Monday 26 June 2023

ဝက်သားကြော် ကြွတ်ကြွတ်လေး


 






ဒီနေ့တော့ ဝက်သုံးထပ်သားကို ဒယ်အိုးနဲ့ ကင်ကြော်လေး ကြော်ဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ဘဲစားစား ဒီအတိုင်းလေးဘဲစားစား အရမ်းကိုမှ စားလို့ကောင်းလွန်းတဲ့ ဝက်အကြွတ်ကြော်ကို မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်သုံးထပ်သား - လေးခု
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ 
ပြင်ဆင်ပုံ
  • ဝက်သားများကို ရေဆေးပေးကာ အသားများကို နနွင်းမှုန့် ဆား အရသာမှုန့်  ငရုတ်ကောင်းမှုန့်တို့နဲ့အရသာ၀င်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပေးကာ တစ်နာရီလောက် နှပ်ထားပေးပါ
  • အောက်ချေ မကပ်သော ဒယ်အိုးတစ်လုံးထဲမှာ ဝက်သားကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေများခမ်းလာပါက အိုးကိုအဖုံးအုပ်ကာ မီးခပ်မျှင်းမျှင်းနဲ့ တည်ပေးပါ
  • ဝက်သားထဲမှ ဆီများထဲ ထွက်လာပြီး အောက်ဖက်အပိုင်းက ကျပ်လာပါက နောက်တစ်ဖက်ကို လှန်ပေးကာ ဆက်တည်ပေးထားပါ
  • နောက်တစ်ဖက် ရွှေဝါရောင် သန်းလာပါက နောပ်တစ်ဖက်ကို လှန်ပေးကာ မီးမျှင်းမျှင်းနဲ့ ဆက်တည်ပေးပါ
  • ထိုနညါးအတိုင်း သုံးလေးခါလောက် လုပ်ပေးပြီးပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဝက်သုံးထပ်သား ကြွတ်ကြွတ်မွှေးမွှေးလေးကို စားသုံရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment