ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး အသားငါး မစားတဲ့ သူတွေအတွက် အရမ်းကို အဆင်ပြေမဲ့ ဟင်းလေး ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မုံလာဥ - ဟင်းပြင်ပန်းပန် တစ်လုံးစာ (ပုံမှန် )
- ငုံးဥ - လေးလုံး
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - ထမင်းစားဇွန်း ငါးဇွန်းခန့်
- နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
- မုံလာဥကို အခွံခွာပြီး ပုံပါအတိုင်း ခပ်ရှည်ရှည်လေးတွေ လှီးပေးကာ ရေဆေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
- အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
- ဆီပူလာပါက ကြက်သွန်နီကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
- ကြက်သွန်ကြော်နံ့ မွှေးလာတာနဲ့ မုံလာဥကို ထည့်ပေးကာ ကြော်ပေးပါ
- အားလုံး သမသွားတာနဲ့ ဆားနှင့် အရသာမှုန့် တို့ကိုထည့်ပြီး လေးမိနစ်လောက် ကြော်ပေးပါ
- အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ ငုံးဥကို ဖောက်ထည့်ပြီး မွှေပေးပါ
- ငုံးဥ ကျက်တာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက မုံလာဥငုံးဥ မွှေကြော် မွှေးမွှေး စိမ့်စိမ့်လေး ရပါပြီ။
No comments:
Post a Comment