Showing posts with label အိမ်မက်အဟောနှင့် အသားလှုပ်နိမိတ်များ. Show all posts
Showing posts with label အိမ်မက်အဟောနှင့် အသားလှုပ်နိမိတ်များ. Show all posts

Sunday, 19 June 2022

အိမ်မက်အဟော

 


၂၀၁၂ ခုနှစ်ထဲက တင်ထားတဲ့ ပို့စ်လေးက စာတွေ ပြောင်းပြန်ဖြစ်နေပြီး ဖတ်လို့မရဘူးလို့ လာလာပြောကြတဲ့အတွက် အခုတစ်ဖန် ပြန်လည်တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

အိမ်မက်နိမိတ်များကို မသိသေးသော သူများအတွက် အိပ်မက်နှင့် ပတ်သက်သော နိမိတ်များကို (အိမ်မက်အမျိုးမျိုးနှင့် အသားလှုပ်နိမိတ်)စာအုပ်မှ ကူးယူဖော်ပြ ပေးလိုက်ပါသည်။

အိပ်မက်ကို လူတိုင်းမက်သည် သို့သော မိမိတို့ အိပ်မက်၏ ကောင်းကျိုး ဆိုး ကျိုးကို ကြိုတင်၍ သတိမထားသည့်အတွက် အကျိုးခံစားသင့်သော အရာများ လွဲချော်သွားသည်လည်း ရှိပေသည်။

မကောင်းကျိုးကို မခံစားရမီ ကြိုတင်၍ နိမိတ်အနေအထားအားဖြင့် အိပ်မက်မြင်မက်သည်ဖြစ်လျက် မိမိတို့၏ အိပ်မက်ကို သတိမမူ၍ ဖြစ်စေ၊ အဓိပ္ပာယ်ကို နားမလည်၍ဖြစ်စေ အမှုမဲ့ အမှတ်မဲ့နေသည့်အတွက် ဒုက္ခမတွေ့သင့်ဘဲ တွေ့ရတတ်သည်။

ဓာတ်လေချောက်ချား၍ မြင်မက်ခြင်းသည်လည်း ရှိတတ်၏ ထိုအိပ်မက်ကို အမှန်မယူနိုင်ပါ အကယ်၍ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် မြင်မက်သည်ဟု ယူဆမိလျှင် မိမိမြင်မက်သော အိပ်မက်၏ ကောင်းကျိုး ဆိုးပြစ်ကို ဝေဖန်တတ်သူကို ရှာ၍ ထိုသူအား ပြောပြရမည်။

သို့မဟုတ် အိပ်မက်ဆိုင်ရာ ကျမ်းစာအုပ် တို့ကို ဖတ်၍ ဝေဖန်ချက်ချပြီးလျှင် ကောင်းကျိုးပေးမည့်အိပ်မက်ဖြစ်က ပေးရန် အချိန်ကာလကို စောင့်ဆိုင်းလျက်အထူး သတိနှင့် နေရမည်။ 

ဆိုးကျိုးပေးမည့် အိပ်မက်ဖြစ်က ထိုပေးလတ္တံ့သော အကျိုးကို မပေးရန် အဟောသိကံ ဖြစ်သွားအောင် ရတနာသုံးပါး၊ ဆရာသမား၊ ဘိုးဘွားမိဘတို့ကို ကိုးကွယ်ဆည်းကပ်၍ ယတြာများ ဆင်ရပေမည်။

ဤသို့ ညွှန်ပြအပ်သည့်အတိုင်း အိပ်မက်မြင်မက်တိုင်း ဂရုပြုရန် သတိရှိကြစေလိုသည် ဤသို့ ကျမ်း အစောင်စောင်တို့ အဆိုမတူညီကြ

သို့သော်လည်း အိပ်မက်မကောင်း ထင်မြင်လျက် မက်သည့်အချိန်အခါ နေ့၌ မက်သော အိပ်မက်ဖြစ်စေ 'ယတြာကောင်းက မင်းလောင်းပျော်က' ဆိုသကဲ့သို့ ဆေးရှစ်ပါးဖြင့် ခေါင်းဆေးခြင်းကိုလည်းကောင်း၊ ဘုရားပုထိုးရှိခိုးခြင်း၊ နံ့သာပန်းတို့ဖြင့် သက်စေ့ပူဇော်ခြင်း၊ တြိရန်း, စတုန်ရန်း, နံ့သင့်သစ်သား တို့ကို အောက် ခံပြု၍ ခေါင်းဆေးခြင်းကိုလည်းကောင်း ဤသို့ စသော လောက ဓမ္မယတြာ ကို ပြုခြင်းကြောင့် လွန်သည်မရှိ ကင်းပျောက်ကုန်၏။

အိပ်မက်၊ အ တိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဂြိုလ်စာ သက်ရောက်အစရှိသည်တို့ကို မယုံ ကြည့်တတ်လျှင် မိစ္ဆာဒိဠိဖြစ်တတ်၏။ 

ထို့ကြောင့် "ငါ့အား အ,ကုသိုလ် ကံအကျိုးပေးလို၍ မကောင်းသောအိပ်မက် စသည်တို့ မြင်လာကုန်သည်။ ကုသိုလ်ကံအကျိုးပေးလို၍ ကောင်းသော အိပ်မက် စသည်တို့ မြင်လာ ကုန်သည်။

ဤသို့ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် ကံကို အရင်းထား၍ ယုံကြည်ရ မည်"ဟု ပညာရှိတို့ မိန့်တော်မူကြ၏။ ထို့ကြောင့် အိပ်မက်များအားကံကို အရင်းထား၍ ယုံကြည်ကြပါလေ။

 

(အိပ်မက်ခြင်း ခြောက်ပါး)

၁။ မြင်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

၂။ကြားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

၃။ ခံစားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

၄။ ကြုံဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

၅။ ဖြစ်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။

၆။ ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။


အိပ်မက်အပြား လေးပါး

၁။ နတ်တို့ပြောကြား၍မက်မူ အကျိုးအပြစ်ရှိ၏။

၂။ ရှေ့ခံစား လေ့လာဖူး၍မက်မူ အကျိုးအပြစ်မရှိ။

၃။ ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။

၄။ အကျိုးပေးလတ္တံ့သော်ကြောင့်မက်မူ ဧကန္တ အကျိုးရှိ၏။


အိပ်မက်သော အခါသုံးပါး

၁။ ညဉ့်ဦးယံမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။

၂။ သန်းခေါင်မက်မူ နှစ်နှစ်ခွဲအတွင်း အကျိုးအပြစ်ပေးအံ့။

၃။ မိုးသောက်မက်မူ တစ်လအတွင်း အကျိုးအပြစ်ပေးအံ့။


အိပ်မက်သော အခါလေးပါး

၁။ နေ့အခါမက်မူ မှန်မမှန် နှစ်ပါး။

၂။ ညဉ့်ဦးမက်မူ မှန်မမှန် နှစ်ပါး။

၃။ မိုးသောက်မက်မူ အမှန်။

၄။ အရုဏ်တက်မက်မူ အမှန်။


အိပ်မက်သော အခါငါးပါး

၁။ ညဉ့်ဦးယံမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။

၂။ သန်းခေါင်မက်မူ နှစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။

၃။ မိုးသောက်မက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။

၄။ နံနက်နေတက် မက်မူ ခုနစ်လအတွင်း အကျိုးပေးအံ့။

၅။ မွန်းတည့်မက်မူ ခုနစ်လအတွင် အကျိုးအပြစ်ပေးအံ့။


အိပ်မက်သော အခါလေးပါး

 ၁။ ညဉ့်ဦးမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။

၂။ သန်းခေါင်ယံမက်မူ တစ်လခွဲအတွင်း အကျိုးအပြစ်ပေးအံ့။

၃။ သန်းလွဲမက်မူ ခုနစ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။

၄။ မိုးသောက်မက်မူ တစ်လအတွင်း အကျိုးအပြစ်ပေးအံ့။


အိပ်မက်သော အခါငါးပါး

 ၁။ နေ့အခါမက်မူ အကျိုးအပြစ်မပေး။

၂။ ပထမယံမက်မူ အကျိုးအပြစ်မပေး။

၃။ သန်းခေါင်ယံမက်မူ အကျိုးအပြစ်ပေးအံ့။

၄။ မိုးသောက်ယံမက်မူ အကျိုးအပြစ်ပေးအံ့။

၅။ အရုဏ်တက်မက်မူ အကျိုးအပြစ်ပေးအံ့။


အိပ်မက်သော အခါငါးပါး

 ၁။ ပထမယံမက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။

၂။ ဒုတိယံမက်မူ ခြောက်လအတွင်း အကျိုးအပြစ်ပေးအံ့။

၃။ တတိယံမက်မူ သုံးလအတွင်း အကျိုးအပြစ်ပေးအံ့။

၄။ စတုတ္ထယံမက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။

၅။ အရုဏ်တက် မက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။


အိပ်မက်သော နေ့များ

 ၁။ တနင်္ဂနွေနေ့မက်မူ မယားအတွက် မက်သည်။

၂။ တနင်္လာနေ့မက်မူ ဆွေမျိုးအတွက် မက်သည်။

၃။ အင်္ဂါနေ့မက်မူ မိဘ၊ ဆရာသမားအတွက် မက်သည်။

၄။ ဗုဒ္ဓဟူးနေ့မက်မူ သားသမီးအတွက် မက်သည်။

၅။ ကြာသပတေးနေ့မက်မူ အဆွေခင်ပွန်းအတွက် မက်သည်။

၆။ သောကြာနေ့မက်မူ ကျွန်၊ ကျွဲ၊ နွားအတွက် မက်သည်။

၇။ စနေနေ့မက်မူ ကိုယ့်အတွက် မက်သည်။


အိပ်မက်မကောင်း ပျောက်အောင် ကုနည်း

 အိပ်မက်ကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နံနက်အခါ မြော်မြင်တတ်သူထံ ပြန်ကြားရာ၏။ အိပ်မက်ကောင်းမူဘုရားကို မီးပူဇော်၍ အိပ်မက်ကို ရွေးရာ၏။ 

အသက်ရှည်၍ ဘုန်းကြီးပြီး စည်းစိမ်ဥစ္စာနှင့် ပြည့်စုံလိုပါ၏ဟုဆုတောင်းရာ၏။

အိပ်မက်ကောင်းမက်မူ ဆရာသမားတို့ကို ပူဇော်၍ ပြန်ကြားရာ၏။

မကောင်းမက်မူ ထမင်းတစ်ဆုပ်၊ ရေတစ်မှုတ်နှင့် သစ်ငုတ်တိုတွင် တင်ခဲ့၍ ကောင်းသောအရသာ တစ်ပါးပါးစား၍ ပြန်ရာ၏။

အိပ်မက်မကောင်းသော သူသည် ပရိတ်တော်ရေ ခံ၍ ခေါင်းဆေးရာ၏။ 

သစ်ငုတ်၊ ရေချမ်း၊ ထီး၊ တံခွန်၊ ပန်းတို့ဖြင့် ဘုရားပုထိုးကို ပူဇော်ရာ၏။

ဗောဓိညောင်ကို ထောက်ရာ၏။


အိပ်မက်မကောင်းလျှင် ယတြာပြုခြင်း

 အင်္ကုရ ရသေ့ တိတံ္ထုကျမ်း၌ မကောင်းသောအိပ်မက်တို့ကို မြင်မက်ခဲ့လျှင် ရတနာသုံးပါး မိဘ, ဆရာသမားတို့အား ပူဇော်ကန်တော့ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းတို့ကို ပြုလျှင် မကောင်းကျိုးပျောက်၍ ကောင်းကျိုးရောက်ရာ၏။


[ က ] နှင့်ပတ်သက်သော အိပ်မက်များ

 

၁။ ကြာမျိုးငါးပါးအနံ့ကို ရှုရသည်ဟု မြင်မက်မူ တည်ကြည်စွာ ဂုဏ်သတင်းကျော်စောရအံ့။

၂။ ကြာညိုပန်းကို ပန်ရသည်ဟု မြင်မက်မူ မယားကောင်းရအံ့။

၃။ ကြာသွတ်အိုးနှင့် ရေချိုးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏မှီခိုရာဖြစ်အံ့။ 

၄။ကြာသွတ်အိုးမြင်မက်မူ စည်းစိမ်များအံ့။

၅။ကြာပန်းစသည်မြင်မက်မူ ဖျားနာအံ့။

၆။ကျွဲစီးရသည်ဟု မြင်မက်မူ ကျေးကျွန်ရအံ့။

၇။ ကျွဲ၊ နွား၊ ဝက်၊ မြေခွေး၊ လင်းတ တိရစ္ဆာန်တို့ကိုမြင်မက်မူ ဥပါဒ်ရောက်အံ့။

၈။ကျွဲ၊ နွား၊ ဝက်၊ ဆင်၊ မြင်းတို့အား ကောင်းသော အခြင်းအရာဖြင့်မြင်မက်မူ နတ်စိမ်းတို့ နှစ်သက်အံ့။

၉။ကျွဲခတ်သည်ဟု မြင်မက်မူ ရန်ကြီးစွာ တွေ့ရအံ့။

၁၀။ကျွဲထွက်ပြေးသည်ဟု မြင်မက်မူ ရန်သူ၊ ကျွန်အမှုလုပ်တို့ ပြေးအံ့။

၁၁။ကျင်ကြီးစွန့်သည်ဟု မြင်မက်မူ ဥစ္စာလျှောအံ့။

၁၂။ကျင်ငယ်စွန့်ရသည်ဟု မြင်မက်မူ ဂုဏ်သရေလျှောအံ့။

၁၃။ကိုယ်ပေါ်သို့ လောက်တက်သည်ဟု မြင်မက်မူ ဥစ္စာရအံ့ ကျေးကျွန်၊ ကျွဲ၊ နွားသော် ရအံ့။

၁၄။ ကိုယ်ခန္ဓာပုပ်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။

၁၅။ကိုယ်မှာ အကြောင်အကြားရှိသည်ဟု မြင်မက်မူ မယားကောင်းရအံ့။ 

၁၆။ကိုယ်အမွေးရှည်သည်ကို မက်မူ လာဘ်ကြီးရအံ့။

၁၇။ကိုယ်ရောင် တောက်ပသည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။

၁၈။ကောင်းသော အခြင်းအရာဖြင့် မြွေကို မြင်မက်မူ ပြိတ္တာ၊ သရဲ၊သဘက်တို့ ကျေးဇူးပြုအံ့။ 

၁၉။ကောင်းသော အခြင်းအရာဖြင့် လင်းတကို မြင်မက်မူ ဇော်ဂနီနတ်ချစ်ရအံ့။

၂၀။ကောင်းကင်၌တည်ရှိသော ပြာသာဒ်တို့တက်၍ ကာမဂုဏ် ခံစားရသည်ဟု မြင်မက်မူ အကြီးအမှူးဖြစ်ရအံ့။

၂၁။ ကောင်းကင်ပျံတက် တံခွန်လွှားမြင်မက်မူ ထင်ရှားရအံ့။

၂၂။ကျောက်ဖျာအိမ်မိုးမြင်မက်မူ အများသခင်ဖြစ်ရအံ့။

၂၃။ကျောက်ဖျာထက်နေရသည်ဟု မြင်မက်မူ အလွန်ကောင်းအံ့။

၂၄။ ကျောက်ဖျာကို မျိုရသည်ဟု မြင်မက်မူ ကျေးဇူးသတင်းပျံ့နှံ့ခြင်းဖြစ်အံ့။

၂၅။ကြက်ချင်းခွပ်သည်ဟု မြင်မက်မူ တရားတွေ့ရအံ့။

၂၆။ကြက်၊ ငှက်တို့၏အတောင်များကို စားရသည်ဟု မြင်မက်မူချမ်းသာရအံ့။

၂၇။ကခုန်မြူးတူးရသည်ဟု မြင်မက်မူ မကောင်း။

၂၈။ကျားစွယ်၊ မိကျောင်းစွယ်ကို ရင်ခွင်ပိုက်ရသည်ဟုမြင်မက်မူ အများထက် ထူးချွန်သူ ဖြစ်ရ၏။

၂၉။ကျားကို မြင်မက်မူ မကောင်း။

၃၀။ကုန်းကိုတက်ပြီးမှ ကျင်းသို့ဆင်း၍ ခေါင်းဆေးရသည်ဟု မြင်မက်မူ ဘုန်တန်းခိုးကြီးအံ့။

၃၁။ကြွယ်ဝသောသူကို မြင်မက်မူ ကောင်းကျိုးရောက်အံ့။

၃၂။ကျက်ပြီးသား လူသားကိုလည်းကောင်း၊ လူ၏လက်ရုံးသားကိုလည်းကောင်း စားရသည်ဟု မြင်မက်မူ ထီပေါက်အံ့။

၃၃။ကွန်းစင်အခေါင် တက်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။

၃၄။ကွမ်းရွက်၊ သစ်ရွက် စားရသည်ဟု မြင်မက်မူ ပုဆိုးကောင်း၊အဝတ်ကောင်းရအံ့။


[ ခ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ခရုသင်းကို မြင်မက်မူ ဘေးဥပါဒ်ပျောက်ကင်းအံ့။

၂။ ခရုသင်း ပေးလာသည်ကို မြင်မက်မူ အကျင့်မြတ်သူ သန္ဓေတည်အံ့။

၃။ခရုသင်းမှုတ်ရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။

၄။ခွေးကိုက်သည်ဟု မြင်မက်မူ အမှောင့်ပယောဂ ကိုယ်သို့ကပ်အံ့။

၅။ခေါင်းဖြီးသည်ဟုမြင်မက်မူ မိဘတို့အကျော်အစောရှိအံ့။ ဘေးပျောက်အံ့။

၆။ခံတွင်းသို့ မကောင်းသောအနံ့ဝင်သည်ဟု မြင်မက်မူ သီချင်းကျက်မှတ်ရအံ့။ 

၇။ခံတွင်းက အနံ့မကောင်းထွက်သည်ဟု မြင်မက်မူယုတ်မာသော စကားကို ဆိုရအံ့။ 

၈။ခံတွင်းကောင်းသောအနံ့ ထွက်သည်ဟု မြင်မက်မူ ကောင်းသော စကားကို ဆိုရအံ့။

၉။ခံတွင်းသို့ မွှေးကြိုင်သော ရနံ့ ဝင်သည်ဟု မြင်မက်မူ လောကုတ္တရာကျမ်းစာကျက်မှတ်ရအံ့။ 

၁၀။ခံတွင်းက အပုပ်နံ့ထွက်သည်ဟု မြင်မက်မူ ယုတ်မာသော စကားကို ဆိုရအံ့။

၁၁။ ခံတွင်းဖြင့် လက်နက်ကို ယူရသည် မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။

၁၂။ခြေလက်တိုသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။

၁၃။ ခြေသည်းလက်သည်းတို့ကို လှီးရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။ အထက်လူကြီးများ ချစ်ခင်အံ့။

၁၃။ခြေသည်းလက်သည်းတို့ကို ရေတွက်ရသည်ဟု မြင်မက်မူအသက်ရှည်အံ့။

၁၄။ခြင်္သေ့ကို စီးသွားသည် မြင်မက်မူ စီးသူ ကြီးပွားချမ်းသာအံ့။

၁၅။ခင်ပုပ်ငှက်သံကို ကြားရသည်မြင်မက်မူ အနာဖျားသင့်အံ့။

၁၆။ခရီးသွားရသည်ဟု မြင်မက်မူ အကြံမြောက်အံ့။

၁၇။ ခိုးသူတို့ အရပ်လေးမျက်နှာမှ လာသည်ကို ဖမ်းမိသည်ဟုမြင်မက်မူ ချမ်းသာအံ့။

၁၈။ချွေးထွက်၊ သွေးထွက်သည်ကို မြင်မက်မူ ဘုန်ကြီးအံ့။

၁၉။ချွန်းတောင်းလက်ဆွဲရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။

၂၀။ချောင်းအကြည်၊ ကန်အကြည်ကို မြင်မက်မူ ဝန်ထမ်းဖြစ်အံ့။

၂၁။ ချိုးသား၊ ကြက်သားကို စားရသည်ဟု မြင်မက်မူ လာဘ်ရအံ့။

၂၂။ ခုံညင်းကစားရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။

၂၃။ခြူ၊ ဆည်းလည်းလှုပ်သည်ဟု မြင်မက်မူ မကောင်း။

၂၄။ခင်ပုပ်ငှက်မြည်သံကို ကြားရသည် မြင်မက်မူ အနာကြီးသင့်ရာ၏။


[ ဂ ] နှင့် ပတ်သက်သော အ်ိပ်မက်များ

 

၁။ ဂူလိုဏ်ကိုလည်းကောင်း၊ တံတိုင်းကိုလည်းကောင်း ပြုလုပ်ရသည်မြင်မက်မူ ချမ်းသာသုခကိုရ၍ ဘေးရန်မရှိ တည်မြဲအံ့။

၂။ ဂူ(သချင်္ိုင်း)ကို မြင်မက်မူ အမွေရအံ့၊ ထီပေါက်အံ့။

၃။ ဂျုံစားရသည်ကို မြင်မက်မူ လုံခြုံအံ့၊ အသက်ရှည်အံ့။

၄။ ဂဏန်းသချာင်္ များ ပေါင်းရသည်၊ မြှောက်ရသည် မြင်မက်မူဝင်ငွေတိုးအံ့၊ စိတ်ချမ်းသာအံ့။

၅။ ဂမုန်းပင်ကို မြင်မက်မူ အကြီးအကျယ်စီးပွားဖြစ်အံ့။ (စီးပွားဂမုန်း)

၆။မီးကွင်းဂမုန်းဖြစ်လျှင် ပူပင်သောက ကင်းဝေးအံ့။

၇။ဂုန်လျှော်ပင်များ စိုက်ရသည်ဟု မြင်မက်မူ သာယာသော အိမ်ထောင်ရေး ဖန်တီးရအံ့။

၈။ဂေါ်မုတ်ကျောက်ကို မြင်မက်မူ အေးချမ်းသာယာအံ့။

၉။ဂေါက်သီးကစားရသည်ကို မြင်မက်မူ လိုအင်ဆန္ဒပြည့်စုံအံ့။

၁၀။ဂျုံခင်းထဲ၌ သွားရသည်မြင်မက်မူ မြင့်မြတ်သော သူနှင့် လက်ထပ်ရအံ့၊ ချမ်းသာရန် နီးကပ်အံ့။


[ င ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ငှက်ပျောပင်ကို မြင်မက်မူ ရွာအရပ်ပြောင်းရအံ့။

၂။ ငှက်ပျောပင်ကို စိုက်ရသည်ဟု မြင်မက်မူ ရာထူးကြီးရအံ့။

၃။ ငှက်တော်ကို ဖမ်းမိသည်ဟု မြင်မက်မူ ပညာရှိဖြစ်အံ့။

၄။ ငရုတ်သီးကို စားရသည်ဟု မြင်မက်မူ ရာထူးတိုးတက်အံ့။

၅။ ငရုတ်၊ ချင်းစားရသည်ကို မြင်မက်မူ သူတကာတို့၏ ဆရာဖြစ်အံ့။

၆။ ငိုကြွေးရသည်ဟု မြင်မက်မူ လာဘ်ရအံ့။


[ စ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ စင်ကြယ်သော ကလေးသူငယ်ကိုလည်းကောင်း၊ မီးရဲရဲကိုလည်းကောင်း၊ ခြသေ့င်္ကိုလည်းကောင်း၊ နန်းပြဿဒ်ကိုလည်းကောင်း၊နတ်ကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ မြင်မက်မူ ချမ်းသာ သုခကြီးအံ့။

