Saturday 27 April 2024

ငါး ငရုတ်သီးစိမ်း ငပိချက်


 မာမာဒီနေ့တော့ ကပ်ကတစ်ငါး အသားလွှာပြီးသား တစ်ကီလို ဝယ်လာပြီး တစ်ဝက်ကို ငရုတ်သီးစိမ်း ခပ်များများလေးနဲ့ ငါးငပိချက်လေး ချက်ပါတယ်။ 


မာမာက ဆီမထည့်ဘဲ ချက်ထားပြီး ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးငပိချက် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး အသားလွှာပြီးသား - တစ်ပြား (ကီလိုဝက်ခန့်)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
  5. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ

  • ငါးအသားပြားကို ရေဆေးပြီး ရေစစ်ပေးထားပါ
  • ရေစစ်သွားတာနဲ့ အနေတော် အတုံးလေးတွေတုံးကာ ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် အနေအထား ထောင်းထားပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ရေယောက်ချိုဇွန်း လေးဇွန်းကို ထည့်ပြီး အပူပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့  ပုဇွန်ငါးပိ ငရုတ်သီးစိမ်း ကြက်သွန်နီတို့ကို ထည့်ပေးကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ 
  • ရေပွက်ပွက် ဆူလာတာနဲ့ ရေထဲကို အရသာ နယ်ထားသော ငါးများကို ထည့်ပေးပါ
  • ငါးအသား မာလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို  ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ငါးငပိချက် ချက်မှာဖြစ်တဲ့အတွက် ၇နှစ်မိနစ်လောက်ဘဲ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်ထည့်ပေးကာ မိမိစိတ်ကြိုပ် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ငပိချက် ချက်မှာ ဖြစ်တဲ့အတွက် ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • က ကတစ်ငါး ငပိချက် အရသာ အနေတော် ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Thursday 25 April 2024

သီးရွက်စုံ ကော်ရည်



 သီးစုံကော်ရည် ချက်တဲ့နေ့က ထမင်းမြိန်စေတဲ့ နေ့လေးတစ်နေ့ပါဘဲ အသားမပါပေမဲ့ အချို အငံအရသာ ပိုထားပြီး အသီးအနှံတို့ရဲ့ အဟာရ အရသာတို့က ပြည့်စုံနေတဲ့အတွက် စားမြိန်ဖွယ်ရာ ဟင်းတစ်တယ်ဆိုလဲ မမှားပါဘူး။

ထမင်းပေါင်း လုပ်စားချင်ရင်လဲ ထမင်းပူပူလေးအပေါ် ဆမ်းပြီးစားနိုင်တဲ့ ဟင်းတစ်မျိုး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. ခပ်ထူထူ လှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. အနေတော် လှီးထားသော ဘရိုကိုလီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  3. အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  4. အခွံခွာပြီး လှီးထားသော မုံလာဥနီ - ဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
  5. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  6. တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
  7. ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  8. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ကော်ရည်ဖျော်ပုံ
  • အသီးအရွက်မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
  • ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ။
အသီးအရွက်ကြော်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ တရုတ်နံနံမှလွဲပြီး အားလုံးကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များကို နှစ်မိနစ်လောက်ဘဲ ကြော်ပေးပါ အရွက်များနွမ်းလျှင် စားလို့မကောင်းပါ
  • အရွက်များ အရမ်းမနွမ်းခင်မှာ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပြီး မွှေပေးပါ
  • ကော်ရည်ပျစ်လာပါက တရုတ်နံနံ ထည့်မွှေပြီးတာနဲ့ မီးပိတ်ပေးပါ
  • သီးရွက်ထစုံ ကော်ရည်လေး ရပြီဖြစ်တဲ့အတွက် မင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Wednesday 24 April 2024

ကြက်သား ခရုဆီ


မာမာ ဒီနေ့တော့ ကြက်ရင်ပုံသားကို ခရုဆီနဲ့ ဆီပြန်ဟင်း ချက်ဖြစ်ပါတယ် ခရုဆီပါတဲ့အတွက် ကြက်သား အရသာက စားလို့ အရမ်းကောင်းပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ပေါင်သား - 500 g 
  2. ထန်းလျှက်အပျော့ - ထမင်းစားဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  8. ကြက်သွန်နီ - အနေတော် တစ်လုံး (အနှစ်ရရန် လှီးထည့်ပါ)
  9. ချင်း - လက်တစ်ဆစ်ခန့်
  10. စပါးလင် - တစ်ပင်
  11. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ခရုဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ့
  • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ထန်းလျှက်အပျော့ - ထမင်းစားဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာ၀င်အောင် နယ်ထားပါ

လိုသောပစ္စည်းများ ပြင်ဆင်ပုံ
  • ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • စပါးလင်ရွက်များကို ရေဆေးပြီး ထုံးထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်နီ အနေတော် တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်နူတ်နုတ် လှီးထားပါ
  • ခရုဆီကို အဆင်သင့် ပြင်ထားပါ
ပြင်ဆင်ပုံ
  • အရသာ နယ်ထားသော ကြက်သားနှင့်ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နှင့် ငရုတ်သီးအရောင်တင်မှုန့်ထောင်းတို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ကို နှစ်မိနစ်လောက် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သား အသားများ မာကျစ်လာတဲ့ထိ ဆီသတ်ပေးပါ
  • ကြက်သား အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး အုံးအဖုံးအုပ်ကာ ကြက်သားနူးတဲ့အထိ ဆက်တည်ပေးပါ 
  • ကြက်သားနူးကာနီးမှ ခရုဆီကို ထည့်မွှေပေးပါ
  • ရေခမ်းပြီး ဆီလည်ရေလည် ဖြစ်လာပါက အထက်အောက် သမအောင် မွှေပေးပြီး ဆီပြန်လာအောင် တည်ပေးပါ
  • ဆီပြန်လာပါက ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday 22 April 2024

ကောက်ညှင်းပဲကပ်ကြော်

 



မာမာဒီနေ့တော့ ပဲကပ်ကြော်လေး ကြော်ထားပါတယ် ပြင်ရဆင်တာလေး အချိန်ပေးရပေမဲ့ ကြော်ရတာတော့ အရမ်းကိုဘဲ လွယ်ပါတယ်။

ချင်းနံ့နှင့် ကြက်သွန်ဖြူနံ့ မွှေးမွှေးလေးနဲ့ စားလို့အရမ်းကောင်းပါတယ် နောက်တစ်ခုက ပဲကပ်ကြော် ကြော်တဲ့အခါ ကုလားပဲဆံကို ရေစိမ်ပြီး ပွလာတဲ့အတိုင်းဘဲ ကြော်ပေးပါ။

ပဲကိုပြုပ်ပြီး ကြော်လိုက်ပါက ကောက်ညှင်း ပဲကပ်ကြော်မှာ ကပ်ပြီးကြော်တဲ့ ပဲတွေက မာကျစ်ကျစ်ကြီးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ (မုန့်၇ခုစာအတွက်)

  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် နှစ်ခွက်
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  3. ရေကျက်အေး - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်နှင့် လက်တစ်လုံးစာ
  4. ကုလားပဲခြမ်း - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်
  5. ချင်း - တစ်လက်မ မရှိတစ်ရှိ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  8. ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  10. ဆီ - လိုသလောက် သုံးပေးပါ
  11. ကောက်ညှင်းမှုန့် - အနည်းငယ် (ဘန်းမှာဖြူးပေးရန်)
ပြင်ဆင်ပြုလုပ်ပုံ
  • ကုလားပဲဆံကို ရေသုံးထပ်လောက် ဆေးပေးပြီး ရေခပ်များများလေးထည့်ကာ အနည်းဆုံး ခြောက်နာရီလောက် စိမ်ထားပေးပါ
  • ကောက်ညှင်းတို့ရဲ့ သဘာဝ ကြော်တဲ့အခါမှာ ပေါက်ထွက်တတ်ပါတယ်
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပြီး အအေးခံပေးထားပါ
  • ဇလုံ တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်ကို ရောကာ ရေကျက်အေးကို နည်းနည်းချင်း ထည့်ပေးကာ မုန့်သား ပျော့လာတဲ့အထိ နယ်ပေးပါ
  • မိမိတို့ အသုံးပြုကြတဲ့ ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်များ မတူညီနိူင်တဲ့အတွက် ရေကျက်အေးကို နည်းနည်းချင်း ထည့်နယ်ပေးပါ
  • မုန့်သား အပျော့အမာအတွက် ရေကျက်အေးကို လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • မုန့်သားအနေအထားကို လက်ထဲမှာယူပြီး လေးငါးဆယ်ချက်လောက် ဆုတ်ကြည့်လိုက်တဲ့အခါမှာ မုန့်သားများ ကွဲမထွက်တော့ဘူးဆိုရင် မုန့်ညှက်အတွက် ရပါပြီ
  • ပြီးတာနဲ့ ဗူးထဲထည့်ကာ အဖုံးအုပ်ပေးပြီး အနည်းဆုံး ခြောက်နာရီလောက် ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ထည့်ထားပေးပါ
  • မာမာကတော့ မနက်စောစောလေး ကြော်မှာ ဖြစ်တဲ့အတွက် ညထဲက မုန့်သားနပ်အောင် နယ်ထားပါတယ်။
အကြော်ကြော်ရန်
  • နောက်နေ့မနက် အကြော် မကြော်ခင်မှာ အကြော်ကြော်ဖို့အတွက် ပြင်ပါမယ်
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ အမျှင်ဖတ်လေးများ ကျန်တဲ့အထိ ထောင်းပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ညကနယ်ပြီး နှပ်ထားသော မုန့်ညှက် အရသာမှုန့် ကြက်သွန်ဖြူ ချင်း ဆိုဒါနှင့် ဆားတို့ထည့်ပြီး အရသာ သမအောင် ထည့်နယ်ပေးပါ
  • ညထဲက မုန့်ညှက်ရအောင် နယ်ထားတဲ့အတွက် အနည်းငယ် ခြောက်သယောင် ဖြစ်နေပါက ရေကျက်အေး နည်းနည်းထပ်ထည့်ပြီး နယ်ပေးပါ
  • ပြီးတာနဲ့ ၁၅မိနစ်လောက် နှပ်ထားပေးပါ
  • ရေစိမ်ထားသော ကုလားပဲဆံကို ရေတစ်ထပ်ဆေးပြီး ရေစစ်ထားပါ
  • ပန်းကန်ပြား တစ်ချပ်ထဲမှာ ကောက်ညှင်းမှုန့် အနည်းငယ် ဖြူးထားပေးပါ
  • မုန့်ညှက် နှပ်ထားတာ ရတာနဲ့ ပဲကပ်ကြော် တစ်ချပ်စာ ယူပေးပြီး လက်ထဲမှာ အရင်ဆုံး ဆုတ်ဆုတ်ပြီး လုံးပေးပါ
  • မုန့်သားလေး ညက်လာပြီဆိုရင် လက်ဝါးနှစ်ဖက်ကြားမှာ ညှပ်ပေးကာ မထူမပါး အနေအထား ခပ်ပြားပြားလေး ရလာအောင် ပြားပေးထားပါ
  • မုန့်ညှက်ကလေး တစ်ခုရတိုင်း ရေစစ်ထားသော ကုလားပဲဆံထဲမှာ ပဲများကပ်သွားအောင် နှစ်ဖက်လုံးမှာ ကပ်ပေးပါ
  • ပြီးတာနဲ့ လက်ဝါးနှစ်ဖက်ကြားမှာ ထည့်ပြီး မုန့်ညှပ်မှာ ပဲများကပ်သွားအောင် အသာလေး ဖိပေးပါ
  • ပြီးတာနဲ့ ကောက်ညှင်းမှုန့် ့ဖြူးထားသော ပန်းကန်ပြားထဲမှာ တစ်ခုနှင့်တစ်ခု မထိအောင် ထည့်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီခပ်များများ ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်လောက်ထိ လျှော့ပြီးမှ ပဲကပ်ထားသော မုန့်ညှက်ကိုယူကာ တစ်ခုချင်း ထည့်ပေးပါ
  • မီးအရမ်း ပြင်းပါက ပဲလေးတွေ မကျက်ဘဲ ဖြစ်တတ်အတွက် မီးအရမ်း မပြင်းစေရန် သတိထားပြီး ကြော်ပေးပါ
  • ထိုနည်းအတိုင်း ဆီအိုးထဲမှာ အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • တစ်ဖက် ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်းပေးကာ ဆက်ကြော်ပေးပါ
  • ပဲကပ်ကြော် တစ်ချပ်လုံး ရွှေဝါရောင်လေး သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားကာ ကျန်နေသော မုန့်ညှက်များ ကုန်တဲ့အထိ ဆက်ကြော်ပေးပါ
  • အားလုံး ကြော်ပြီးတာနဲ့ စိမ့်ပြီးမွှေးနေတဲ့ ပဲကပ်ကြော်လေးတွေကို မိမိတို့ နှစ်သက်သလို စားသုံးရန် အဆင်သင့် ဖြစ်ပါပြီ။
  • အားလုံးကြော်ပြီးတဲ့ အခါမှာ ရေစိမ်ပြီးသား ပဲအနည်းငယ် ကျန်ပါတယ် အကြော်ကြော်လို့ပိုတဲ့ ဆီထဲမှာ ထည့်ကြော်လို့ရပါတယ်။

Saturday 20 April 2024

ဟင်းနုနွယ်သုပ်

 








အခုတလော Sydneyမှာ ရာသီဥတုက အေးစိမ့်လို့ လာခဲ့ပါပြီ ရာသီဥတု အနေအထားအရ ချဥ်ငံစပ် အသုပ်လေးတွေ စားချင်လာခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းရောင် ဟင်းနုနွယ်ရွက် - အနေတော် ဇကာတစ်လုံး
  2. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  9. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ဟင်းနုနွယ်ရွက်ကို အကြောသင်ပြီး အရွက်ခြွေကာရေစင်အောင်ဆေးပြီး နှစ်မိနစ်ခန့် ပြုပ်ပေးကာ ရေသွန်ပေးပါ
  • ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ဟင်းနုနွယ်ရွက်များ ကြက်သွန်နီ ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးလေးနဲ့ ချဉ်ငံစပ် ဟင်းနုနွယ်ရွက် အသုပ်ကို စားသုံးနိူင်ပါပြီ။

Friday 19 April 2024

မုန့်လက်ကောက်ကြော်

 

အပြင်မသွားဖြစ်တဲ့ ရက်တွေတိုင်း အိမ်မှာမြန်မာမုန့်လေးတွေ လုပ်စားရတာ အင်မတန် ပျော်ဖို့ကောင်းပါတယ် ဒီနေ့တော့ မုန့်လက်ကောက်ကို ကြွတ်ကြွတ်လေး စားချင်တာနဲ့ နှစ်ပြန်ကြော်လေး ကြော်ထားပါတယ်။


ကောက်ညှင်းနဲ့ လုပ်တဲ့ မုန့်အများစုက ကြော်ပြီးတာနဲ့ ပျော့သွားတယ်လို့ ပြောတတ်ကြပါတယ် ကောက်ညှင်းတို့ရဲ့ ထုံးစံမို့လို့ မုန့်လုပ်ရင် ပျော့တတ်တာ သဘာ၀ပါဘဲ မပျော့အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး အကြိမ်ကြိမ် စမ်းသပ်လိုက်တာ ဒီတစ်ခါတော့ အောင်မြင်သွားပါပြီ။

မုန့်လက်ကောက်ကို မီးအရမ်း မပြင်းစေဘဲ မီးအနေတော်နဲ့ ပထမ တစ်ခါကြော်ပြီး ကျက်တာနဲ့ ဆယ်ပြီးဆီစစ်၍ အအေးခံကာ နောက်တကြိမ် ဆီကိုပူအောင်တည်ပေးပြီး မီးအနည်းငယ် ထပ်လျှော့ပြီးမှ မီးအေးအေးနဲ့ ပြန်ပြီးကြော်ပေးခြင်းဖြင့် ကောင်ညှင်းမုန့်လက်ကောက် ကြွတ်ကြွတ် မွမွကြော်လေး ရလာပါလိမ့်မယ်။

မုန့်လက်ကောက်က ကြော်တတ်ပြီး ကြော်နည်းလေးသိရင် စားလို့အရမ်းကောင်းသလို ကြော်လို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ ကြော်နည်းမကျွမ်းကျင်ရင်တော့ ကြော်တဲ့အခါ အန္တရာယ် နည်းနည်းများပါတယ်။

မကြော်ခင် မုန့်သားစပ်ပြီး အနည်းဆုံး ၈နာရီလောက် မုန့်သားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ဆီပေါက်ပြီး ဆီရော မုန့်သားတွေပါ တော်တော် ခပ်ဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ်။

အခန့်မသင့်ရင် ဆီပူတွေက လူကိုထိမှန်ပြီး အပူလောင်တတ်ပါတယ် ဖြစ်နိူင်ရင်တော့ မုန့်လက်ကောက်ကို မုန့်သားစပ်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထားပြီးမှ ကြော်တာက အကောင်းဆုံး ဖြစ်ပါတယ်။

မုန့်သားစပ်တဲ့ အခါမှာလဲ တစ်ယောက်နဲ့ တစ်ယောက် သုံးကြတဲ့ ကောက်ညှင်းမှုန့် အမျိုးအစားတွေ မတူကြတဲ့အတွက် ရေနွေးကိုလိုတိုး ပိုလျှော့ လုပ်ပေးပါ။

ဒါကြောင့်မို့ မိမိကို ဆီပူမထိရလေအောင် မုန့်သားသေအောင် ထားပြီးမှ ကြော်တာက အကောင်းဆုံးပါဘဲ မုန့်သားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ပါဘူးရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့်. - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် နှစ်ခွက်
  2. ဆန်စိမ်းမှုန့် - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် ခွက်တစ်ဝက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကောက်ညှင်းမှုန့်စပ်ရန်)
  4. baking soda - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ရေခပ်နွေးနွေး - မုန့်လုပ်ရာတွက် ချင်တွယ်သောခွက် တစ်ခွက်
  8. ဆီ - လိုသလောက် သုံးပေးပါ
  9. ထန်းလျှက်ခဲ - 200 g
  10. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထန်းလျှက်ရည်ကျိုရန်)
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်( ထန်းလျှက်ရည်ကျိုတဲ့အထဲ ထည့်ရန်)

ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ဆန်စိမ်းမှုန့် baking soda ဆီ ဗနီကာ ကောက်ညှင်းမှုန့်နှင့် ဆားတို့ကို ထည့်ထားပါ
  • ရေကို အိုးတစ်လုံးထဲမှာထည့်ပြီး ပွက်ပွက်ဆူလာအောင် အပူပေးပါ
  • ပြီးတာနဲ့ ကျိုထားသောရေနွေးကို မုန့်လုပ်ရာတွင် ချင်တွယ်သော ခွက်တစ်ခွက်စာယူပြီး ကောက်ညှင်းမှုန့်ထဲကို နည်းနည်းချင်း ထည့်ပေးကာ နယ်ပေးပါ
  • ကောက်ညှင်းမှုန့် အပျော့အမာအပေါ် မူတည်ပြီး ရေနွေးကို နည်းနည်းချင်း ထည့်ပေးပြီး နယ်ပေးပါ
  • မုန့်သား အနည်းငယ် ပျော့လာပြီဆိုရင် မုန့်သားအရမ်း မပျော့စေရန်ရေကို အကုန်မထည့်ဘဲ ချန်ထားလိုက်ပါ
  • ပြီးတာနဲ့ အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
  • မုန့်သားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ တစ်ညသိပ်လောက် နှပ်ထားပေးပါ
  • မုန့်သားနှပ်ပြီး နောက်တစ်နေ့မှာ မုန့်သားကို လက်တစ်ဖျစ်စာသာသာ အနေတော် မုန့်သားကိုယူကာ လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေး ရတာနဲ့ ထိပ်စ၂ဖက်ကို အဝိုင်းလေးလုပ်ကာ ဖိပြီးဆက်လိုက်ပါ
  • ထိုနည်းအတိုင်း မုန့်သားများကုန်အောင် လုပ်ပေးထားပါ
မုန့်လက်ကောက်ကြော်ပုံ
  • ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကိုမီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီးမှ မုန့်ကွင်းကို တစ်ခုချင်း ထည့်ကြော်ပေးပါ
  • မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ကာ မုန့်သားလဲ ပေါက်ထွက်တတ်ပါတယ်
  • ဒါကြောင့်မို့လို့ မီးအနေတော်နဲ့ဘဲ ကြော်ပေးပါ
  • တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်စလုံး မုန့်သားကျက်ပြီး ကျွတ်လာပါက ဆယ်ပြီး ဆီစစ်ဇကာထဲထည့်ကာ ဆီစစ်ပေးပါ
  • ထိုနည်းအတိုင်း မုန့်သားအားလုံးကုန်အောင် ကြော်ပေးကာ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  • ကြော်ထားသော မုန့်လက်ကောက်များ အေးလာပါက ဆီအိုးကို မီးအနည်းငယ် ထပ်လျော့ကာ အပူပေးပါ
  • ဆီပူလာမှ မုန့်လက်ကောက်များကို တစ်ခုခြင်းစီ အိုးဆန့်သလောက်ထည့်ပေးကာ ထပ်ကြော်ပေးပါ
  • ကြွတ်ရွလာတဲ့အထိ စိတ်ရှည်ရှည် ကြော်ပေးပြီး ဆယ်ကာဆီပြန်ပြီး စစ်ပေးထားပါ
  • မုန့်လက်ကောက် နှစ်ပြန်ကြော်နေစဉ် တဖက်ကျက်လာရင် တစ်ဖက်ကို လှန်ပေးပါ
  • မုန့်လက်ကောက် တစ်ခုလုံး ကျွတ်လာပါက ဆယ်ပြီး ဇကာပေါ်တင်ကာ ဆီစစ်ပေးထားပါ။
ထန်းလျှက်ရည်ကျိုရန်
  • အိုးတစ်လုံးထဲမှာ ထန်းလျှက်ခဲ ဆားနှင့် ရေကိုထည့်ပြီး မီးအနေတော်နှင့် ထန်းလျှက်ခဲ ကျေအောင်ကျိုပေးပါ
  • ထန်းလျှက်ခဲများ ကျေသွားပါက ထန်းလျှက်ရည်ကို ဆက်တိုက်မွှေပေးပါ
  • ပြီးတာနဲ့ ပိတ်ပါးစထဲထည့်ကာ အမှိုက်များ စစ်ပေးပါ
  • အမှိုက်စစ်ထားသော ထန်းလျှက်ရည်ကို အိုးသန့်သန့် တစ်လုံးထဲ ပြန်ထည့်ပြီး ထန်းလျှက်ရည် ပျစ်လာတဲ့အထိ ပြန်ကျိုပေးပါ
  • ထန်းလျှက်ရည် ကြွက်မြှီးတန်း အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
  • ကြွက်မြှီးတန်း အနေအထားလောက်ရရင် အအေးခံပြီးပါက နှစ်ပြန်ကြော် မုန့်လက်ကောက် မွှေးမွှေးလေးနှင့်တို့ပြီး စားသုံးရန် ပြင်ဆင်ပေးလို့ ရပါပြီ။
မှတ်ချက်။ ။ မြန်မာမုန့်တွေ လုပ်ရာမှာ အသုံးပြုတဲ့ ကောက်ညှင်းမှုန့် ဆန်မှုန့်တွေက အမျိုးအစား မတူညီနိူင်တဲ့အတွက် စိတ်ရှည်ဖို့တော့ လိုပါတယ်။

ငါး မရမ်းပြား အချဉ်ချက်

 



မာမာဒီနေ့တော့ က ကတစ်ငါး အသားလွှာပြီးသား တစ်ကီလို ဝယ်လာပြီး ငါးသောက်ဆမ်း ချဉ်ငံစပ်ဟင်းလေး ချက်ဖြစ်ပါတယ် အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် မာမာက ဆီမထည့်ဘဲ ချက်ထားပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးသောက်ဆမ်း ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး အသားလွှာပြီးသား - နှစ်ပြား (တစ်ကီလိုခန့်)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. မရမ်းပြားအခြောက်- အခြမ်း နှစ်ဆယ်ခန့်
  5. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
  6. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. သံပုရာသီး - အနေတော် တစ်ခြမ်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ရေ - ယောက်ချိုဇွန်း လေးဇွန်း
ပြင်ဆင်ပုံ

  • ငါးအသားပြားကို ရေဆေးပြီး ရေစစ်ပေးထားပါ
  • ရေစစ်သွားတာနဲ့ အနေတော် အတုံးလေးတွေတုံးကာ ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် အနေအထား ထောင်းထားပါ
  • မရမ်းပြားကို ရေသုံးထပ်လောက်ဆေးပြီး ရေများများနှင့် နှစ်နာရီလောက် စိမ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ရေယောက်ချိုဇွန်း လေးဇွန်းကို ထည့်ပြီး အပူပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့  မရမ်းပြားများ ပုဇွန်ငါးပိ ငရုတ်သီးစိမ်း ကြက်သွန်နီတို့ကို ထည့်ပေးကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ 
  • ရေပွက်ပွက် ဆူလာတာနဲ့ ရေထဲကို အရသာ နယ်ထားသော ငါးများကို ထည့်ပေးပါ
  • ငါးအသား မာလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို  ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ငါးအရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ၇နှစ်မိနစ်လောက်ဘဲ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် သံပုရာရည် ထည့်ပေးကာ မိမိစိတ်ကြိုပ် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • က ကတစ်ငါး အရည်သောက်ဆမ်း ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Thursday 18 April 2024

ခေါက်ဆွဲကြော်

 

ဒီတစ်ခါတော့ အသားမပါပေမဲ့ အရမ်းစားလို့ကောင်းလွန်းတဲ့ ခေါက်ဆွဲကြော်လေး ကြော်စားဖြစ်ပါတယ် တရုတ်ဆိုင်က အရသာအတိုင်း အရသာမွှေးမွှေး ချိုချိုလေးရတဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥခေါက်ဆွဲအစို - လေးဆယ်သား
  2. ဂေါ်ဖီ - အနေတော် တစ်စိတ်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  7. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  10. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  11. တရုတ်နံနံ - မိမိနှစ်သက်သလောက်
ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ဂေါ်ဖီနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆား ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တမိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ တရုတ်နံနံကိုထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Wednesday 17 April 2024

ကြက်သားဟင်း (ပလာတာနှင့်စားရန်)



မာမာဒီနေ့တော့ ပလာတာနဲ့ စာရဖို့အတွက် ကြက်သားနဲ့ အာလူးကို ဆီလည်ရေလည်လေး ချက်ပါတယ် မာမာ့လိုဘဲ ချက်စားချင်တဲ့  သူတွေအတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သားဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ (၁၀ယောက်စာ)
  1. ကြက်သား - တစ်ကီလို  (အရိုးအသား တွဲသုံးပါ)
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သား အရသာနယ်ရန်)
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  5. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ကြက်သား အရသာနယ်ရန်)
  6. ငရုတ်ပွခြောက် - ခြောက်တောင့် (သို့မဟုတ်)
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  8. ကြက်သွန်နီ - အနေတော် လေးလုံး (ငရုတ်သီးနှင့် ရောထောင်းရန်)
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ကိုးမွှာ (ငရုတ်သီးနှင့် ရောထောင်းရန်)
  10. ချင်း - လက်တစ်ဆစ်ခန့် (ငရုတ်သီးနှင့် ရောထောင်းရန်)
  11. အာလူး - ကီလိုဝက်
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူးအရသာနယ်ရန်)
  13. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အာလူး အရသာနယ်ရန်)
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူး အရသာနယ်ရန်)
  15. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (အာလူးကြော်ရန်နှင့် ဆီသတ်ရန်)
  16. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
  17. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
  18. ကရဝေးရွက် -နှစ်ရွက်
  19. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
  20. ဂေါ်ဖီထုပ် - တစ်စိတ်
  21. ကြက်သွန်နီ - အနေတော် ငါးလုံး
  22. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  23. သံပုရာသီး - ငါးလုံး
  24. ပူစီနံ - မိမိနှစ်သက်သလောက်

ကြက်သားချက်ရန်
  • ကြက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဇလုံထဲမှာ ကြက်သား နနွင်းမှုန့် ဆား အရသာမှုန့်နှင့် မဆလာတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီခန့် နှပ်ထားပေးပါ
ငရုတ်သီးထောင်းရန်
  • ငရုတ်ပွတောင့်ကို နာရီဝက်လောက် ရေစိမ်ပေးပြီး အညှာခြွေကာ ရေဆေးပေးပါ
  • မာမာကတော့ ငရုတ်ပွတောင့် မရှိတဲ့အတွက် ငရုတ်သီး အရောင်တင်မှုန့်ကို သုံးထားပါတယ်ကြ
  • က်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပေးပါ
  • ကြက်သွန်ဖြူ  နှင့် ချင်းကို အခွံခွာပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်ပွတောင့် (သို့မဟုတ်) ငရုတ်သီး အရောင်တင်မှုန့် ချင်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ရောပြီး ထောင်းပေးထားပါ
အာလူးကြော်ရန်
  • အာလူးများကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • ပြီးတာနဲ့ အာလူးမ်ားကို နနွင်းမှုန့် အရသာမှုန့်နှင့် ဆားတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ အာလူးကို ထည့်ကြော်ပေးပါ
  • အာလူးတစ်တုံးလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပေးထားပါ
ဟင်းချက်ရန်
  • အာလူးကြော်ထားသော ဆီအိုးထဲမွာ ပဲနံ့သာစေ့နှင့် ကရဝေးရွက်တို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ပြီးနှပ်ထားသော ကြက်သားများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သားများ လုံးမိအောင် မွှေပေးပါ
  • ကြက်သားအသား မာကျစ်လာတာနဲ့ အာလူးကို ထည့်ပေးပြီး ရေကိုနည်းနည်းချင်း ထည့်ပြီးချက်ပေးပါ
  • ကြက်သားနှင့်အာလူး နူးတဲ့အထိ ရေကိုနည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ
  • အာလူးနှင့် ကြက်သား နူးလာပါက ဆီလည်ရေလည် အနေအထား ရလာပါက ဆားနှင့် အရသာမှုန့်တို့ ထည့်ပြီး မွှေပေးပါ
  • ဟင်းရည် ပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိိိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိနှစ်သက်တဲ့ အရသာ ရလာတာနဲ့ ကြက်သားဟင်းရည် ရပြီဖြစ်တဲ့အတွက် မီးပိတ်ပေးပါ။

Monday 15 April 2024

ပလာတာနဲ့ ကြက်သားဟင်း






ဒီနေ့တော့ ကြက်သားနဲ့ အာလူးကို ဆီလည်ရေလည်လေး ချက်ပါတယ် ။ ဒီတော့ ပလာတာနဲ့ ကြက်သားဟင်းကို ထမင်းနဲ့ မစားဘဲ ပလာတာနဲ့ စားပါမယ် ပလာတာ လုပ်နည်းကိုတော့ https://mmlazp.blogspot.com/2016/09/blog-post_14.html ဒီလင့်လေးမှာ ကြည့်နိူင်ပါတယ်။

ပလာတာနဲ့ ကြက်သားဟင်းလေးက စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ (၁၀ယောက်စာ)
  1. ပလာတာ - တစ်ဆယ့်ငါးချပ်
  2. ကြက်သား - တစ်ကီလို  (အရိုးအသား တွဲသုံးပါ)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သား အရသာနယ်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ကြက်သား အရသာနယ်ရန်)
  7. ငရုတ်ပွခြောက် - ခြောက်တောင့် (သို့မဟုတ်)
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  9. ကြက်သွန်နီ - အနေတော် လေးလုံး (ငရုတ်သီးနှင့် ရောထောင်းရန်)
  10. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ကိုးမွှာ (ငရုတ်သီးနှင့် ရောထောင်းရန်)
  11. ချင်း - လက်တစ်ဆစ်ခန့် (ငရုတ်သီးနှင့် ရောထောင်းရန်)
  12. အာလူး - ကီလိုဝက်
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူးအရသာနယ်ရန်)
  14. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အာလူး အရသာနယ်ရန်)
  15. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူး အရသာနယ်ရန်)
  16. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (အာလူးကြော်ရန်နှင့် ဆီသတ်ရန်)
  17. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
  18. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
  19. ကရဝေးရွက် -နှစ်ရွက်
  20. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
  21. ဂေါ်ဖီထုပ် - တစ်စိတ်
  22. ကြက်သွန်နီ - အနေတော် ငါးလုံး
  23. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  24. သံပုရာသီး - ငါးလုံး
  25. ပူစီနံ - မိမိနှစ်သက်သလောက်

ကြက်သားချက်ရန်
  • ကြက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဇလုံထဲမှာ ကြက်သား နနွင်းမှုန့် ဆား အရသာမှုန့်နှင့် မဆလာတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီခန့် နှပ်ထားပေးပါ
ငရုတ်သီးထောင်းရန်
  • ငရုတ်ပွတောင့်ကို နာရီဝက်လောက် ရေစိမ်ပေးပြီး အညှာခြွေကာ ရေဆေးပေးပါ
  • မာမာကတော့ ငရုတ်ပွတောင့် မရှိတဲ့အတွက် ငရုတ်သီး အရောင်တင်မှုန့်ကို သုံးထားပါတယ်ကြ
  • က်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပေးပါ
  • ကြက်သွန်ဖြူ  နှင့် ချင်းကို အခွံခွာပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်ပွတောင့် (သို့မဟုတ်) ငရုတ်သီး အရောင်တင်မှုန့် ချင်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ရောပြီး ထောင်းပေးထားပါ
အာလူးကြော်ရန်
  • အာလူးများကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • ပြီးတာနဲ့ အာလူးမ်ားကို နနွင်းမှုန့် အရသာမှုန့်နှင့် ဆားတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ အာလူးကို ထည့်ကြော်ပေးပါ
  • အာလူးတစ်တုံးလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပေးထားပါ
ဟင်းချက်ရန်
  • အာလူးကြော်ထားသော ဆီအိုးထဲမွာ ပဲနံ့သာစေ့နှင့် ကရဝေးရွက်တို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ပြီးနှပ်ထားသော ကြက်သားများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သားများ လုံးမိအောင် မွှေပေးပါ
  • ကြက်သားအသား မာကျစ်လာတာနဲ့ အာလူးကို ထည့်ပေးပြီး ရေကိုနည်းနည်းချင်း ထည့်ပြီးချက်ပေးပါ
  • ကြက်သားနှင့်အာလူး နူးတဲ့အထိ ရေကိုနည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ
  • အာလူးနှင့် ကြက်သား နူးလာပါက ဆီလည်ရေလည် အနေအထား ရလာပါက ဆားနှင့် အရသာမှုန့်တို့ ထည့်ပြီး မွှေပေးပါ
  • ဟင်းရည် ပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမီတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိနှစ်သက်တဲ့ အရသာ ရလာတာနဲ့ ကြက်သားဟင်းရည် ရပြီဖြစ်တဲ့အတွက် မီးပိတ်ပေးပါ။
ပလာတာကြော်ရန်
  • ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ပလာတာကို တစ်ချပ်ချင်း ထည့်ကြော်ပေးပါ
  • တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး နောက်တစ်ဖက် ကျက်ပါက ဆယ်ပြီး ဆီစစ်ပေးထားပါ
စားပွဲပြင်ရန်
  • ကြော်ထားသော ပလာတာမ်ားကို ကပ်ကျေးဖြင့် အနေတော် ညှပ်ပေးထားပါ
  • ကြက်သားဟင်းရည် ပူပူနွေးနွေးကိုလဲ ပြင်ထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပန်းကန်ပြား တစ်ချပ်ထဲမှာ ပလာတာ ထည့်ပေးပြီး ကြက်သားဟင်းရည်ဆမ်းကာ ဂေါ်ဖီ ပူစီနံ ငရုတ်သီးစိမ်းနှင့် သံပုရာရည်တို့ကို ထည့်ပေးကာ ပလာတာ ပူပူလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Sunday 14 April 2024

