Tuesday, 29 January 2013

ထောပတ်ထမင်း မွှေးမွှေးလေး

ထောပတ်ထမင်း




သီးစုံဆန်အိုးထဲသို့ ရေ ငရုတ်ကောင်းမှုန့် 
ဆားနှင့်ဟင်းချိုမှုန့်တို့ထဲ့ကာ
ရိုးရိုးထမင်းချက်သလိုဘဲ ထမင်းပေါင်းအိုးနဲ့ ချက်ပေးပါ

ရေခမ်းပြီး ထမင်းနပ်လျှင် ထောပတ်ထမင်း မွှေးမွှေးလေး ရပါပြီ

ဇလုံတစ်လုံးထဲမှာ ကြက်သားကို အရသာ နယ်ထားပါ







ထောပတ်ထမင်းနှင့် စားရန်းကြက်သားဆီပြန်ဟင်း

ထောပတ်ထမင်းမွှေးမွှေးလေး

 ထောပတ်ရနံ့ သင်းပျံ့နေတဲ့ ထောပတ်ထမင်းပွဲ

ဒီနေ့ချက်စားဖြစ်တဲ့ ထောပတ်ထမင်းလေးပါ အမြဲတမ်းမစားဖြစ်ပေမဲ့ တစ်ခါတစ်လေ စိတ်ကူးရရင် ရသလို အရသာ ထမင်းလေးတွေ ချက်စားဖြစ်ပါတယ်။

 ထောပတ်ပါတဲ့အတွက် ကျန်းမာရေးနဲ့ သိပ်မညီညွတ်တဲ့ အစာမို့ တခါတလေလောက်တော့ အပြောင်းအလဲလေးဖြစ်အောင် ဆိုပြီးချက်စားမိပါတယ်။

ကိုယ်နှစ်သက်သလို ချက်တဲ့နေရာမှာလဲ ထမင်းထဲထဲ့တဲ့အစာတွေကို မာမာနှစ်သက်သလိုလေးတွေဘဲ ထဲ့ထားပါတယ်။

သီဟိုစေ့ကတော့ မာမာတို့လဲ သိပ်မကြိုက်တာနဲ့ ထဲ့မထားပါဘူး ထဲ့ချက်ရင်တော့ စိမ့်စိမ့်လေးနဲ့ကောင်းမှာပါ။

ဒါကြောင့်မို့လို့ တစ်ခါတရံ စားလို့ကောင်းတဲ့ ထောပတ်ထမင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ထမင်းချက်ရန် ပါဝင်ပစ္စည်းများ

  1. Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  3. ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - သုံးမွှာ
  4. သစ်ဂျပိုးခေါက် - တစ်လက်မ
  5. လေးညှင်း - နှစ်ပွင့်
  6. ဖာလာ - နှစ်ခု
  7. ကရဝေးရွက် - သုံးရွက်
  8. စပျစ်သီးခြောက် -  လက်ဖက်ရည်ပန်းကန် တစ်ဝက်သာသာ
  9. အတုံးလေးများ လှီးထားသော မုံလာဥနီ - လက်ဖက်ရည်ပန်းကန် တစ်လုံး
  10. ထောပတ် - 30 g 
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်(သို့) သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ခြောက်ဗူး
ကြက်သားဟင်းချက်ရန်
  1. အနေတော် အတုံးလေးများ တုံးထားသော ကြက်သား - ခြောက်ဆယ်သား 
  2. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ညက်နေအောင် ထောင်းသော ကြက်သွန်ဖြူ - အမွှာကြီးကြီးသုံးမွှာ
  4. နွင်းမှုန့် - လက်ဖက်ရည်ဇွန်း  လေးပုံတစ်ပုံ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း  လေးပုံတစ်ပုံ
  6. ဆား လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  7. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ကရဝေးရွက် - သုံးရွက်
  9. သစ်ဂျပိုးခေါက် - တစ်ခု
  10. လေးညှင်း - နှစ်ပွင့်
  11. နာနတ်ပွင့် - တပွင့်
  12. ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ထောပတ် - ထမင်းစားဇွန်းတဇွန်းခွဲ
  14. Chicken curry powder - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  15. ထမင်းအိုး မတည်ခင် ကြက်သားကို အရင်ဆုံး ထောပါတ်နှင့် ဆီမှလွဲပြီး ပါဝင်ပစ္စည်းများထည့်ပြီး အရသာ နယ်ထားပါ
  16. ပြီးတာနဲ့ နာရီဝက်လောက် နှပ်ထားပေးပါ
  17. ဒယ်အိုးတစ်လုံးထဲမှာ ဆီထမင်းစားဇွန်ဒ နှစ်ဇွန်းလောက်ထဲ့ပြီး အပူပေးပါ
  18. ဆီပူလာတာနဲ့ ထောပတ်ခဲကို ထည့်ပေးပြီး အရည်ဖျော်ပေးပါ 
  19. ထောပတ်ခဲ အရည်ပျော်လာပါက အရသာ နယ်ထားသော ကြက်သားကိုထဲ့ကာ မွှေပေးပါ
  20. ကြက်သားများ ထည်ပေးပြီး လေးမိနစ်လောက် ကြက်သားများမာလာတဲ့ထိ ဆီသတ်ပေးပါ
  21. ဆီသတ်နံ့ မွှေးလာပါက ရေမြုပ်အောင်ထဲ့ပြီး ပထမတစ်ရည် ခမ်းအောင်တည်ပေးပါ
  22. ပထမတစ်ရည် ခမ်းသွားပါက နောက်ထပ်ရေ မြုပ်အောင်ထဲ့ပြီး ကြက်သားနူးလာအောင် တည်ပေးပါ
  23. ကြက်သားနူးလာပြီး ရေခမ်းကာ ဆီပြန်လာပါက ကြက်သားဟင်း ရပါပြီ။

ပြင်ဆင်ပုံ

  • ဆန်ကိုရေဆေးပြီး ထမင်းချက်မည့် အိုးထဲမှာ ထည့်ပေးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ထောပတ်ကို ထည့်ပေးပြီး အပူပေးပါ
  • ထောပါတ်များ  ပျော်လာပါက သစ်ဂျပိုးခေါက် ကရဝေးရွက် ဖာလာနှင့်လေးညှင်းပွင့်တို့ကို လေးငါးချက်လောက်
    ဆက်တိုက်မွှေပြီး ဆီသတ်ပေးပါ
  • ပြီးမှကြက်သွန်ဖြူနှင့် ကြက်သွန်နီကို မိနစ်ဝက်လောက် ဆီသတ်ပေးပါ 
  • ပြီးတာနဲ့ မုံလာဥနီနှင့် စပျစ်သီးခြောက် တို့ထဲ့ကာ တမိနစ်လောက် ဆီသတ်ပေးပါ
  • အားလုံးဆီသတ်ပြီးပါက ရေဆေးထားသော ဆန်အိုးထဲသို့ ဆီသတ်ထားသော ပစ္စည်းများ ထဲ့ပေးပါ
  • သီးစုံဆန်အိုးထဲသို့ ရေ ငရုတ်ကောင်းမှုန့် ဆားနှင့်ဟင်းချိုမှုန့်တို့ထဲ့ကာ ရိုးရိုးထမင်းချက်သလိုဘဲ ထမင်းပေါင်းအိုးနဲ့ ချက်ပေးပါ
  • ပေါင်းအိုးခလုတ် တက်လာပြီး ထမင်းကျက်ပါက အရသာမွှေးမွှေးလေးနဲ့ ထောပါတ်ထမင်း အိအိလေးကို ရပါပြီ
  • ကြက်သားဟင်း နှင့် တွဲဖက်ပြီး စားနိုင်အောင် ထောပတ်ထမင်း မွှေးမွှေးလေးကို စားပွဲပြင်ပေးနိုင်ပါပြီ။

Wednesday, 23 January 2013

ကြက်ဥနွားနို့ ပါမုန့်ကြော်

ပါမုန့်ကြော်
ဒီနေ့မနက်ေ စာစောစာဆြိုပီး မာမာပေါင်မုန့်လေး ကြော်ထားပါတယ် ဒီတစ်ခါတော့အရသာ ပိုပြီးကောင်းအောင်ကြက်ဥကို နွားနို့နဲ့ရောခေါက်ပြီး ကြော်ထားပါတယ် ကြော်ပြီးသားကို
သကြားလေးဖြူးပြီးဘဲစားစား နို့စိမ်းလေးစိမ်ပြီးဘဲစားစား အရမ်းကို ကောင်းလွန်းပါတယ်။

 ကော်ဖီလေးနဲ့လိုက်သလို သူ့ခြည်းဘဲလဲ စားလို့အရမ်းကောင်းပါတယ် ပါမုန့်ကိုအမြဲတမ်း မကြိုက်ပေမဲ့ တစ်ခါတစ်လေတော့ စားချင်စိတ်ရှိခဲ့ပါတယ် ဒီနေ့ကြော်တဲ့ ပါမုန့်လေးကို မာမာကတော့ စိမ့်စိမ့်လေး ဘဲစားမှာမို့ ကြော်ပြီးသား ဒီအတိုင်းလေးဘဲစားပါမယ် ရိုးရှင်းလွန်းတဲ့ ပါမုန့်ကြော်လေးပေမဲ့ စိတ်ကူးရရင် ကြော်စားနိုင်အောင် တင်ပေးလိုက်တာပါ။
ပေါင်မုန့် နှစ်လုံးစာအတွက်
  • ပေါင်မုန့် - နှစ်လုံး
  • ကြက်ဥ - နှစ်လုံး
  • နို့ - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပါမုန့်ကြော်ရန်အတွက်ပါ

ပါမုန့်ကိုအလယ်ကထက်ခြမ်းခွဲကာကြက်ဥနှင့်နို့ခလောက်ထားသောရည်ထဲတွင်နှစ်ပေးပါ အပေါ်အောက်နှစ်ဖက်စလုံးနှင့်အထဲကိုပါ ဝင်အောင်နှစ်ပေးပါတယ်

မီးအနေတော်နှင့်အပေါ်အောက်ကိုကြော်ပေးပြီး နှစ်ခြမ်းခွဲကာအထဲနှစ်ဖက်ကိုကြော်ပေးပါတယ် နှစ်ဖက်စလုံးရွှေဝါရောင်သန်းလာပါ ဆယ်ပြီးဆီစစ်ပေးပါ ပြီးလျှင်နှစ်ခြမ်းပြန်အုပ်ပေးပြီးနှစ်သက်သလို သကြားဖြူးပြီးဘဲစားစား နို့စိမ်းဆမ်းပြီးဘဲစားစား စားလို့ရပါပြီ

ကြက်ဥနွားနို့ စိမ်ကြော်ထားတဲ့ပါမုန့်ကြော်လေးရပါပြီ

Monday, 21 January 2013

Palauမဆလာ အရသာထမင်း



ကြက်သားချက်ရန် လိုအပ်သောပစ္စည်းများ

ကြက်သားနှင့်လိုအပ်သော ပစ္စည်းများအားလုံးကို 
ဇလုံတစ်လုံးထဲတွင်ထဲ့ကာ 
အရသာဝင်အောင် ဆုပ်ဆုပ်ပြီးနယ်ပေးပါ

အားလုံးနယ်ပြီးမှဒိန်ချဉ်ကိုထဲ့ပြီး နောက်တစ်ခါ 
ဆုပ်ဆုပ်ပြီးနယ်ပေးပါတယ်

အရသာများအားလုံးနယ်ပြီးသွားပါ ရေခဲသေတ္တာထဲမှာတစ်ညသိပ်နှပ်ထားပေးကာနောက်နေ့မနက်ကျမှ
ဆီကိုအပူပေးပြီးနှပ်ထားသောကြက်သားကို ငါးမိနစ်လောက်ဆီသတ်ပေးကာရေမြုပ်အောင်ထဲ့ထိပြီးတည်
ပေးပါတယ် ပထမတစ်ရည်ခမ်းပါကနောက်တစ်ရည်ထပ်ထဲ့ပြီးတည်ပေးပါ ရေခမ်းကာနီးဟင်းအနှစ် လက်နှစ်ဆစ်စာလောက်ကျန်ရင်လျှင်ရပါပြီ

ထမင်းချက်ဖို့ပြင်ဆင်ပါပြီ


မီးအနေတော်နှင့်တည်ထားသောဆီပူပူမှာ ကြက်သွန်နီကြော်ပြီး ဆီချက်ဖတ်များဆယ်ထားကာ ဆီကိုလိုသလောက်ဘဲထားပြီး ရေစစ်ထားသောဆန်ကို ငါးမိနစ်လောက်ကြော်ပေးပါတယ် ဆန်ကိုကြော်ပြီး
တာနဲ့ဆီချက်ဖတ်များနှင့်စပျစ်သီးခြောက်များထဲ့ပြီး တစ်မိနစ်လောက်မွှေကာ ရေထဲ့ပြီး မီးအနေတော်နှင့်
အိုးအဖုံးအုပ်ပြီးရေခမ်းတဲ့ထိတည်ပေးပါတယ် ထမင်းကိုအထက်အောက်အောက်နှစ်ခါလောက် မွှေပေးပါတယ်

 ရေခမ်းသွားပါကမီးပိတ်ပြီးမီးဖိုပေါ်မှာဘဲ
 ထမင်းအိုးကိုလေးမိနစ်လောက်ထားပြီးနှပ်ထားပေးပါတယ်

ထမင်းရောဟင်းပါကျက်သွားပါက နောက်ထပ်အိုးတစ်လုံးထဲသို့ချက်ထားသောထမင်းကို ထူထူတစ်လွှာ ခင်းကာ ထိုထမင်းအပေါ်မှ ချက်သားသောကြက်သားဟင်းကိုတစ်လွှာခင်းပါမယ် ထိုဟင်းအပေါ်ကမှ ထမင်းကိုနောက်တစ်လွှာ ထပ်ခင်းပြီး ဟင်းအိုးထဲတွင်ကျန်နေသော ဟင်းအနှစ်များကို ထမင်းပေါ်လောင်းချပေးပြီး အိုးအဖုံးအုပ်ကာ မီးအပူရှိန်နံပါတ်တစ်နှင့် ဆယ်မိနစ်လောက်နှပ်ပေးပါတယ်

ဒန်ပေါက်ထမင်းလိုအနံ့အရမ်းမပြင်းဘဲစားလို့လဲ
 အရသာပိုကောင်းတဲ့ပလောက်မဆလာထမင်းလေးရပါပြီ

 မုံလာဥနီ ဂေါ်ဖီ ပူစီနမ်တို့ကိုသံပုရာရည်ရောကာ 
နယ်ထားသောအချဉ်လေးနှင့်မဆလာနံ့ 
သင်းသင်းလေးနဲ့ Palauထမင်းလေးပါ

ဟင်းချက်ရာမှာသုံးတဲ့ Palau မဆလာထုတ်

ဒီနေ့တော့ palau မဆလာနဲ့ ချက်ဖြစ်တဲ့ ထမင်းလေး ချက်ဖြစ်ပါတယ် ဒံပေါက်နဲ့ အရသာနဲ့ တော်တော်လေး တူပါတယ် ဒီထမင်းကိုတော့ အော်စီရောက်ခါစက အစ်မတစ်ယောက်ရဲ့ အိမ်မှာ စားဖြစ်ခဲ့တဲ့ ထမင်းလေးက FIJI ကျွန်းကထွက်တဲ့ မဆလာလေးနဲ့ ချက်ထားတဲ့ ထမင်းလေးပါ။

အရသာလေးကို အရမ်းကြိုက်တာနဲ့ ချက်နည်းလေးလဲမေး မဆလာလေးလဲ တောင်းထားခဲ့တာ ကြာပါပြီ ချက်မယ်ချက်မယ်နဲ့ စိတ်ကူးလိုက် စိတ်ကူးလေး ပျက်သွားလိုက်နဲ့ မချက်ဖြစ်သေးတာပါ။

အခုတော့ အတတ်နိုင်ဆုံး တူအောင်တော့ ချက်ထားပါတယ် ဒီထမင်းရဲ့  ရာဇဝင်ကိုတော့ မာမာသေချာမမေးခဲ့ရလို့ မသိပါဘူး FIJI ကျွန်းထွက် ဒေသရဲ့  အစားအစာ တစ်ခုလို့ ထင်မိပါတယ်။

ဒီမဆလာ အနံ့လေးက ဒံပေါက်လောက် အနံ့လောက် မပြင်းသလို ချက်တဲ့ အခါမှာ ထောပတ်လဲ မပါတာကြောင့် စားလို့ကောင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းလေးပါ။

ဒံပေါက်ထက်စာရင် ကျန်းမာရေးနဲ့ပိုပြီး ညီညွတ်တဲ့ ထမင်းလေး ဆိုရင်လဲ မမှားပါဘူး နောက်တစ်ခုက ဘာအရောင် ဘာဆိုးဆေးမှ ထည့်မထားတဲ့အတွက် အန္တရာယ်လဲ ကင်းပါတယ်။

စိတ်ထဲမှာ စားချင်လာတာနဲ့ မာမာတစ်ခါမှ မချက်ဖူးဘဲ ဒီနေ့မှ စမ်းချက်ကြည့်တာပါ စမ်းချက်ကြည့်တာလို့ ဆိုရပေမဲ့ စားရတာ တော်တော့်ကို ကောင်းပါတယ် ချက်ပြီးပြုပ်ပြီး ကလေးတွေနဲ့ အတူစားနေရင်းက လက်မလေးတွေထောင်ပြီး အားပေးကြပါတယ်  ဒါကြောင့်မို့လို့ မာမာချက်တဲ့ ချက်နည်းလေးကို တင်ပေးလိုက်တာပါ။

ချက်နည်းထဲမှာ လိုအပ်တာလေးတွေ ကျန်ခဲ့ရင်ရယ် စာအရေးအသား လွဲမှားတာပါခဲ့ရင်တော့ နားလည်ပေးစေချင်ပါတယ် ချက်နည်းလေးနဲ့ မဆလာထုတ်လေး ပေးလိုက်တဲ့ အစ်မကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်းလဲ ပြောလိုက်ပါတယ်။

ချက်နည်းမှာ လိုအပ်တာလေးတွေ လွဲခဲ့တာလေးတွေရှိခဲ့ရင်လဲ နားလည်ပေးစေချင်ပါတယ် တစ်ခါမှ မချက်ဖူးဘဲ စမ်းချက်တဲ့ ထမင်းတောင် ချက်မလောက် ဖြစ်သွားခဲ့တာ ကိုယ်တိုင်တတ်ပြီး ချက်ကျွေးခဲ့တဲ့ အစ်မအိမ်က ထမင်းဆို ဘယ်လောက်ကောင်းသလဲဆို မာမာ့စိတ်ထင် နတ်သုဒ္ဒါတစ်မျှပါဘဲ စားခဲ့ရတဲ့အတွက်ရော ချက်နည်းလေး မျှဝေပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်ရှင်။

ပလောက်မဆလာထမင်း ၆ပွဲစာအတွက်

ကြက်သွန်နီကြော်ရန်
  1. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်လုံး နှစ်လုံးစာ
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  4. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  5. ဒယ်အိုးထဲမှာ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကို ထည့်ပေးပါ
  6. ပြီးတာနဲ့ လှီးထားသော ကြက်သွန်နီကို ရွှေဝါရောင် သန်းလာအောင် ကြော်ပြီး ဆယ်ထားပါ
(ကြက်သားအရသာနယ်ရန် လိုအပ်သော ပစ္စည်းများ)
  1. ကြက်ပေါင်သား - တစ်ကီလို
  2. ပလောက်မဆလာ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၃ဇွန်းခန့်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  5.  ချင်း - တစ်လက်မကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  6. ကရဝေးရွက် - ၄ရွက်
  7. ဖာလာစေ့ - ၄စေ့
  8. လေးညှင်း - ၄ပွင့်
  9. သစ်ဂျပိုးခေါက် - တစ်လက်မခွဲခန့် နှစ်ချောင်း
  10. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  11. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြိုက်လျှင်ထည့်ပါ)
  12. ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ မောက်မောက်
  13. ဆီ - ထမင်းစားဇွန်း ၁၄ဇွန်းခန့်
  14. ငရုတ်သီး အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း သုံးဇွန်း
  15. ပစ္စည်းမျာ အားလုံးကို ဇလုံတစ်လုံးထဲမှာထည့်ပြီး အရသာဝင်အောင် နယ်ပေးကာ cling wrap နှင့် လုံအောင်ပိတ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ၁၂နာရီခန့် နှပ်ထားပေးပါ
  16. နောက်နေ့မနက်မှာ အရသာ နယ်ထားသော ကြက်သားကို အိုးတစ်လုံးထဲထည့်ပြီး တစ်ဝက်နီးပါးကျက်အောင် ချက်ထားပေးပါ
(ပလောက်မဆလာ ထမင်း ၆ပွဲစာချက်ရန် လိုအပ်သော ပစ္စည်းများ)
  1. Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၆ဗူး
  2. ရေ - ၄လီတာ 
  3. ghee ထောပါတ် - ထမင်းစားဇွန်း ၂ဇွန်း
  4. ကရဝေးရွက် - ၄ရွက်
  5. ဖာလာစေ့ - ၄စေ့
  6. လေးညှင်း - ၆ပွင့်
  7. ငရုတ်ကောင်း - ၆စေ့
  8. ဆား - လက်ဖက်ရည်ဇွန်း ၆ဇွန်း

(ထမင်းချက်ရန် ပြင်ဆင်ပုံ)
  1. ဆန်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  2. ရေစိမ်ချိန် နာရီဝက် ပြည့်တာနဲ့ ရေစစ်ထားပြီး ထမင်းချက်ဖို့ စတင်ပြင်ဆင်ပေးပါ
  3. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေကိုဆူအောင်တည်ပြီး ဆား ghee ထောပတ် ကရဝေးရွက် ဖာလာစေ့ ငရုတ်ကောင်းစေ့တို့ထည့်ပြီး နှစ်မိနစ်လောက် ဆူအောင်ထားပါ
  4. ရေဆူချိန် နှစ်မိနစ်ပြည့်တာနဲ့ဆန်ထည့်ကာ မီးအားပြင်ပြင်းနဲ့ ဆူအောင် ဆက်တည်ပါ
  5. ဆန်တစ်ဝက်ကျက်ဖို့ ငါးမိနစ်လောက် တည်ပြီးတာနဲ့ အပေါက်စိတ်သော ဇကာထဲ သွန်ချပြီး ရေစစ်ထားပါ
(ပလောက်မဆလာ ထမင်းချက်ရန် ပါဝင်ပစ္စည်းများ)
  1. ရေစစ်ထားသော တစ်ဝက်ကျက်ထားသည့် ထမင်း
  2. တစ်ဝက်ကျက်အောင် ချက်ထားသော ကြက်သား
  3. စပျစ်သီးခြောက် - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တစ်လုံးစာ
  4. food coloring (Yellow) - လေးစက်ခန့်
  5. အရောင်ရေရောရန် ရေ - ထမင်းစားဇွန်း၎ဇွန်း
  6. နွားနို့ - ထမင်းစားဇွန်း ၄ဇွန်း 
  7. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
(ပြင်ဆင်ပုံ)
  1. အောက်ခြေမကပ်ဘဲ အိုးအသားထူသော အိုးထဲမှာ တစ်ဝက်ကျက်အောင် ချက်ထားသော ကြက်သားကို ဖြန့်ထည့်ပါ
  2. ပြီးလျှင် ထိုဟင်းပေါ်မှာ တစ်ဝက်ကျက်ထားသော ထမင်းကို အနည်းငယ်ချန်ကာ ဖြန့်ပြီးထည့်ပေးပါ 
  3. ထမင်းအပေါ်မှာ ဆီနှင့် နွားနို့ကို ဖြန့်ပြီး ထည့်ပေးပါ
  4. ကြက်သွန်ကြော် ထမင်းစားဇွန်း ၃ဇွန်းနှင့် စပျစ်သီးခြောက်ကို ဖြန့်ထည့်ပြီး ထိုအပေါ်မှာ ထမင်းအနည်းငယ် ဖြန့်ခင်းပေးပါ
  5. Food coloring ကို ရေ ထမင်းစားဇွန်း ၄ဇွန့်နှင့်ရောမွှေကာ ထမင်းပေါ်မှာ ဇွန်းနှင့်ခပ်ပြီး ဖြန့်လောင်းပေးပါ
  6. ပြီးတာနဲ့ အိုးကို လေလုံအောင် aluminum foil တစ်ထပ်ဖုံးပြီး အိုးအဖုံးကို ထပ်ဖုံးပေးပါ
  7. မီးအားပြင်းပြင်းနဲ့ အပူပေးထားသော ဒယ်ပြားပေါ်မှာ ထမင်းအိုးကိုတင်ပြီး ၅မိနစ်လောက် တည်ပေးပါ
  8. ၅မိနစ် ပြည့်တာနဲ့ မီးကို နံပါတ် ၂လောက်ထိလျှော့ပြီး နာရီဝက်လာက် ဆက်ပြီးနှပ်ထားပေးပါ
  9. ပြီးတာနဲ့ မီးပိတ်ပြီး မိနစ်၃၀လောက် မီးဖိုပေါ်မှာ ဆက်နှပ်ထားပြီးရင် ကြက်သားဒံပေါက်ထမင်း မွှေးမွှေးလေး ရပါပြီ။
  10. ပလောက်မဆလာနံ့  သင်းနေတဲ့ ထမင်းလေးကို သံပုယိုသီးသနပ် ဂေါ်ဖီ မုံလာဥနီ ပူစီနံ ငရုတ်သီးစိမ်း ပဲနီလေးဟင်းချိုတို့နှင့် စားသုံးရန် ပြင်ဆင်ပေးနိုင်ပါပြီ။

Wednesday, 2 January 2013

ကြက်သား ချိုချဉ်ကြော်


ကြက်သားချိုချဉ်လေး ကြော်ပါတယ် အိမ်မှာရှိတဲ့ ကြက်ပေါင်လေး သုံးချောင်းကို အရိုးထွင်ပြီး အသားလေးတွေ ခပ်ပါးပါးကာ လွယ်ကူမြန်ဆန် ကြော်လိုက်ပါပေမဲ့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့ ဟင်းတစ်မယ်မို့ ကြော်စားကြည့်စေချင်ပါတယ်ရှင်။

ပါဝင်ရမှာလေးတွေကတော့
  • အရိုးထွင်ပြီး အသားကို ခပ်ပါးပါးလှီးထားသောကြက်ပေါင် - သုံးချောင်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အဖတ်လေးများလှီးထားသောကြက်သွန်နီ - တစ်လုံး
  • အနေတော်လှီးထားသောမုန့်ညှင်း - သုံးရွက်
  • နှမ်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အနေတော် လှီးထားသောနာနာသီး - နှစ်ကွင်းစာ
  • ပျားရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်
ကြက်သား အရသာနယ်ရန် သကြား ဆားနှင့်ကော်
မှုန့်

ကြက်သွန်နီ မုံညှင်း နှမ်း နာနတ်သီးနှင့်ပျားရည်

မီးအနေတော်နှင့် အပူပေးထားသော ဆီပူပူမှာ 
အရသာနယ်ထားသော ကြက်သားကို 
ညိုရောင်သန်းလာတဲ့ထိ ကြော်ပေးပြီး ဆီစစ်ပေးပါ

ကြက်သားကြော်ထားသော ဆီများကို 
ထမင်းစားဇွန်းနှစ်ဇွန်းစာလောက်ချန်ပြီး 
ပိုတဲ့ဆီတွေကို ဖယ်ပေးကာအရင်ဆုံး
 ကြက်သွန်နီအဖတ်များကို မိနစ်ဝက်လောက်ကြော်ပါ
 ပြီးမှနာနတ်သီး စိတ်လေးများနှင့် မုန့်ညှင်းရွက် 
ကြက်သားကြော်နှင့် ဆားတို့ကိုထဲ့ပြီး 
နှစ်မိနစ်လောက်ကြော်ပေးပါ ပြီးမှပျားရည်ကို ထဲ့ကာ
မိနစ်ဝက်လောက် မွှေပေးပြီးရင် ရပါပြီ

ပန်းကန်ထဲသို့ပြောင်းထဲ့ပေးပြီးမှ
နှမ်းစေ့ဖြူးပေးပြီးရင်ကြက်သားချိုချဉ်ကြော်ရပါပြီ