၂။ စင်ကြယ်သောနွားကို မြင်မက်မူ ကောင်းကျိုးဖြစ်အံ့။

၃။ စောင်းတီးရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။

၄။ စောင်းမှတပါး အခြားတူရိယာတို့ကို တီးရသည်၊ သီချင်းဆိုရသည်ဟု မြင်မက်မူ မကောင်း။

၅။ စပါးကိုမြင်မက်မူ စကားဟောင်း ပေါ်အံ့။

၆။ စစ်သည်အများ လာသည်ကို မြင်မက်မူ အနာရောဂါဖြစ်အံ့။

၇။စစ်ဗိုလ်ပါကို မြင်မက်မူ ချမ်းသာသုခတိုးအံ့။

၈။စည်၊ ကြေးနန်း၊ မောင်း၊ ခွက်ခွင်း၊ ပက်သာ၊ နရည်၊ ခေါင်းလောင်းစသော အသံကို ကြားရသည်ဟု မြင်မက်မူ ဘုန်းကျက်သရေတိုးအံ့။

၉။စားကြူးရသည်ဟု မြင်မက်မူ ဥစ္စာရွှေငွေလျော့အံ့၊ ဖျားနာအံ့၊

၁၀။စိုးရိမ်ကြောင့်ကြသည်ဟု မြင်မက်မူ ဆိုလေရာကောင်းအံ့။


[ ဆ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ဆင်၊ မြင်း၊ ဗိုလ်ပါကို မြင်မက်မူ စိတ်ချမ်းသာအံ့။

၂။ ဆင်ပေါက် မြင်မက်မူ သူတစ်ပါးကိုးကွယ်ရာ ဖြစ်အံ့။

၃။ ဆင်၊ မြင်း၊ နွားတို့ကို မြင်မက်မူ ကောင်းစားအံ့။

၄။ ဆင်ဖြူချွန်းတင် မြင်မက်မူ သူကောင်းပြုခံရအံ့။

၅။ ဆင်စွယ်နှစ်ချောင်းဆွဲရသည်ကို မြင်မက်မူ ထင်ရှားကျော်စောအံ့။

၆။ ဆင်ဖြူစီး၍ကောင်းကင်သို့တက်ရာ နေလနှစ်ပါးကျလာ၍ ခြေဖဝါးအပြင်ကပ်လျက်တည်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။

၇။ ဆံပင်ရှည်ကို မြင်မက်မူ တန်ခိုးကြီးအံ့။

၈။ ဆံပင်ရှည်ကိုမြင်မက်မူ အကျင့်ကောင်း၍ အကြီးအကဲ ဖြစ်အံ့။

၉။ ဆံပင်ဖြေရသည်ကို မြင်မကမူ မကောင်း။

၁၀။ ဆား၊ ဆီ၌ထိုင်ရသည်ကို မြင်မက်မူ သူတစ်ပါးတို့ ကိုးကွယ်ရာဖြစ်အံ့။

၁၁။ ဆားလျက်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ ကိုးကွယ်ရာ ဖြစ်အံ့။

၁၂။ ဆင်းတုရုပ်ပွား တရားဟောသည်ကို ကြားရမက်မူ ကျော်စောအံ့။

၁၃။ဆိတ်ဆိတ်နေသည်ကို မြင်မက်မူ သေအံ့။

၁၄။ဆူးစူးသည်ဟု မြင်မက်မူ ရန်တွေ့အံ့။


[ ဇ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ဇာထိုးရသည်ကို မြင်မက်မူ အချစ်တိုးအံ့၊ အကြံအောင်အံ့။

၂။ ဇာကနာနှင့် အသုံးပြုသည် မြင်မက်မူ အဆွေခင်ပွန်းကောင်းရအံ့။

၃။ ဇာတာလုပ်ရသည်ကို မက်မူ မိမိအတွက် အထူးအကျိုးပေးအံ့။

၄။ ဇီးကွက်ကို နေ့အခါမြင်မက်မူ လာဘ်ကြီးရအံ့၊ ပျော်ရွှင်ရအံ့။

၅။ ဇီးကွက်အော်သံကြားရသည် မြင်မက်မူ အတင်းပြောသူတို့ တိတ်ဆိတ်အံ့၊ ကောင်းမွန်သော နည်းလမ်းများရအံ့၊ အလုပ်အကိုင် အကြံပေးသူများပေါအံ့။

၆။ ဇရပ်ဆောက်လုပ်ရသည်မြင်မက်မူ ရပ်ရေးရွားရေးကိစ္စများ၌ အထူးကူညီရအံ့၊ ငွေရလွယ်အံ့။

၇။ ဇော်ဂျီကို မြင်မက်မူ ကျန်းမာအံ့၊ ဆေးကောင်းတွေ့အံ့၊ထင်ပေါ်ကျော်စောအံ့။

၈။ ဇော်က က ရသည်ကို မက်မူ အချစ်ရေး စိတ်ကူး အောင်မြင်အံ့။

၉။ ဇွဲ၊ ဝီရိယစိုက်၍ အလုပ်လုပ်ရသည်မြင်မက်မူ မနာလိုသူတို့ တီးတိုးစကားပြောအံ့၊ အလုပ်ကောင်းအံ့။


[ စျ ] နှင့် ပတ်သက်သော အိပ်မက်များ


၁။ စျေးဆိုင်များစွာ မြင်မက်မူ အမြတ်အစွန်းများရအံ့။

၂။ စျေး၀ယ်နေသည် မြင်မက်မူ ကံကောင်းအံ့။

၃။ စျေးသည် မိမိအိမ်သို့ ခေါ်သည် မြင်မက်မူ ဝင်ငွေတိုးကာ လာဘ်ကောင်းအံ့၊ စိတ်ပျော်ရွှင်ရအံ့။

၄။ စျာန်ရသည် မြင်မက်မူ အရောင်းအဝယ်ကောင်းအံ့။

၅။ စျာန်ပျံရသည့်လူများကို မြင်မက်မူအကြီးအကဲဖြစ်အံ့၊ အောင်မြင်အံ့။

၆။ စျာန်ရသော ဘုန်းတော်ကြီးကို မြင်မက်မူ အထူကဲကောင်းအံ့၊မျက်နှာပွင့်အံ့။

၇။ စျာန်ပျံရထားစီးရသည်မြင်မက်မူ အကြီးအကဲဖြစ်အံ့၊ ထင်ပေါ်ကျော်စောအံ့။


[ ည ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ညမှောင်ပြီး အလင်းရောင်ပေါ်သည် မြင်မက်မူ ကံကောင်းချိန်ရောက်ပြီဟု မှတ်ယူပါ။

၂။ ညစာစားရသည်ကို မြင်မက်မူ အိမ်တွင်းရေး အေးအံ့၊ ချစ်သူ ခင်သူပေါများအံ့။

၃။ ညဉ့်ငှက်သံ သာယာစွာ ကြားရသည် မက်မူ ချမ်းသာ သုခ ဖြစ်အံ့၊မိမိလိုအင်အန္ဒပြည့်အံ့။

၄။ ညီညာစွာ စွမ်းဆောင်ရသည်မြင်မက်မူ အထင်ကြီးခြင်းခံရအံ့၊ပူဇော်ခံရအံ့။

၅။ ညီအစ်ကို မောင်နှမများကို မြင်မက်မူ ကျန်းမာအံ့၊ ရောဂါအနာကင်းအံ့။

၆။ ညောင်ရေအိုး မြင်မက်မူ မုချလက်ထက်ရအံ့၊ ပျားရည်ဆမ်း ချစ်ခရီးထွက်ရအံ့။

၇။ ညောင်ပင်ကို မြင်မက်မူ အသက်ရှည်အံ့၊ ဥစ္စာ ပစ္စည်း တိုးတက်အံ့။

၈။ ညောင်ရွက်ကို မြင်မက်မူ သူတော်ကောင်းများက စောင့်ရှောက်အံ့၊အလွန်ကံကောင်းအံ့။

၉။ ညောင်ရွက်အိမ် ဦးခန်းကျသည်ကို မြင်မက်မူ ရွှေဆင်းတုတော်ရရှိအံ့၊ ဘုရားကိုးဆူပင့်ရအံ့။

၁၀။ ညည်းညူသံကြားရသည် မြင်မက်မူ ချီးမွမ်းခံရအံ့၊ ရန်သူများ ဒုက္ခရောက်အံ့။


[ တ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ တောင်ပို့တက် ခေါင်းဖြီးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏ ကိုးကွယ်ရာဖြစ်အံ့့။

၂။ တောင်ထိပ်၌နေရသည်ဟု မြင်မက်မူ ပြည်သူ့ဝန်ထမ်းအကြီးအကဲဖြစ်အံ့။

၃။ တောင်အရပ်သို့ သွားရသည်ဟု မြင်မက်မူ ရောဂါရအံ့။

၄။ တောင်ကလပ်တက်နေသည်ဟု မြင်မက်မူ လက်ရှိ ရာထူးထက်မြင့်သော အဆင့်ကို ရအံ့။

၅။ တောင်ဖျားတက်ရသည်ဟု မြင်မက်မူ လာဘ်ကြီးရအံ့။

၆။ တံခွန်လှူရသည်ဟု မြင်မက်မူ ထင်ရှားအံ့။

၇။ တံခွန်လွှားရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။

၈။ တံတားပေါ်လျှောက်ရသည်ဟူမြင်မက်မူ သောကရှိလျက် အလိုပြည့်အံ့။

၉။ တန်ဆာဆင်ရသည်ဟု မြင်မက်မူ သူတစ်ပါး ရှိခိုးခံရအံ့။

၁၀။ တန်ဆောင်းညှိဟု မြင်မက်မူ စာတတ်အံ့၊ ထင်ရှားအံ့။

၁၁။ တူရိယာအမျိုးမျိုးတွင် စောင်းမှတစ်ပါး အခြားတူရိယာတို့ကိုတီးရသည်ဟု မြင်မက်မူ မကောင်း။

၁၂။ တလားမှာ ဝင်သည်ကို မြင်မက်မူ သေအံ့။


[ ထ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ထောပတ်၊ ပျားရည်တို့ကို နှစ်နှစ်သက်သက် မြင်မက်မူ ချမ်းသာအံ့။

၂။ ထောပတ်၊ နို့ စသည်တို့ကို ရွံရှာဖွယ်မြင်မက်မူ ဘီလူးဘေး၊ငတ်မွတ်ဘေး၊ နာဖျားသောဘေး တွေ့အံ့။

၃။ ထမ်းစင် သံလျှင်စီးရသည် မြင်မက်မူ လာဘ်ရအံ့။

၄။ ထမ်းစင်ထက် ကျီးနားသည်ဟု မြင်မက်မူ နာဖျား ပျက်စီးအံ့။

၅။ ထမင်းစားရသည်ဟု မြင်မက်မူ လာဘ်ရအံ့၊ ကြောင့်ကြရအံ့။

၆။ ထမင်းနှင့်တကွ သပိတ်လွယ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။

၇။ ထီးဆောင်းရသည်ဟု မြင်မက်မူ စိတ်အေးမြအံ့။

၈။ ထိတ်လန့်သည်ဟု မြင်မက်မူ မကောင်း။

၉။ ထင်းပုံပြိုကျသည်ဟု မြင်မက်မူ မကောင်း။


[ ဒ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ဒွန်းစဏ္ဍားအထက်က နေရသည်ဟု မြင်မက်မူ မကောင်း။

၂။ ဒါနပြုရသည်ဟု မြင်မကမူ ရာထူးတိုးအံ့၊ စန်းပွင့်အံ့၊ စကားကောင်းပြောအံ့။

၃။ ဒုံးလှေကို မြင်မက်မူ စိတ်ပျော်ရွှင်အံ့။

၄။ ဒေလီယာပန်းပွင့်ကြီးကို မြင်မက်မူ အခြွေအရံ အသင်းအပင်းများပေါများအံ့။

၅။ ဒေလီယာပန်းကြီး ပန်ရသည်ဟု မြင်မက်မူ မုချလက်ထပ်ရအံ့။စိတ်လွတ်ကိုယ်လွတ် ပျော်ရအံ့။

၆။ ဒန်အိုး၊ ဒန်ခွက်များကို မြင်မက်မူ အိမ်တွင်းသုခ ရအံ့။

၇။ ဒယ်အိုးကို မြင်မက်မူ စိတ်ချမ်းသာရအံ့။

၈။ ဒေါင်းမွေးမြူရသည်ဟု မြင်မက်မူ အိမ်ကျက်သရေတိုးအံ့။


[ ဓ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ဓာတ်တော်ရသည်ဟု မြင်မက်မူ ကျက်သရေတက်အံ့။

၂။ ဓာတ်လုံးနှင့် ပေါက်ရသည်၊ ပစ်ရသည်ဟု မြင်မက်မူ ရန်သူအပေါင်းကို အလွယ်တကူ နိုင်အံ့။

၃။ ဓားသွေးကျောက်ကို မြင်မက်မူ အကြံအစည်များရှိနေအံ့။

၄။ ဓား၊ လှံအရောင်တောက်သည်ဟု မက်မူ ဘုန်းတန်းခိုးကြီးအံ့။

၅။ ဓား၊ လှံ စွဲကိုင်ရသည်ဟု မြင်မက်မူ အသက်ရှည်အံ့။

၆။ ဓား၊ လှံ အရောင်တောက်သည်ကို မြင်မက်မူ ဘုန်းတန်ခိုး ကြီးအံ့။

၇။ ဓား၊ လှံ ကိုင်ရသည် မြင်မက်မူ အသက်ရှည်အံ့။

၈။ ဓူဝံကြယ်ကို မြင်မက်မူ အကြံအောင်အံ့။


[ န ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ နို့အမျိုးမျိုးကို သောက်သည်ဟု မြင်မက်မူ သူတစ်ပါး ပညာပေးအံ့။

၂။ နို့ညှစ်ရသည်ဟု မြင်မက်မူ ကြွယ်ဝအံ့။

၃။ နို့ကို ရွှေခွက်နှင့် ထည့်၍ သောက်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။

နွားနို့သောက်ရသည်ဟုမြင်မက်မူ သူတစ်ပါးတို့ထက် ကျော်စောအံ့။

၄။ နွားမ, ဖမ်းရသည်ဟု မြင်မက်မူ သူကြီးဖြစ်အံ့။

၅။ နွားရသည်ဟု မြင်မက်မူ ပစ္စည်းဥစ္စာတိုးအံ့။

၆။ နွားစီးရသည်ဟု မြင်မက်မူ ချမ်းသာအံ့။

၇။ နွားကျောင်းရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။

၈။ နွားချေးရေချိုးရသည်ဟု မြင်မက်မူ လာဘ်ရအံ့။

၉။ နတ်ရုပ်၊ ဗိဿနိုးရုပ်ကို မြင်မက်မူ အဆွေခင်ပွန်းကောင်းရအံ့။

၁၀။ နတ်ဆေးလိမ်းကျံမြင်မက်မူ ဥစ္စာရအံ့။

၁၁။ နတ်တို့ စကားပြောသည်ဟု မြင်မက်မူ တုန်လှုပ်ပျက်စီးအံ့။

၁၂။ နေဗိမာန်သည် ကြယ်အပေါင်းခြံရံချက် မြေမှကောင်းကင်သို့ ပျံ

တက်သည်ဟုမြင်မက်မူ ဘုန်းကံသေးငယ်သူတို့အတုမရှိ ဘုန်းကြီးအံ့။

၁၃။ နေ လ ကြတ်သည်ဟု မြင်မက်မူ ဘုန်းကျက်သရေ တိုးအံ့။

၁၄။ နေ လတို့ မွန်းတည့်သည်ဟု မြင်မက်မူ ကြီးစွာသောချမ်းသာသုခကို ရအံ့။ အမျိုး(၇)ဆက်တိုင် မပျက်နိုင်သော စည်းစိမ်ကို ရအံ့။

၁၅။ နေ လတို့ကို ရင်ခွင်ပိုက်ရသည်ဟု မြင်မက်မူ ဘုန်းကြီးသောသားကို ရအံ့။ 

၁၆။နေအိမ်၊ လအိမ်ဖွဲ့၍ ဝမ်းတွင်းဝင်သည်ဟု မြင်မက်မူ ကောင်းစားအံ့။

၁၇။နေ လ ကြယ်တို့ကို မြင်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ထက်မြင့်မားသော ရာထူးရှိသူ ဖြစ်အံ့။

၁၈။နေသည် အရှေ့က ထွက်၍ အနောက်သို့ ဝင်သည်ဟု မြင်မက်မူ ကမ္ဘာတွင် ထင်ရှားသော ပုဂ္ဂိုလ်ပေါ်ပေါက်အံ့။

၁၉။နေ လတိုိ့ကို ဖက်ရသည်ဟု မြင်မက်မူ ကြွယ်ဝချမ်းသာအံ့။

၂၀။နေသည် ဝမ်းတွင်းသို့ ဝင်ရောက်သည်ဟု မြင်မက်မူ သားကောင်းဖွားအံ့။

၂၁။နေကြာပန်းပန်၍ ပတ်စည်တီးရသည်ဟု မြင်မက်မူမင်းဆရာဖြစ်အံ့။

၂၂။နားတွင်းသို့ မစင်ရည်ဝင်သည်ဟု မြင်မက်မူ လာဘ်ရအံ့။

၂၃။နားပင်းသည်ဟု မြင်မက်မူ သူတစ်ပါး အတင်းပြောအံ့။

၂၄။နားတွင်းသို့ ဆီသန့်သန့်ဝင်သည်ဟု မြင်မက်မူ နှစ်သက်ဖွယ်ရာ စကားကို ကြားရအံ့။

၂၅။နှာခေါင်းသွေးယိုထွက်သည်ဟု မြင်မက်မူ သူတစ်ပါးတို့ မှီခိုရာဖြစ်အံ့။

၂၆။နှာခေါင်းလှီးမြင်မက်မူ စည်းစိမ်တိုးပွားအံ့။

၂၇။နှာခေါင်းပဲ့သည်ဟု မြင်မက်မူ စီးပွားဥစ္စာလျှောအံ့။

၂၈။နှာခေါင်းတွင်းသို့ မကောင်းသော အနံ့ဝင်သည်ဟု မြင်မက်မူ မကောင်းသော အကြံကို ကြံရအံ့။

၂၉။နှာခေါင်းတွင်းသို့ ကောင်းသော အနံ့ဝင်သည်ဟု မြင်မက်မူ ကောင်းသော အကြံကို ကြံရအံ့။

၃၀။နှလုံးသား အပြင်ထွက်သည်ဟု မြင်မက်မူ သားသမီး အရပ်တပါးသို့ ပြောင်းအံ့။

၃၁။နဂါးကို ဖမ်းမိသည်ဟု မြင်မက်မူ ရန်ပျောက်အံ့။

၃၂။နှမ်းဆီကို သောက်ရသည်ဟု မြင်မက်မူ စိုးရိမ်သောက ကင်းအံ့။

၃၃။နနွင်း၊ စန္ဒကူးလိမ်းကျံရသည်ဟု မြင်မက်မူ ဖျားနာအံ့။

၃၄။နန်းတော်အိမ်ကို မီးလောင်သည်ဟု မြင်မက်မူ ရန်အောင်၍ အနာနှိပ်စက်ပျက်စီးအံ့။

၃၅။နံ့သာမျိုးငါးပါး တစ်ပါးပါးကို နမ်းရှုရသည်ဟု မြင်မက်မူ တစ်နေ့တခြား ဂုဏ်သတင်းထွက်အံ့။


[ ပ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ပန်းအမျိုးမျိုးတွင် မိမိကြိုက်နှစ်သက်သော ပန်း၏အနံ့ကို နမ်းရှူရသည်ဟု မြင်မက်မူ ကျက်သရေ ဂုဏ်သတင်း ပျံ့နှံ့အံ့။

၂။ ပန်းစည်းမြင်မက်မူ ရာထူးရအံ့။

၃။ ပန်းထီးဆောင်းရသည်ဟု မြင်မက်မူ ကျော်စောအံ့။

၄။ ပန်းနီပန်၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ရသည်ဟု မြင်မက်မူ ဘေးထိတတ်အံ့။

၅။ ပန်းကြာပန်ရသည်ဟု မြင်မက်မူ နာဖျားတတ်အံ့။

၆။ ပန်းပန်ရသည်ဟု မြင်မက်မူ ဖျားနာအံ့။

၇။ ပန်းဖြူ ပန်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။

၈။ ပြာသာဒ်ထက်၌ အစားအစာကို စားရသည်ဟု မြင်မက်မူ အထူးကောင်းမွန်အံ့။ 

၉။ပြာသာဒ်ထက်မှနေ၍ အရသာအဖျော်ကိုသောက်ရသည်ဟု မြင်မက်မူ ချမ်းသာသုခ တစ်နေ့တခြားတိုးအံ့။

၁၀။ပြာသာဒ်၊ တောစိုးသစ်ပင်၊ အထိကရသစ်ပင်၊ တောင်တို့ကို တက်စီးရသည်ဟု မြင်မက်မူ ချမ်းသာစီးပွားများအံ့။

၁၁။ပြာသာဒ်ကြီးကို ပြုရသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။

၁၂။ပုဆိုးအသစ်၊ လုံချည်သစ်ကို မြင်မက်မူ ဘုန်းကျက်သရေ တိုးအံ့။

၁၃။ပုဆိုးဖြူကို ဝတ်ရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။

၁၄။ပုဏ္ဍားရေသွန်း၍ စကားပြောသံကြားရသည်ဟု မြင်မက်မူ ရန်သူလက်မှ လွတ်အံ့။

၁၅။ပုဏ္ဍားကို စွဲလန်းမက်သော် လာဘ်ရအံ့။

၁၆။ပုခက်စီးရသည်ဟု မြင်မက်မူ ထင်ရှားကျော်စောအံ့။

၁၇။ပုပ်စော ဆီ၊ ရေတို့ နားတွင်းသို့ ဝင်သည်ဟု မြင်မက်မူဒုစရိုက်နှင့်စပ်သော မနှစ်သက်ဖွယ်ကို ကြားရအံ့။

၁၈။ပျားရည်သောက်ရသည်ဟု မြင်မက်မူ ကြံသမျှ ပြီးစီး၍ လာဘ်ရအံ့။

၁၉။ပျားတုတ်ခံရသည်ဟု မြင်မက်မူ ရန်တွေ့အံ့။

၂၀။ပခြုပ်တွင်း၌ မီးလောင်သည်ဟု မြင်မက်မူ လက်အောက်ငယ်သားတို့ တော်လှန်အံ့။

၂၁။ပွဲခံရသည်ကိုလည်းကောင်း၊ ပွဲလမ်းသဘင်ကိုလည်းကောင်း မြင်မက်မူ မကောင်း၊ သေပျောက်တတ်၏။

၂၂။ပျဉ်တလားတွင်းသို့ ဝင်ရသည်ဟု မြင်မက်မူ မကောင်း။

၂၃။ပိတုန်းတုပ်သည်ဟု မြင်မက်မူ ရန်တွေ့အံ့။

၂၄။ပါးစပ်ပဲ့သည်ဟု မြင်မက်မူ အလိုရှိသောစကားကို မပြောနိုင်ဘဲဆွံ့အနေအံ့။

၂၅။ပတ္တမြားရသည်ဟု မြင်မက်မူ သားကောင်း ရအံ့။


[ ဖ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ဖျာလှုပ်သည်ဟု မြင်မက်မူ လာဘ်ရအံ့။

၂။ ဖွဲမီးတငွေ့ငွေ့ကို မြင်မက်မူ အလွန်ပူအံ့။

၃။ ဖိနပ်စီးရသည်ဟု မြင်မက်မူ အသရေတိုးအံ့။

၄။ ဖယောင်းတိုင်ကို မြင်မက်မူ စိတ်ချမ်းသာအံ့။

၅။ ဖယောင်းတိုင် မီးလင်းနေသည်ကို မြင်မက်မူ

နတ်ကောင်းနတ်မြတ်တို့ မ စအံ့။

၆။ ဖရဲသီး မြင်မက်မူ သားကောင်းရအံ့။

၇။ ဖရဲသီးစားရသည် မြင်မက်မူ ရောဂါဝေဒနာ ကင်းရှင်းအံ့။

၈။ ဖောင်တိန်လက်ဆောင်ရသည် မြင်မက်မူ စာပေ၌အထူး အောင်မြင်ကျော်စောအံ့။

၉။ ဖောင်တိန်ကို မြင်မက်မူ စာပေ၌ ကျော်စောအံ့။

၁၀။ ဖန်ခွက်ရေအပြည့်နှင့်မြင်မက်မူ မင်္ဂလာပွဲများ ခင်းကျင်းရအံ့။


[ ဗ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ဗေဒါပန်းကို မြင်မက်မူ အကြံကောင်းရအံ့။

၂။ ဗေဒင်ဟောသည် မြင်မက်မူ လိုအပ်သော အကူအညီများ ပေးစွမ်းနိုင်သူ ပေါ်အံ့။

၃။ ဗိုလ်ချုပ်ကြေးရုပ်ကို မြင်မက်မူ ရာထူးတိုးအံ့။သားကောင်းရတနာရအံ့။

၄။ ဗျောသံကြားရသည် မြင်မက်မူ ရာထူးတိုးအံ့။

၅။ ဗျိုင်းငှက်ကို မြင်မက်မူ ဇနီးကောင်း ရအံ့။

၆။ ဗြဟ္မာမင်းကို မြင်မက်မူ လာဘ်ကြီးရအံ့။


[ ဘ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ဘုရားရုပ်ထုတော် မိမိဦးခေါင်း၌ တည်ရှိသည်ဟု မြင်မက်မူ အကြီးအကဲတို့ ချီးမြှောက်အံ့။

၂။ ဘုရားရုပ်ထုတော် မိမိလက်ဝဲ၊ လက်ယာ ပခုံးတို့၌ တည်ရှိသည်ကို မြင်မက်မူ ကြီးမြင့်သော အခြွေအရံ ပရိသတ်ရအံ့။

၃။ ဘုရားရုပ်တုတော် မိမိခြေရင်း၌ တည်ရှိသည်ဟု မြင်မက်မူ ရှိပြီးအကြီးအကဲသည် ရာထူးသက်လျှော၍ မိမိသည်ပင်အကြီးအကဲဖြစ်အံ့။

၄။ ဘုရားရုပ်တုတော် ကြွသွားတော်မူသည်ဟု မြင်မက်မူဘုန်းကျက်သရေတိုးအံ့။

၅။ ဘုရားရုပ်ပွားတော် ဖူးတွေ့ရသည်ဟု မြင်မက်မူ တစ်နေ့တခြား ကျော်စောအံ့။

၆။ ဘုရားရုပ်တုတော်၊ စေတီတော်၊ ပုထိုးတော်တို့ကို မြင်မက်မူ နတ်ကောင်းနတ်မြတ်တို့ ချစ်အံ့။

၇။ ဘုရားရုပ်တုတော် မကောင်းသောအခြင်းအရာဖြင့်ကြွသွားသည်ကို မြင်မက်မူ ဘုန်းကျက်သရေ ဆုတ်ယုတ်အံ့။

၈။ ဘုရားရုပ်ပွား၊ စေတီ၊ ပုထိုးကို မကောင်းသော အခြင်းအရာအားဖြင့်မြင်မက်မူ နတ်ကောင်းနတ်မြတ်တို့ မချစ်ခင်သဖြင့် ဥပါဒ်ရောက်အံ့။

၉။ ဘုရားရုပ်ပွားတော်၊ ဆင်းတုတော် တရားဟောသည်ကို မြင်မက်မူ ကျော်စောအံ့။

၁၀။ ဘုရားရုပ်ပွားတော်၊ ဆင်းတုတော် တရားဟောသည်၊စကားပြောသည်ကို ကြားရသည်ဟု မြင်မက်မူ ကျော်စောအံ့။

၁၁။ ဘုရားရှိခိုးသည်ဟု မြင်မက်မူ ချမ်းသာသုခတိုးအံ့။

၁၂။ ဘုရားရုပ်တုတော်ကို ဖက်ရသည်ဟု မြင်မက်မူကျက်သရေတိုးအံ့။

၁၃။ ဘုရားဓာတ်တော်ရသည်ဟု မြင်မက်မူ ကျက်သရေတိုးအံ့။

၁၄။ ဘုရားဓာတ်တော်မြင်ရသည်ဟုမြင်မက်မူ ကျက်သရေ တိုးတက်အံ့။


[ မ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ မိမိရူးသည်ဟု မြင်မက်မူ လာဘ်ရအံ့။

၂။ မိမိအူကို ထုတ်၍ ပတ်ရသည်ဟု မြင်မက်မူ သြဇာအာဏာ အရှိန်အဝါကြီးမားအံ့။

၃။ မိကျောင်းဖမ်းသည် မြင်မက်မူ လာဘ်ရအံ့။

၄။ မိကျောင်းစီးရသည် မြင်မက်မူ ရန်သူကို နိုင်အံ့။

၅။ မိကျောင်းစွယ်ကို ရင်ခွင်ပိုက်သည်ဟု မြင်မက်မူ ရာထူးကြီးအံ့။

၆။ မိကျောင်းသား စားရသည်ဟု မြင်မက်မူ လာဘ်ကြီးအံ့။

၇။ မိန်းမကို ဆွဲရသည်ဟု မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။

၈။ မ်ိန်းမနှင့် အတူ အိပ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။

၉။ မိန်းမကို နားထွင်းရသည်ဟု မြင်မက်မူ ရွှေရအံ့။

၁၀။ မိန်းမအမွေးအမျှင်ရှည်သည်ကို မြင်မက်မူ ချမ်းသာအံ့။

၁၁။ မျက်စိမှိတ်သည်ဟု မြင်မက်မူ အရမ်းကာရော ပြုမိအံ့။

၁၂။ မျက်စိဖွင့်သည်ဟုမြင်မက်မူကောင်းကျိုး၊ မကောင်းကျိုးကို မြင်ရအံ့။

၁၃။ မျက်စိကြည်လင်သည်ဟု မြင်မက်မူ ကောင်းသော ဉာဏ်တိုးအံ့။

၁၄။ မျက်စိ၌ အမှိုက်ဝင်သည်ဟု မြင်မက်မူ အနိဠာရုံကို ရအံ့။

၁၅။ မျက်စိ၌ တိမ်သလ္လာကျသည်ဟု မြင်မက်မူ အသိဉာဏ်နည်းပါးအံ့။

၁၆။ မျက်စိ၌ မျက်ချီးများသည်ဟု မြင်မက်မူ အရှိန်အစော်မဲ့အံ့။

၁၇။ မျက်စိပျက်သည်ဟု မက်မူ မှားယွင်းသော အယူကိုရအံ့။

၁၈။ မျက်စိထွက်သည်ဟု မက်မူ သားသမီးတို့ ထွက်ပြေးတတ်အံ့။

၁၉။ မီးပုံမှ အခိုးအလျှံထွက်သော မီးကို မြင်မက်မူ ပညာရှိ ပေါ်ထွန်းအံ့။

၂၀။ မီးထည့်ရသည်၊ မီးဖုတ်ရသည်၊ မီးရှို့ရသည်၊ မီးတိုက်ရသည်ဟု

မြင်မက်မူ ရပ်ရွာကြီးကဲ ဖြစ်အံ့။

၂၁။ မီးတန်ဆောင် ညှိထွန်းရသည်ဟု မြင်မက်မူ ပညာတတ်အံ့။

၂၂။ မီးမှုတ် မက်မူ အကြီးအကဲဖြစ်အံ့။

၂၃။ မီးတငွေ့ငွေ့မြင်မက်မူ စိတ်နှလုံးပူပန်ရအံ့။

၂၄။ မြွေငန်းစီးရသည်ဟု မြင်မက်မူ ရောဂါဖြစ်အံ့။

၂၅။ မြွေကိုက်သည်ကို မြင်မက်မူ လူလိမ်ခံရအံ့။

၂၆။ မြွေကို ခါးပိုက်ပိုက်ရသည်ကို မက်မူ အတွင်းရန်ဖြစ်ပေါ်အံ့။

၂၇။ မြွေခဲသည်ကို မြင်မက်မူ သားသမီးရ၍ အစွဲရှိအံ့။

၂၈။ မြွေခံသည်ကို မြင်မက်မူ လာဘ်ရအံ့။

၂၉။ မြွေစိမ်းကိုက်သည်ကို မြင်မက်မူ လူလိမ်တွေ့ရအံ့။

၃၀။ မြွေပွေး၊ မြွေဟောက်ကိုက်လိုက်သည်ကို မြင်မက်မူ လူဆိုးတို့လိမ်ရန် လာအံ့။

၃၁။ မြေတူးရသည်ဟု မြင်မက်မူ မကောင်း။

၃၂။ မြေဇာပန်း ပန်ရသည်ဟု မြင်မက်မူ ပညာရှိ ဆရာတစ်ဆူဖြစ်အံ့။

၃၃။ မြင်းမိုရ်တောင် ခေါင်းအုံးရသည်ကို မြင်မက်မူ လူအများ ပူဇော်ခြင်းကို ခံရအံ့။

၃၄။ မြင်းမိုရ်တောင်သို့ တက်ရသည်ဟု မြင်မက်မူ လူချစ်လူခင်များအံ့။

၃၅။ မြင့်ရာမှ နိမ့်ကျသည်ဟု မြင်မက်မူ မကောင်း။

၃၆။ မြင့်သောအရပ်ကို တက်ရသည်ဟု မြင်မက်မူ လူတကာတို့ထက်မြင့်မြတ်ရအံ့။

၃၇။ မန်ကျည်းသီး စားရသည်ကို မြင်မက်မူ သူကောင်းဖြစ်အံ့။

၃၈။ မိုးရေထဲ ပျော်ပါးရသည်ကို မြင်မက်မူ ဥစ္စာပစ္စည်းရအံ့။

၃၉။ မစင်လိမ်းကျန်ရသည်ကို မြင်မက်မူ ပစ္စည်းဥစ္စာရအံ့။

၄၀။ မှိုချက်စားရသည်ကို မြင်မက်မူ လာဘ်ရအံ့။

၄၁။ မြစ်ရေသောက်ရသည်ကို မြင်မက်မူ သူတစ်ပါးတို့ထက်ကျော်စော ထင်ရှားအံ့။

၄၂။ မုန်တိုင်းထန်သည်ကို မြင်မက်မူ ကြောင့်ကြများအံ့။ စိုးရိမ်သောကများအံ့။

၄၃။ မျှော့တွယ်သည်ကို မြင်မက်မူ အကြီးအကဲဖြစ်အံ့။

၄၄။ မောင်းတိုဆောင်းရသည်ကို မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။

၄၅။ မကောင်းသောရေကို သွန်းလာသည်ကို မက်မူ ပျက်စီးအံ့။

၄၆။ မကာရ်းကို ဖမ်းမက်မူ လာဘ်ရအံ့။


[ ယ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ယောက်ျားချင်းသင့်မြတ်၍ ကိုယ်ဝန်ရှိသည်ကို မြင်မက်မူမကောင်း။

၂။ ယမမင်းကို မြင်မက်မူ အသက်ရှည်အံ့။ အိမ်တွင်းအေးချမ်းအံ့ မိမိအားစောင့်ရှောက်သူကို ကျေနပ်ဖွယ်တွေ့ရအံ့။

၃။ ယိုးစွပ်ခံရသည်မြင်မက်မူ အကြံအောင်အံ့။ မကောင်းပြောသူများ ပျက်စီးအံ့။ အနီးရန်သူများ ဘေးတွေ့ကြအံ့။


[ ရ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ ရွှေကိုဖြစ်စေ၊ ငွေကိုဖြစ်စေ မြင်မက်မူ ယောက်ျားမှာ မယားကောင်းရအံ့။

၂။ ရွှေရတနာ ပတ္တမြားစသော ရတနာတို့ကို မြင်မက်မူ ကောင်းကျိုးရအံ့။

၃။ ရွှေလက်ဖွဲ့ဝတ်ရသည်ဟု မြင်မက်မူ ယောက်ျား၌ မယားရအံ့။

၄။ ရွှေဟင်္သာ တရားဟောသည်ကို နာကြားရသည်ဟု မြင်မက်မူ ဘုန်းကျက်သရေတိုးအံ့၊ စိတ်ချမ်းသာအံ့။

၅။ ရွှေလက်ကောက်ဝတ်မက်မူ ကြီးသောသူတို့ ချီးမြှင့်ခံရအံ့။

၆။ ရွှေငွေအား အစိုးရသည်ကို မြင်မက်မူ ချမ်းသာအံ့။

၇။ ရွှေခွက်နှင့်ထည့်၍ ထမင်းစားရသည် မြင်မက်မူ ထီပေါက်အံ့။ (သို့)ကြီးကျယ်သော လာဘ်ရအံ့။

၈။ ရေကြည်ကို မြင်မက်မူ အလွန်စိတ်ချမ်းသာအံ့။

၉။ ရေနောက်ကို မြင်မက်မူ အလွန်စိတ်မချမ်းသာအံ့။

၁၀။ ရေထဲ၌ မြွေ၊ ကင်းတို့ကို မြင်မက်မူ ချမ်းသာရောက်အံ့။

 ၁၁။ ရေကန်၏အလယ် ကြာထက်၌ နို့ဃနာ စားရသည်ကို မြင်မက်မူ သူတစ်ပါးထက် ကြီးကျယ်မြင့်မြတ်သူ ဖြစ်အံ့။

၁၂။ ရေသောက်ရသည်ဟု မြင်မက်မူ ဂုဏ်သတင်းတိုးအံ့။

၁၃။ ရေအိုးတွင် လ ကျသည်ဟု မြင်မက်မူ ဘုန်းတန်ခိုးကြီးအံ့။

၁၄။ ရဟန်းသာမဏေ၊ ရသေ့တို့၏ မကောင်းသောအခြင်းအရာ မြင်မက်မူ သမ္မာဒေဝနတ်တို့ မုန်းသဖြင့် ဥပါဒ်ရောက်အံ့။

၁၅။ ရဟန်း၊ ပုဏ္ဏားနှင့် ကြုံရ မြင်မက်မူ ချမ်းသာအံ့။

၁၆။ ရဟန်း၊ ပုဏ္ဏားနှင့် စကားပြောရ မြင်မက်မူ ချမ်းသာအံ့။

၁၇။ ရဟတ်ကို မြင်မက်မူ မကောင်း။

၁၈။ ရှောက်သီး၊ သံပုရာသီး စားရသည်ကို မက်မူ လာဘ်ရအံ့။

၁၉။ ရထားစီးရသည်ကို မြင်မက်မူ မယားကောင်းရအံ့။

၂၀။ ရုပ်ထုကို ဖက်ရသည် မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။

၂၁။ ရွှံ့စင်၊ ရွှံ့ထိမက်မူ မကောင်းသတင်း ဖြစ်အံ့။

၂၂။ ရွှံ့ နားဝင်မက်မူ ကျက်သရေ ယုတ်အံ့။

၂၃။ ရယ်စရာပြုမက်မူ ဝမ်းမြောက်စရာ ကိစ္စဖြစ်အံ့။


[ လ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ လှေစီးရသည်ကို မြင်မက်မူ ချမ်းသာတိုးအံ့။

၂။ လှေစီးစဉ် ရေနစ်သည်ဟု မြင်မက်မူ ပစ္စည်းဥစ္စာပျက်စီးအံ့။

၃။ လှေစီးလျက် မြစ်ကို ပင်ပန်းစွာ ကူးရသည်ဟု မြင်မက်မူ အရပ်တစ်ပါးပြောင်းပြီး ပြန်ရအံ့။

၄။ လက်နက်ကို ဖက်ရသည်ဟု မြင်မက်မူ ချမ်းသာအံ့။

၅။ လက်ကတုံးတိုင်မ လဲသည်ကို မြင်မက်မူ မယားသေအံ့။

၆။ လက်ကတုံးတိုင်မ လဲသည်ကို မြင်မက်မူ မက်သူ သေအံ့။

၇။ လက်ကတုံးတိုင် လဲသည် မြင်မက်မူ ကိုးကွယ်ထားသော အကြီးအကဲ သေအံ့။

၈။ လူသေကို မြင်မက်မူ စကားဟောင်းပေါ်အံ့။

၉။ လူဦးခေါင်း ပြတ်သည်ကို မြင်မက်မူ ရန်အောင်အံ့။

၁၀။ လူသားစားရသည်ကို မြင်မက်မူ အထွတ်အထိပ်သို့ ရောက်အံ့။

၁၁။လူသားကို ဓားနှင့်လှီး၍ စားရသည်ကို မြင်မက်မူ လူဖြစ်လျှင်အကြီးအကဲဖြစ်အံ့။ 

၁၂။ရဟန်းဖြစ်မူ မင်းဆရာ သာသနာပိုင်ဖြစ်အံ့။

၁၃။လှည်း၊ ပျဉ်၊ တံစဉ်း၊ ဆုံ၊ ချားရဟတ်ကို မြင်မက်မူသူ မကောင်းကြံတတ်အံ့။

၁၄။ လှည်းဘီးကို မြင်မက်မူ အကြီးအကဲဖြစ်အံ့။

၁၅။လက်ကောက်၊ လက်စွပ်၊ ခြေကျင်း ဝတ်ရသည်ဟု မြင်မက်မူ သားကောင်းရအံ့။

၁၆။လက်ကောက်၊ နားထောင်း၊ ဆံကျင် ဝတ်ရသည်ကို မြင်မက်မူ ရာထူးရာခံရအံ့။

၁၆။လက်ကောက်ဝတ်ဆင်မက်မူ သားကောင်းရအံ့။

၁၈။လက်ကိုလည်းကောင်း၊ ပေါင်ကိုလည်းကောင်း၊ ရင်ကိုလည်းကောင်း ကျော့ကွင်းဖွဲ့မြင်မက်မူ သားသမီးရအံ့။

၁၉။လူတို့၏ အူအချင်းကို စားရသည် မြင်မက်မူ ကြွယ်ဝချမ်းသာအံ့။

၂၀။လူ၏ ဦးခေါင်းကို စားရသည်ကို မြင်မက်မူ ထင်ရှားကျော်ကြားအံ့။

၂၁။လက်ယာအံသွားကျိူးသည်ကို မြင်မက်မူ အမျိုးယောက်ျားတို့၌ ဥပါဒ်ဖြစ်အံ့။

၂၂။လက်ဝဲ အံသွားကျိုးသည်ကို မြင်မက်မူ အမျိုးမိန်းမတို့၌ ဥပါဒ်ဖြစ်အံ့။

၂၃။လက်စွပ်ဝတ်ရသည်ဟု မြင်မက်မူ သူစွပ်စွဲအံ့။

၂၄။လက်ဝါးထက် ကြာပန်းရောက်သည်ကို မြင်မက်မူ ကျော်စောအံ့။

၂၅။ပြေးလွှားကစားရသည်ကို မြင်မက်မူ မကောင်း။

၂၆။လည်တို၍ ဦးသျှောင်လှီးမက်မူ နာဖျားတတ်အံ့။

၂၇။လည်ပင်းတိုသည် မြင်မက်မူ နာဖျားတတ်အံ့။

၂၈။လောက်ဖမ်းရသည်ကို မြင်မက်မူ အစားအသောက် ဆန်စပါး ပေါများအံ့။

၂၉။လက်ယာလက်ချောင်းတို့ ကြီးသည်ကို မြင်မက်မူ အမျိုးသားတို့ ကြီးပွားအံ့။

၃၀။လက်ဝဲလက်ချောင်းတို့ ကြီးသည်ကို မြင်မက်မူ အမျိုးသမီးတို့ ကြီးပွားအံ့။

၃၁။လက်ယာလက်သည်း ပုပ်သည် မြင်မက်မူ သား နာဖျားအံ့။

၃၂။လက်ဝဲလက်သည်း ပုပ်သည် မြင်မက်မူ သမီးဖျားနာအံ့။

၃၃။လက်သည်းရှည်သည် မြင်မက်မူ အသက်ရှည်အံ့။

၃၄။လက်ဝဲခြေသည်းပုပ်သည် မြင်မက်မူ အမျိုးသမီး နာဖျားအံ့။

၃၅။လက်ယာခြေသည်း ပုပ်သည် မြင်မက်မူ အမျိုးသား၌ နာဖျားအံ့။

၃၆။လက်ယာခြေသည်းပွင့်သည် မြင်မက်မူ အမျိုးသား၌ လာဘ်ရအံ့။

၃၇။လက်ဝဲခြေသည်းပွင့်သည်ကို မြင်မက်မူ အမျိုးသမီး၌ လာဘ်ရအံ့။

၃၈။လက်ယာလက်သဲပွင့်သည်ကို မြင်မက်မူ သား၌ လာဘ်ရအံ့။

၃၉။လက်ဝဲလက်သဲပွင့်သည်ကို မြင်မက်မူ သမီး၌ လာဘ်ရအံ့။

၄၀။လက်ယာပေါင်ကြီးသည်ကို မြင်မက်မူ ကိုယ့်အောက်နိမ့်သူ အမျိုးသားတို့ ကြီးပွားအံ့။ 

၄၂။လက်ဝဲပေါင်ကြီးသည် မြင်မက်မူ ကိုယ့်အောက်နိမ့်သူ အမျိုးသမီးတို့ ကြီးပွားအံ့။

၄၃။လက်ယာပေါင် ကြုံလှီသည်ကို မြင်မက်မူ ကိုယ့်အောက်ငယ်သူ အမျိုးယောက်ျားတို့ ညှိုးနွမ်းအံ့။ 

၄၄။လက်ဝဲပေါင် ကြုံလှီသည်ကိုမြင်မက်မူ ကိုယ့်အောက်ငယ်သူ အမျိုးသမီးတို့ ညှိုးနွမ်းအံ့။

၄၅။လက်ဝဲပေါင်ပဲ့သည်ကို မြင်မက်မူ အမျိုးမိန်းမတို့ နာဖျားအံ့။

၄၆။လက်ယာပေါင်ပဲ့သည်ကို မြင်မက်မူ အမျိုးသားယောက်ျားတို့ ဖျားနာအံ့။

၄၈။လက်ယာခြေသလုံးကြီးသည် မြင်မက်မူ အမျိုးယောက်ျားတို့ ကြီးပွားအံ့။

၄၉။လက်ဝဲခြေသလုံးကြီးသည် မြင်မက်မူ အမျိုးမိန်းမတို့ ကြီးပွားအံ့။

၅၀။လက်ယာခြေသလုံး ကြုံလှီသည် မြင်မက်မူ အမျိုးယောက်ျားတို့ နွမ်းနယ်အံ့။

၅၁။လက်ဝဲခြေသလုံး ကြုံလှီသည် မြင်မက်မူ အမျိုးမိန်းမတို့ နွမ်းနွယ်အံ့။

၅၂။လက်ယာခြေသလုံးပဲ့သည် မြင်မက်မူ အမျိုးယောက်ျားတို့နာဖျားအံ့။ 

၅၃။လက်ဝဲခြေသလုံးပဲ့သည် မြင်မက်မူ အမျိုးမိန်းမတို့ ဖျားနာအံ့။

၅၄။လက်ယာလက်မောင်းကြီးသည် မြင်မက်မူ သား၊ညီတို့ကြီးပွားချမ်းသာအံ့။ မြင်မက်သူက မိန်းမဖြစ်မူ သားအကြီး၊ မောင်အကြီးတို့ ကြီးပွားချမ်းသာအံ့။ 

၅၅။လက်ဝဲလက်မောင်းကြီးသည်ဟု မြင်မက်မူ သမီး၊ နှမတို့ ကြီးပွားအံ့။

၅၆။လက်ယာလက်ရုံး ပွန်းပဲ့သည်ဟု မြင်မက်မူ နှမ၊ သားသမီးတို့နာဖျားအံ့။ မိန်းမမက်မူ သမီး၊ ညီမတို့ နာဖျားအံ့။

၅၇။လက်ဝဲလက်ရုံးပဲ့သည် မြင်မက်မူ နှမ၊ သားသမီးတို့ နာဖျားအံ့၊။မိန်းမမက်မူ သမီး၊ ညီမတို့ နာဖျားအံ့။

၅၈။လက်ယာလက်မောင်းကြုံလှီသည် မြင်မက်မူ ညီနှင့် သားတို့နာဖျားအံ့။ 

၅၉။လက်ဝဲလက်မောင်း ကြုံလှီသည်ကို မြင်မက်မူ နှမနှင့် သမီးတို့ နာဖျားအံ့။

၆၀။လက်ယာလက်မောင်း သွေးယိုသည်ဟု မြင်မက်မူ ညီ၊ သားတို့ တစ်ရပ်တစ်ပါးသို့ ပြောင်းရွှေ့သွားရအံ့။

၆၁။လက်ဝဲလက်မောင်း သွေးယိုသည်ဟု မြင်မက်မူ ညီမ၊ သမီးတို့ တစ်ပါးသို့ ပြောင်းရွှေ့သွားအံ့။

၆၂။လက်ယာဘက် လက်ငါးချောင်းတွင် တစ်ချောင်းကြီးသည်မြင်မက်မူ သားနှင့်ညီတို့၏ သားသမီးများ ကြီးပွားအံ့။

၆၃။လက်ဝဲဘက် လက်ငါးချောင်းတွင် တစ်ချောင်းကြီးသည် မြင်မက်မူ သမီးနှင့် ညီမတို့၏ သားသမီးများ ကြီးပွားအံ့။

၆၄။လက်ယာလက်ချောင်း ပွန်းပဲ့သည်ဟု မြင်မက်မူ သားနှင့် ညီတို့၏သားသမီးများ နာဖျားအံ့။

၆၅။လက်ဝဲလက်ချောင်း ပွန်းပဲ့သည်ဟု မြင်မက်မူ သမီးနှင့်ညီမတို့၏ သားသမီးများ နာဖျားအံ့။

၆၆။လက်ယာဘက်လက်ချောင်း ပြတ်သည်ဟု မြင်မက်မူသားနှင့်ညီတို့၏ သားသမီးများ ပျက်စီးအံ့။ 

၆၇။လက်ဝဲလက်ချောင်းပြတ်သည်ဟုမက်မူ သမီးနှင့်ညီမတို့၏ သားသမီးများ ပျက်စီးအံ့။

၆၈။လက်ယာနား ကြီးသည်ဟု မြင်မက်မူ ဆွေရင်းမျိုးရင်း မိတ်ဆွေတို့ကြီးပွားအံ့။ 

၆၉။လက်ဝဲနား ကြီးသည်ဟု မြင်မက်မူ ဆွေရင်းမျိုးရင်း မိတ်ဆွေတို့ ညှိုးနွမ်းအံ့။

၇၀။လဲသည်ဟု မြင်မက်မူ တရားရှုံးအံ့။

၇၁။လေးမျက်နှာမှလာ၍ ခိုးသူကို ဖမ်းမက်မူ ချမ်းသာအံ့။

၇၂။လိပ်၊ ငါး စားရသည်ကို မြင်မက်မူ စပါးဆန်ရေ အစားအစာ ပေါကြွယ်ဝအံ့။

၇၃။လိပ်ဥ၊ ဖွပ်ဥမှစ၍ ဥအမျိုးမျိုးစားရသည်ကို မြင်မက်မူ ဆင်းရဲသော်လည်း ကြွယ်ဝချမ်းသာအံ့။

၇၄။လိပ်၊ ငါး ဖမ်းရသည် မြင်မက်မူ ဆန် စပါး ရအံ့။

၇၅။လိင်တိုသည်ကို မြင်မက်မူ မယားအနိုင်ကျင့်ခံရအံ့။

၇၆။လယ်၌ ကြာရောက်သည် ကြာပေါက်သည်ကို မြင်မက်မူ အများ၏ခေါင်းဆောင်ဖြစ်အံ့။

[ ဝ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဝက်ပက်ခြင်းကို မြင်မက်မူ ခိုက်ရန်ဖြစ်အံ့။

၂။ ဝက်ပက်ခံရသည်ကို မြင်မက်မူ မကောင်း။

၃။ ဝက်ကို ခြံလှောင်သည်ဟု မြင်မက်မူ ကျော်စောအံ့။

၄။ ဝက်ရူးပြန်မက်မူ ရန်သူရောက်အံ့။

၅။ ဝမ်းတွင်းသို့ ငါးဝင်မည်ဆိုသော အသံကို ကြားရသည်ဟု မြင်မက်မူ သားကောင်းရအံ့။

၆။ ဝမ်းမြောက်ဝမ်းသာ မြင်မက်မူ ကောင်းစားအံ့။

၇။ ဝတ်ဖြူစင်ကြယ်ဝတ်ရ မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။

၈။ ဝရမ်းဖမ်းမက်မူ လာဘ်ကြီးရအံ့။


[ သ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။ သွေးကို ရေချိုးရသည်ဟု မြင်မက်မူ ချမ်းသာအံ့။

၂။ သွေးပေါက်ယိုစီးသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။

၃။ သွေးကိုလည်းကောင်း၊ မြေပြင်၌ လက်နက်တိုက်ကိုလည်းကောင်း၊မြူတိမ်ကင်းစော ကောင်းကင်ကိုလည်းကောင်း၊ နတ်ကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း မြင်မက်မူ ချမ်းသာအံ့။

၄။ သမုဒ္ဒရာကိုရေကူးရသည်ကိုမြင်မက်မူ တိုင်းပြည်ခေါင်းဆောင်ဖြစ်အံ့။

၅။ သမုဒ္ဒရာ၌ အိပ်ရာပြု၍ မိန်းမပေါင်းခြံရံလျက်ကာမဂုဏ်ခံစားရသည် ကို မြင်မက်မူ မင်းစိုးရာဇာဖြစ်အံ့။

၆။ သမုဒ္ဒရာရေကို သောက်ရသည် မြင်မက်မူအလွန်ကျော်စော ထင်ရှားအံ့။

၇။ သားသမီးရသည် မြင်မက်မူ ချမ်းသာအံ့။

၈။ သားငါးစားရ၊ မိချောင်းစားရ မြင်မက်မူ လာဘ်ကြီးအံ့။

၉။ သစ်သီးစားရသည်၊ မြိန်သောအရသာကို စားရသည်ကို မြင်မက်မူ လာဘ်ကြီးအံ့။

၁၀။ သစ်သီးလွယ်ပိုးရသည်ဟု မြင်မက်မူ ကောင်းအံ့။

၁၁။ သူတောင်းစားကို မြင်မက်မူ စစ်သည်ဗိုလ်ပါ ဖြစ်အံ့။

၁၂။ သူကောင်းကို ချီရသည်ကို မြင်မက်မူ လာဘ်ရအံ့။

၁၃။ သူငယ်ကို ချီရသည်ကို မြင်မက်မူ လာဘ်ရအံ့။

၁၄။ သူတစ်ပါး သားမယားကို ကျူးလွန်သည်ဟု မြင်မက်မူ မကောင်း၊ဖျားနာအံ့။ သူတစ်ပါးကို စည်းတား ကန့်ကွက်ရသည်ဟု မြင်မက်မူ မကောင်း။

၁၅။ သူခိုးကို ခုတ်ဖြတ်ရသည် မြင်မက်မူ အန္တရာယ်ပျောက်အံ့။

၁၆။ သူ့မျက်စိ၊ သူ့ဦးခေါင်းထုတ်မြင်မက်မူ စည်းစိမ်ဥစ္စာများအံ့။

၁၇။ သာယာသောအသံကို ကြားရသည်ဟု မြင်မက်မူ စိတ်ချမ်းသာ၍ သတင်းကောင်းကြားရအံ့။

၁၈။ သပိတ်၊ ပရိက္ခရာတို့ကို မြင်မက်မူ လာဘ်ရအံ့။

၁၉။ သေရည်သေရက် သောက်ရသည်ဟု မြင်မက်မူ ကြောင့်ကြများအံ့။

၂၀။ သေသူထသည်မြင်မက်မူ စကားဟောင်းပေါ်အံ့။

၂၁။ သင်္ဘောစီးရသည် မြင်မက်မူ သူတစ်ပါးထက် မြတ်အံ့။ယောက်ျားမက်မူ မယားရအံ့။ မိန်းမမက်မူ လင်ရအံ့။

၂၂။ သွားနာသည်၊ နဲ့သည်၊ ယိုင်သည် မြင်မက်မူ ဥစ္စာလျှောအံ့။ဖျားနာအံ့။

၂၃။ သိန္ဓောမြင်းက်ို ရသည်ဟု မြင်မက်မူ အသက်ရှည်အံ့။

[ ဟ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဟင်္သာငှက်နှင့် သူရဿတီ မယ်တော်အား မြင်မက်မူ ကောင်းကျိုးပေးအံ့။

၂။ ဟင်းမျိုးစုံစားရသည်မက်မူ ဝမ်းရေးအတွက် စိတ်အေးရအံ့။

၃။ ဟော်နန်းဆောင်ကို မြင်မက်မူ သာယာအေးချမ်းစွာနေရအံ့။

၄။ ဟောက်သံကြားရသည် မြင်မက်မူ စားဝတ်နေရေး အဆင်ပြေအံ့။

၅။ (ကျား) ဟိန်းသံ ကြားရသည် မြင်မက်မူ အကြံပေးသူ ဖြစ်အံ့။


[ အ ] နှင့် ပတ်သက်သော အိပ်မက်များ

 

၁။အိမ်ကို ဆူးရံသည်ဟု မြင်မက်မူ (သို့မဟုတ်) စည်းစောင်ရမ်း ကာရံသည်ဟု မြင်မက်မူ ချမ်းသာအံ့။

၂။အိမ်စောင်း၍ သွားသည်ဟု မြင်မက်မူ ဖရိုဖရဲ အရှက်ကွဲအံ့။

၃။အိမ်ပြိုသွားသည်ဟု မြင်မက်မူ အိမ်ရှင်တို့ အရှက်ရ၍ အကျိုးမဲ့အံ့။

၄။အိမ်ရှိသည့်အရပ်၌ လဟာပြင်ကွင်းအထိ မြင်မက်မူ ၎င်းအရပ်၌မီးလောင်အံ့။ 

၅။အိမ်၌ ထင်းပေါက်ရသည်ဟု မြင်မက်မူ မိုးကြိုးကျအံ့။

၆။အိမ်မီးလောင်သည်ဟု မြင်မက်မူ ဘေးရောက်အံ့။

၇။အိမ်ပြို၊ ဘုရားပြို၊ သစ်ပင်ကျိုးသည်ကို မြင်မက်မူ ဘေးရောက်အံ့။

၈။အိမ်ဝန်းကျင်၌ မှိုပေါက်သော် မိုးကြိုးကျအံ့။

၉။အိမ်ဝင်းထဲ၌ ဆင်၊ မြင်း၊ နွားသွားသည်ကို မြင်မက်မူကောင်းကျိုးရအံ့။ 

၁၀။အိမ်ခေါင်မိုးသို့တက်၍ ရေသောက်ရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။

၁၁။အိမ်တွင် ခရမ်းပင်စိုင်သည်ဟု မြင်မက်မူ မကောင်း။

၁၂။အိမ်သစ်ထက်၌ စောင်းတီးသည်ဟု မြင်မက်မူ မင်းဆရာဖြစ်အံ့။

၁၃။အ်ိမ်ရာထောင်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။

၁၄။အုန်းသီး၊ ထန်းသီးကို မြင်မက်မူ လာဘ်ရအံ့။

၁၅။အုန်းသီး၊ ထန်းသီးစားရသည်ဟု မြင်မက်မူ လာဘ်ရအံ့။

၁၆။အေးယာဉ်စီးရသည်ဟူ၍လည်းကောင်း၊ ဝက် စီးရသည်ဟူ၍လည်းကောင်း မြင်မက်မူ သေအံ့။

၁၇။အိုးမည်းလိမ်းကျံရသည်ဟု မြင်မက်မူ မကောင်း။

၁၈။အိုးလည်ပြတ်သည်ကို မြင်မက်မူ မကောင်း။

၁၉။အဝတ်မည်းကို ဝတ်သော သတို့သမီးသည် မည်းသောပန်းကိုပန်လျက် တစ်စုံတစ်ခု စွဲကိုင်သည်ကို မက်မူ သေပျောက်တတ်အံ့။

၂၀။အဝတ်ရွှေရောင်ဝတ်သော အမျိုးသမီးသည် ရွှေရောင်ပန်းကိုပန်လျက် တစ်စုံတစ်ခု စွဲကိုင်သည်ကို မြင်မက်မူ ရာထူးကြီးကိုရအံ့။ 

၂၁။အဝတ်ဖြူဝတ်သော အမျိုးသမီးသည် ဖြူသော ပန်းကိုပန်လျက် တစ်စုံတစ်ရာကိုကိုင်သည်ကို မြင်မက်မူ ကြီးပွားတိုးတက်အံ့။

၂၂။အရူးလှည့်ပတ်ခံရသည်ဟု မြင်မက်မူ သွားလေရာ အရပ်တိုင်းလာဘ်ရအံ့။

၂၃။အနှိပ်စက်ခံရသည်ဟု မြင်မက်မူ သွားလေရာ အရပ်တိုင်းလာဘ်ရအံ့။

၂၄။အစွယ်ရှိသော သတ္တဝါ၊ ဦးချိုရှိသော သတ္တဝါနှင့် မျောက်၊ဝက်တို့၏ အနှိပ်စက်ခံရသည်ဟု မြင်မက်မူ ရာဇဝတ်သင့်အံ့။

၂၅။အဆင်းလှသော ဦးပြည်ကတုံးမိန်းမနှင့် ကာမစပ်ယှက်သည်ဟုလည်းကောင်း၊ ထိပါးရသည်ဟုလည်းကောင်း မြင်မက်မူ ယောက်ျားမြတ်တို့၏ ဆရာခံရအံ့။

၂၆။အထက်ရှေ့သွားကျိုးသည်ဟု မြင်မက်မူ သား၌ ဥပါဒ်ဖြစ်အံ့။

၂၇။အယူမှားသော သူကို မြင်မက်မူ မိစ္ဆာနတ် နှောင့်ယှက်တတ်အံ့။

၂၈။အလိုမတူသူနှင့် ပေါင်းဖော်ရသည်ဟု မြင်မက်မူ သေတတ်အံ့။

၂၉။အရပ်လေးမျက်နှာ လူသူလေးပါးလာသည်ဟု မြင်မက်မူ လာဘ်ရအံ့။ 

၃၀။အလွန်ကြီးသော ကျွဲ၊ နွားမြင်မက်မူ အလွန်ကောင်းအံ့။

၃၁။အပုပ်အစပ်ကို မြင်မက်မူ လာဘ်ရအံ့။

၃၂။အူအပြင်ထွက်သည်ဟု မြင်မက်မူ ကျော်စောအံ့။

၃၃။အသီးရှိသော သစ်ပင်သို့ တက်ရသည်ဟု မြင်မက်မူ ချမ်းသာအံ့။

၃၄။အောက်ရှေ့သွားကျိုးသည်ဟု မြင်မက်မူ မကောင်း။

၃၅။အသီးရှိသော သရက်ပင်၊ ဥသျှစ်ပင်တို့ကို မြင်မက်မူ ဥစ္စာတိုးပွားအံ့။

၃၆။အုတ်ခဲပစ်သည်ဟုမြင်မက်မူ အမှုရောက်အံ့။ တစ်နည်းမြင့်မြတ်အံ့။

၃၇။အခိုးအလျှံတောင်သော မီးပုံကို မြင်မက်မူ လာဘ်ရအံ့။

၃၈။အသံသည်းစွာ ငိုကြွေးရ မြင်မက်မူ ထင်ရှားအံ့။ စည်းစိမ်များအံ့။

၃၉။အနှောင်အဖွဲ့ မြင်မက်မူ ဥစ္စာရအံ့။ အမှုများ မြင်မက်မူ အလွန်ကောင်းအံ့။

၄၀။အပုပ်စား မြင်မက်မူ လာဘ်ရအံ့။ ၎င်းအပုပ်စားပြီး အန်မက်မူမကောင်း။

၄၁။ဥအမျိုးမျိုးစားရသည်ဟု မြင်မက်မူ သူတစ်ပါး အပူဇော်ခံရအံ့။

၄၂။ဥဗျိုင်းဝန်းရံသည်ဟု မြင်မက်မူ သူတစ်ပါး အပူဇော်ခံရအံ့။

၄၃။ဥဒေါင်းသံကို ကြားရသည်ဟု မြင်မက်မူ သတင်းကောင်းကြားရအံ့။

၄၄။ဥယျာဉ်ခြံတို့ကို မြင်မက်မူ လာဘ်ရအံ့။

၄၅။ဦးထုပ်ဆောင်းရသည်ဟု မြင်မက်မူ ချမ်းသာအံ့။

၄၆။ဦးခေါင်းထက်၌ ကြာညိုရောက်သည်ဟု မြင်မက်မူ မယားကောင်းရအံ့။

၄၇။ဦးခေါင်းအပိုရသည်ဟု မြင်မက်မူ နာဖျားအံ့။

၄၈။ဦးခေါင်းပြတ်သည်ဟု မြင်မက်မူ သေတတ်အံ့။

၄၉။ဦးခေါင်းကြီးသည်ဟု မြင်မက်မူ မိဘ၊ ဆရာသမားတို့ ကြီးပွားခြင်းသို့ ရောက်အံ့။

၅၀။ဦးခေါင်းဦးခေါင်းရှည်သည်ဟု မြင်မက်မူ ဆွေမျိုးရောက်အံ့။

၅၁။ဦးခေါင်းပွန်းပဲ့သည်ဟု မြင်မက်မူ မိဘ၊ ဆရာသမားတို့ ကြီးပွားခြင်းသို့ ရောက်အံ့။

၅၂။ဦးခေါင်းကွဲသည်ဟု မြင်မက်မူ မကောင်း။

၅၃။ဦးခေါင်းရှည် မြင်မက်မူ ဆွေများရောက်အံ့၊ ပြန်ပွားအံ့။

Posted by Tuumar at 10:00 am 20 comments:

Wednesday, 18 October 2017

အသားလှုပ် နိမိတ်များ

ဘေလာ႔လာ မိတ္ေဆြတို႔ရဲ ႔ ေတာင္းဆိုခ်က္အရ အသားလွဳပ္ နိမိတ္က်မ္းကို ေလာကီပညာ ညြန္ေပါင္းခ်ဳပ္က်မ္းမွ ကူးယူေဖာ္ျပျခင္းသာ ျဖစ္ပါသည္။

မာမာ႔ရဲ ႔ ဟင္းခ်က္နည္း မ်ွေဝရာ ထိုblogသည္ စီးပြားေရးအရ ဘာတခုမွ မပါသည္႔အတြက္ မိတ္ေဆြမ်ား ဗဟုသုတ ရေစျခင္းငွာ ကူးယူေဖာ္ျပျခင္းအတြက္ မူရင္းေရးသားသူအား ထိုေနရာမွ ခြင္႔ေတာင္းအပ္ပါသည္။


















Saturday, 15 December 2012

အိမ်မက် နိမိတ်များ

အိမ္မက္နိမိတ္အတြက္ မသိေသးေသာ သူမ်ားအတြက္ အိပ္မက္ႏွင့္ ပတ္သက္ေသာ နိမိတ္မ်ား (အိမ္မက္အမ်ဳိးမ်ဳိးႏွင္႔အသားလွဳပ္နိမိတ္)စာအုပ္မွ ကူးယူေဖာ္ျပ ေပးထားပါသည္

 အိပ္မက္ကို လူတိုင္းမက္သည္။ သို႔ေသာ မိမိတို႔ အိပ္မက္၏ေကာင္းက်ိဳး ဆိုး က်ိဳးကို ၾကိဳတင္၍ သတိမထားသည့္အတြက္ အကိ်ဳးခံစားသင့္ေသာ အရာ မ်ားလြဲေခ်ာ္သြားသည္လည္း ရွိေပသည္။


မေကာင္းက်ိဳးကို မခံစားရမီ ၾကိဳတင္၍ နိမိတ္အေနအထားအားျဖင့္ အိပ္မက္ျမင္မက္သည္ျဖစ္လ်က္ မိမိတို႔၏ အိပ္မက္ကို သတိမမူ၍ ျဖစ္ေစ၊ အဓိပၸာယ္ကို နားမလည္၍ျဖစ္ေစ အမႈမဲ့ အမွတ္မဲ့ေနသည့္အတြက္ ဒုကၡမေတြ႔သင့္လဲႏွင့္ ေတြ႔ရတတ္သည္။

ဓာတ္ေလေခ်ာက္ခ်ား၍ ျမင္မက္ျခင္းသည္လည္း ရွိတတ္၏။ ထိုအိပ္မက္ကို အမွန္မယူႏုိင္ပါ။အကယ္၍ ပုဗၺနိမိတ္အျဖစ္ျဖင့္ ျမင္မက္သည္ဟု ယူဆမိလွ်င္ မိမိျမင္မက္ေသာ အိပ္မက္၏ ေကာင္းက်ိဳး ဆိုးျပစ္ကို ေဝဖန္တတ္သူကို ရွာ၍ ထိုသူအား ေျပာျပရမည္။

သို႔မဟုတ္ အိပ္မက္ဆိုင္ရာ က်မ္းစာအုပ္ တို႔ကုိ ဖတ္၍ ေဝဖန္ခ်က္ခ်ျပီးလွ်င္ ေကာင္းက်ိဳးေပးမည့္အိပ္မက္ျဖစ္က ေပး ရန္ အခ်ိန္ကာလကို ေစာင့္ဆိုင္းလ်က္အထူး သတိႏွင့္ ေနရမည္။ ဆုိးက်ိဳးေ ပးမည့္ အိပ္မက္ျဖစ္က ထိုေပးလတၱံ႔ေသာ အကိ်ဳးကို မေပးရန္ အေဟာသိ ကံ ျဖစ္သြားေအာင္ ရတနာသံုးပါး၊ ဆရာသမား၊ ဘိုးဘြားမိဘတို႔ကိုကိုုးကြယ္ ဆည္းကပ္၍ ယၾတာမ်ားဆင္ရေပမည္။

ဤသို႔ ညႊန္ျပအပ္သည့္အတိုင္း အိပ္မက္ျမင္မက္တိုင္း ဂရုျပဳရန္ သတိရွိၾကေစလိုသည္။ ဤသို႔ က်မ္း အေစာင္ေစာင္တို႔ အဆိုမတူညီၾက၊ သို႔ေသာ္လည္း အိပ္မက္မေကာင္း ထင္ျမင္လ်က္ မက္သည့္အခ်ိန္အခါ ေန႔၌ မက္ေသာ အိပ္မက္ျဖစ္ေစ 'ယၾတာေကာင္းက မင္းေလာင္းေပ်ာ္က' ဆိုသကဲ့သို႔ ေဆးရွစ္ပါးျဖင့္ ေခါင္းေ ဆးျခင္းကိုလည္းေကာင္း၊ ဘုရားပုထို္းရွိခိုးျခင္း၊ နံ႔သာပန္းတို႔ျဖင့္ သက္ေစ့ပူေဇာ္ျခင္း၊ ၾတိရန္း, စတုန္ရန္း, နံ႔သင့္သစ္သား တို႔ကို ေအာက္ ခံျပဳ၍ ေခါင္းေဆးျခင္းကိုလည္းေကာင္း ဤသို႔ စေသာ ေလာက ဓမၼယၾတာ ကို ျပဳျခင္းေၾကာင့္ လြန္သည္မရွိ ကင္းေပ်ာက္ကုန္၏။

အိပ္မက္၊ အ တိတ္၊ နိမိတ္၊ တေဘာင္၊ စနည္း၊ ျဂိဳလ္စာ သက္ေရာက္အစရွိသည္တို႔ကို မယံု ၾကည့္တတ္လွ်င္ မိစာၦဒိဠိျဖစ္တတ္၏။ ထို႔ေၾကာင့္ "ငါ့အား အ,ကုသိုလ္ ကံအက်ိဳးေပးလို၍ မေကာင္းေသာအိပ္မက္ စသည္တို႔ ျမင္လာကုန္သည္။ ကုသိုလ္ကံအက်ိဳးေပးလို၍ ေကာင္းေသာ အိပ္မက္ စသည္တို႔ ျမင္လာ ကုန္သည္။

ဤသို႔ ပုဗၺနိမိတ္အျဖစ္ျဖင့္ ကံကို အရင္းထား၍ ယံုၾကည္ရ မည္"ဟု ပညာရွိတို႔ မိန္႔ေတာ္မူၾက၏။ ထို႔ေၾကာင့္ အိပ္မက္မ်ားအားကံကို အရင္းထား၍ ယံုၾကည္ၾကပါေလ။
 
(အိပ္မက္ျခင္း ေျခာက္ပါး)

၁။ ျမင္ဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။
၂။ၾကားဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။
၃။ ခံစားဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။
၄။ ၾကံဳဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။
၅။ ျဖစ္ဖူးသည္ကို စြဲ၍မက္မူ အက်ိဳးအျပစ္ရွိ၏။
၆။ ဓာတ္ေခ်ာက္ခ်ား၍မက္မူ အက်ိဳးအျပစ္မရွိ။

အိပ္မက္အျပား ေလးပါး

၁။ နတ္တို႔ေျပာၾကား၍မက္မူ အကိ်ဳးအျပစ္ရွိ၏။
၂။ ေရွ႕ခံစား ေလ့လာဖူး၍မက္မူ အက်ိဳးအျပစ္မရွိ။
၃။ ဓာတ္ေခ်ာက္ခ်ား၍မက္မူ အက်ိဳးအျပစ္မရွိ။
၄။ အကိ်ဳးေပးလတၱ႔ံေသာ္ေၾကာင့္မက္မူ ဧကႏၱ အက်ိဳးရွိ၏။

အိပ္မက္ေသာ အခါသံုးပါး

၁။ ညဥ့္ဦးယံမက္မူ တစ္ႏွစ္အတြင္း အက်ိဳးအျပစ္ေပးအံ့။
၂။ သန္းေခါင္မက္မူ ႏွစ္ႏွစ္ခြဲအတြင္း အက်ိဳးအျပစ္ေပးအံ့။
၃။ မိုးေသာက္မက္မူ တစ္လအတြင္း အက်ိဳးအျပစ္ေပးအံ့။

အိပ္မက္ေသာ အခါေလးပါး

၁။ ေန႔အခါမက္မူ မွန္မမွန္ ႏွစ္ပါး။
၂။ ညဥ့္ဦးမက္မူ မွန္မမွန္ ႏွစ္ပါး။
၃။ မိုးေသာက္မက္မူ အမွန္။
၄။ အရုဏ္တက္မက္မူ အမွန္။

အိပ္မက္ေသာ အခါငါးပါး
၁။ ညဥ့္ဦးယံမက္မူ တစ္ႏွစ္အတြင္း အက်ိဳးအျပစ္ေပးအ့ံ။
၂။ သန္းေခါင္မက္မူ ႏွစ္ႏွစ္အတြင္း အက်ိဳးအျပစ္ေပးအံ့။
၃။ မိုးေသာက္မက္မူ တစ္ႏွစ္အတြင္း အက်ိဳးေပးအံ့။
၄။ နံနက္ေနတက္ မက္မူ ခုနစ္လအတြင္း အက်ိဳးေပးအံ့။
၅။ မြန္းတည့္မက္မူ ခုနစ္လအတြင္ အက်ိဳးအျပစ္ေပးအ့ံ။


အိပ္မက္ေသာ အခါေလးပါး
 
၁။ ညဥ့္ဦးမက္မူ တစ္ႏွစ္အတြင္း အက်ိဳးအျပစ္ေပးအံ့။
၂။ သန္းေခါင္ယံမက္မူ တစ္လခြဲအတြင္း အက်ိဳးအျပစ္ေပးအံ့။
၃။ သန္းလြဲမက္မူ ခုနစ္ရက္အတြင္း အက်ိဳးအျပစ္ေပးအံ့။
၄။ မိုးေသာက္မက္မူ တစ္လအတြင္း အက်ိဳးအျပစ္ေပးအံ့။


အိပ္မက္ေသာ အခါငါးပါး

 
၁။ ေန႔အခါမက္မူ အက်ိဳးအျပစ္မေပး။
၂။ ပထမယံမက္မူ အက်ိဳးအျပစ္မေပး။
၃။ သန္းေခါင္ယံမက္မူ အက်ိုဳးအျပစ္ေပးအံ့။
၄။ မိုးေသာက္ယံမက္မူ အက်ိဳးအျပစ္ေပးအံ့။
၅။ အ႐ုဏ္တက္ မက္မူ အက်ိဳးအျပစ္ေပးအံ့။


အိပ္မက္ေသာ အခါငါးပါး

 
၁။ ပထမယံမက္မူ တစ္ႏွစ္အတြင္း အက်ိဳးေပးအံ့။
၂။ ဒုတိယံမက္မူ ေျခာက္လအတြင္း အက်ိဳးအျပစ္ေပးအံ့။
၃။ တတိယံမက္မူ သံုးလအတြင္း အက်ိဳးအျပစ္ေပးအံ့။
၄။ စတုတၳယံမက္မူ ဆယ္ရက္အတြင္း အက်ိဳးအျပစ္ေပးအံ့။
၅။ အ႐ုဏ္တက္ မက္မူ ဆယ္ရက္အတြင္း အက်ိဳးအျပစ္ေပးအံ့။


အိပ္မက္ေသာ ေန႔မ်ား

 
၁။ တနဂၤေႏြမက္မူ မယားအတြက္ မက္သည္။
၂။ တနလၤာေန႔မက္မူ ေဆြမ်ိဳးအတြက္ မက္သည္။
၃။ အဂၤါေန႔မက္မူ မိဘ၊ ဆရာသမားအတြက္ မက္သည္။
၄။ ဗုဒၶဟူးေန႔မက္မူ သားသမီးအတြက္ မက္သည္။
၅။ ၾကာသပေတးေန႔မက္မူ အေဆြခင္ပြန္းအတြက္ မက္သည္။
၆။ ေသာၾကာေန႔မက္မူ ကၽြန္၊ ကၽြဲ၊ ႏြားအတြက္ မက္သည္။
၇။ စေနေန႔မက္မူ ကို္ယ့္အတြက္ မက္သည္။


အိပ္မက္မေကာင္း ေပ်ာက္ေအာင္ ကုနည္း

 
အိပ္မက္ေကာင္းသည္ ျဖစ္ေစ၊ မေကာင္းသည္ျဖစ္ေစ နံနက္အခါ ေျမာ္
ျမင္တတ္သူထံ ျပန္ၾကားရာ၏။ အိပ္မက္ေကာင္းမူဘုရားကို မီးပူေဇာ္၍ အိပ္
မက္ကို ေရြးရာ၏။ အသက္ရွည္၍ ဘုန္းႀကီးၿပီး စည္းစိမ္ဥစၥာႏွင့္ ျပည့္စံုလိုပါ၏ဟု
ဆုေတာင္းရာ၏။
အိပ္မက္ေကာင္းမက္မူ ဆရာသမားတို႔ကို ပူေဇာ္၍ ျပန္ၾကားရာ၏။
မေကာင္းမက္မူ ထမင္းတစ္ဆုပ္၊ ေရတစ္မႈတ္ႏွင့္ သစ္ငုတ္တိုတြင္ တင္ခဲ့၍
ေကာင္းေသာအရသာ တစ္ပါးပါးစား၍ ျပန္ရာ၏။
အိပ္မက္မေကာင္းေသာ သူသည္ ပရိတ္ေတာ္ေရ ခံ၍ ေခါင္းေဆး
ရာ၏။ သစ္ငုတ္၊ ေရခ်မ္း၊ ထီး၊ တံခြန္၊ ပန္းတုိ႔ျဖင့္ ဘုရားပုထိုးကို ပူေဇာ္ရာ၏။
ေဗာဓိေညာင္ကို ေထာက္ရာ၏။


အိပ္မက္မေကာင္းလွ်င္ ယၾတာျပဳျခင္း

 
အကၤုရ ရေသ့ တိတံၳဳက်မ္း၌ မေကာင္းေသာအိပ္မက္တို႔ကို ျမင္မက္ခဲ့
လွ်င္ ရတနာသံုးပါး မိဘ, ဆရာသမားတို႔အား ပူေဇာ္ကန္ေတာ့ျခင္း၊ ဥပုသ္သီလ
ေဆာက္တည္ျခင္းတို႔ကို ျပဳလွ်င္မေကာင္းက်ိဳးေပ်ာက္၍ ေကာင္းက်ိဳးေရာက္ရာ၏။


[ က ] ႏွင့္ပတ္သက္ေသာ အိပ္မက္မ်ား
 
၁။ ၾကာမ်ိဳးငါးပါးအန႔ံကို ရႈရသည္ဟု ျမင္မက္မူ တည္ၾကည္စြာ ဂုဏ္
သတင္းေက်ာ္ေစာရအံ့။
၂။ ၾကာညိဳပန္းကို ပန္ရသည္ဟု ျမင္မက္မူ မယားေကာင္းရအံ့။
၃။ ၾကာသြတ္အိုးႏွင့္ ေရခ်ိဳးရသည္ဟု ျမင္မက္မူ သူတစ္ပါးတို႔၏မွီခိုရာ
ျဖစ္အံ့။ ၾကာသြတ္အိုးျမင္မက္မူ စည္းစိမ္မ်ားအံ့။
၄။ ၾကာပန္းစသည္ျမင္မက္မူ ဖ်ားနာအံ့။
၅။ ကၽြဲစီးရသည္ဟု ျမင္မက္မူ ေက်းကၽြန္ရအံ့။
၆။ ကၽြဲ၊ ႏြား၊ ဝက္၊ ေျမေခြး၊ လင္းတ တိရစာၦန္တို႔ကိုျမင္မက္မူ ဥပါဒ္
ေရာက္အံ့။
၇။ ကၽြဲ၊ ႏြား၊ ဝက္၊ ဆင္၊ ျမင္းတို႔အား ေကာင္းေသာ အျခင္းအရာျဖင့္
ျမင္မက္မူ နတ္စိမ္းတို႔ ႏွစ္သက္အံ့။
၈။ ကၽြဲခတ္သည္ဟု ျမင္မက္မူ ရန္ႀကီးစြာ ေတြ႔ရအံ့။
၉။ ကၽြဲထြက္ေျပးသည္ဟု ျမင္မက္မူ ရန္သူ၊ ကၽြန္အမႈလုပ္တို႔ ေျပးအံ့။
၁၀။ က်င္ႀကီးစြန္႔သည္ဟု ျမင္မက္မူ ဥစၥာေလွ်ာအံ့။
၁၁။ က်င္ငယ္စြန္႔ရသည္ဟု ျမင္မက္မူ ဂုဏ္သေရေလွ်ာအံ့။
၁၂။ ကိုယ္ေပၚသို႔ ေလာက္တက္သည္ဟု ျမင္မက္မူ ဥစၥာရအံ့။
ေက်းကၽြန္၊ ကၽြဲ၊ ႏြားေသာ္ ရအံ့။
၁၃။ ကိုယ္ခႏၶာပုပ္သည္ဟု ျမင္မက္မူ တန္ခိုးႀကီးအံ့။
၁၄။ ကိုယ္မွာ အေၾကာင္အၾကားရွိသည္ဟု ျမင္မက္မူ မယားေကာင္း
ရအံ့။ ကိုယ္အေမြးရွည္သည္ကို မက္မူ လာဘ္ႀကီးရအံ့။
ကိုယ္ေရာင္ ေတာက္ပသည္ဟု ျမင္မက္မူ တန္ခိုးႀကီးအံ့။
၁၅။ ေကာင္းေသာ အျခင္းအရာျဖင့္ ေႁမြကို ျမင္မက္မူ ၿပိတၱာ၊ သရဲ၊
သဘက္တို႔ ေက်းဇူးျပဳအံ့။ ေကာင္းေသာ အျခင္းအရာျဖင့္ လင္းတ
ကို ျမင္မက္မူ ေဇာ္ဂနီနတ္ခ်စ္ရအံ့။
၁၆။ ေကာင္းကင္၌တည္ရွိေသာ ျပာသာဒ္တို႔တက္၍ ကာမဂုဏ္ ခံစား
ရသည္ဟု ျမင္မက္မူ အႀကီးအမွဴးျဖစ္ရအံ့။
၁၇။ ေကာင္းကင္ပ်ံတက္ တံခြန္လႊားျမင္မက္မူ ထင္ရွားရအံ့။

၁၈။ ေက်ာက္ဖ်ာအိမ္မိုးျမင္မက္မူ အမ်ားသခင္ျဖစ္ရအံ့။
၁၉။ ေက်ာက္ဖ်ာထက္ေနရသည္ဟု ျမင္မက္မူ အလြန္ေကာင္းအံ့။
၂၀။ ေက်ာက္ဖ်ာကို မ်ိဳရသည္ဟု ျမင္မက္မူ ေက်းဇူးသတင္းပ်ံ႕ႏွံ႔ျခင္း
ျဖစ္အံ့။
၂၁။ ၾကက္ခ်င္းခြပ္သည္ဟု ျမင္မက္မူ တရားေတြ႔ရအံ့။
၂၂။ ၾကက္၊ ငွက္တို႔၏အေတာင္မ်ားကို စားရသည္ဟု ျမင္မက္မူ
ခ်မ္းသာရအံ့။
၂၃။ ကခုန္ျမဴးတူးရသည္ဟု ျမင္မက္မူ မေကာင္း။
၂၄။ က်ားစြယ္၊ မိေက်ာင္းစြယ္ကို ရင္ခြင္ပိုက္ရသည္ဟုျမင္မက္မူ
အမ်ားတက္ ထူးခၽြန္သူ ျဖစ္ရ၏။
၂၅။ က်ားကို ျမင္မက္မူ မေကာင္း။
၂၆။ ကုန္းကိုတက္ၿပီးမွ က်င္းသို႔ဆင္း၍ ေခါင္းေဆးရသည္ဟု ျမင္မက္
မူ ဘုန္တန္းခိုးႀကီးအံ့။
၂၇။ ႂကြယ္ဝေသာသူကို ျမင္မက္မူ ေကာင္းက်ိဳးေရာက္အံ့။
၂၈။ က်က္ၿပီးသား လူသားကိုလည္းေကာင္း၊ လူ၏လက္႐ံုးသားကို
လည္းေကာင္း စားရသည္ဟု ျမင္မက္မူ ထီေပါက္အံ့။
၂၉။ ကြန္းစင္အေခါင္ တက္ရသည္ဟု ျမင္မက္မူ အႀကီးအကဲ ျဖစ္အံ့။
၃၀။ ကြမ္းရြက္၊ သစ္ရြက္ စားရသည္ဟု ျမင္မက္မူ ပုဆိုးေကာင္း၊
အဝတ္ေကာင္းရအံ့။


[ ခ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ခ႐ုသင္းကို ျမင္မက္မူ ေဘးဥပါဒ္ေပ်ာက္ကင္းအံ့။
၂။ ခ႐ုသင္းေပးလာသည္ကို ျမင္မက္မူ အက်င့္ျမတ္သူ သေႏၶတည္အံ့။
ခ႐ုသင္းမႈတ္ရသည္ဟု ျမင္မက္မူ စည္းစိမ္တိုးအံ့။
၃။ ေခြးကိုက္သည္ဟု ျမင္မက္မူ အေမွာင့္ပေယာဂ ကိုယ္သို႔ကပ္အံ့။
၄။ ေခါင္းၿဖီးသည္ဟုျမင္မက္မူ မိဘတို႔အေက်ာ္အေစာရွိအံ့။ ေဘး
ေပ်ာက္အံ့။
၅။ ခံတြင္းသို႔ မေကာင္းေသာအနံ႔ဝင္သည္ဟု ျမင္မက္မူ သီခ်င္းက်က္
မွတ္ရအံ့။ ခံတြင္းက အနံ႔မေကာင္းထြက္သည္ဟု ျမင္မက္မူယုတ္မာေသာ စကားကို ဆိုရအံ့။ ခံတြင္းက ေကာင္းေသာအနံ႔ ထြက္သည္
ဟု ျမင္မက္မူ ေကာင္းေသာ စကားကို ဆိုရအံ့။
၆။ ခံတြင္းသို႔ ေမႊးႀကိဳင္ေသာ ရနံ႔ ဝင္သည္ဟု ျမင္မက္မူ ေလာကုတၱရာ
က်မ္းစာက်က္မွတ္ရအံ့။ ခံတြင္းက အပုပ္နံ႔ထြက္သည္ဟု ျမင္မက္မူ
ယုတ္မာေသာ စကားကုိ ဆိုရအံ့။
၇။ ခံတြင္းျဖင့္ လက္နက္ကို ယူရသည္ ျမင္မက္မူ ခ်မ္းသာႂကြယ္ဝအံ့။
၈။ ေျခလက္တိုသည္ဟု ျမင္မက္မူ ဘုန္းႀကီးအံ့။
၉။ ေျခသည္းလက္သည္းတို႔ကို လွီးရသည္ဟု ျမင္မက္မူ အႀကီးအကဲ
ျဖစ္အံ့။ အထက္လူႀကီးမ်ား ခ်စ္ခင္အံ့။
၁၀။ ေျခသည္းလက္သည္းတို႔ကို ေရတြက္ရသည္ဟု ျမင္မက္မူ
အသက္ရွည္အံ့။
၁၁။ ျခေသၤ့ကို စီးသြားသည္ ျမင္မက္မူ စီးသူ ႀကီးပြားခ်မ္းသာအံ့။
ခင္ပုပ္ငွက္သံကို ၾကားရသည္ျမင္မက္မူ အနာဖ်ားသင့္အံ့။
၁၂။ ခရီးသြားရသည္ဟု ျမင္မက္မူ အႀကံေျမာက္အံ့။
၁၃။ ခိုးသူတို႔ အရပ္ေလးမ်က္ႏွာမွ လာသည္ကို ဖမ္းမိသည္ဟု
ျမင္မက္မူ ခ်မ္းသာအံ့။
၁၄။ ေခၽြးထြက္၊ ေသြးထြက္သည္ကို ျမင္မက္မူ ဘုနု္းႀကီးအံ့။
၁၅။ ခၽြန္းေတာင္းလက္ဆြဲရသည္ဟု ျမင္မက္မူ အႀကီးအကဲျဖစ္အံ့။
၁၆။ ေခ်ာင္းအၾကည္၊ ကန္အၾကည္ကို ျမင္မက္မူ ဝန္ထမ္းျဖစ္အံ့။
၁၇။ ခ်ိဳးသား၊ ၾကက္သားကို စားရသည္ဟု ျမင္မက္မူ လာဘ္ရအံ့။
၁၈။ ခံုညင္းကစားရသည္ဟု ျမင္မက္မူ အႀကီးအကဲ ျဖစ္အံ့။
၁၉။ ျခဴ၊ ဆည္းလည္းလႈပ္သည္ဟု ျမင္မက္မူ မေကာင္း။
၂၀။ ခင္ပုပ္ငွက္ျမည္သံကို ၾကားရသည္ ျမင္မက္မူ အနာႀကီးသင့္ရာ၏။


[ ဂ ] ႏွင့္ ပတ္သက္ေသာ အိ္ပ္မက္မ်ား
 
၁။ ဂူလို္ဏ္ကိုလည္းေကာင္း၊ တံတိုင္းကိုလည္းေကာင္း ျပဳလုပ္ရသည္
ျမင္မက္မူ ခ်မ္းသာသုခကိုရ၍ ေဘးရန္မရွိတည္ၿမဲအံ့။
၂။ ဂူ(သခၽႋဳင္း)ကုိ ျမင္မက္မူ အေမြရအံ့၊ ထီေပါက္အံ့။
၃။ ဂ်ံဳစားရသည္ကို ျမင္မက္မူ လံုျခံဳအံ့၊ အသက္ရွည္အံ့။၄။ ဂဏန္းသခ်ာၤ မ်ား အေပါင္းရသည္၊ ေျမႇာက္ရသည္ ျမင္မက္မူ
ဝင္ေငြတိုးအံ့၊ စိတ္ခ်မ္းသာအံ့။
၅။ ဂမုန္းပင္ကို ျမင္မက္မူ အႀကီးအက်ယ္စီးပြားျဖစ္အံ့။ (စီးပြားဂမုန္း)
မီးကြင္းဂမုန္းျဖစ္လွ်င္ ပူပင္ေသာက ကင္းေဝးအံ့။
၆။ ဂုန္ေလွ်ာ္ပင္မ်ား စိုက္ရသည္ဟု ျမင္မက္မူ သာယာေသာ
အိမ္ေထာင္ေရး ဖန္တီးရအံ့။
၇။ ေဂၚမုတ္ေက်ာက္ကို ျမင္မက္မူ ေအးခ်မ္းသာယာအံ့။
၈။ ေဂါက္သီးကစားရသည္ကို ျမင္မက္မူ လိုအင္ဆႏၵျပည့္စံုအံ့။
၉။ ဂ်ံဳခင္းထဲ၌ သြားရသည္ျမင္မက္မူ ျမင့္ျမတ္ေသာ သူႏွင့္ လက္ထပ္ရ
အံ့၊ ခ်မ္းသာရန္ နီးကပ္အံ့။


[ င ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ငွက္ေပ်ာပင္ကို ျမင္မက္မူ ရြာအရပ္ေျပာင္းရအံ့။
၂။ ငွက္ေပ်ာပင္ကို စိုက္ရသည္ဟု ျမင္မက္မူ ရာထူးႀကီးရအံ့။
၃။ ငွက္ေတာ္ကို ဖမ္းမိသည္ဟု ျမင္မက္မူ ပညာရွိျဖစ္အံ့။
၄။ င႐ုတ္သီးကို စားရသည္ဟု ျမင္မက္မူ ရာထူးတိုးတက္အံ့။
၅။ င႐ုတ္၊ ခ်င္းစားရသည္ကို ျမင္မက္မူ သူတကာတို႔၏ ဆရာျဖစ္အံ့။
၆။ ငိုေႂကြးရသည္ဟု ျမင္မက္မူ လာဘ္ရအံ့။


[ စ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ စင္ၾကယ္ေသာ ကေလးသူငယ္ကိုလည္းေကာင္း၊ မီးရဲရဲကိုလည္း
ေကာင္း၊ ျခေသ့ၤကိုလည္းေကာင္း၊ နန္းျပႆဒ္ကိုလည္းေကာင္း၊
နတ္ကိုလည္းေကာင္း၊ ပုဏၰားကိုလည္းေကာင္း၊ ျမင္မက္မူ ခ်မ္းသာ
သုခႀကီးအံ့။
၂။ စင္ၾကယ္ေသာႏြားကို ျမင္မက္မူ ေကာင္းက်ိဳးျဖစ္အံ့။
၃။ ေစာင္းတီးရသည္ဟု ျမင္မက္မူ စည္းစိမ္တိုးအံ့။
၄။ ေစာင္းမွတပါး အျခားတူရိယာတို႔ကို တီးရသည္၊ သီခ်င္းဆို
ရသည္ဟု ျမင္မက္မူ မေကာင္း။
၅။ စပါးကိုျမင္မက္မူ စကားေဟာင္း ေပၚအံ့။
၆။ စစ္သည္အမ်ား လာသည္ကို ျမင္မက္မူ အနာေရာဂါျဖစ္အံ့။
စစ္ဗိုလ္ပါကို္ ျမင္မက္မူ ခ်မ္းသာသုခတိုးအံ့။
၇။ စည္၊ ေၾကးနန္း၊ ေမာင္း၊ ခြက္ခြင္း၊ ပက္သာ၊ နရည္၊ ေခါင္းေလာင္း
စေသာ အသံကို ၾကားရသည္ဟု ျမင္မက္မူ ဘုန္းက်က္သေရတိုးအံ့။
၈။ စားၾကဴးရသည္ဟု ျမင္မက္မူ ဥစၥာေ႐ႊေငြေလ်ာ့အံ့၊ ဖ်ားနာအံ့၊
စိုးရိမ္ေၾကာင့္ၾကျမင္မက္မူ ဆိုေလရာေကာင္းအံ့။