မုန့်လုံးရေပေါ်





သင်္ကြန်ချိန်ခါ ရောက်လာတာနဲ့ အရင်ဆုံး စိတ်ထဲပေါ်လာတာက ပိတောက်ပန်းနဲ့ မုန့်လုံးရေပေါ်ပါဘဲ ရာသီစာ ရိုးရာအစာလေး ဖြစ်နေတာကြောင့် ဒီနေ့တော့ မုန့်လုံးရေပေါ် အိအိလေး လုပ်စားဖြစ်လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
  2. ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၁ဗူး
  3. ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူး 
  4. အုန်းသီးဖတ် - မိမိနှစ်သက်သလောက်
  5. ထန်းလျှက်ခဲ - လက်သန်းတစ်ဆစ်စာလောက် အခဲ၂၀ခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ်ထဲမှာ ဆန်မှုန့် နှင့်ကောက်ညှင်းမှုန့်တို့ကိုထည့်ပြီး သမအောင် မွှေပေးပါ
  • သမသွားသော ထိုအမှုန့်ထဲကို ရေ နည်းနည်းချင်း ထည့်ပေးပြီး မုန့်သားပျော့အိလာတဲ့အထိ နယ်ပေးပါ
  • ရေကို တစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်း ထည့်ပေးပါ
  • တစ်ခါတရံ မိမိသုံးသော ကောက်ညှင်းမှုန့်အပေါ် မူတည်ပြီး ရေကို လိုတိုးပိုးလျှော့ လုပ်ရတဲ့အတွက် နည်းနည်းချင်း ထည့်ပေးရခြင်း ဖြစ်ပါတယ်
  • မုန့်သားပျော့ပြီး စေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက မုန့်သားကို အ၀တ်ရေစွတ်ပြီး ရေညှစ်ကာ အုပ်ထားပြီး နာရီ၀က် တစ်နာရီလောက် အခန်းအပူချိန်အတိုင်း ဒီတိုင်းထားပေးပါ
  • ထန်းလျှက်ခဲကို လက်သန်းတစ်ဆစ်စာ လောက်လေးတွေ တုံးပေးထားပါ
  • အုန်းသီးဖတ်ကို ဆားထည့်ပြီး ငံမြမြလေးရအောင် ဖွဖွလေး နယ်ထားပြီး ပန်းကန်တစ်ခုထဲမှာ ထည့်ထားပေးပါ
  • မုန့်လုံးရေပေါ် ကျက်ရင်ဆယ်ပြီးထည့်ဖို့ ဇလုံတစ်လုံးထဲမှာ ရေထည့်ပြီး အဆင်သင့် ပြင်ထားပါ
  • မုန့်သားနှပ်ထားချိန် ပြည့်တာနဲ့ မုန့်သားကို ကွမ်းသီးဆံလောက် ရအောင်ယူပြီး လက်ဝါးထဲထည့်ကာ ၇ခါလောက် ဆုတ်ဆုတ်ပြီး ညှစ်ပေးပါ
  • ပြီးတာနဲ့ အလုံးလေး ဖြစ်လာအောင် လက်ဝါးနှစ်ဖက်ကြားမှာ အနည်းငယ် ဝိုက်ပြီး လုံးလိုက်ပါ
  • အလုံးလေး ဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးနှင့် ဖိလိုက်ပါ
  • ချိုင့်သွားသော နေရာထဲသို့ထန်းလျှက်ခဲ အစိတ်လေး တခုထည့်လိုက်ပါ
  • ထန်းလျှက်ခဲပေါ်သို့ မုန့်သားပြန်အုပ်ပြီး လက်ဝါးနှစ်ဖက်ကြားမှာ ဝိုက်ပြီး လုံးပေးပါ
  • ထန်းလျှက်ခဲ မပေါ်အောင် မုန့်သားကို သတိထားပြီး အုပ်ပေးပါ
  • ထန်းလျှက်ခဲ ပေါ်ပါက မုန့်သားကို ရေဆူဆူနှင့် ပြုပ်ချိန်မှာ ထန်းလျှက်ရည်များ အပြင်သို့ ပေါက်ထွက်ပါတယ်
  • မုန့်သားအားလုံး လုံးပြီးပါက ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက လုံးထားသော မုန့်များကို တစ်လုံးချင်း တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပါ
  • မုန့်သားကျက်ပြီး ရေပေါ် ပေါ်လာပါက မုန့်အတွင်းသားမျာ းကျက်စေရန် နှစ်မိနစ်လောက် ထားပြီးမှ ဇွန်းဇကာနှင့် ဆယ်ပေးပါ
  • ရေပေါ်လာသော မုန့်လုံးရေပေါ်များကို ဇွန်းဇကာဖြင့်ဆယ်ကာ ရေထည့်ထားသော ဇလုံထဲသို့ တန်းပြီးထည့်ပေးပါ
  • မုန့်လုံးရေပေါ် အေးသွားတာနဲ့ ရေစိမ်ထားသော မုန့်လုံးရေပေါ်များကို ဆယ်ပြီး ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ အုန်းသီးဖြူးပေးပြီး ဆွမ်းတော်ကပ်ဖို့ ဖယ်ပေးထားကာ  စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

ခရမ်းကြွတ်သီး ငပိချက်

 




