပဲကြာဇံ ပျော့လာပါက အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ငရုတ်ကောင်းမှုန့်နှင့် တရုတ်နံနံထည့်ပြီး  အရသာနှံ့အောင် မွှေပေးကာ ပဲကြာဇံကြော်ကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိူင်ပါပြီ။

Thursday, 23 May 2024

ကြာဇံဆီချက်

ဒီနေ့တော့ ဆန်ကြာဇံနဲ့ ဆီချက်ခေါက်ဆွဲလေး လုပ်စားဖြစ်ပါတယ် ကြက်သားလေးနဲ့ဘဲ လုပ်စားဖြစ်ပြီး ထမင်းလွတ် စားမှာမို့ ၃ယောက်စာကို ကြာဇံ တစ်ထုတ် ပြုပ်ပြီး ပြင်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 150 g
  2. ကြာဇံ - 200 g
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာ
  4. နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  5. ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  6. ပဲငံပြာရည်အကြည် - လဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  7. အရသာမှုန့် - အနည်းငယ်ဲ
  8. မြေပဲလှော် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဗူး
  9. ကြက်သွန်မိတ် - အနည်းငယ်
  10. နာနတ်ပွင့် - တစ်ပွင့်
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး နာနတ်ပွင့်ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ကြက်သားကျက်သွားပါက ခပ်သေးသေးမွမွလေးတွေ လှီးထားပါ
  • ကြာဇံကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ရေနွေးကို ဇကာထဲသွန်ပြီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • မြေပဲကိုလှော်ပြီး အခွံခြွတ်ကာ မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တစ်ညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေး လှီးထားပါ
  • ပဲငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့် ပြင်ထားပါ
တစ်ပွဲစာပြင်ရန်
  • ပြုပ်ထားသော ကြာဇံတစ်ပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်ပြီး ပြန်ဆည်ကာ ရေစစ်ပြီး ပန်းကန်ထဲထည့်ပေးပါ
  • ကြက်သားထမင်းစားဇွန်း တစ်ဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် မြေပဲမှုန့် ထမင်းစားဇွန်း တစ်ဇွန်း ဆီချက် ထမ်းစားဇွန်း တစ်ဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန် တ၀က္်သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး ကြက်သွန်ချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Thursday, 18 April 2024

ခေါက်ဆွဲကြော်

ဒီတစ်ခါတော့ အသားမပါပေမဲ့ အရမ်းစားလို့ကောင်းလွန်းတဲ့ ခေါက်ဆွဲကြော်လေး ကြော်စားဖြစ်ပါတယ် တရုတ်ဆိုင်က အရသာအတိုင်း အရသာမွှေးမွှေး ချိုချိုလေးရတဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥခေါက်ဆွဲအစို - လေးဆယ်သား
  2. ဂေါ်ဖီ - အနေတော် တစ်စိတ်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  7. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  10. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  11. တရုတ်နံနံ - မိမိနှစ်သက်သလောက်
ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ဂေါ်ဖီနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆား ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တမိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ တရုတ်နံနံကိုထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Sunday, 10 March 2024

ဝက်သား ခေါက်ဆွဲကြော်

မာမာ ဒီနေ့တော့ ခေါက်ဆွဲကြော် စားချင်တာနဲ့ ခေါက်ဆွဲကို ဝက်သားပြုပ်ပြီးသားနဲ့ ကြော်ပါတယ် ဒါကြောင့်မို့လို့ မာမာကြော်သလိုလေး ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥခေါက်ဆွဲအစို - လေးဆယ်သား
  2. ဝက်သားပြုပ်ပြီးသား - ဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  8. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  12. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
  13. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ဆား ပဲငံပြာရည် အပျစ်တို့နဲ့ နယ်ပေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဝက်သားကို အနေတော် အတုံးလေးတွေ တုံးထားပါ
ခေါက်ဆွဲကြော်ပုံ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားများ အရည်ပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ဂေါ်ဖီနှင့် မုံလာဥနီတို့ကို နွမ်းတယ်ဆိုရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့  ဝက်သားနဲ့ ပဲငံပြာရည်အကျဲကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာ မြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်နဲ့ ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ကြက်သွန်မိတ်ကို ထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Thursday, 21 December 2023

သတ်သတ်လွတ် ဆီချက်

ဒီနေ့တော့ သတ်သတ်လွတ် စားတဲ့သူတွေအတွက် သတ်သတ်လွတ် ဆီချက်ခေါက်ဆွဲလေး လုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ စာလို့ကောင်းအောင် မြေပဲလှော်ထောင်း များများလေးနဲ့ ပြင်ဆင်ပေးလိုက်ပါတယ်။

ဒါကြောင့်မို့လို့ သတ်သတ်လွတ် စားသူတွေကတွက် အဆင်ပြေရအောင် မာမာလုပ်တဲ့ သတ်သတ်လွတ် ဆီချက်ခေါက်ဆွဲ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။    

ပါ၀င်ပစ္စည်းများ
  1. ခေါက်ဆွဲအခြောက်ထုတ် - 200 g
  2. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာ
  3. နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  4. ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  5. ပဲငံပြာရည်အကြည် - လိုအပ်သလောက် သုံးပေးပါ
  6. ပဲငံပြာရည် အပျစ် - လိုသလောက် သုံးပေးပါ
  7. အချိုမှုန့် -  လိုသလောက်သုံးပေးပါ
  8. မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဗူး
  9. ကြက်သွန်မိတ် - အနည်းငယ်
  10. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ခေါက်ဆွဲ နူးလာပါက ပြုပ်ထားသော ခေါက်ဆွဲရေနွေးကို ဇကာထဲ သွန်ချပြီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • မြေပဲကိုလှော်ပြီး အခြံချွတ်ကာ မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ 
  • နှမ်းထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချက်ချင်းချပြီး အအေးခံပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေး လှီးထားပါ
  • ပဲငံပြာရည် အပျစ် ပဲငံပြာရည် အကြည်နှင့် အရသာမှုန့်ကို အဆင်သင့် ပြင်ထားပါ
တစ်ပွဲစာပြင်ပါမယ်
  • ပြုပ်ထားသော ခေါက်ဆွဲကို တစ်ပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်၍  ပြန်ဆည်ကာ ရေစစ်ပြီး ပြင်မည့်ပန်းကန်ထဲ ထည့်ပေးပါ
  • အချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တစ်ဇွန်း ဆီချက် ထမ်းစားဇွန်း တစ်ဇွန်းခွဲ ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ပဲငံပြာရည်အပျစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သွန်ဖြူဆီချက်ဖတ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ စားပွဲပြင်ပေးပြီး  ကြက်သွန်ချဉ် နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Saturday, 11 November 2023

ဝက်နံရိုးပေါင်း ဆီချက်ခေါက်ဆွဲ

ဒီတစ်ခါတော့ မိမိအိမ်လေးထဲမှာဘဲ အလွယ်တစ်ကူ လုပ်စားနိူင်ပြီး အရသာလည်းရှိ လုပ်နည်းလေးလဲ လွယ်ကူတဲ့အတွက်ဝက်နံရိုးပေါင်းဆီချက် လုပ်နည်းလေး မာမာပြင်ဆင်တဲ့ နည်းလေးကို မျှေ၀လိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်နံရိုး - ၅ခု
  2. ခေါက်ဆွဲ အခြောက် - 350 g
  3. လက်ဖက်စား ကြက်သွန်ဖြူကြော် - အနည်းငယ်
  4. မြေပဲလှော် - လိုသလောက် သုံးပေးပါ
  5. နှမ်းဖြူ - ထမင်းစားဇွန်း ၃ဇွန်းခန့်
  6. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးစာ
  7. ကြက်သွန်မြိတ် - လိုသလောက် သုံးပေးပါ
  8. ဟင်းခတ်မှုန့် - လိုသလောက် သုံးပေးပါ
  9. ပဲငံပြာရည်အကြည် - လိုသလောက် သုံးပေးပါ
  10. နာနတ်ပွင့် - တစ်ပွင့်
  11. ချင်း ခပ်ပါးပါး - ၇ပြားခန့်
  12. ကြက်သွန်ဖြူ - ၄မွှာ
  13. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  14. ပဲ ငံပြာရည် အပျစ် - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ခေါက်ဆွဲအခြောက်ကို သုံးမည်ဆိုပါက ပြုပ်ပြီးရေဆေးကာ ရေစစ်ထားပါ
  • ဒယ်အိုးကို အပူပေးကာ ဆီကိုနနွင်း မထည့်ဘဲ ဆီပူလာအောင် အပူပေးပါ
  • ဆီပူလာတာနဲ့ နှမ်းကိုထည့်ကာ မိနစ်၀က်လောက်ဘဲ ချက်ပေးကာ မီးဖိုပေါ်မှ ဖယ်ထားပါ
  • ကြက်သွန်မြိတ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • မြေပဲလှော်ကို အခွံချွတ်ပြီး မညက်တစ်ညက် ထောင်းထားပါ
  • ကြော်ပြီးသား ကြက်သွန်ဖြူကြော်ကို မညက်တညက် ထောင်းထားပါ
ဝက်နံရိုး ပေါင်းရန်
  • ဝက်နံရိုးကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် အနည်းငယ် ဆားတို့နှင့် နယ်ထားပါ 
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံပြီး ရေဆေးကာ ဓားပြားရိုက်ပေးပါ
  • အပူခံနိုင်သော ကြွေပန်းကန်လုံး တစ်ခုထဲမှာ အရသာ နယ်ထားသော ဝက်နံရိုး နာနတ်ပွင့် ချင်းနှင့် ကြက်သွန်ဖြူ တို့ထည့်ပေးပါ 
  • ဝက်နံရိုးပန်းကန် ဝင်ဆန့်နိူင်မည့် ဇောက်နက်သော အိုးထဲမှာ ရေထည့်ပြီး ဝက်နံရိုးပန်းကန် ထည့်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ဘဲသားပန်းကန်ထဲ မ၀င်စေရန် ဝက်နံရိုးပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး တစ်ခုခံပေးပါ
  • ပြီးတာနဲ့ အိုးကိုအဖုံးဖုံးပြီး ဝက်နံရိုး နူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ဝက်နံရိုး ပေါင်းနေစဉ် အောက်ဖက်မှ ပေါင်းရည်မှာ မကြာမကြာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ရေထပ်ထပ် ဖြည့်ပေးပါ
  • ဝက်နံရိုး စပေါင်းစဉ် ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ဝက်နံရိုး ပေါင်းစဉ် ထွက်လာတဲ့ အရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
  • ထိုအရည်များကို ဆီချက်ခေါက်ဆွဲပွဲ ပြင်ဆင်ရာမှာ ပြန်သုံးပေးပါ
  • ဝက်နံရိုး နူးအိလာပြီ ဆိုရင်တော့ ဆီချက်ခေါက်ဆွဲ ပြင်ဆင်နိူင်ပါပြီ။
ဆီချက်ပွဲပြင်ရန်
  • ဇလုံပန်းကန် တစ်လုံးထဲမှာ ခေါက်ဆွဲဖတ် လက်တစ်ဆုတ်စာ ဝက်နံရိုး ချက်ထားသော နှမ်းဆီချက် အနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် ကြက်သွန်မိတ် မြေပဲလှော်ထောင်း အနည်းငယ် ပဲငံပြာရည် အကြည်အနည်းငယ် ငံပြာရည် အပျစ်အနည်းငယ်နှင့် ဝက်နံရိုး  ပေါင်းရည် အနည်းငယ်ထည့်ပြီး ပြင်ဆင်ပေးပါ
  • အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဝက်နံရိုးပေါင်း ဆီချက် မွှေးမွှေးလေးကို မိမိနှစ်သက်ရာ အချဉ်ပွဲနှင့် စားသုံးနိူင်ပါပြီ။

Friday, 10 November 2023

ဆန်ခေါက်ဆွဲ အစပ်ကြော်

ဒီနေ့တော့ ဆန်ခေါက်ဆွဲကို ခပ်စပ်စပ်လေး စားချင်တာနဲ့ အသားမပါဘဲ ကြော်စားဖြစ်ပါတယ် မာမာက အသားသိပ်မစားတဲ့အတွက် အသားမထည့်တာ ဖြစ်ပေမဲ့ မိမိက အသားပါမှ ကြိုက်တယ်ဆိုရင်တော့ မိမိနှစ်သက်ရာ အသားကို ထည့်ကြော်လို့ရပါတယ်။

ဒါကြောင့်မို့လို့ မာမာကြော်သလိုလေး ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်ခေါက်ဆွဲအစို - လေးဆယ်သား
  2. တရုတ်မုန့်ညှင်းဖြူ - လေးရွက်ခန့်
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ငရုတ်သီး အကြမ်းဖတ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  9. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  13. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
  14. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ဆား ပဲငံပြာရည် အပျစ်တို့နဲ့ နယ်ပေးထားပါ
  • တရုတ်မုန့်ညှင်းကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ​ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ငရုတ်သီး အကြမ်းဖတ်ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဂေါ်ဖီ တရုတ်မုန့်ညှင်းနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ကြက်သွန်မိတ်ကိုထည့်မွှေပေးပြီးပါက ဆန်ခေါက်ဆွဲ အစပ်ကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Tuesday, 3 October 2023

သတ်သတ်လွတ် ဆန်ပြားကြော်

ဒီနေ့တော့ ဆန်ပြားခေါက်ဆွဲဖတ်လေးတွေ ကိုယ့်ဘာသာကိုယ် လုပ်လိုက်ပြီး အသီးအရွက် များများနဲ့ ကြော်စားပါတယ် ကြော်ပြီးပြီးချင်း ပူပူလူလူလေး စားလို့ကတော့ အရမ်းကို စားလို့ကောင်းတဲ့အတွက် ကြော်စားကြည့်နိူင်အောင် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်ပြားခေါက်ဆွဲ - 500 g
  2. ဘဲဥ - တစ်လုံး
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  4. ကိုက်လံ - အနေတော် တစ်ပင်
  5. ပဲပင်ပေါက် - နှစ်သက်သလောက်
  6. ကြက်သွန်မိတ် - အနေတော်နှစ်ပင်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ခြောက်ဇွန်း 
ပြင်ဆင်ပုံ
  • ဆန်ပြားခေါက်ဆွဲနှင့် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လွီးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကိုက်လံကို ခပ်ကြမ်းကြမ်း လှီးပေပြီး ရေဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပေးပြီး မိမိနှစ်သက်သလို လှီးပေးထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆား အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီတို့ကို အရသာ သမအောင် မွှေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် သကြားကို အရင်ဆုံးထည့်ပြီး ညိုလာတဲ့အထိ ကြော်ပေးပါ
  • သကြားများ အရည်ပျော််လာပြီး  ညိုရောင်သန်းလာတာနဲ့ ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ကိုက်လံနှင့် မုံလာဥနီတို့ကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • အသီးအရွက်များကို တစ်မိနစ်လောက်ဘဲ ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ်လေး နွမ်းသွားပါက ဆန်ပြားခေါက်ဆွဲနှင့် အရသာ စပ်ထားသော အရည်ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲ ကြော်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာ မြည်းပြီးပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ အိုးဘေးမှာ ခနတွန်းထားပြီး ခလောက်ထားတဲ့ ဘဲဥကိုထည့်ပေးပါ
  • ဘဲဥကျက်တာနဲ့ ဆန်ပြားကြော်ထဲမှာ ရောမွှေပေးပါ
  • ပြီးတာနဲ့ ပဲပင်ပေါက်နှင့် ကြက်သွန်မိတ်တို့ကို ထည့်ပေးပြီး မွှေပေးပြီးပါက ဆန်ပြားခေါက်ဆွဲကြော် ရပါပြီ
  • ကြော်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ဆန်ပြားခေါက်ဆွဲကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Sunday, 13 August 2023

ကြက်ဥ ကြာဇံကြော်

ဒီနေ့တော့ ညထဲက ဆန်ကြာဇံလေးတွေကို ရေစိမ်ထားပြီး အသီးအရွက်လေးတွေနဲ့ ကြော်ပါတယ် ကြက်ဥများများလေး ကြော်ပြီး ထမင်းလွတ် စားကြတာမို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ဆန်ကြာဇံကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်ကြာဇံ - 150 g
  2. ပန်းဂေါ်ဖီ - အခက်ကြီးကြီး နှစ်ခက်
  3. ဂေါ်ဖီ - တစ်စိတ်ခန့်
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ဘရော့ကိုလီ - အခက်ကြီးကြီး နှစ်ခက်
  6. ကြက်သွန်မိတ် - အပင်သေး နှစ်ပင်ခန့်
  7. ပဲငံပြာရည်အကြည် ထမင်းစားဇွန်း - နှစ်ဇွန်း
  8. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  10. အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. နှမ်းဆီမွှေး  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ကြက်ဥ - သုံးလုံး
  14. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  15. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ငါးနာရီလောက် စိမ်ထားပါ
  • ကြာဇံကြော်ရန် အဆင်သင့် ဖြစ်ပါက ရေစိမ်ထားသော ကြာဇံကို ရေဆေးပြီး ရေစစ်ထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  • ဘရော့ကိုလီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်တဲ့ ပုံစံလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်ဥကို ဇလုံထဲမှာ ဖောက်ထည့်ပြီး ခလောက်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆား ပဲငံပြာရည်အကြည် နှမ်းဆီမွှေးနှင့် အရသာမှုန့်တို့ကို သမအောင် မွှေထားပါ
  • ပါ၀င်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 
  • ကြက်သွန်ဖြူနံ့ မွှေးလာပါက ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ မုံလာဥနီ ဘရော့ကိုလီ ဂေါ်ဖီနှင့် ပန်းဂေါ်ဖီတို့ကို တစ်မိနစ်လောက် ထည့်ကြော်ပါ
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ ရောပြီး မွှေထားသော အရသာ အရည်ကို ထည့်ပေးကာ အသီးအရွက်များ အနည်းငယ် နွမ်းအောင်ကြော်ပေးပါ
  • ပြီးတာနဲ့ ကြာဇံထဲ့ပြီး မွှေပေးကာ ကြာဇံပျော့လာတဲ့အထိ မွှေပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလို ပြင်ပေးပါ 
  • အရသာ ပြင်ပြီးတာနဲ့ ကြက်သွန်မိတ် ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး အားလုံးကို အရသာ သမအောင် ရောမွှေကာ မီးပိတ်ပေးပါ။
  • အသားမပါပေမဲ့ အင်မတန်မှ စားလို့ကောင်းလွန်းတဲ့  ဆန်ကြာဇံကြော်လေးကို မိမိနှစ်သက်သလို ပြင်ဆင်ပေးလို့ ရပါပြီ။

Sunday, 9 April 2023

ကန်စွန်းဥ ခေါက်ဆွဲကြော်

ဒီတစ်ခါတော့ ဝက်သားလုံးလေးတွေနဲ့ ကန်စွန်းဥ ခေါက်ဆွဲကို ခပ်ချိုချိုလေး ကြော်စားဖြစ်ပါတယ် အရသာ အချိုအစိမ့်လေး ရပြီး စားလို့ကောင်း တဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကန်စွန်းဥခေါက်ဆွဲအစို - သုံးဆယ်သား
  2. မုန့်ညှင်းဖြူ - မိမိနှစ်သက်သလောက်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ဝက်သားလုံး - ငါးလုံး
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  6. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  10. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  11. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပေးထားပါ
  • ဝက်သားလုံးကို ဒယ်အိုထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေခမ်းသွားတာနဲ့ မထူမပါးလေးတွေ လှီးထားပါ
  • မုန့်ညှင်းဖြူကို ရေဆေးကာ မထူမပါးလေးတွေရအောင် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ 
  • ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ မုန့်ညှင်းဖြူနှင့် မုံလာဥနီတို့ကို နှစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကိုနှင့် ဝက်သားလုံးတို့ကို ထည့်ကြော်ကာ အရသာမြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးပါ
  • အားလုံးသမသွားတာနဲ့ ကန်စွန်းဥ ခေါက်ဆွဲကြော် ချိုစိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

Sunday, 5 February 2023

ခေါက်က်ဆွဲကြော်

တစ်ခါတစ်လေ အသားငါးတွေကို ချက်ပြီးကာမှ အစားအသောက် စိုစိုစိစိတွေ မစားချင်တဲ့အတွက် အသီးအရွက် ခပ်များများနဲ့ ခေါက်ဆွဲကြော် ကြာဇံကြော်လေးတွေ စားချင်စိတ်လေးတွေ ဖြစ်တတ်ပါတယ်။

ဒီတစ်ခါတော့ ကြက်ဥလေးနဲ့ ခေါက်ဆွဲအဖြူထည်လေးကို ဂေါ်ဖီ ဘရော့ကိုလီနဲ့ ပန်းဂေါ်ဖီတွေရယ်ရောကာ ကြော်စားဖြစ်ပါတယ်။
အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် မာမာ့လိုဘဲ ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခေါက်ဆွဲ အစို - လေးဆယ်သား
  2. ဘရော့ကိုလီ - အနေတော်တစ်စိတ်
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ပန်းဂေါ်ဖီ - အနေတော် တစ်စိတ်
  5. ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  11. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  12. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ဆား ပဲငံပြာရည် အကြည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ နယ်ပေးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • ဘရော့ကိုလီကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ပန်းဂေါ်ဖီ ဂေါ်ဖီနှင့် ဘရော့ကိုလီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကြည်ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာ သမအောင် မွှေပေးပြီး အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ပဲပင်ပေါက်ထည့်ကာ ခေါက်ဆွဲကြော်နှင့် ရောမွှေပေးပါ
  • အရသာ အားလုံးသမသွားတာနဲ့ တရုတ်နံနံကို ထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Monday, 23 January 2023

ကြက်အူချောင်း ဆန်ကြာဇံကြော်

 ဒီနေ့တော့ ညထဲက ဆန်ကြာဇံလေးတွေကို ရေစိမ်ထားကာ ကြက်အူချောင်းနဲ့ အသီးအရွက်လေးတွေ ရောပြီးကြော်ပါတယ် ထမင်းလွတ် စားကြတာမို့လို့ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ဆန်ကြာဇံ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်ကြာဇံ - 150 g
  2. ကြက်အူချောင်း - နှစ်ချောင်း
  3. ဂေါ်ဖီ ခရမ်းရောင် - တစ်စိတ်ခန့်
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ဘရော့ကိုလီ - အခက်ကြီးကြီး နှစ်ခက်
  6. တရုတ်နံနံ - အပင်သေး နှစ်ပင်ခန့်
  7. ပဲငံပြာရည်အကြည် ထမင်းစားဇွန်း - နှစ်ဇွန်း
  8. ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  9. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  10. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  11. အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. နှမ်းဆီမွှေး  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. ကြက်ဥ - တစ်လုံး
  15. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  16. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ငါးနာရီလောက် စိမ်ထားပါ
  • ကြာဇံကြော်ရန် အဆင်သင့်ဖြစ်ပါက ရေစိမ်ထားသော ကြာဇံကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်အူချောင်းကို မထူမပါးလေးတွေ လှီးထားပါ
  • ဘရော့ကိုလီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်တဲ့ ပုံစံလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်ဥကို ဇလုံထဲမှာ ဖောက်ထည့်ပြီး ခလောက်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆား ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် နှမ်းဆီမွှေးနှင့် အရသာမှုန့်တို့ကို သမအောင် မွှေထားပါ
  • ပါ၀င်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 
  • ကြက်သွန်ဖြူနံ့ မွှေးလာပါက ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ ကြက်အူချောင်း မုံလာဥနီ ဘရော့ကိုလီ ဂေါ်ဖီနှင့် ပန်းဂေါ်ဖီတို့ကို တစ်မိနစ်လောက် ထည့်ကြော်ပါ
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ ရောပြီး မွှေထားသော အရသာ အရည်ကို ထည့်ပေးကာ အသီးအရွက်များ အနည်းငယ် နွမ်းအောင်ကြော်ပေးပါ
  • ပြီးတာနဲ့ ကြာဇံထဲ့ပြီး မွှေပေးကာ ကြာဇံပျော့လာတဲ့အထိ မွှေပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလို ပြင်ပေးပါ 
  • အရသာ ပြင်ပြီးတာနဲ့ တရုတ်နံနံနှင့် ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး အားလုံးကို အရသာ သမအောင် ရောမွှေကာ မီးပိတ်ပေးပါ။
  •  ပြီးတာနဲ့ စားလို့ကောင်းလွန်းတဲ့ ဆန်ကြာဇံကြော်လေးကို မိမိနှစ်သက်သလို ပြင်ဆင်ပေးလို့ ရပါပြီ။