[ ဆ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ဆင္၊ ျမင္း၊ ဗိုလ္ပါကို ျမင္မက္မူ စိတ္ခ်မ္းသာအံ့။
၂။ ဆင္ေပါက္ ျမင္မက္မူ သူတစ္ပါးကိုးကြယ္ရာ ျဖစ္အံ့။
၃။ ဆင္၊ ျမင္း၊ ႏြားတို႔ကို ျမင္မက္မူ ေကာင္းစားအံ့။
၄။ ဆင္ျဖဴခၽြန္းတင္ ျမင္မက္မူ သူေကာင္းျပဳခံရအံ့။
၅။ ဆင္စြယ္ႏွစ္ေခ်ာင္းဆြဲရသည္ကို ျမင္မက္မူ ထင္ရွားေက်ာ္ေစာအံ့။
၆။ ဆင္ျဖဴစီး၍ေကာင္းကင္သို႔တက္ရာ ေနလႏွစ္ပါးက်လာ၍ ေျခဖဝါး
အျပင္ကပ္လ်က္တည္သည္ဟု ျမင္မက္မူ တန္ခိုးႀကီးအံ့။
၇။ ဆံပင္ရွည္ကို ျမင္မက္မူ တန္ခိုးႀကီးအံ့။
၈။ ဆံပင္ရွည္ကိုျမင္မက္မူ အက်င့္ေကာင္း၍ အႀကီးအကဲ ျဖစ္အ့ံ။
၉။ ဆံပင္ေျဖရသည္ကို ျမင္မကမူ မေကာင္း။
၁၀။ ဆား၊ ဆီ၌ထိုင္ရသည္ကို ျမင္မက္မူ သူတစ္ပါးတို႔ကိုးကြယ္ရာ
ျဖစ္အံ့။
၁၁။ ဆားလ်က္ရသည္ဟု ျမင္မက္မူ သူတစ္ပါးတို႔ ကိုးကြယ္ရာ ျဖစ္အံ့။
၁၂။ ဆင္းတု႐ုပ္ပြား တရားေဟာသည္ကို ၾကားရမက္မူ ေက်ာ္ေစာအံ့။
ဆိတ္ဆိတ္ေနသည္ကို ျမင္မက္မူ ေသအံ့။
၁၃။ ဆူးစူးသည္ဟု ျမင္မက္မူ ရန္ေတြ႕အံ့။


[ ဇ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ဇာထိုးရသည္ကို ျမင္မက္မူ အခ်စ္တိုးအံ့၊ အႀကံေအာင္အံ့။
၂။ ဇာကနာႏွင့္ အသံုးျပဳသည္ ျမင္မက္မူ အေဆြခင္ပြန္းေကာင္းရအံ့။
၃။ ဇာတာလုပ္ရသည္ကို မက္မူ မိမိအတြက္ အထူးအက်ိဳးေပးအံ့။

၄။ ဇီးကြက္ကို ေန႔အခါျမင္မက္မူ လာဘ္ႀကီးရအံ့၊ ေပ်ာ္႐ႊင္ရအံ့။
၅။ ဇီးကြက္ေအာ္သံၾကားရသည္ ျမင္မက္မူ အတင္းေျပာသူတို႔
တိတ္ဆိတ္အံ့၊ ေကာင္းမြန္ေသာ နည္းလမ္းမ်ားရအံ့၊ အလုပ္အကိုင္
ႀကံေပးသူမ်ားေပါအ့ံ။
၆။ ဇရပ္ေဆာက္လုပ္ရသည္ျမင္မက္မူ ရပ္ေရးရြားေရးကိစၥမ်ား၌
အထူးကူညီရအံ့၊ ေငြရလြယ္အံ့။
၇။ ေဇာ္ဂ်ီကို ျမင္မက္မူ က်န္းမာအံ့၊ ေဆးေကာင္းေတြ႔အံ့၊
ထင္ေပၚေက်ာ္ေစာအံ့။
၈။ ေဇာ္က က ရသည္ကို မက္မူ အခ်စ္ေရး စိတ္ကူး ေအာင္ျမင္အံ့။
၉။ ဇြဲ၊ ဝီရိယစိုက္၍ အလုပ္လုပ္ရသည္ျမင္မက္မူ မနာလိုသူတို႔
တီးတိုးစကားေျပာအံ့၊ အလုပ္ေကာင္းအံ့။


[ စ် ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား


၁။ ေစ်းဆိုင္မ်ားစြာ ျမင္မက္မူ အျမတ္အစြန္းမ်ားရအံ့။
၂။ ေစ်း၀ယ္ေနသည္ ျမင္မက္မူ ကံေကာင္းအံ့။
၃။ ေစ်းသည္ မိမိအိမ္သို႔ ေခၚသည္ ျမင္မက္မူ ဝင္ေငြတိုးကာ
လာဘ္ေကာင္းအံ့၊ စိတ္ေပ်ာ္႐ႊင္ရအံ့။
၄။ စ်ာန္ရသည္ ျမင္မက္မူ အေရာင္းအဝယ္ေကာင္းအံ့။
၅။ စ်ာန္ပ်ံရသည့္လူမ်ားကို ျမင္မက္မူအႀကီးအကဲျဖစ္အံ့၊ ေအာင္ျမင္အံ့။
၆။ စ်ာန္ရေသာ ဘုန္းေတာ္ႀကီးကို ျမင္မက္မူ အထူကဲေကာင္းအံ့၊
မ်က္ႏွာပြင့္အံ့။
၇။ စ်ာန္ပ်ံရထားစီးရသည္ျမင္မက္မူ အႀကီးအကဲျဖစ္အံ့၊ ထင္ေပၚေက်ာ္
ေစာအံ့။


[ ည ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ညေမွာင္ၿပီး အလင္းေရာင္ေပၚသည္ ျမင္မက္မူ ကံေကာင္းခ်ိန္
ေရာက္ၿပီဟု မွတ္ယူပါ။
၂။ ညစာစားရသည္ကို ျမင္မက္မူ အိမ္တြင္းေရး ေအးအံ့၊ ခ်စ္သူ ခင္သူေပါမ်ားအံ့။

၃။ ညဥ့္ငွက္သံ သာယာစြာ ၾကားရသည္ မက္မူ ခ်မ္းသာ သုခ ျဖစ္အံ့၊
မိမိလိုအင္အႏၵျပည့္အံ့။
၄။ ညီညာစြာ စြမ္းေဆာင္ရသည္ျမင္မက္မူ အထင္ႀကီးျခင္းခံရအံ့၊
ပူေဇာ္ခံရအံ့။
၅။ ညီအစ္ကို ေမာင္ႏွမမ်ားကို ျမင္မက္မူ က်န္းမာအံ့၊ ေရာဂါ
အနာကင္းအံ့။
၆။ ေညာင္ေရအိုး ျမင္မက္မူ မုခ်လက္ထက္ရအံ့၊ ပ်ားရည္ဆမ္း
ခ်စ္ခရီးထြက္ရအံ့။
၇။ ေညာင္ပင္ကို ျမင္မက္မူ အသက္ရွည္အံ့၊ ဥစၥာ ပစၥည္း တိုးတက္အံ့။
၈။ ေညာင္ရြက္ကို ျမင္မက္မူ သူေတာ္ေကာင္းမ်ားက ေစာင့္ေရွာက္အံ့၊
အလြန္ကံေကာင္းအံ့။
၉။ ေညာင္ရြက္အိမ္ ဦးခန္းက်သည္ကို ျမင္မက္မူ ေ႐ႊဆင္းတုေတာ္
ရရွိအံ့၊ ဘုရားကိုးဆူပင့္ရအံ့။
၁၀။ ညည္းညဴသံၾကားရသည္ ျမင္မက္မူ ခ်ီးမြမ္းခံရအံ့၊ ရန္သူမ်ား
ဒုကၡေရာက္အံ့။



[ တ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ေတာင္ပို႔တက္ ေခါင္းၿဖီးရသည္ဟု ျမင္မက္မူ သူတစ္ပါးတို႔၏
ကိုးကြယ္ရာျဖစ္အ့ံ့။
၂။ ေတာင္ထိပ္၌ေနရသည္ဟု ျမင္မက္မူ ျပည္သူ႔ဝန္ထမ္းအႀကီးအကဲ
ျဖစ္အံ့။
၃။ ေတာင္အရပ္သို႔ သြားရသည္ဟု ျမင္မက္မူ ေရာဂါရအံ့။
၄။ ေတာင္ကလပ္တက္ေနသည္ဟု ျမင္မက္မူ လက္ရွိ ရာထူးထက္
ျမင့္ေသာအဆင့္ကို ရအံ့။
၅။ ေတာင္ဖ်ားတက္ရသည္ဟု ျမင္မက္မူ လာဘ္ႀကီးရအံ့။
၆။ တံခြန္လွဴရသည္ဟု ျမင္မက္မူ ထင္ရွားအံ့။
၇။ တံခြန္လႊားရသည္ဟု ျမင္မက္မူ အႀကီးအကဲျဖစ္အံ့။
၈။ တံတားေပၚေလွ်ာက္ရသည္ဟူျမင္မက္မူ ေသာကရွိလ်က္
အလိုျပည့္အံ့။

၉။ တန္ဆာဆင္ရသည္ဟု ျမင္မက္မူ သူတစ္ပါး ရွိခိုးခံရအံ့။
၁၀။ တန္ေဆာင္းညႇိဟု ျမင္မက္မူ စာတတ္အံ့၊ ထင္ရွားအံ့။
၁၁။ တူရိယာအမ်ိဳးမ်ိဳးတြင္ ေစာင္းမွတစ္ပါး အျခားတူရိယာတို႔ကိုတီး
ရသည္ဟု ျမင္မက္မူ မေကာင္း။
၁၂။ တလားမွာ ဝင္သည္ကို ျမင္မက္မူ ေသအံ့။


[ ထ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ေထာပတ္၊ ပ်ားရည္တို႔ကို ႏွစ္ႏွစ္သက္သက္ ျမင္မက္မူ ခ်မ္းသာအံ့။
၂။ ေထာပတ္၊ ႏို႔ စသည္တို႔ကို ရြံရွာဖြယ္ျမင္မက္မူ ဘီလူးေဘး၊
ငတ္မြတ္ေဘး၊ နာဖ်ားေသာေဘး ေတြ႔အံ့။
၃။ ထမ္းစင္ သံလွ်င္စီးရသည္ ျမင္မက္မူ လာဘ္ရအံ့။
၄။ ထမ္းစင္ထက္ က်ီးနားသည္ဟု ျမင္မက္မူ နာဖ်ား ပ်က္စီးအံ့။
၅။ ထမင္းစားရသည္ဟု ျမင္မက္မူ လာဘ္ရအံ့၊ ေၾကာင့္ၾကရအံ့။
၆။ ထမင္းႏွင့္တကြ သပိတ္လြယ္ရသည္ဟု ျမင္မက္မူ လာဘ္ရအံ့။
၇။ ထီးေဆာင္းရသည္ဟု ျမင္မက္မူ စိတ္ေအးျမအံ့။
၈။ ထိတ္လန္႔သည္ဟု ျမင္မက္မူ မေကာင္း။
၉။ ထင္းပံုၿပိဳက်သည္ဟု ျမင္မက္မူ မေကာင္း။


[ ဒ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ဒြန္းစ႑ားအထက္က ေနရသည္ဟု ျမင္မက္မူ မေကာင္း။
၂။ ဒါနျပဳရသည္ဟု ျမင္မကမူ ရာထူးတိုးအံ့၊ စန္းပြင့္အံ့၊ စကား
ေကာင္းေျပာအံ့။
၃။ ဒံုးေလွကို ျမင္မက္မူ စိတ္ေပ်ာ္႐ႊင္အံ့။
၄။ ေဒလီယာပန္းပြင့္ႀကီးကို ျမင္မက္မူ အေေျခြအရံ အသင္းအပင္း
မ်ားေပါမ်ားအံ့။
၅။ ေဒလီယာပန္းႀကီး ပန္ရသည္ဟု ျမင္မက္မူ မုခ်လက္ထပ္ရအံ့။
စိတ္လြတ္ကိုယ္လြတ္ ေပ်ာ္ရအံ့။
၆။ ဒန္အိုး၊ ဒန္ခြက္မ်ားကို ျမင္မက္မူ အိမ္တြင္းသုခ ရအံ့။
၇။ ဒယ္အိုးကို ျမင္မက္မူ စိတ္ခ်မ္းသာရအံ့။

၈။ ေဒါင္းေမြးျမဴရသည္ဟု ျမင္မက္မူ အိမ္က်က္သေရတိုးအံ့။

[ ဓ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ဓာတ္ေတာ္ရသည္ဟု ျမင္မက္မူ က်က္သေရတက္အံ့။
၂။ ဓာတ္လံုးႏွင့္ ေပါက္ရသည္၊ ပစ္ရသည္ဟု ျမင္မက္မူ
ရန္သူအေပါင္းကို အလြယ္တကူ ႏိုင္အ့ံ။
၃။ ဓားေသြးေက်ာက္ကို ျမင္မက္မူ အႀကံအစည္မ်ားရွိေနအံ့။
၄။ ဓား၊ လွံအေရာင္ေတာက္သည္ဟု မက္မူ ဘုန္းတန္းခိုးႀကီးအံ့။
၅။ ဓား၊ လွံ စြဲကိုင္ရသည္ဟု ျမင္မက္မူ အသက္ရွည္အံ့။
၆။ ဓား၊ လွံ အေရာင္ေတာက္သည္ကို ျမင္မက္မူ ဘုန္းတန္ခိုး ႀကီးအံ့။
၇။ ဓား၊ လွံ ကိုင္ရသည္ ျမင္မက္မူ အသက္ရွည္အံ့။
၈။ ဓူဝံၾကယ္ကို ျမင္မက္မူ အႀကံေအာင္အံ့။


[ န ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ႏို႔အမ်ိဳးမ်ိဳးကို ေသာက္သည္ဟု ျမင္မက္မူ သူတစ္ပါး ပညာေပးအံ့။
၂။ ႏို႔ညႇစ္ရသည္ဟု ျမင္မက္မူ ႂကြယ္ဝအံ့။
၃။ ႏို႔ကို ေ႐ႊခြက္ႏွင့္ ထည့္၍ ေသာက္ရသည္ဟု ျမင္မက္မူ လာဘ္ရအံ့။
ႏြားႏို႔ေသာက္ရသည္ဟုျမင္မက္မူ သူတစ္ပါးတို႔ထက္ ေက်ာ္ေစာအံ့။
၄။ ႏြားမ, ဖမ္းရသည္ဟု ျမင္မက္မူ သူႀကီးျဖစ္အံ့။
၅။ ႏြားရသည္ဟု ျမင္မက္မူ ပစၥည္းဥစၥာတိုးအံ့။
၆။ ႏြားစီးရသည္ဟု ျမင္မက္မူ ခ်မ္းသာအံ့။
၇။ ႏြားေက်ာင္းရသည္ဟု ျမင္မက္မူ အႀကီးအကဲျဖစ္အံ့။
၈။ ႏြားေခ်းေရခ်ိဳးရသည္ဟု ျမင္မက္မူ လာဘ္ရအံ့။
၉။ နတ္႐ုပ္၊ ဗိႆႏိုး႐ုပ္ကို ျမင္မက္မူ အေဆြခင္ပြန္းေကာင္းရအံ့။
၁၀။ နတ္ေဆးလိမ္းက်ံျမင္မက္မူ ဥစၥာရအံ့။
၁၁။ နတ္တို႔ စကားေျပာသည္ဟု ျမင္မက္မူ တုန္လႈပ္ပ်က္စီးအံ့။
၁၂။ ေနဗိမာန္သည္ ၾကယ္အေပါင္းျခံရံခ်က္ ေျမမွေကာင္းကင္သို႔ ပ်ံ
တက္သည္ဟုျမင္မက္မူ ဘုန္းကံေသးငယ္သူတို႔အတုမရွိ ဘုန္းႀကီးအံ့။
၁၃။ ေန လ ၾကတ္သည္ဟု ျမင္မက္မူ ဘုန္းက်က္သေရ တိုးအံ့။

၁၄။ ေန လတို႔ မြန္းတည့္သည္ဟု ျမင္မက္မူ ႀကီးစြာေသာ
ခ်မ္းသာသုခကို ရအံ့။ အမ်ိဳး(၇)ဆက္တိုင္ မပ်က္ႏိုင္ေသာ
စည္းစိမ္ကို ရအ့ံ။
၁၅။ ေန လတို႔ကို ရင္ခြင္ပိုက္ရသည္ဟု ျမင္မက္မူ ဘုန္းႀကီးေသာ
သားကို ရအံ့။ ေနအိမ္၊ လအိမ္ဖြဲ႔၍ ဝမ္းတြင္းဝင္သည္ဟု ျမင္မက္မူ
ေကာင္းစားအံ့။
၁၆။ ေန လ ၾကယ္တို႔ကို ျမင္ရသည္ဟု ျမင္မက္မူ သူတစ္ပါးတို႔ထက္
ျမင့္မားေသာ ရာထူးရွိသူ ျဖစ္အံ့။
၁၇။ ေနသည္ အေရွ႕က ထြက္၍ အေနာက္သို႔ ဝင္သည္ဟု ျမင္မက္မူ
ကမာၻတြင္ ထင္ရွားေသာ ပုဂၢဳိလ္ေပၚေပါက္အံ့။
၁၈။ ေန လတို႔ိကုိ ဖက္ရသည္ဟု ျမင္မက္မူ ႂကြယ္ဝခ်မ္းသာအံ့။
၁၉။ ေနသည္ ဝမ္းတြင္းသို႔ ဝင္ေရာက္သည္ဟု ျမင္မက္မူ
သားေကာင္းဖြားအံ့။
၂၀။ ေနၾကာပန္းပန္၍ ပတ္စည္တီးရသည္ဟု ျမင္မက္မူ
မင္းဆရာျဖစ္အံ့။
၂၁။ နားတြင္းသို႔ မစင္ရည္ဝင္သည္ဟု ျမင္မက္မူ လာဘ္ရအံ့။
၂၂။ နားပင္းသည္ဟု ျမင္မက္မူ သူတစ္ပါး အတင္းေျပာအံ့။
၂၃။ နားတြင္းသို႔ ဆီသန္႔သန႔္ဝင္သည္ဟု ျမင္မက္မူ ႏွစ္သက္ဖြယ္ရာ
စကားကို ၾကားရအံ့။
၂၄။ ႏွာေခါင္းေသြးယိုထြက္သည္ဟု ျမင္မက္မူ သူတစ္ပါးတို႔
မွီခိုရာျဖစ္အံ့။
၂၅။ ႏွာေခါင္းလွီးျမင္မက္မူ စည္းစိမ္တိုးပြားအံ့။
၂၆။ ႏွာေခါင္းပဲ့သည္ဟု ျမင္မက္မူ စီးပြားဥစၥာေလွ်ာအံ့။
၂၇။ ႏွာေခါင္းတြင္းသို႔ မေကာင္းေသာ အနံ႔ဝင္သည္ဟု ျမင္မက္မူ
မေကာင္းေသာ အႀကံကို ႀကံရအံ့။
၂၈။ ႏွာေခါင္းတြင္းသို႔ ေကာင္းေသာ အနံ႔ဝင္သည္ဟု ျမင္မက္မူ
ေကာင္းေသာ အႀကံကုိ ႀကံရအံ့။
၂၉။ ႏွလံုးသား အျပင္ထြက္သည္ဟု ျမင္မက္မူ သားသမီး
အရပ္တပါးသို႔ ေျပာင္းအံ့။


၃၀။ နဂါးကို ဖမ္းမိသည္ဟု ျမင္မက္မူ ရန္ေပ်ာက္အံ့။
၃၁။ ႏွမ္းဆီကို ေသာက္ရသည္ဟု ျမင္မက္မူ စိုးရိမ္ေသာက ကင္းအံ့။
၃၂။ နႏြင္း၊ စႏၵကူးလိမ္းက်ံရသည္ဟု ျမင္မက္မူ ဖ်ားနာအံ့။
၃၃။ နန္းေတာ္အိမ္ကို မီးေလာင္သည္ဟု ျမင္မက္မူ ရန္ေအာင္၍
အနာႏွိပ္စက္ပ်က္စီးအံ့။
၃၄။ နံ႔သာမ်ိဳးငါးပါး တစ္ပါးပါးကို နမ္းရႈရသည္ဟု ျမင္မက္မူ
တစ္ေန႔တျခား ဂုဏ္သတင္းထြက္အံ့။


[ ပ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ပန္းအမ်ိဳးမ်ိဳးတြင္ မိမိႀကိဳက္ႏွစ္သက္ေသာ ပန္း၏အနံ႔ကို
နမ္းရွဴရသည္ဟု ျမင္မက္မူ က်က္သေရ ဂုဏ္သတင္း ပ်ံ႕ႏွံ႔အံ့။
၂။ ပန္းစည္းျမင္မက္မူ ရာထူးရအံ့။
၃။ ပန္းထီးေဆာင္းရသည္ဟု ျမင္မက္မူ ေက်ာ္ေစာအံ့။
၄။ ပန္းနီပန္၍ ဖန္ရည္စြန္းေသာအဝတ္ကို ဝတ္ရသည္ဟု ျမင္မက္မူ
ေဘးထိတတ္အံ့။
၅။ ပန္းၾကာပန္ရသည္ဟု ျမင္မက္မူ နာဖ်ားတတ္အံ့။
၆။ ပန္းပန္ရသည္ဟု ျမင္မက္မူ ဖ်ားနာအံ့။
၇။ ပန္းျဖဴ ပန္ရသည္ဟု ျမင္မက္မူ အႀကီးအကဲ ျဖစ္အံ့။
၈။ ျပာသာဒ္ထက္၌ အစားအစာကို စားရသည္ဟု ျမင္မက္မူ
အထူးေကာင္းမြန္အံ့။ ျပာသာဒ္ထက္မွေန၍ အရသာအေဖ်ာ္ကို
ေသာက္ရသည္ဟု ျမင္မက္မူ ခ်မ္းသာသုခ တစ္ေန႔တျခားတိုးအံ့။
၉။ ျပာသာဒ္၊ ေတာစိုးသစ္ပင္၊ အထိကရသစ္ပင္၊ ေတာင္တို႔ကို
တက္စီးရသည္ဟု ျမင္မက္မူ ခ်မ္းသာစီးပြားမ်ားအံ့။
၁၀။ ျပာသာဒ္ႀကီးကို ျပဳရသည္ဟု ျမင္မက္မူ ဘုန္းႀကီးအံ့။
၁၁။ ပုဆိုးအသစ္၊ လံုခ်ည္သစ္ကို ျမင္မက္မူ ဘုန္းက်က္သေရ တိုးအံ့။
၁၂။ ပုဆိုးျဖဴကို ဝတ္ရသည္ဟု ျမင္မက္မူ အႀကီးအကဲျဖစ္အံ့။
၁၃။ ပု႑ားေရသြန္း၍ စကားေျပာသံၾကားရသည္ဟု ျမင္မက္မူ ရန္သူ
လက္မွ လြတ္အံ့။
၁၄။ ပု႑ားကို စြဲလန္းမက္ေသာ္ လာဘ္ရအံ့။


၁၅။ ပုခက္စီးရသည္ဟု ျမင္မက္မူ ထင္ရွားေက်ာ္ေစာအံ့။
၁၆။ ပုပ္ေစာ ဆီ၊ ေရတို႔ နားတြင္းသို႔ ဝင္သည္ဟု ျမင္မက္မူ
ဒုစရိုက္ႏွင့္စပ္ေသာ မႏွစ္သက္ဖြယ္ကို ၾကားရအံ့။
၁၇။ ပ်ားရည္ေသာက္ရသည္ဟု ျမင္မက္မူ ႀကံသမွ် ၿပီးစီး၍
လာဘ္ရအံ့။
၁၈။ ပ်ားတုတ္ခံရသည္ဟု ျမင္မက္မူ ရန္ေတြ႔အံ့။
၁၉။ ပျခဳပ္တြင္း၌ မီးေလာင္သည္ဟု ျမင္မက္မူ လက္ေအာက္
ငယ္သားတို႔ ေတာ္လွန္အံ့။
၂၀။ ပြဲခံရသည္ကိုလည္းေကာင္း၊ ပြဲလမ္းသဘင္ကိုလည္းေကာင္း
ျမင္မက္မူ မေကာင္း၊ ေသေပ်ာက္တတ္၏။
၂၁။ ပ်ဥ္တလားတြင္းသို႔ ဝင္ရသည္ဟု ျမင္မက္မူ မေကာင္း။
၂၂။ ပိတုန္းတုပ္သည္ဟု ျမင္မက္မူ ရန္ေတြ႔အံ့။
၂၃။ ပါးစပ္ပဲ့သည္ဟု ျမင္မက္မူ အလိုရွိေသာစကားကို မေျပာႏိုင္ဘဲ
ဆြံ႔အေနအ့ံ။
၂၄။ ပတၱျမားရသည္ဟု ျမင္မက္မူ သားေကာင္း ရအံ့။


[ ဖ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ဖ်ာလႈပ္သည္ဟု ျမင္မက္မူ လာဘ္ရအံ့။
၂။ ဖြဲမီးတေငြ႔ေငြ႔ကို ျမင္မက္မူ အလြန္ပူအံ့။
၃။ ဖိနပ္စီးရသည္ဟု ျမင္မက္မူ အသေရတုိးအံ့။
၄။ ဖေယာင္းတိုင္ကို ျမင္မက္မူ စိတ္ခ်မ္းသာအံ့။
၅။ ဖေယာင္းတိုင္ မီးလင္းေနသည္ကို ျမင္မက္မူ
နတ္ေကာင္းနတ္ျမတ္တို႔ မ စအံ့။
၆။ ဖရဲသီး ျမင္မက္မူ သားေကာင္းရအံ့။
၇။ ဖရဲသီးစားရသည္ ျမင္မက္မူ ေရာဂါေဝဒနာ ကင္းရွင္းအံ့။
၈။ ေဖာင္တိန္လက္ေဆာင္ရသည္ ျမင္မက္မူ စာေပ၌အထူးေအာင္
ျမင္ေက်ာ္ေစာအံ့။
၉။ ေဖာင္တိန္ကို ျမင္မက္မူ စာေပ၌ ေက်ာ္ေစာအံ့။
၁၀။ ဖန္ခြက္ေရအျပည့္ႏွင့္ျမင္မက္မူ မဂၤလာပြဲမ်ား ခင္းက်င္းရအံ့။


[ ဗ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား
 
၁။ ေဗဒါပန္းကို ျမင္မက္မူ အႀကံေကာင္းရအံ့။
၂။ ေဗဒင္ေဟာသည္ ျမင္မက္မူ လိုအပ္ေသာ အကူအညီမ်ား ေပးစြမ္း
ႏိုင္သူ ေပၚအံ့။
၃။ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကို ျမင္မက္မူ ရာထူးတိုးအံ့။သားေကာင္းရတနာ
ရအံ့။
၄။ ေဗ်ာသံၾကားရသည္ ျမင္မက္မူ ရာထူးတိုးအံ့။
၅။ ဗ်ိဳင္းငွက္ကို ျမင္မက္မူ ဇနီးေကာင္း ရအံ့။
၆။ ျဗဟၼာမင္းကို ျမင္မက္မူ လာဘ္ႀကီးရအံ့။


[ ဘ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ဘုရား႐ုပ္ထုေတာ္ မိမိဦးေခါင္း၌ တည္ရွိသည္ဟု ျမင္မက္မူ
အႀကီးအကဲတို႔ ခ်ီးေျမွာက္အံ့။
၂။ ဘုရား႐ုပ္ထုေတာ္ မိမိလက္ဝဲ၊ လက္ယာ ပခံုးတို႔၌ တည္ရွိသည္ကို
ျမင္မက္မူ ႀကီးျမင့္ေသာ အေျခြအရံ ပရိသတ္ရအံ့။
၃။ ဘုရား႐ုပ္တုေတာ္ မိမိေျခရင္း၌ တည္ရွိသည္ဟု ျမင္မက္မူ ရွိၿပီး
အႀကီးအကဲသည္ ရာထူးသက္ေလွ်ာ၍ မိမိသည္ပင္
အႀကီးအကဲျဖစ္အံ့။
၄။ ဘုရား႐ုပ္တုေတာ္ ႂကြသြားေတာ္မူသည္ဟု ျမင္မက္မူဘုန္းက်က္သ
ေရတိုးအံ့။
၅။ ဘုရား႐ုပ္ပြားေတာ္ ဖူးေတြ႔ရသည္ဟု ျမင္မက္မူ တစ္ေန႔တျခား
ေက်ာ္ေစာအံ့။
၆။ ဘုရား႐ုပ္တုေတာ္၊ ေစတီေတာ္၊ ပုထိုးေတာ္တို႔ကို ျမင္မက္မူ
နတ္ေကာင္းနတ္ျမတ္တို႔ ခ်စ္အံ့။
၇။ ဘုရား႐ုပ္တုေတာ္ မေကာင္းေသာအျခင္းအရာျဖင့္ႂကြသြားသည္ကို
ျမင္မက္မူ ဘုန္းက်က္သေရ ဆုတ္ယုတ္အံ့။
၈။ ဘုရား႐ုပ္ပြား၊ ေစတီ၊ ပုထိုးကို မေကာင္းေသာ အျခင္းအရာအားျဖင့္
ျမင္မက္မူ နတ္ေကာင္းနတ္ျမတ္တို႔ မခ်စ္ခင္သျဖင့္ ဥပါဒ္ေရာက္အံ့။

၉။ ဘုရား႐ုပ္ပြားေတာ္၊ ဆင္းတုေတာ္ တရားေဟာသည္ကို ျမင္မက္မူ
ေက်ာ္ေစာအံ့။
၁၀။ ဘုရား႐ုပ္ပြားေတာ္၊ ဆင္းတုေတာ္ တရားေဟာသည္၊
စကားေျပာသည္ကို ၾကားရသည္ဟု ျမင္မက္မူ ေက်ာ္ေစာအံ့။
၁၁။ ဘုရားရွိခိုးသည္ဟု ျမင္မက္မူ ခ်မ္းသာသုခတိုးအံ့။
၁၂။ ဘုရား႐ုပ္တုေတာ္ကို ဖက္ရသည္ဟု ျမင္မက္မူက်က္သေရ
တိုးအံ့။
၁၃။ ဘုရားဓာတ္ေတာ္ရသည္ဟု ျမင္မက္မူ က်က္သေရတိုးအံ့။
၁၄။ ဘုရားဓာတ္ေတာ္ျမင္ရသည္ဟုျမင္မက္မူ က်က္သေရ တိုးတက္အံ့။


[ မ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ မိမိရူးသည္ဟု ျမင္မက္မူ လာဘ္ရအံ့။
၂။ မိမိအူကို ထုတ္၍ ပတ္ရသည္ဟု ျမင္မက္မူ ၾသဇာအာဏာ
အရွိန္အဝါႀကီးမားအံ့။
၃။ မိေက်ာင္းဖမ္းသည္ ျမင္မက္မူ လာဘ္ရအံ့။
၄။ မိေက်ာင္းစီးရသည္ ျမင္မက္မူ ရန္သူကို ႏိုင္အံ့။
၅။ မိေက်ာင္းစြယ္ကို ရင္ခြင္ပိုက္သည္ဟု ျမင္မက္မူ ရာထူးႀကီးအံ့။
၆။ မိေက်ာင္းသား စားရသည္ဟု ျမင္မက္မူ လာဘ္ႀကီးအ့ံ။
၇။ မိန္းမကို ဆြဲရသည္ဟု ျမင္မက္မူ ခ်မ္းသာႂကြယ္ဝအံ့။
၈။ မိ္န္းမႏွင့္ အတူ အိပ္ရသည္ဟု ျမင္မက္မူ လာဘ္ရအံ့။
၉။ မိန္းမကို နားထြင္းရသည္ဟု ျမင္မက္မူ ေ႐ႊရအံ့။
၁၀။ မိန္းမအေမြးအမွ်င္ရွည္သည္ကို ျမင္မက္မူ ခ်မ္းသာအံ့။
၁၁။ မ်က္စိမွိတ္သည္ဟု ျမင္မက္မူ အရမ္းကာေရာ ျပဳမိအံ့။
၁၂။ မ်က္စိဖြင့္သည္ဟုျမင္မက္မူေကာင္းက်ိဳး၊ မေကာင္းက်ိဳးကို ျမင္ရအံ့။
၁၃။ မ်က္စိၾကည္လင္သည္ဟု ျမင္မက္မူ ေကာင္းေသာ ဉာဏ္တိုးအံ့။
၁၄။ မ်က္စိ၌ အမိႈက္ဝင္သည္ဟု ျမင္မက္မူ အနိဠာ႐ံုကို ရအံ့။
၁၅။ မ်က္စိ၌ တိမ္သလႅာက်သည္ဟု ျမင္မက္မူ အသိဉာဏ္နည္းပါးအံ့။
၁၆။ မ်က္စိ၌ မ်က္ခ်ီးမ်ားသည္ဟု ျမင္မက္မူ အရွိန္အေစာ္မဲ့အံ့။
၁၇။ မ်က္စိပ်က္သည္ဟု မက္မူ မွားယြင္းေသာ အယူကိုရအံ့။

၁၈။ မ်က္စိထြက္သည္ဟု မက္မူ သားသမီးတို႔ ထြက္ေျပးတတ္အံ့။
၁၉။ မီးပံုမွ အခိုးအလွ်ံထြက္ေသာ မီးကို ျမင္မက္မူ ပညာရွိ ေပၚထြန္းအံ့။
၂၀။ မီးထည့္ရသည္၊ မီးဖုတ္ရသည္၊ မီးရိႈ႕ရသည္၊ မီးတိုက္ရသည္ဟု
ျမင္မက္မူ ရပ္ရြာႀကီးကဲ ျဖစ္အံ့။
၂၁။ မီးတန္ေဆာင္ ညႇိထြန္းရသည္ဟု ျမင္မက္မူ ပညာတတ္အံ့။
၂၂။ မီးမႈတ္ မက္မူ အႀကီးအကဲျဖစ္အံ့။
၂၃။ မီးတေငြ႕ေငြ႕ျမင္မက္မူ စိတ္ႏွလံုးပူပန္ရအံ့။
၂၄။ ေႁမြငန္းစီးရသည္ဟု ျမင္မက္မူ ေရာဂါျဖစ္အံ့။
၂၅။ ေႁမြကိုက္သည္ကို ျမင္မက္မူ လူလိမ္ခံရအံ့။
၂၆။ ေႁမြကို ခါးပိုက္ပိုက္ရသည္ကို မက္မူ အတြင္းရန္ျဖစ္ေပၚအံ့။
၂၇။ ေႁမြခဲသည္ကို ျမင္မက္မူ သားသမီးရ၍ အစြဲရွိအံ့။
၂၈။ ေႁမြခံသည္ကို ျမင္မက္မူ လာဘ္ရအံ့။
၂၉။ ေႁမြစိမ္းကိုက္သည္ကို ျမင္မက္မူ လူလိမ္ေတြ႕ရအံ့။
၃၀။ ေႁမြေပြး၊ ေႁမြေဟာက္ကိုက္လိုက္သည္ကို ျမင္မက္မူ လူဆိုးတို႔
လိမ္ရန္ လာအံ့။
၃၁။ ေျမတူးရသည္ဟု ျမင္မက္မူ မေကာင္း။
၃၂။ ေျမဇာပန္း ပန္ရသည္ဟု ျမင္မက္မူ ပညာရွိ ဆရာတစ္ဆူျဖစ္အံ့။
၃၃။ ျမင္းမိုရ္ေတာင္ ေခါင္းအံုးရသည္ကို ျမင္မက္မူ လူအမ်ား
ပူေဇာ္ျခင္းကို ခံရအံ့။
၃၄။ ျမင္းမိုရ္ေတာင္သို႔ တက္ရသည္ဟု ျမင္မက္မူ လူခ်စ္လူခင္မ်ားအံ့။
၃၅။ ျမင့္ရာမွ နိမ့္က်သည္ဟု ျမင္မက္မူ မေကာင္း။
၃၆။ ျမင့္ေသာအရပ္ကို တက္ရသည္ဟု ျမင္မက္မူ လူတကာတို႔ထက္
ျမင့္ျမတ္ရအံ့။
၃၇။ မန္က်ည္းသီး စားရသည္ကို ျမင္မက္မူ သူေကာင္းျဖစ္အံ့။
၃၈။ မိုးေရထဲ ေပ်ာ္ပါးရသည္ကို ျမင္မက္မူ ဥစၥာပစၥည္းရအံ့။
၃၉။ မစင္လိမ္းက်န္ရသည္ကို ျမင္မက္မူ ပစၥည္းဥစၥာရအံ့။
၄၀။ မိႈခ်က္စားရသည္ကို ျမင္မက္မူ လာဘ္ရအံ့။
၄၁။ ျမစ္ေရေသာက္ရသည္ကို ျမင္မက္မူ သူတစ္ပါးတို႔ထက္
ေက်ာ္ေစာထင္ရွားအံ့။

၄၂။ မုန္တိုင္းထန္သည္ကို ျမင္မက္မူ ေၾကာင့္ၾကမ်ားအံ့။ စိုးရိမ္ေသာက
မ်ားအံ့။
၄၃။ ေမွ်ာ့တြယ္သည္ကို ျမင္မက္မူ အႀကီးအကဲျဖစ္အံ့။
၄၄။ ေမာင္းတိုေဆာင္းရသည္ကို ျမင္မက္မူ အႀကီးအကဲ ျဖစ္အံ့။
၄၅။ မေကာင္းေသာေရကို သြန္းလာသည္ကို မက္မူ ပ်က္စီးအံ့။
၄၆။ မကာရ္းကို ဖမ္းမက္မူ လာဘ္ရအံ့။


[ ယ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား
၁။ ေယာက်္ားခ်င္းသင့္ျမတ္၍ ကိုယ္ဝန္ရွိသည္ကို ျမင္မက္မူမေကာင္း။
၂။ ယမမင္းကို ျမင္မက္မူ အသက္ရွည္အံ့။ အိမ္တြင္းေအးခ်မ္းအံ့။
မိမိအားေစာင့္ေရွာက္သူကို ေက်နပ္ဖြယ္ေတြ႔ရအံ့။
၃။ ယိုးစြပ္ခံရသည္ျမင္မက္မူ အႀကံေအာင္အံ့။ မေကာင္းေျပာသူမ်ား
ပ်က္စီးအံ့။ အနီးရန္သူမ်ား ေဘးေတြ႔ၾကအံ့။


[ ရ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ေ႐ႊကိုျဖစ္ေစ၊ ေငြကိုျဖစ္ေစ ျမင္မက္မူ ေယာက်္ားမွာ
မယားေကာင္းရအံ့။
၂။ ေ႐ႊရတနာ ပတၱျမားစေသာ ရတနာတို႔ကို ျမင္မက္မူ
ေကာင္းက်ိဳးရအံ့။
၃။ ေ႐ႊလက္ဖြဲ႔ဝတ္ရသည္ဟု ျမင္မက္မူ ေယာက္်ား၌ မယားရအံ့။
၄။ ေ႐ႊဟသၤာ တရားေဟာသည္ကို နာၾကားရသည္ဟု ျမင္မက္မူ
ဘုန္းက်က္သေရတိုးအံ့၊ စိတ္ခ်မ္းသာအံ့။
၅။ ေ႐ႊလက္ေကာက္ဝတ္မက္မူ ႀကီးေသာသူတို႔ ခ်ီးျမွင့္ခံရအံ့။
၆။ ေ႐ႊေငြအား အစိုးရသည္ကို ျမင္မက္မူ ခ်မ္းသာအံ့။
၇။ ေ႐ႊခြက္ႏွင့္ထည့္၍ ထမင္းစားရသည္ ျမင္မက္မူ ထီေပါက္အ့ံ။ (သို႔)
ႀကီးက်ယ္ေသာ လာဘ္ရအံ့။
၈။ ေရၾကည္ကို ျမင္မက္မူ အလြန္စိတ္ခ်မ္းသာအံ့။
၉။ ေရေနာက္ကို ျမင္မက္မူ အလြန္စိတ္မခ်မ္းသာအံ့။
၁၀။ ေရထဲ၌ ေႁမြ၊ ကင္းတို႔ကို ျမင္မက္မူ ခ်မ္းသာေရာက္အံ့။

 ၁၁။ ေရကန္၏အလယ္ ၾကာထက္၌ ႏို႔ဃနာ စားရသည္ကို ျမင္မက္မူ
သူတစ္ပါးထက္ ႀကီးက်ယ္ျမင့္ျမတ္သူ ျဖစ္အံ့။
၁၂။ ေရေသာက္ရသည္ဟု ျမင္မက္မူ ဂုဏ္သတင္းတိုးအံ့။
၁၃။ ေရအိုးတြင္ လ က်သည္ဟု ျမင္မက္မူ ဘုန္းတန္ခိုးႀကီးအံ့။
၁၄။ ရဟန္းသာမေဏ၊ ရေသ့တို႔၏ မေကာင္းေသာအျခင္းအရာ
ျမင္မက္မူ သမၼာေဒဝနတ္တို႔ မုန္းသျဖင့္ ဥပါဒ္ေရာက္အံ့။
၁၅။ ရဟန္း၊ ပုဏၰားႏွင့္ ႀကံဳရ ျမင္မက္မူ ခ်မ္းသာအံ့။
၁၆။ ရဟန္း၊ ပုဏၰားႏွင့္ စကားေျပာရ ျမင္မက္မူ ခ်မ္းသာအံ့။
၁၇။ ရဟတ္ကို ျမင္မက္မူ မေကာင္း။
၁၈။ ေရွာက္သီး၊ သံပုရာသီး စားရသည္ကို မက္မူ လာဘ္ရအံ့။
၁၉။ ရထားစီးရသည္ကို ျမင္မက္မူ မယားေကာင္းရအံ့။
၂၀။ ႐ုပ္ထုကို ဖက္ရသည္ ျမင္မက္မူ ခ်မ္းသာႂကြယ္ဝအံ့။
၂၁။ ႐ႊံ႕စင္၊ ႐ႊံ႕ထိမက္မူ မေကာင္းသတင္း ျဖစ္အံ့။
၂၂။ ႐ႊံ႕ နားဝင္မက္မူ က်က္သေရ ယုတ္အံ့။
၂၃။ ရယ္စရာျပဳမက္မူ ဝမ္းေျမာက္စရာ ကိစၥျဖစ္အံ့။


[ လ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ေလွစီးရသည္ကို ျမင္မက္မူ ခ်မ္းသာတိုးအံ့။
၂။ ေလွစီးစဥ္ ေရနစ္သည္ဟု ျမင္မက္မူ ပစၥည္းဥစၥာပ်က္စီးအံ့။
၃။ ေလွစီးလ်က္ ျမစ္ကို ပင္ပန္းစြာ ကူးရသည္ဟု ျမင္မက္မူ
အရပ္တစ္ပါးေျပာင္းၿပီး ျပန္ရအံ့။
၄။ လက္နက္ကို ဖက္ရသည္ဟု ျမင္မက္မူ ခ်မ္းသာအံ့။
၅။ လက္ကတံုးတိုင္မ လဲသည္ကို ျမင္မက္မူ မယားေသအံ့။
၆။ လက္ကတံုးတိုင္မ လဲသည္ကို ျမင္မက္မူ မက္သူ ေသအံ့။
၇။ လက္ကတံုးတိုင္ လဲသည္ ျမင္မက္မူ ကိုးကြယ္ထားေသာ
အႀကီးအကဲ ေသအံ့။
၈။ လူေသကို ျမင္မက္မူ စကားေဟာင္းေပၚအံ့။
၉။ လူဦးေခါင္းျပတ္သည္ကို ျမင္မက္မူ ရန္ေအာင္အံ့။

၁၀။ လူသားစားရသည္ကို ျမင္မက္မူ အထြတ္အထိပ္သို႔ ေရာက္အံ့။
လူသားကို ဓားႏွင့္လွီး၍ စားရသည္ကို ျမင္မက္မူ လူျဖစ္လွ်င္
အႀကီးအကဲျဖစ္အံ့။ ရဟန္းျဖစ္မူ မင္းဆရာ သာသနာပိုင္ျဖစ္အံ့။
၁၁။ လွည္း၊ ပ်ဥ္၊ တံစဥ္း၊ ဆံု၊ ခ်ားရဟတ္ကို ျမင္မက္မူသူမေကာင္း
ႀကံတတ္အံ့။
၁၂။ လွည္းဘီးကို ျမင္မက္မူ အႀကီးအကဲျဖစ္အံ့။
၁၃။ လက္ေကာက္၊ လက္စြပ္၊ ေျခက်င္း ဝတ္ရသည္ဟု ျမင္မက္မူသား
ေကာင္းရအံ့။
၁၄။ လက္ေကာက္၊ နားေထာင္း၊ ဆံက်င္ ဝတ္ရသည္ကို ျမင္မက္မူ
ရာထူးရာခံရအံ့။
၁၅။ လက္ေကာက္ဝတ္ဆင္မက္မူ သားေကာင္းရအံ့။
၁၆။ လက္ကိုလည္းေကာင္း၊ ေပါင္ကိုလည္းေကာင္း၊ ရင္ကိုလည္း
ေကာင္း ေက်ာ့ကြင္းဖြဲ႕ျမင္မက္မူ သားသမီးရအံ့။
၁၇။ လူတို႔၏ အူအခ်င္းကို စားရသည္ ျမင္မက္မူ ႂကြယ္ဝခ်မ္းသာအံ့။
လူ၏ ဦးေခါင္းကို စားရသည္ကို ျမင္မက္မူ ထင္ရွားေက်ာ္ၾကားအံ့။
၁၈။ လက္ယာအံသြားက်ိဴးသည္ကို ျမင္မက္မူ အမ်ိဳးေယာက္်ားတို႔၌
ဥပါဒ္ျဖစ္အံ့။
၁၉။ လက္ဝဲ အံသြားက်ိဳးသည္ကို ျမင္မက္မူ အမ်ိဳးမိန္းမတို႔၌
ဥပါဒ္ျဖစ္အံ့။
၂၀။ လက္စြပ္ဝတ္ရသည္ဟု ျမင္မက္မူ သူစြပ္စြဲအံ့။
၂၁။ လက္ဝါးထက္ ၾကာပန္းေရာက္သည္ကို ျမင္မက္မူ ေက်ာ္ေစာအံ့။
လႊားကစားရသည္ကို ျမင္မက္မူ မေကာင္း။
၂၂။ လည္တို၍ ဦးေသွ်ာင္လွီးမက္မူ နာဖ်ားတတ္အံ့။
၂၃။ လည္ပင္းတိုသည္ ျမင္မက္မူ နာဖ်ားတတ္အံ့။
၂၄။ ေလာက္ဖမ္းရသည္ကို ျမင္မက္မူ အစားအေသာက္ ဆန္စပါး
ေပါမ်ားအံ့။
၂၅။ လက္ယာလက္ေခ်ာင္းတို႔ ႀကီးသည္ကုိ ျမင္မက္မူ အမ်ိဳးသားတို႔
ႀကီးပြားအံ့။
၂၆။ လက္ဝဲလက္ေခ်ာင္းတို႔ ႀကီးသည္ကို ျမင္မက္မူ အမ်ိဳးသမီးတို႔

ႀကီးပြားအံ့။
၂၇။ လက္ယာလက္သည္း ပုပ္သည္ ျမင္မက္မူ သား နာဖ်ားအံ့။
၂၈။ လက္ဝဲလက္သည္း ပုပ္သည္ ျမင္မက္မူ သမီးဖ်ားနာအံ့။
၂၉။ လက္သည္းရွည္သည္ ျမင္မက္မူ အသက္ရွည္အံ့။
၃၀။ လက္ဝဲေျခသည္းပုပ္သည္ ျမင္မက္မူ အမ်ိဳးသမီး နာဖ်ားအံ့။
၃၁။ လက္ယာေျခသည္း ပုပ္သည္ ျမင္မက္မူ အမ်ိဳးသား၌ နာဖ်ားအ့ံ။
၃၂။ လက္ယာေျခသည္းပြင့္သည္ ျမင္မက္မူ အမ်ိဳးသား၌ လာဘ္ရအံ့။
လက္ဝဲေျခသည္းပြင့္သည္ကို ျမင္မက္မူ အမ်ိုဳးသမီး၌ လာဘ္ရအံ့။
၃၃။ လက္ယာလက္သဲပြင့္သည္ကို ျမင္မက္မူ သား၌ လာဘ္ရအံ့။
လက္ဝဲလက္သဲပြင့္သည္ကို ျမင္မက္မူ သမီး၌ လာဘ္ရအံ့။
၃၄။ လက္ယာေပါင္ႀကီးသည္ကို ျမင္မက္မူ ကိုယ့္ေအာက္နိမ့္သူ
အမ်ိဳးသားတို႔ ႀကီးပြားအံ့။ လက္ဝဲေပါင္ႀကီးသည္ ျမင္မက္မူ
ကိုယ့္ေအာက္နိမ့္သူ အမ်ိဳးသမီးတို႔ ႀကီးပြားအံ့။
၃၅။ လက္ယာေပါင္ ႀကံဳလွီသည္ကို ျမင္မက္မူ ကိုယ့္ေအာက္ငယ္သူ
အမိ်ဳးေယာက္်ားတို႔ ညိႈးႏြမ္းအံ့။ လက္ဝဲေပါင္ ႀကံဳလွီသည္ကို
ျမင္မက္မူ ကိုယ့္ေအာက္ငယ္သူ အမ်ိဳးသမီးတို႔ ညိႈးႏြမ္းအံ့။
၃၆။ လက္ဝဲေပါင္ပဲ့သည္ကို ျမင္မက္မူ အမ်ိဳးမိန္းမတို႔ နာဖ်ားအံ့။
လက္ယာေပါင္ပဲ့သည္ကို ျမင္မက္မူ အမ်ိဳးသားေယာက်္ားတို႔
ဖ်ားနာအံ့။
၃၇။ လက္ယာေျခသလံုးႀကီးသည္ ျမင္မက္မူ အမ်ိဳးေယာက္်ားတို႔
ႀကီးပြားအံ့။
၃၈။ လက္ဝဲေျခသလံုးႀကီးသည္ ျမင္မက္မူ အမ်ိဳးမိန္းမတို႔ ႀကီးပြားအံ့။
၃၉။ လက္ယာေျခသလံုး ႀကံဳလွီသည္ ျမင္မက္မူ အမ်ိဳးေယာက္်ားတို႔
ႏြမ္းနယ္အံ့။
၄၀။ လက္ဝဲေျခသလံုး ႀကံဳလွီသည္ ျမင္မက္မူ အမ်ိဳးမိန္းမတို႔
ႏြမ္းႏြယ္အံ့။
၄၁။ လက္ယာေျခသလံုးပဲ့သည္ ျမင္မက္မူ အမ်ိဳးေယာက္်ားတို႔
နာဖ်ားအံ့။ လက္ဝဲေျခသလံုးပဲ့သည္ ျမင္မက္မူ အမ်ိုဳးမိန္းမတုိ႔
ဖ်ားနာအ့ံ။

၄၂။ လက္ယာလက္ေမာင္းႀကီးသည္ ျမင္မက္မူ သား၊ညီတို႔ႀကီးပြား
ခ်မ္းသာအံ့။ ျမင္မက္သူက မိန္းမျဖစ္မူ သားအႀကီး၊ ေမာင္အႀကီး
တို႔ ႀကီးပြားခ်မ္းသာအံ့။ လက္ဝဲလက္ေမာင္းႀကီးသည္ဟု
ျမင္မက္မူ သမီး၊ ႏွမတို႔ ႀကီးပြားအံ့။
၄၃။ လက္ယာလက္႐ံုး ပြန္းပဲ့သည္ဟု ျမင္မက္မူ ႏွမ၊ သားသမီးတို႔
နာဖ်ားအံ့။ မိန္းမမက္မူ သမီး၊ ညီမတို႔ နာဖ်ားအံ့။
၄၄။ လက္ဝဲလက္႐ံုးပဲ့သည္ ျမင္မက္မူ ႏွမ၊ သားသမီးတို႔ နာဖ်ားအံ့၊။
မိန္းမမက္မူ သမီး၊ ညီမတို႔ နာဖ်ားအံ့။
၄၅။ လက္ယာလက္ေမာင္းႀကံဳလွီသည္ ျမင္မက္မူ ညီႏွင့္ သားတို႔
နာဖ်ားအံ့။ လက္ဝဲလက္ေမာင္း ႀကံဳလွီသည္ကို ျမင္မက္မူ ႏွမႏွင္
သမီးတို႔ နာဖ်ားအံ့။
၄၆။ လက္ယာလက္ေမာင္းေသြးယိုသည္ဟု ျမင္မက္မူ ညီ၊ သားတို႔
တစ္ရပ္တစ္ပါးသို႔ ေျပာင္းေ႐ႊ႕သြားရအံ့။
၄၇။ လက္ဝဲလက္ေမာင္း ေသြးယိုသည္ဟု ျမင္မက္မူ ညီမ၊ သမီးတို႔
တစ္ပါးသုိ႔ ေျပာင္းေ႐ႊ႕သြားအံ့။
၄၈။ လက္ယာဘက္ လက္ငါးေခ်ာင္းတြင္ တစ္ေခ်ာင္းႀကီးသည္
ျမင္မက္မူ သားႏွင့္ညီတို႔၏ သားသမီးမ်ား ႀကီးပြားအံ့။
၄၉။ လက္ဝဲဘက္ လက္ငါးေခ်ာင္းတြင္ တစ္ေခ်ာင္းႀကီးသည္ ျမင္မက္မူ
သမီးႏွင့္ ညီမတို႔၏ သားသမီးမ်ား ႀကီးပြားအံ့။
၅၀။ လက္ယာလက္ေခ်ာင္း ပြန္းပဲ့သည္ဟု ျမင္မက္မူ သားႏွင့္ ညီတို႔၏
သားသမီးမ်ား နာဖ်ားအံ့။
၅၁။ လက္ဝဲလက္ေခ်ာင္း ပြန္းပဲ့သည္ဟု ျမင္မက္မူ သမီးႏွင့္ညီမတို႔၏
သားသမီးမ်ား နာဖ်ားအံ့။
၅၂။ လက္ယာဘက္လက္ေခ်ာင္း ျပတ္သည္ဟု ျမင္မက္မူသားႏွင့္ညီ
တို႔၏ သားသမီးမ်ား ပ်က္စီးအံ့။ လက္ဝဲလက္ေခ်ာင္းျပတ္သည္ဟု
မက္မူ သမီးႏွင့္ညီမတို႔၏ သားသမီးမ်ား ပ်က္စီးအံ့။
၅၃။ လက္ယာနား ႀကီးသည္ဟု ျမင္မက္မူ ေဆြရင္းမ်ိဳးရင္း မိတ္ေဆြတို႔
ႀကီးပြားအံ့။ လက္ဝဲနား ႀကီးသည္ဟု ျမင္မက္မူ ေဆြရင္းမ်ိဳးရင္း
မိတ္ေဆြတို႔ ညိႈးႏြမ္းအံ့။

၅၄။ လဲသည္ဟု ျမင္မက္မူ တရားရံႈးအံ့။
၅၅။ ေလးမ်က္ႏွာမွလာ၍ ခိုးသူကို ဖမ္းမက္မူ ခ်မ္းသာအံ့။
၅၆။ လိပ္၊ ငါး စားရသည္ကို ျမင္မက္မူ စပါးဆန္ေရ အစားအစာ
ေပါႂကြယ္ဝအံ့။
၅၇။ လိပ္ဥ၊ ဖြပ္ဥမွစ၍ ဥအမ်ိဳးမ်ိဳးစားရသည္ကို ျမင္မက္မူ
ဆင္းရဲေသာ္လည္း ႂကြယ္ဝခ်မ္းသာအံ့။
၅၈။ လိပ္၊ ငါး ဖမ္းရသည္ ျမင္မက္မူ ဆန္ စပါး ရအံ့။
၅၉။ လိင္တိုသည္ကို ျမင္မက္မူ မယားအႏိုင္က်င့္ခံရအံ့။
၆၀။ လယ္၌ ၾကာေရာက္သည္ ၾကာေပါက္သည္ကို ျမင္မက္မူ အမ်ား၏
ေခါင္းေဆာင္ျဖစ္အ့ံ။
[ ဝ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား
၁။ ဝက္ပက္ျခင္းကို ျမင္မက္မူ ခိုက္ရန္ျဖစ္အံ့။
၂။ ဝက္ပက္ခံရသည္ကို ျမင္မက္မူ မေကာင္း။
၃။ ဝက္ကို ျခံေလွာင္သည္ဟု ျမင္မက္မူ ေက်ာ္ေစာအံ့။
၄။ ဝက္ရူးျပန္မက္မူ ရန္သူေရာက္အံ့။
၅။ ဝမ္းတြင္းသို႔ ငါးဝင္မည္ဆိုေသာ အသံကို ၾကားရသည္ဟု ျမင္မက္မူ
သားေကာင္းရအ့ံ။
၆။ ဝမ္းေျမာက္ဝမ္းသာ ျမင္မက္မူ ေကာင္းစားအံ့။
၇။ ဝတ္ျဖဴစင္ၾကယ္ဝတ္ရ ျမင္မက္မူ ခ်မ္းသာႂကြယ္ဝအံ့။
၈။ ဝရမ္းဖမ္းမက္မူ လာဘ္ႀကီးရအံ့။


[ သ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ ေသြးကို ေရခ်ိဳးရသည္ဟု ျမင္မက္မူ ခ်မ္းသာအံ့။
၂။ ေသြးေပါက္ယိုစီးသည္ဟု ျမင္မက္မူ ဘုန္းႀကီးအ့ံ။
၃။ ေသြးကိုလည္းေကာင္း၊ ေျမျပင္၌ လက္နက္တိုက္ကိုလည္းေကာင္း၊
ျမဴတိမ္ကင္းေစာ ေကာင္းကင္ကိုလည္းေကာင္း၊ နတ္ကိုလည္း
ေကာင္း၊ ပုဏၰားကိုလည္းေကာင္း ျမင္မက္မူ ခ်မ္းသာအံ့။
၄။ သမုဒၵရာကိုေရကူးရသည္ကိုျမင္မက္မူ တိုင္းျပည္ေခါင္းေဆာင္ျဖစ္အံ့။

၅။ သမုဒၵရာ၌ အိပ္ရာျပဳ၍ မိန္းမေပါင္းျခံရံလ်က္ကာမဂုဏ္ခံစားရ
သည္ ကို ျမင္မက္မူ မင္းစိုးရာဇာျဖစ္အံ့။
၆။ သမုဒၵရာေရကို ေသာက္ရသည္ ျမင္မက္မူအလြန္ေက်ာ္ေစာ
ထင္ရွားအံ့။
၇။ သားသမီးရသည္ ျမင္မက္မူ ခ်မ္းသာအံ့။
၈။ သားငါးစားရ၊ မိေခ်ာင္းစားရ ျမင္မက္မူ လာဘ္ႀကီးအံ့။
၉။ သစ္သီးစားရသည္၊ ၿမိန္ေသာအရသာကုိ စားရသည္ကို ျမင္မက္မူ
လာဘ္ႀကီးအံ့။
၁၀။ သစ္သီးလြယ္ပိုးရသည္ဟု ျမင္မက္မူ ေကာင္းအံ့။
၁၁။ သူေတာင္းစားကို ျမင္မက္မူ စစ္သည္ဗိုလ္ပါ ျဖစ္အံ့။
၁၂။ သူေကာင္းကို ခ်ီရသည္ကို ျမင္မက္မူ လာဘ္ရအံ့။
၁၃။ သူငယ္ကို ခ်ီရသည္ကို ျမင္မက္မူ လာဘ္ရအံ့။
၁၄။ သူတစ္ပါး သားမယားကို က်ဴးလြန္သည္ဟု ျမင္မက္မူ မေကာင္း၊
ဖ်ားနာအံ့။ သူတစ္ပါးကို စည္းတား ကန္႔ကြက္ရသည္ဟု ျမင္မက္မူ
မေကာင္း။
၁၅။ သူခိုးကို ခုတ္ျဖတ္ရသည္ ျမင္မက္မူ အႏ ၱရာယ္ေပ်ာက္အံ့။
၁၆။ သူ႔မ်က္စိ၊ သူ႔ဦးေခါင္းထုတ္ျမင္မက္မူ စည္းစိမ္ဥစၥာမ်ားအံ့။
၁၇။ သာယာေသာအသံကို ၾကားရသည္ဟု ျမင္မက္မူ စိတ္ခ်မ္းသာ၍
သတင္းေကာင္းၾကားရအံ့။
၁၈။ သပတ္၊ ပရိကၡရာတို႔ကို ျမင္မက္မူ လာဘ္ရအ့ံ။
၁၉။ ေသရည္ေသရက္ ေသာက္ရသည္ဟု ျမင္မက္မူ
ေၾကာင့္ၾကမ်ားအံ့။
၂၀။ ေသသူထသည္ျမင္မက္မူ စကားေဟာင္းေပၚအံ့။
၂၁။ သေဘၤာစီးရသည္ ျမင္မက္မူ သူတစ္ပါးထက္ ျမတ္အံ့။
ေယာက်္ားမက္မူ မယားရအံ့။ မိန္းမမက္မူ လင္ရအံ့။
၂၂။ သြားနာသည္၊ နဲ႔သည္၊ ယိုင္သည္ ျမင္မက္မူ ဥစၥာေလွ်ာအံ့။
ဖ်ားနာအံ့။
၂၃။ သိေႏၶာျမင္းက္ုိ ရသည္ဟု ျမင္မက္မူ အသက္ရွည္အံ့။

[ ဟ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား
၁။ ဟသၤာငွက္ႏွင့္ သူရႆတီ မယ္ေတာ္အား ျမင္မက္မူ
ေကာင္းက်ိဳးေပးအံ့။
၂။ ဟင္းမ်ိဳးစံုစားရသည္မက္မူ ဝမ္းေရးအတြက္ စိတ္ေအးရအ့ံ။
၃။ ေဟာ္နန္းေဆာင္ကို ျမင္မက္မူ သာယာေအးခ်မ္းစြာေနရအံ့။
၄။ ေဟာက္သံၾကားရသည္ ျမင္မက္မူ စားဝတ္ေနေရး အဆင္ေျပအ့ံ။
၅။ (က်ား) ဟိန္းသံ ၾကားရသည္ ျမင္မက္မူ အႀကံေပးသူ ျဖစ္အံ့။


[ အ ] ႏွင့္ ပတ္သက္ေသာ အိပ္မက္မ်ား

 
၁။ အိမ္ကို ဆူးရံသည္ဟု ျမင္မက္မူ (သို႔မဟုတ္) စည္းေစာင္ရမ္း
ကာရံသည္ဟု ျမင္မက္မူ ခ်မ္းသာအံ့။
၂။ အိမ္ေစာင္း၍ သြားသည္ဟု ျမင္မက္မူ ဖရိုဖရဲ အရွက္ကြဲအံ့။
အိမ္ျပဳသြားသည္ဟု ျမင္မက္မူ အိမ္ရွင္တို႔ အရွက္ရ၍ အက်ိဳးမဲ့အံ့။
၃။ အိမ္ရွိသည့္အရပ္၌ လဟာျပင္ကြင္းအထိ ျမင္မက္မူ ၎အရပ္၌
မီးေလာင္အ့ံ။ အိမ္၌ ထင္းေပါက္ရသည္ဟု ျမင္မက္မူ မိုးႀကိဳးက်အံ့။
၄။ အိမ္မီးေလာင္သည္ဟု ျမင္မက္မူ ေဘးေရာက္အံ့။
၅။ အိမ္ၿပိဳ၊ ဘုရားၿပိဳ၊ သစ္ပင္က်ိဳးသည္ကို ျမင္မက္မူ ေဘးေရာက္အ့ံ။
အိမ္ဝန္းက်င္၌ မိႈေပါက္ေသာ္ မိုးႀကိဳးက်အ့။
၆။ အိမ္ဝင္းထဲ၌ ဆင္၊ ျမင္း၊ ႏြားသြားသည္ကို ျမင္မက္မူ
ေကာင္းက်ိဳးရအံ့။ အိမ္ေခါင္မိုးသို႔တက္၍ ေရေသာက္ရသည္ဟု
ျမင္မက္မူ အႀကီးအကဲျဖစ္အံ့။
၇။ အိမ္တြင္ ခရမ္းပင္စိုင္သည္ဟု ျမင္မက္မူ မေကာင္း။
၈။ အိမ္သစ္ထက္၌ ေစာင္းတီးသည္ဟု ျမင္မက္မူ မင္းဆရာျဖစ္အ့ံ။
၉။ အိ္မ္ရာေထာင္ရသည္ဟု ျမင္မက္မူ လာဘ္ရအံ့။
၁၀။ အုန္းသီး၊ ထန္းသီးကို ျမင္မက္မူ လာဘ္ရအ့ံ။
၁၁။ အုန္းသီး၊ ထန္းသီးစားရသည္ဟု ျမင္မက္မူ လာဘ္ရအံ့။
၁၂။ ေအးယာဥ္စီးရသည္ဟူ၍လည္းေကာင္း၊ ဝက္ စီးရသည္ဟူ၍
လည္းေကာင္း ျမင္မက္မူ ေသအံ့။

၁၃။ အိုးမည္းလိမ္းက်ံရသည္ဟု ျမင္မက္မူ မေကာင္း။
၁၄။ အိုးလည္ျပတ္သည္ကို ျမင္မက္မူ မေကာင္း။
၁၅။ အဝတ္မည္းကို ဝတ္ေသာ သတို႔သမီးသည္ မည္းေသာပန္းကို
ပန္လ်က္ တစ္စံုတစ္ခု စြဲကိုင္သည္ကို မက္မူ ေသေပ်ာက္တတ္အံ့။
၁၆။ အဝတ္ေ႐ႊေရာင္ဝတ္ေသာ အမ်ိဳးသမီးသည္ ေ႐ႊေရာင္ပန္းကို
ပန္လ်က္ တစ္စံုတစ္ခုစဲြကိုသ္သည္ကို ျမင္မက္မူ ရာထူးႀကီးကိုရ
အံ့။ အဝတ္ျဖဴဝတ္ေသာ အမိ်ဳးသမီးသည္ ျဖဴေသာ ပန္းကိုပန္
လ်က္ တစ္စံုတစ္ရာကိုကိုင္သည္ကို ျမင္မက္မူ ႀကီးပြားတိုးတက္အံ့။
၁၇။ အ႐ူးလွည့္ပတ္ခံရသည္ဟု ျမင္မက္မူ သြားေလရာ အရပ္တိုင္း
လာဘ္ရအ့ံ။
၁၈။ အႏွိပ္စက္ခံရသည္ဟု ျမင္မက္မူ သြားေလရာအရပ္တိုင္းလာဘ္
ရအံ့။
၁၉။ အစြယ္ရွိေသာ သတၱဝါ၊ ဦးခ်ိဳရွိေသာ သတၱဝါႏွင့္ ေမ်ာက္၊
ဝက္တို႔၏ အႏွိပ္စက္ခံရသည္ဟု ျမင္မက္မူ ရာဇဝတ္သင့္အံ့။
၂၀။ အဆင္းလွေသာ ဦးျပည္ကတံုးမိန္းမႏွင့္ ကာမစပ္ယွက္သည္
ဟုလည္းေကာင္း၊ ထိပါးရသည္ဟုလည္းေကာင္း ျမင္မက္
မူ ေယာက်္ားျမတ္တို႔၏ ဆရာခံရအံ့။
၂၁။ အထက္ေရွ႕သြားက်ိဳးသည္ဟု ျမင္မက္မူ သား၌ ဥပါဒ္ျဖစ္အံ့။
၂၂။ အယူမွားေသာ သူကို ျမင္မက္မူ မိစာၦနတ္ ေႏွာင့္ယွက္တတ္အံ့။
အလိုမတူသူႏွင့္ ေပါင္းေဖာ္ရသည္ဟု ျမင္မက္မူ ေသတတ္အံ့။
၂၃။ အရပ္ေလးမ်က္ႏွာ လူသူေလးပါးလာသည္ဟု ျမင္မက္မူ လာဘ္
ရအံ့။ အလြန္ႀကီးေသာ ကၽြဲ၊ ႏြားျမင္မက္မူ အလြန္ေကာင္းအ့ံ။
၂၄။ အပုပ္အစပ္ကို ျမင္မက္မူ လာဘ္ရအ့ံ။
၂၅။ အူအျပင္ထြက္သည္ဟု ျမင္မက္မူ ေက်ာ္ေစာအံ့။
၂၆။ အသီးရွိေသာ သစ္ပင္သို႔ တက္ရသည္ဟု ျမင္မက္မူ ခ်မ္းသာအ့ံ။
၂၇။ ေအာက္ေရွ႕သြားက်ိဳးသည္ဟု ျမင္မက္မူ မေကာင္း။
၂၈။ အသီးရွိေသာ သရက္ပင္၊ ဥသွ်စ္ပင္တို႔ကို ျမင္မက္မူ
ဥစၥာတိုးပြားအံ့။
၂၉။ အုတ္ခဲပစ္သည္ဟုျမင္မက္မူ အမႈေရာက္အံ့။ တစ္နည္းျမင့္ျမတ္အံ့။

၃၀။ အခိုးအလွ်ံေတာင္ေသာ မီးပံုကို ျမင္မက္မူ လာဘ္ရအံ့။
၃၁။ အသံသည္းစြာ ငိုေႂကြးရ ျမင္မက္မူ ထင္ရွားအံ့။ စည္းစိမ္မ်ားအံ့။
၃၂။ အေႏွာင္အဖြဲ႔ ျမင္မက္မူ ဥစၥာရအံ့။ အမႈမ်ား ျမင္မက္မူ
အလြန္ေကာင္းအ့ံ။
၃၃။ အပုပ္စား ျမင္မက္မူ လာဘ္ရအံ့။ ၎အပုပ္စားၿပီး အန္မက္မူ
မေကာင္း။
၃၄။ ဥအမ်ိဳးမ်ိဳးစားရသည္ဟု ျမင္မက္မူ သူတစ္ပါး အပူေဇာ္ခံရအ့ံ။
၃၅။ ဥဗ်ိဳင္းဝန္းရံသည္ဟု ျမင္မက္မူ သူတစ္ပါး အပူေဇာ္ခံရအံ့။
၃၆။ ဥေဒါင္းသံကို ၾကားရသည္ဟု ျမင္မက္မူ
သတင္းေကာင္းၾကားရအံ့။
၃၇။ ဥယ်ာဥ္ျခံတို႔ကို ျမင္မက္မူ လာဘ္ရအ့ံ။
၃၈။ ဦးထုပ္ေဆာင္းရသည္ဟု ျမင္မက္မူ ခ်မ္းသာအံ့။
၃၉။ ဦးေခါင္းထက္၌ ၾကာညိဳေရာက္သည္ဟု ျမင္မက္မူ
မယားေကာင္းရအံ့။
၄၀။ ဦးေခါင္းအပိုရသည္ဟု ျမင္မက္မူ နာဖ်ားအ့ံ။
၄၁။ ဦးေခါင္းျပတ္သည္ဟု ျမင္မက္မူ ေသတတ္အံ့။
၄၂။ ဦးေခါင္းႀကီးသည္ဟု ျမင္မက္မူ မိဘ၊ ဆရာသမားတို႔
ႀကီးပြားျခင္းသို႔ ေရာက္အံ့။
၄၃။ ဦးေခါင္းဦးေခါင္းရွည္သည္ဟု ျမင္မက္မူ ေဆြမ်ိဳးေရာက္အံ့။
၄၄။ ဦးေခါင္းပြန္းပဲ့သည္ဟု ျမင္မက္မူ မိဘ၊ ဆရာသမားတို႔
ႀကီးပြားျခင္းသို႔ ေရာက္အံ့။
၄၅။ ဦးေခါင္းကြဲသည္ဟု ျမင္မက္မူ မေကာင္း။
၄၆။ ဦးေခါင္းရွည္ ျမင္မက္မူ ေဆြမ်ားေရာက္အံ့၊ ျပန္ပြားအံ့။