Wednesday 28 June 2023

ကြက်သား ငရုတ်ပွကြော်

 


မာမာဒီနေ့တော့ ဝက်သားကို ငရုတ်ပွနဲ့ ကြော်ကာ နံနံပင်အုပ်ပြီး ချက်ထားပါတယ် ဝက်သားကို နံနံပင် အုပ်ပြီးစားရတဲ့ အရသာက အရသာ တစ်မျိုးလေး ထူးဆန်းတဲ့အတွက် ကြော်စားချင်စိတ် ပေါ်တဲ့အခါ ကြော်စားနိူင်ရန်အတွက် မာမာပြင်ဆင်ပြီး ချက်တဲ့နည်းလေးကို မျှဝေပေးလိုပ်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်သား  - မိမိနှစ်သက်သလောက်
  2. ငရုတ်ပွ အနီရောင် - အနေတော် တစ်ခြမ်း
  3. ငရုတ်ပွ အစိမ်းရောင် - အနေတော် တစ်ခြမ်း
  4. နံနံပင် - သုံးပင်ခန့်
  5. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  11. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ရေ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း (အစိမ်းကြော်ကြော်ရန်)
  • ပြင်ဆင်ပုံ

    • ဝက်သားကို  အနေတော် အတုံးလေးတွေ တုံးထားပါ
    • ပြီးတာနဲ့ ဆား အရသာမှုန့်တို့ကို သင့်တော်သလို ထည့်ပေးကာ နယ်ထားပါ
    • ငရုတ်ပွများကို ရေဆေးပြီး ရေဆေးကာ ပုံပါအတိုင်း လှီးထားပါ
    • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
    • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
    • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
    • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
    • ဆီပူလာတာနဲ့ ဝက်သားကို ထည့်ကြော်ပေးကာ အသားများ မာလာပါက ရေမြပ်အောင် ထည့်ပေးကာ ရေခမ်းတဲ့အထိ တည်ပေးပါ
    • ဝက်သားကြော်ထားတာ ရေခမ်းလာပါက ငရုတ်ပွများနှင့် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ထည့်ကြော်ပေးပါ
    • ငရုတ်ပွများက အကျက်မြန်တဲ့အတွက် တစ်မိနစ်လောက်ဘဲ ကြော်ကာ အရသာ သမအောင် မွှေပေးပါ
    • ပြီးတာနဲ့ ပဲငံပြာရည် အကြည် ပဲငံပြာရည် အနောက် ဆား ရေနှင့် အရသာမှုန့်တို့ကို မိနစ်လောက်ဘဲ ထည့်ကြော်ကာ နံနံပင် အုပ်ပေးကာ မီးပိတ်ပေးပါ
    • ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး မီးပိတ်ပေးပါ 
    • ဝက်သား ငရုတ်ပွကြော်လေးကို  ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment