Friday 30 June 2023

သတ်သတ်လွတ် ကော်ပြန့်ကြော်

 












ဒီနေ့တော့ စားလို့အရမ်းကောင်းပြီး  ကြွတ်ရွမွနေတဲ့ သတ်သတ်လွတ် ကော်ပြန့်လိပ်လေးတွေ  ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်များ
  1. ကော်ပြန့်ရွက် - ၁၀ရွက်
  2. ဂေါ်ဖီ - လှီးပြီးသား တရုတ်ဟင်းပြင် ပန်းကန်အလတ် နှစ်လုံးစာ
  3. မုန်လာဥနီ - ခပ်ကြီးကြီး တစ်ဥ
  4. မုံလာဥဖြူ - လှီးပြီးသား တရုတ်ဟင်းပြင် ပန်းကန်အလတ် တစ်လုံးစာ
  5. ကြွက်နားရွက်မှို - ခပ်ကြီးကြီး ၇ခု
  6. ဂျပန်မှိုအခြောက် - ဆယ်ခု
  7. ပဲကြာဇံ - နှစ်ခွေ
  8. ကြက်သွန်မိတ် - ငါးပင်
  9. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  10. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  11. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း သုံးဇွန်း
  13. မှိုငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  14. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း 
  15. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (အငံကြိုက်ပါက အနည်းငယ် ပိုထည့်ပါ)
  16. ဆီ - ထမင်းစားဇွန်း လေးဇွန်း (အသီးအရွက်ကြော်ရန်)
  17. ဆီ - လိုသလောက်သုံးပါ (ကော်ပြန့်ကြော်ရန်)

ပြင်ဆင်ပုံ
  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ပေးကာ တစ်လက်မခန့် အနေအထားလေးတွေ ပိုင်းထားပေးပါ
  • မှိုနှစ်မျိုးကို ရေမြုပ်အောက်ထည့်ပြီး တစ်နာရီခန့် ရေစိမ်ထားကာ ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • မုံလာဥနီနှင့် မုံလာဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓားပြားရိုက်ပြီး ခပ်နုတ်နုတ် စင်းထားပါ
ကော်ပြန့်ကြော်အတွက် အစာများ ကြော်ရန်
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပေးပါ 
  • ကြက်သွန်ဖြူ အနည်းငယ် နွမ်းလာတာနဲ့ မုံလာဥနီ မုံလာဥဖြူ ဂျပန်မှို ကြွက်နားရွက်မှို ပဲကြာဇံ ဂေါ်ဖီ ဆား သကြား ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကြည် မှိုငံပြာရည်တို့ထည့်ကာ အနည်းငယ် နွမ်းအောင် ကြော်ပေးကာ အရသာမြည်းပါ
  • မိမိနှစ်သက်တဲ့ အရသာရအောင် ပြင်ပေးပြီးတာနဲ့ ကြက်သွန်မိတ်ကို ထည့်မွှေပေးကာ မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
  • ပြီးတာနဲ့ အဝတ်စ သန့်သန့်ထဲမှာ ကြော်ထားသော အစာများ ထည့်ပေးကာ ကျစ်နေအောက် ထုတ်ပြီးမှ အရည်များကုန်အောင် ညှစ်ပေးကာ ရေစစ်ပေးပါ
  • အသီးအရွက်ကြော်ထဲမှ ရေများကုန်သွားရင်တော့ ကော်ပြန့်လိပ်ရန် အဆင်သင့် ရပါပြီ
ကော်ပြန့်လိပ်ရန်
  • ကော်ပြန့်ရွက်ကို ပုံပါအတိုင်း ဖြန့်ခင်းပေးပါ
  • ပြီးတာနဲ့ အအေးခံပြီး ရေစစ်ထားသော အသီးအရွက်ကြော်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့်ကို ကော်ပြန့်ရွက်ထောင့်နားမှာ ပုံပေးပါ
  • အစာပုံထားသော အောက်ဖက်မှ စပြီးကော်ပြန့်ရွက်ကို လိပ်ပေးပါ
  • ပြီးတာနဲ့ နောက်တစ်ခေါက် ထပ်လိပ်ပေးပြီး ဘေးနှစ်ဖက်ကို ခေါက်ပေးပါ
  • ဘေးနှစ်ဖက် ခေါက်ပေးပြီးတာနဲ့ အလိပ်ပုံစံလေး ရတဲ့ထိ ထပ်လိပ်ပေးပါ
  • အလိပ်ပုံစံလေးရတာနဲ့ ကျန်နေသော ထောင့်နေရာလေးကို ကော်ရည်အနည်းငယ်ဖြင့် သုတ်ပေးကာ ကပ်ပေးပါ
  • အထက်ပါ ပုံစံအတိုင်း ကြော်ထားတဲ့ အစာများ ကုန်တဲ့အထိ ကော်ပြန့်လိပ်ကို လိပ်ပေးပါ
ကော်ပြန့်ကြော်ရန်
  • လိပ်ထားသော ကော်ပြန့်လိပ်များကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အလယ်လောက်အထိ လျှော့ပေးပါ
  • မီးလျှော့ပြီးတာနဲ့ ကော်ပြန့်လိပ် တစ်ခုခြင်းကို ဆီအိုးထဲကိုထည့်ပြီး ကြော်ပေးပါ
  • ကြော်တဲ့ အခါမှာ မီးမများစေရန် သတိထားပေးပါ
  • တစ်ဖက်က ရွှေအိုရောင် သန်းလာတာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်စလုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့  ကော်ပြန့်လိပ်ကော် ကြွတ်ကြွတ်မွှေးမွှေးလေးကို မိမိနှစ်သက်တဲ့ အချဉ်ရည်ဖြင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Wednesday 28 June 2023

ကြက်သား ငရုတ်ပွကြော်

 


မာမာဒီနေ့တော့ ဝက်သားကို ငရုတ်ပွနဲ့ ကြော်ကာ နံနံပင်အုပ်ပြီး ချက်ထားပါတယ် ဝက်သားကို နံနံပင် အုပ်ပြီးစားရတဲ့ အရသာက အရသာ တစ်မျိုးလေး ထူးဆန်းတဲ့အတွက် ကြော်စားချင်စိတ် ပေါ်တဲ့အခါ ကြော်စားနိူင်ရန်အတွက် မာမာပြင်ဆင်ပြီး ချက်တဲ့နည်းလေးကို မျှဝေပေးလိုပ်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်သား  - မိမိနှစ်သက်သလောက်
  2. ငရုတ်ပွ အနီရောင် - အနေတော် တစ်ခြမ်း
  3. ငရုတ်ပွ အစိမ်းရောင် - အနေတော် တစ်ခြမ်း
  4. နံနံပင် - သုံးပင်ခန့်
  5. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  11. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ရေ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း (အစိမ်းကြော်ကြော်ရန်)
  • ပြင်ဆင်ပုံ

    • ဝက်သားကို  အနေတော် အတုံးလေးတွေ တုံးထားပါ
    • ပြီးတာနဲ့ ဆား အရသာမှုန့်တို့ကို သင့်တော်သလို ထည့်ပေးကာ နယ်ထားပါ
    • ငရုတ်ပွများကို ရေဆေးပြီး ရေဆေးကာ ပုံပါအတိုင်း လှီးထားပါ
    • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
    • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
    • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
    • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
    • ဆီပူလာတာနဲ့ ဝက်သားကို ထည့်ကြော်ပေးကာ အသားများ မာလာပါက ရေမြပ်အောင် ထည့်ပေးကာ ရေခမ်းတဲ့အထိ တည်ပေးပါ
    • ဝက်သားကြော်ထားတာ ရေခမ်းလာပါက ငရုတ်ပွများနှင့် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ထည့်ကြော်ပေးပါ
    • ငရုတ်ပွများက အကျက်မြန်တဲ့အတွက် တစ်မိနစ်လောက်ဘဲ ကြော်ကာ အရသာ သမအောင် မွှေပေးပါ
    • ပြီးတာနဲ့ ပဲငံပြာရည် အကြည် ပဲငံပြာရည် အနောက် ဆား ရေနှင့် အရသာမှုန့်တို့ကို မိနစ်လောက်ဘဲ ထည့်ကြော်ကာ နံနံပင် အုပ်ပေးကာ မီးပိတ်ပေးပါ
    • ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး မီးပိတ်ပေးပါ 
    • ဝက်သား ငရုတ်ပွကြော်လေးကို  ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိူင်ပါပြီ။

Tuesday 27 June 2023

ငါးခေါင်း မျှစ်အရည်သောက်ဆမ်းဟင်း


 



မာမာ ဒီနေ့တော့ ငါးခေါင်းနဲ့ မျှစ်ပြုပ်ပြီးသားလေးတွေကို အရည်သောက်ဆမ်းလေး ချက်ပါမယ် မျှစ်နဲ့ အသားတစ်ခုခု ရောပြီး ချက်လေတိုင်း အသားက အရသာ နည်းသွားပေမဲ့ မျှစ်ရဲ့ အရသာက အရမ်းရှိတာမို့လို့ မျှစ်ကိုရွေးစားရတာ ပိုကြိုက်ပါတယ်။

စားမဲ့ လူဦးရေ နည်းရင်တော့ ချင့်ချိန်ပြီး ချက်စေချင်ပါတယ် လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မျှစ်ပြုပ်ပြီးသား - 1 kg
  2. ငါးခေါင်း - နှစ်ခု
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  11. ငရုတ်သီး အရောင်တင်မှုန့် - လက်ထက်ရည်ဇွန်း တစ်ဇွန်း
  12. မျှင်ငါးပိ - အနည်းငယ်
  13. နံနံပင် - မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ငါးခေါင်းထဲမှ မလိုတာတွေကို ဖယ်ပေးကာ မကျည်းသီးမှည့် ခပ်များများလေးထည့်ကာ အချွဲများ ကုန်လောက်တဲ့အထိ နည်ပေးပါ
  • ပြီးတာနဲ့ ရေခပ်များများထည့်ကာ ၇နှစ်ထပ်လောက် ဆေးပေးပါ 
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ပြီး ဆား ငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့ နှင့် အရသာ၀င်အောင် နယ်ထားပါ
  • မျှစ်ပြုပ်ပြီးသားကို ရေငါးထပ်လောပ်နဲ့ ဆေးပေးကာ မိမိနှစ်သက်သလို လှီးထားပါ 
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ခြမ်းခွဲထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း လေးဇွန်းလောက် ထည့်ပေးပါ
  • ထိုရေထဲမှာ ပုဇွန်ငါးပိ ကြက်သွန်ထောင်း ငရုတ်သီး အရောင်တင်မှုန့် ငရုတ်သီးစိမ်းတို့ ထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ငါးခေါင်းနဲ့ မျှစ်တို့ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  အကြာကြီး တည်စရာ မလိုဘဲ ရှစ်မိနစ်လောက် တည်ပေးပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
  • ပြီးတာနဲ့ နံနံပင် အုပ်ပေးပြီး မီးပိတ်ကာ ငါးခေါင်း မျှစ် အရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday 26 June 2023

ဝက်သားကြော် ကြွတ်ကြွတ်လေး


 






ဒီနေ့တော့ ဝက်သုံးထပ်သားကို ဒယ်အိုးနဲ့ ကင်ကြော်လေး ကြော်ဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ဘဲစားစား ဒီအတိုင်းလေးဘဲစားစား အရမ်းကိုမှ စားလို့ကောင်းလွန်းတဲ့ ဝက်အကြွတ်ကြော်ကို မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်သုံးထပ်သား - လေးခု
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ 
ပြင်ဆင်ပုံ
  • ဝက်သားများကို ရေဆေးပေးကာ အသားများကို နနွင်းမှုန့် ဆား အရသာမှုန့်  ငရုတ်ကောင်းမှုန့်တို့နဲ့အရသာ၀င်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပေးကာ တစ်နာရီလောက် နှပ်ထားပေးပါ
  • အောက်ချေ မကပ်သော ဒယ်အိုးတစ်လုံးထဲမှာ ဝက်သားကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေများခမ်းလာပါက အိုးကိုအဖုံးအုပ်ကာ မီးခပ်မျှင်းမျှင်းနဲ့ တည်ပေးပါ
  • ဝက်သားထဲမှ ဆီများထဲ ထွက်လာပြီး အောက်ဖက်အပိုင်းက ကျပ်လာပါက နောက်တစ်ဖက်ကို လှန်ပေးကာ ဆက်တည်ပေးထားပါ
  • နောက်တစ်ဖက် ရွှေဝါရောင် သန်းလာပါက နောပ်တစ်ဖက်ကို လှန်ပေးကာ မီးမျှင်းမျှင်းနဲ့ ဆက်တည်ပေးပါ
  • ထိုနညါးအတိုင်း သုံးလေးခါလောက် လုပ်ပေးပြီးပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဝက်သုံးထပ်သား ကြွတ်ကြွတ်မွှေးမွှေးလေးကို စားသုံရန် ပြင်ပေးနိုင်ပါပြီ။

Sunday 25 June 2023

ဝက်ခေါက်ကင် ငရုတ်ပွကြော်

 






မာမာဒီနေ့တော့ အရင်ရက်က ကင်ထားတဲ့ ဝက်သားလေးတွေကို ငရုတ်ပွနဲ့ ကြော်ပါတယ် ထမင်းစားလို့ မြိန်စေတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်သားကင်  - မိမိနှစ်သက်သလောက်
  2. ငရုတ်ပွ အနီရောင် - အနေတော် တစ်ခြမ်း
  3. ငရုတ်ပွ အဝါရောင် - အနေတော် တစ်ခြမ်း
  4. ငရုတ်ပွ အစိမ်းရောင် - အနေတော် တစ်ခြမ်း
  5. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  11. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း လေးဇွန်း (အစိမ်းကြော်ကြော်ရန်)

ပြင်ဆင်ပုံ
  • ဝက်သားကင်ကို အနေတော် အတုံးလေးတွေ တုံးထားပါ
  • ငရုတ်ပွများကို ရေဆေးပြီး ရေဆေးကာ ပုံပါအတိုင်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်ပွများနှင့် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ထည့်ကြော်ပေးပါ
  • ငရုတ်ပွများက အကျက်မြန်တဲ့အတွက် တစ်မိနစ်လောက်ဘဲ ကြော်ကာ ဝက်ခေါက်ကင်ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည် အကြည် ပဲငံပြာရည် အနောက် ဆားနှင့် အရသာမှုန့်တို့ကို တစ်မိနစ်လောက်ဘဲ ထည့်ကြော်ပါ
  • ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးကာ မီးပိတ်ပေးပါ 
  • ချိုစိမ့်စိမ့် ဝက်ခေါက် ငရုတ်ပွကြော်လေးကို  ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိူင်ပါပြီ။

Saturday 24 June 2023

ငါး သောက်ဆမ်းဟင်း

 


မာမာဒီနေ့တော့ ငါးလေးတွေ ဝယ်လာပြီး ငါးသောက်ဆမ်း ချဉ်ငံစပ်ဟင်းလေး ချက်ဖြစ်ပါတယ် အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် မာမာက ဆီမထည့်ဘဲ ချက်ထားပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးသောက်ဆမ်း ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါး - တစ်ကောင် (တစ်ကီလိုဝက်ခန့်)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
  5. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. သံပုရာသီး - အနေတော် တစ်လုံး
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  13. ရေ - ယောက်ချိုဇွန်း လေးဇွန်း
ပြင်ဆင်ပုံ

  • ငါးကို အကြေးခွံနှင့် မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ကာ ရေဆေးပေးပြီး ရေစစ်ပေးပါ
  •  ရေစစ်သွားတာနဲ့ ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ရေယောက်ချိုဇွန်း လေးဇွန်းကို ထည့်ပြီး အပူပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့  ခရမ်းချဉ်သီး ပုဇွန်ငါးပိ ငရုတ်သီးစိမ်း ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ထည့်ပေးကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ 
  • ရေပွက်ပွက်ဆူလာတာနဲ့ ရေထဲကို အရသာ နယ်ထားသော ငါးများကို ထည့်ပေးပါ
  • ငါးအသား မာလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို  ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ငါးအရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ၇နှစ်မိနစ်လောက်ဘဲ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ ငံပြာရည်နှင့် သံပုရာရည် ထည့်ပေးကာ မိမိစိတ်ကြိုပ် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  နံနံပင် အုပ်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • ငါး အရည်သောက်ဆမ်း ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Friday 23 June 2023

မတ်ပဲကြော်


 





မတ်ပဲ အခွံမချွတ်ရသေးတာလေးတွေ ဝယ်ထားပြီး စိတ်ထဲမှာ စားချင်တဲ့ အတိုင်းလေးတွေ လုပ်စားဖြစ်ပါတယ် ဒီနေ့တော့ မတ်ပဲကို ရေစိမ်ကာ အကြော်မှုန့်နဲ့ ရောပြီး ပဲကြော်ကြွတ်ကြွတ်လေးတွေ ကြော်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာကြော်ဖြစ်တဲ့ ပဲကြော်ကြော် နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ (အချပ်ကြီး ၁၀ချပ်စာ)
  1. မတ်ပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. တန်ပူရာမှုန့် - 150 g
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူးကို လက်တလုံးစာ လျှော့ထည့်ပါ
  4. ဆီ - ၂လီတာခန့်

ပြင်ဆင်ပုံ
  • ပဲများကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ပေးကာ အပေါက်ပါသော ဇကာဖြင့်အုပ်ပြီး တစ်ညလောက် ရေစိမ်ထားပါ
  • မနက်ရောက်လျှင် ရေစိမ်ပြီး ပွနေသော ပဲများကို ရေ၂ထပ်လောက် ဆေးပေးပြီး ရေစစ်ပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့်ပျော်အောင်ဖျော်ပြီး ရေစစ်ထားသောပဲနှင့် ရောမွှေပါ
  • အောက်ခြေ မကပ်သော ဒယ်အိုးကို အသုံးပြုပါ
  • ဒယ်အိုးထဲကို ဆီများများ ထည့်ပေးကာ အပူပေးပါ
  • အိုးထဲမှဆီအငွ့ တက်လာတာနဲ့  မီးကို အလယ်လောက်အထိ လျှော့ပေးပါ
  • ဆီပူလာတာ အနေတော် ဖြစ်ပါက တန်ပူရာမှုန့် အနှစ်စပ်ထားသော ပဲရည်ဖျော်ကို ဟင်းချိုခပ် ယောက်ချိုဇွန်းနှင့် သမအောင်မွှေပြီး ဇွန်းတ၀က်သာသာ ခပ်ကာ အိုးထဲကို ထည့်ပေးပါ
  • ဆီအိုးထဲ ထည့်ရာမှာ ဇွန်းကိုစောင်းပြီး အိုးဘေးအနားဘက်မှစပြီး  အလယ်ကို ရောက်တဲ့အထိ ဖြန့်ပြီးထည့်ပေးကာ အိုးဆန့်သလောက် ထည့်ပေးပါ
  • ပဲစေ့များပြန့်နေမှ အကျက်ညီမှာ ဖြစ်တဲ့အတွက် ပဲစေ့များ ပုံနေပါက အကျက်မညီဘဲ ဖြစ်သွားတတ်ပါတယ်
  • ပဲအနှစ်များ ထည့်ပြီးပါက လှန်ပေးစရာမလိုဘဲ သူ့ဘာသာသူ ကြွတ်ပြီးမွတက်လာမှ အသာလေး ဆယ်ပြီး ဗနာက်တစ်ဖက်ကို လှန်ပေးပါ 
  • ပဲကြော်လေးတွေ ကြွတ်လာပါက ဆယ်ကာ ဆီစစ်ဇကာပေါ်မှာ တင်ပြီး ဆီစစ်ပေးပါ
  • နောက်ထပ် ကျန်သော ပဲများကိုလဲ ပထမ ကြော်သည့်အတိုင်း ထည့်ကြော်ပေးပါ 
  • အားလုံကြော်ပြီး ဆီစစ်သွားပါက မိမိတို့ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Wednesday 21 June 2023

မတ်ပဲကြော်


 






အသားဟင်းတွေ မစားချင်လေတော့ အသီးအရွက်တို့ ပဲမျိုးစုံတို့ဘက် လှည့်ဖြစ်လေတိုင်း ပဲဆိုရင် တမျိုးမဟုတ်တမျိုး လုပ်စားဖြစ်ပါတယ်။

အကြော်ကြော်တဲ့ အခါမှာ ဆီများများလေး သုံးဖို့တော့ လိုပါတယ် ဆီများများပါမှ မတ်ပဲကြော် ကြော်တဲ့အခါ မွပြီး ရွနေမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့  ဒီတခါ မတ်ပဲကြော် မွမွလေး ကြော်ဖြစ်သွားလို့ မာမာကြော် ကြော်ဖြစ်သွားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မတ်ပဲ - 1 cup
  2. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  3. ချင်း - ထမင်းစားဇွန်း တဇွန်းစာ
  4. နံနံပင် - ထမင်းစားဇွန်း ၂ဇွန်းစာ
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  6. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  7. ဆီ - လိုသလောက်သုံးပေးပါ
  8. ရေ -ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ပုံ
  •  မတ်ပဲကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ၅နာရီခန့် ရေစိမ်ပေးထားပါ
  • ပဲရေစိမ်ထားတာ အချိန်ပြည့်လောက်ပါက ပါ၀င်ပစ္စည်းများကို ပြင်ပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ရိတ်ရိတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ရေစိမ်ထားသောပဲကို ကြိတ်စက်ထဲထည့်ပြီး အရင်ဆုံး တမိနစ်လောက် ကြိတ်လိုက်ပါ
  • တမိနစ်လောက် ကြိတ်ပြီးတာနဲ့ စက်ကိုခနနားပြီး ကြိတ်စက်ထဲမှ ပဲများကို ဇွန်းဖြင့် အထက်အောက် မွှေပေးကာ ဘေးမှာကပ်နေတဲ့ ပဲတွေကို ခြစ်ချပေးပါ
  • ပြီးတာနဲ့ ရေ ထမင်းစားဇွန်းတဇွန်း ထည့်ကာ နောက်ထပ် တမိနစ် ဆက်ပြီးကြိတ်ပေးပါ
  • ပဲကြိတ်ချိန် တမိနစ်ပြည့်တာနဲ့ စက်ကိုခနရပ်ပြီး ကြိတ်စက်ထဲက ပဲများကို အထက်အောက် လှန်ကာ ဘေးမှာ ကပ်နေတာတွေ ခြစ်ချပေးပါ
  • နောက်ထပ် ရေထမင်းစားဇွန်း တဇွန်းထည့်ပြီး နောက်ထပ်တမိနစ် ထပ်ကြိတ်ပေးပါ
  • စုစုပေါင်း ရေ ထမင်းစားဇွန်း လေးဇွန်းလောက် ကုန်အောင် ကြိတ်ပေးပြီး ပဲများချောမွတ်စွာ ကျေညက်သွားစေရန် နောက်ထပ် ၃မိနစ်လောက် ထပ်ကြိတ်ပေးပါ
  • ပဲကြိတ်ပြီးပြီဆိုတာနဲ့ ဇလုံတခုထဲ ပြောင်းထည့်ကာ ဆား ကြက်သားမှုန့် နံနံပင် ချင်းနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ ပဲကိုလေ ကောင်းကောင်းခိုလို့ ကောင်းစေမည့် မွှေတံဖြင့် လက်သန်ရာဘက်သို့ အနည်းဆုံး ၂မိနစ်ဆက်တိုက် မွှေပေးပါ
  • ပဲကြော်ရန်အတွက် လေခိုမှု လုံလောက် မလောက်ဆိုတာကို သိစေရန် ရေထည့်ထားသော ဇလုံထဲသို့ ကြိတ်ပြီးသားပဲကို အနည်းငယ်ယူပြီး ထည့်ကြည့်ပါက ပဲလုံးကလေး ရေပေါ်ပေါ်လာလျှင်မတ်ပဲကြော် ကြော်ရန်အသင့် ဖြစ်ပါပြီ။
မတ်ပဲကြော်ရန်
  1. ဒယ်အိုးထဲမှာ ဆီကိုထည့်ပေးပြီး အပူပေးပါ
  2. ဆီအရမ်း ပူလာတာနဲ့ မီးကို အနေတော် လျှော့ပေးလိုက်ပါ
  3. ပြီးတာနဲ့ လက်ကိုရေစွတ်ရန် ရေဇလုံသန့်သန့် တခုကို ပြင်ထားပါ
  4. လက်ကို ရေစွတ်ပြီး ရေများ စိုစွတ်စွာ ပါမလာစေရန် လက်ကိုဆီအိုးနှင့် လွတ်သော နေရာမှာ ခါပေးပြီးမှ အရသာ စပ်ထားသောပဲကို အကြော်တခုစာ ယူလိုက်ပါ
  5. အရသာ စပ်ထားသော ပဲသား တခုစာကို လက်ဝါးပေါ်တင်ပြီး အနည်းငယ်ဖြန့်ကာ လက်ညှိုးနှင့် အလယ်တည့်တည့်ကို ဖောက်ပေးပြီးမှ ဆီပူအိုးထဲကို အသာလေး လျောချပေးပါ
  6. အထက်ပါ နည်းအတိုင်း အရသာ နယ်ထားသော ပဲများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  7. ပဲကြော်နေစဉ်  တဖက်ကျက်ပါက တဖက်ကို လှန်ပေးကာ ၂ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  8. ဆီစစ်သွားပါက မိမိနှစ်သက်သလို စားသုံးနိူင်သော မတ်ပဲကြော် မွမွလေး ရပါပြီ။

Tuesday 20 June 2023

Salmon ငါးသောက်ဆမ်းဟင်း

 




မာမာဒီနေ့တော့ salmon ငါးနှစ်တုံး ဝယ်လာပြီး ငါးသောက်ဆမ်း ချဉ်ငံစပ်ဟင်းလေး ချက်ဖြစ်ပါတယ် အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် မာမာက ဆီမထည့်ဘဲ ချက်ထားပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးသောက်ဆမ်း ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆယ်လမွန်ငါး - နှစ်တုံး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
  5. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. သံပုရာသီး - အနေတော် တစ်လုံး
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  13. ရေ - ယောက်ချိုဇွန်း လေးဇွန်း
ပြင်ဆင်ပုံ

  • ငါးကို အရည်ခွံ ဖယ်ပေးပြီး သန့်စင်ကာ ရေဆေးပေးပြီး ရေစစ်ပေးပါ
  •  ရေစစ်သွားတာနဲ့  ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ရေယောက်ချိုဇွန်း လေးဇွန်းကို ထည့်ပြီး အပူပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့  ခရမ်းချဉ်သီး ပုဇွန်ငါးပိ ငရုတ်သီးစိမ်း ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ထည့်ပေးကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ 
  • ရေပွက်ပွက်ဆူလာတာနဲ့ ရေထဲကို အရသာ နယ်ထားသော ငါးများကို ထည့်ပေးပါ
  • ငါးအသား မာလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို  ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ငါးအရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ၇နှစ်မိနစ်လောက်ဘဲ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ ငံပြာရည်နှင့် သံပုရာရည် ထည့်ပေးကာ မိမိစိတ်ကြိုပ် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  နံနံပင် အုပ်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • Salmon ငါး အရည်သောက်ဆမ်း ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Sunday 18 June 2023

က ကတစ်ငါး သောက်ဆမ်းဟင်း



မာမာဒီနေ့တော့ က ကတစ်ငါး တစ်ကောင် ဝယ်လာပြီး ငါးသောက်ဆမ်း ချဉ်ငံစပ်ဟင်းလေး ချက်ဖြစ်ပါတယ် အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် မာမာက ဆီမထည့်ဘဲ ချက်ထားပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးသောက်ဆမ်း ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး - တစ်ကောင် (တစ်ကီလိုခန့်)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
  5. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. သံပုရာသီး - အနေတော် တစ်လုံး
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  13. ရေ - ယောက်ချိုဇွန်း လေးဇွန်း
ပြင်ဆင်ပုံ

  • ငါးကို အကြေးခွံနှင့် မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ကာ ရေဆေးပေးပြီး ရေစစ်ပေးပါ
  •  ရေစစ်သွားတာနဲ့ အနေတော် အတုံးလေးတွေတုံးကာ ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ရေယောက်ချိုဇွန်း လေးဇွန်းကို ထည့်ပြီး အပူပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့  ခရမ်းချဉ်သီး ပုဇွန်ငါးပိ ငရုတ်သီးစိမ်း ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ထည့်ပေးကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ 
  • ရေပွက်ပွက်ဆူလာတာနဲ့ ရေထဲကို အရသာ နယ်ထားသော ငါးများကို ထည့်ပေးပါ
  • ငါးအသား မာလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို  ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ငါးအရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ၇နှစ်မိနစ်လောက်ဘဲ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ ငံပြာရည်နှင့် သံပုရာရည် ထည့်ပေးကာ မိမိစိတ်ကြိုပ် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  နံနံပင် အုပ်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • က ကတစ်ငါး အရည်သောက်ဆမ်း ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Saturday 17 June 2023

ကြက်သား အကြွတ်ကြော်

 






ဒီနေ့တော့ ထမင်းပူပူလေးနဲ့ဘဲစားစား ဒီအတိုင်းလေးဘဲစားစား အရမ်းကိုမှ စားလို့ကောင်းလွန်းတဲ့ ကြက်ပေါင်သား ကြက်ကြော်မွှေးမွှေး မွမွလေးကို ကြော်ဖြစ်ပါတယ်  ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ ကြက်ကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ပေါင်သား - ရှစ်ခု
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် Paper Towelနှင့် ခပ်ဖွဖွ သုတ်ပေးပါ
  • ပြီးတာနဲ့ ကြက်ပေါင်ရဲ့ အလယ်မှ အရိုးကို ထုတ်ပေးပြီး ကြက်ပေါင်သားကို ဖြန့်ခင်းကာ ဓါးနဲ့ ခပ်နူတ်နူတ် ပေါက်ပေးပါ
  • အသားများကို နနွင်းမှုန့် ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့် တို့နဲ့ အရသာ၀င်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက တစ်နာရီလောက် နှပ်ထားပေးပါ
  • အရသာ နှပ်ပြီးသွားပါက အောက်ချေ မကပ်သော ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုခပ်များများထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးကိုအနေတော်မှာ ထားပေးပြီး ကြက်သားကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • အိုးထဲကို ကြက်သားထည့်ပါက ဖြန့်ပြီးထည့်ပေးပါ
  • ကြက်သားတုံး တစ်ဖက်ရွှေဝါရောင် သန်းလာရင် နောက်တစ်ဖက် လှန်ပေးပြီး နောက်တစ်ဖက် ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို စားသုံရန် ပြင်ပေးနိုင်ပါပြီ။