အခုရက်ထဲ ဆောင်းဉီးဝင်လာပြီ ဖြစ်တဲ့အတွက် ရာသီဥတုက အေးလွန်းသလို မိုးကလဲ အဆက်မပြတ် ရွာနေလေတော့ ချဉ်ငံစပ်လေးတွေ စားမှဘဲ ထမင်းက စားလို့မြိန်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ဆီမပါပေမဲ့ အရမ်းစားလို့ကောင်းတဲ့ ခရမ်းကြွတ်သီးလေးတွေနဲ့  ငါးငပိချက်လေး ချက်ဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ခရမ်းကြွတ်သီး ငါးငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းကြွတ်သီး - အလုံး သုံးဆယ်ခန့်
  2. ထောင်းပြီးသား ငရုတ်သီးစိမ်း - ထမင်းစားဇွန်း ငါးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  3. ကြက်သွန်နီ - အနေတော် သုံးလုံး 
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့် 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  7. မျှင်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းကြွတ်သီးများကို အညှာခြွေပြီး ထက်ဝက်ခြမ်းကာ ရေခပ်များများထည့်ပြီး တစ်နာရီလောက် စိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ုဖြူများကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ ရေအနည်းငယ်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ငါးပိချက်ချက်ပုံ
  • အိုးတစ်လုံးထဲမှာ ပါ၀င်ပစ္စည်းများ အားလုံးကို ထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာ သမအောင် မွှေပေးပြီး ခရမ်းသီးများ နူးတဲ့အထိ တည်ပေးပါ
  • ခရမ်းသီးများ နူးလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  ခရမ်းကြွတ်သီး ငါးငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Saturday 13 April 2024

တမာဖူးချဉ်

 












တမာချဉ်လို့ အသံကြားလိုက်တာနဲ့ မာမာတို့ ငယ်ဘဝလေးကို အရမ်းလွမ်းမိပါတယ် စည်းကမ်းကြီးတဲ့ အမေ့အမ အကြီးဆုံး အပျိုကြီး ကြီးကြီးရဲ့လက်ပေါ်မှာ ကြီးခဲ့တာမို့ အိမ်မှုကိစ္စကို အသက်အရွယ်အလိုက် နိူင်သလောက် လုပ်ကြရပါတယ်။

ပိုဆိုးတာက မိန်းကလေးဆို အိမ်မှုကိစ္စကို ပိုပြီးသင်ပေးသလို သင်တဲ့အတိုင်း လုပ်လဲလုပ်ရပါတယ် ထမင်းချက် ဟင်းချက်အပြင် ၆ဧကကျော်ကျယ်တဲ့ ခြံ၀င်းထဲက ထွက်သမျှ အသီးအနှံကို ရာသီချိန်တိုင်း အသုံး၀င် တာရှည်ခံအောင် ပြင်ဆင်နည်းများကို သင်ပေးတတ်တာမို့ ဒီနေ့ထိ ကြီးကြီး သင်ပေးတာတွေ အားလုံးက မာမာ့အတွက် လိုသလို အသုံးချနိူင်ခဲ့ပါတယ်။

ဒီနေ့တော့ ထိုင်းဆိုင်က ဝယ်လာတဲ့ တမာဖူးလေးတွေကို တမာဖူးချဉ်လေး လုပ်ပါမယ် တမာချဉ် လုပ်နည်းလေးက သိပြီးသူတွေ အတွက်တော့ အရမ်းကို လွယ်ပါတယ် မသိသေးသူတွေအတွက် အိမ်လုပ်တမာချဉ် သန့်သန့်လေး စားနိူင်အောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. တမာဖူး  - လက်တစ်ဆုတ်စာ
  2. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • တမာဖူးလေးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေ လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာလောက်နှင့် စိမ်ထားပါ
  • မန်ကျည်းသီးမှည့်အစား ဇီးသီးခြောက်ကို ရေစိမ်ပြီးတော့လဲ သုံးနိူင်ပါတယ်
  • နနွင်းမှုန်ကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • အားလုံး အဆင်သင့်ဖြစ်တာနဲ့ ရေ၂လီတာလောက်ကို ဆူအောင်တည်လိုက်ပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့ တမာဖူးလေးတွေကို ရေနွေးထဲ မြုပ်အောင် တစ်မိနစ်လောက် ထည့်လိုက်ပါ
  • အဖူးလေးတွေ ပြုပ်တဲ့အချိန် မကြာရပါ 
  • ပြုပ်ချိန်ကြာပါက အဖူးများ အရမ်းနူးပြီး စားမကောင်းတော့သလို ရိုးတံနဲ့အဖူးများ တခြားစီ ဖြစ်ကုန်တတ်ပါတယ်
  • ပြီးတာနဲ့ ရေနွေးထဲကနေဆယ်ပြီး ရေအေးနှင့်ဆေးပေးကာ ရေ၂မိနစ်လောက် ရေစိမ်ထားပေးပါ
  • အဖူးများ အေးသွားတာနဲ့ ရေများစင်အောင် လက်နှင့်အသာအယာ ဆုတ်ပြီးညှစ်လိုက်ပါ
  • ရေစင်သွားနဲ့ နနွင်းရည်ထဲ စိမ်ပေးပါ
  • နနွင်းစိမ်ပြီးတာနဲ့ မန်ကျည်းရည်ထဲ ထည့်စိမ်ပေးပါ
  • အားလုံး ပြင်ဆင်ပြီးတာနဲ့ တမာဖူးချဉ်ကို ချက်ခြင်း သုံးဆောင်နိူင်သလို ဖန်ပုလင်း (သို့မဟုတ်) ဗူးသန့်သန့်ထဲ ထည့်ပေးပြီး လေလုံအောင်ပိတ်ကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲထည့်ပြီး လိုသလောက်ယူ၍ စားသုံးနိူင်ပါတယ်
  • တမာချဉ်က ချက်ခြင်းကြီး ချဉ်တာမို့လို့ အချဉ်စူးစူး မကြိုက်ပါက မန်ကျည်းသီးမှည့် အနည်းငယ် လျှော့ပြီးထည့်ပေးပါ။