Sunday 25 June 2023

ဝက်ခေါက်ကင် ငရုတ်ပွကြော်

 






မာမာဒီနေ့တော့ အရင်ရက်က ကင်ထားတဲ့ ဝက်သားလေးတွေကို ငရုတ်ပွနဲ့ ကြော်ပါတယ် ထမင်းစားလို့ မြိန်စေတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်သားကင်  - မိမိနှစ်သက်သလောက်
  2. ငရုတ်ပွ အနီရောင် - အနေတော် တစ်ခြမ်း
  3. ငရုတ်ပွ အဝါရောင် - အနေတော် တစ်ခြမ်း
  4. ငရုတ်ပွ အစိမ်းရောင် - အနေတော် တစ်ခြမ်း
  5. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  11. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း လေးဇွန်း (အစိမ်းကြော်ကြော်ရန်)

ပြင်ဆင်ပုံ
  • ဝက်သားကင်ကို အနေတော် အတုံးလေးတွေ တုံးထားပါ
  • ငရုတ်ပွများကို ရေဆေးပြီး ရေဆေးကာ ပုံပါအတိုင်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်ပွများနှင့် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ထည့်ကြော်ပေးပါ
  • ငရုတ်ပွများက အကျက်မြန်တဲ့အတွက် တစ်မိနစ်လောက်ဘဲ ကြော်ကာ ဝက်ခေါက်ကင်ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည် အကြည် ပဲငံပြာရည် အနောက် ဆားနှင့် အရသာမှုန့်တို့ကို တစ်မိနစ်လောက်ဘဲ ထည့်ကြော်ပါ
  • ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးကာ မီးပိတ်ပေးပါ 
  • ချိုစိမ့်စိမ့် ဝက်ခေါက် ငရုတ်ပွကြော်လေးကို  ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment