ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးသောက်ဆမ်း ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- က ကတစ်ငါး - တစ်ကောင် (တစ်ကီလိုခန့်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
- ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- သံပုရာသီး - အနေတော် တစ်လုံး
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
- ရေ - ယောက်ချိုဇွန်း လေးဇွန်း
ပြင်ဆင်ပုံ
- ငါးကို အကြေးခွံနှင့် မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ကာ ရေဆေးပေးပြီး ရေစစ်ပေးပါ
- ရေစစ်သွားတာနဲ့ အနေတော် အတုံးလေးတွေတုံးကာ ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
ဟင်းချက်ရန်
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ရေယောက်ချိုဇွန်း လေးဇွန်းကို ထည့်ပြီး အပူပေးပါ
- ရေ ပွက်ပွက် ဆူလာတာနဲ့ ခရမ်းချဉ်သီး ပုဇွန်ငါးပိ ငရုတ်သီးစိမ်း ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ထည့်ပေးကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက်ဆူလာတာနဲ့ ရေထဲကို အရသာ နယ်ထားသော ငါးများကို ထည့်ပေးပါ
- ငါးအသား မာလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို ထည့်ပေးပါ
- ရေပွက်ပွက် ဆူလာပါက ငါးအရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ၇နှစ်မိနစ်လောက်ဘဲ ပွက်ပွက်ဆူအောင် တည်ပေးပါ
- ပြီးတာနဲ့ ငံပြာရည်နှင့် သံပုရာရည် ထည့်ပေးကာ မိမိစိတ်ကြိုပ် အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ နံနံပင် အုပ်ပေးပါ
- အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
- က ကတစ်ငါး အရည်သောက်ဆမ်း ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment