Sunday 31 December 2023

သတ်သတ်လွတ် ဟင်းဝါလေး ခရမ်းသီးနှပ်


မာမာက အသားသိပ်မစားတော့ သတ်သတ်လွတ် ဟင်းလေးတွေ နေ့တိုင်းလိုလို ချက်ဖြစ်ပါတယ်  ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး  ဟင်းဝါလေး ခရမ်းသီးနှပ် ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းသီး - အလုံးကြီးကြီး တစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး အခွံခွာပေးကာ ထက်၀က်ခြမ်းကာ ရေနာရီ၀က်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူနှင့်ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ခရမ်းသီး ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ဆီနှင့် နနွင်းမှုန့်တို့ကို ဇောက်နက်သော အိုးထဲထည့်ပြီး  အရသာ၀င်အောင် နယ်ပေးပါ
  • အိုးထဲမှာ အရသာ နယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေး ရအောင်တည်ပေးပါ
  • ခရမ်းသီး နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ အိအိမွှေးမွှေး ခရမ်းသီးနှပ် ဟင်းဝါလေးကို သုံးဆောင်နိုင်ပါပြီ။

Friday 29 December 2023

သပွတ်သီး ကြော်ချက်

 



ဒီနေ့တော့ သပွတ်သီးကို ပုဇွန်ခြောက်နဲ့ အရည်သောက်ဆမ်း ကြော်ချက်လေး ချက်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သပွတ်သီး - တစ်တောင့်
  2. ပုဇွန်အကောင်သေး - မိမိကြိုက်သလောက်ထည့်ပါ
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • သပွတ်သီးရဲ့ အပေါ်ဖက်မှ အခွံများကို အခွံခွာဓါးဖြင့် ခွာပေးပါ
  • အခွံများ ခွာပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ ရေဆေးပေးပါ
  • ရေဆေးပြီးမှ ထက်ဝက်ခြမ်းကာ ခပ်စောင်းစောင်း ထူထူလေးတွေ လှီးပေးပါ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာပု ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးကာ ကြက်သွန်အဖြူ နှင့် ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းသွားတာနဲ့ ပုဇွန်ကို ရေဆေးပြီး ထည့်ကြော်ပေးပါ
  • ပုဇွန်များ မာသွားပါက သပွတ်သီး ဆားနှင့် အချိုမှုန့် တို့ကိုထည့်ပေးကာ ကြော်ပေးပါ
  • အရသာ သမသွားတာနဲ့ မိမိနှစ်သက်သလောက် ရေထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ သပွတ်သီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကိုဖွင့်ကာ တည်ပေးပါ
  • သပွတ်သီး နူးလာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်က ဖယ်ထားပြီး သုံးဆောင်နိူင်ပါပြီ။ 

Thursday 28 December 2023

ခရမ်းသီးကြော်နှပ်

 



ဒီနေ့တော့ ခရမ်းသီးတွေ ဝယ်လာပြီး ကြော်နှပ်လေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ခရမ်းသီး ကြော်နှပ် နှပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ခရမ်းသီး အလုံးကြီးကြီး နှစ်လုံး
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. အရသာမှုန့် - လက်ဘက်ရည်ဇွန်း တစ်ဝက်
  5. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ချက်ပြုပ်ပုံ
  • ခရမ်းသီးကို အခွံခွာပြီး ပုံပါအတိုင်း လှီးပေးကာ ရေမြုပ်အောင်ထည့်ပြီး တစ်နာရီခန့် စိမ်ထားပါ
  • ကြပ်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • ရေစိမ်ပြီးတာနဲ့ ရေဆေးပြီး ရေစစ်ကာ ဆား နှမ်းဆီမွှေး ပဲငံပြာရည်အကြည် အရသာမှုန့်နှင့်ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ခရမ်းသီးကို အိုးဆန့်သလောပ် တစ်ခုချင်းထည့်ကာ ကြော်ပေးပါ
  • တစ်ဖက်ကျက်သွားပါက နောက်တစ်ဖက်ကို လှန်ပေးကာ ကြော်ပေးပါ
  • နှစ်ဖက်လုံး ကျက်သွားပါက ဆယ်ထားပြီး ခရမ်းသီးများ ကုန်တဲ့အထိ ကြော်ပေးပါ
  • အားလုံးကြော်ပြီးတာနဲ့ ဒယ်အိုးထဲက လက်ကျန်ဆီထဲမှာ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူနံ့လေး သင်းလာတာနဲ့ ကြော်ထားတဲ့ ခရမ်းသီးများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပေးပြီး ခရမ်းသီးကြော်နှပ်ကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday 27 December 2023

မုံလာဥ ချဉ်ငံစပ် ချဉ်ရည်ဟင်း








ဒီနေ့တော့ မုံလာဥ နီနီလေးတွေ ဝယ်လာပြီး ထမင်းစားလို့ မြိန်စေမဲ့ ချဉ်ရည်ဟင်းလေး တစ်မယ်ချက်ပါတယ် မုန်လာရွက်လေးတွေနဲ့ မုံလာဥလေးတွေကို ပုဇွန်ထုတ်လေးတွေနဲ့ ရောကာ ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. အနီရောင်မုံလာဥ - ဆယ်ပင်ခန့် (အပင်နဲ့ဥတွဲရက်) 
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တဆစ်ရဲ ့တစ်ဝက်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. မန်ကျည်းသီးမှည့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ပုဇွန်ထုတ် - ၁၅ကောင်ခန့်

ပြင်ဆင်ပုံ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ရှမ်းနံနံရွက်ကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ
  • မုံလာပင်များကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  • မုန်လာဥကို မလိုတာတွေ ဖယ်ပေးပြီး ရေဆးကာ ထက်ဝက်ခြမ်းထားပါ
  • ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော မုံလာပင်နှင့် မုန်လာဥနှင့် မုံလာရွက်များ ပုဇွန်ထုတ် နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥနှင့် မုန်လာရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မုံလာဥများ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး  ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  •  ပုဇွန်ကြော် ပဲသီးကြော်တို့နဲ့ လိုက်ဖက်လွန်းတဲ့ မုံလာဥ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

Tuesday 26 December 2023

သတ်သတ်လွတ်ပဲဟင်း အရည်သောက်ဆမ်း



ဒီနေ့တော့ Broad bean လေးတွေ ဝယ်လာပြီး အရည်သောက်ဆမ်းလေး ချက်ပါတယ် ပဲကြီးဟင်းလိုဘဲ သောက်လို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲဟင်းချို ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Broad bean - 350 g
  2. ကြက်သွန်နီ - အလုံးခပ်သေးသေး သုံးလုံး
  3. ကြက်သွန်ဖြူ - အမွှာ ကြီးကြီး သုံးမွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီချက်ချက်ပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် 
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ပဲများကို ရေဆေးပြီး နနွင်းမှုန့် နှင့် ပဲကို ရေမြုပ်အောင်ထဲ့ကာ ပဲနူးအောင် ပြုပ်ပေးပါ
  • ပဲပြုပ်နေစဉ် ပဲရေများ ဝေကျတတ်တဲ့အတွက် အိုးပေါ်မှာ သစ်သားယောင်းမကို ကန့်လန့်ဖြတ် တင်ပေးထားပါ
  • Broad bean ပဲက အနူးမြန်စေတဲ့အတွက် စပြီးပြုပ်တဲ့ရေနဲ့ဘဲ ပဲကိုနူးစေပါတယ်
  • ကြက်သွန်နီကို အခွံခွာကာ  အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ပဲနူးအောင် ပြုပ်ထားသော ပဲအိုးထဲသို့ ဟင်းရည်သောက်ပန်းကန် ၂လုံးစာ ရေထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တို့ကို ထည့်ပေးပြီး တည်ပေးပါ
  • ပဲရည်ဆူလာပါက အရသာမှုန့် ဆီချက်ချက်ပြီးသား ထမင်းစားဇွန်း သုံးဇွန်းနှင့်ဆားတို့ကိုထည့်ပြီး ကြက်သွန်များ နူးအောင်တည်ပေးပါ
  • ကြက်သွန်များ နူး လာပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  •  အရသာ မြည်းပြီးတာနဲ့ မီးပိတ်ပေးကာ ပဲဟင်းပူပူနွေးနွေးလေးကို သုံးဆောင်နိုင်ပါပြီ။

Monday 25 December 2023

ကြက်သား အာလူးဟင်း


ဒီနေ့တော့ ကြက်တောင်ပံလေးတွေကို အာလူးနဲ့ရောပြီး အနှစ်များများနဲ့ ချက်ပါတယ် မဆလာလေးပါ အုပ်ထားတဲ့အတွက် ပိုပြီးတော့ စားလို့ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်တောင်ပံ - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားအရသာနယ်ရန်)
  11. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲထည့်ရန်)
  12. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  13. အာလူး - အနေတော် ဆယ်လုံးခန့်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်သားကို တုံးပြီးတာနဲ့ ဆား ငံပြာရည် မဆလာ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ။
ဟင်းချက်နည်း
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ငရုတ်သီးကို ထည့်ကြော်ပြီး ဆီသပ်ပေးပါ
  • ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ကြက်သားအသား မာလာအောင် ခနလောက် တည်ထားပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ကြက်သားအသားတွေ မာကျစ်လာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး အာလူးပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ဆီလည်ရေလည် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မဆလာထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းပျံ့နေတဲ့ ကြက်သား အာလူး ဆီလည်ရေလည် ဟင်းလေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။
 

Sunday 24 December 2023

သတ်သတ်လွတ် ဆန်လှော်ဆန်ပြုပ်

 


ဆန်လှော်ဆန်ပြုပ်လေး သောက်ချင်လာတော့ ဆန်ကိုအရင်ဆုံး လှော်ပြီး ဆန်ပြုပ်ဖို့ ပြင်ရပြန်ပါတယ် တစ်ခါတလေလဲ ဆန်အစိမ်းအတိုင်း ပြုပ်ရတာ က လက်မဝင်ပေမဲ့ ဆန်လှော်လေးနဲ့ ပြုပ်ချင်ရင်တော့ နည်းနည်းလေးတော့ လက်ဝင်ပါတယ်။

ဒါပေမဲ့လည်း မာမာက ဆန်လှော်ဆန်ပြုပ်လေးတွေ မကြာမကြာ ပြုပ်တတ်လို့ ဒီတစ်ခါတော့ အသားမပါဘဲ သတ်သတ်လွတ် ဆန်ပြုပ်အတွက် ပြင်ဆင်နည်းနဲ့ ဆန်ပြုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ရေ - လိုသလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  5. ကြက်သွန်မိတ် - လိုသလောက်
  6. ကြက်သွန်ဖြူကြော် - လိုသလောက်
  7. ကြက်သွန်နီကြော် - လိုသလောက်
  8. လှော်ပြီးသားနှမ်းဖြူလှော် - လိုသလောက်
  9. လှော်ပြီးသား နှမ်းနက်လှော် - လိုသလောက်
  10. ကြက်သွန်နီ - အနေတော် သုံးလုံး
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆန်လှော်ပြုပ်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေမဆေးဘဲ ရွှေအိုရောင် သန်းလာတဲ့ထိ မီးအနေတော်နှင့်လှော်ပေးပါ
  • ဆန်လှော်နေစဉ် မတူးအောင် အဆက်မပြတ် မွှေပေးပါ
  • ရွှေအိုရောင် သန်းလာတာနဲ့ ပြုပ်မည့်အိုးထဲသို့ ပြောင်းထည့်ပါ
  • ဆန်လှော်ရဲ့ အထက် ရေလက်ငါးလုံးလောက် မြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • အိုးအောက်ခြေ မကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ရေခမ်းကာနီး ဆန်စေ့လေးများ ကျေလာတာနဲ့ ရေအပျစ်အကျဲကြည့်ပြီး ထည့်ကာ မီးအေးအေးနှင့် တည်ထားပေးပါ
  • ဆန်သားကျေလာလေ ဆန်လှော်ဆန်ပြုပ်က ကောင်းလေမို့ မီးအေးအေးနှင့် တည်ထားပြီး မကြာမကြာမွှေပေးပါ
ဆန်ပြုပ်ရန် ပြင်ဆင်ပုံ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး သေးသေးနုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အဖတ်လေးများရအောင် လှီးထားပါ
  • ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ
  • ငရုတ်ကောင်းကို မွှေးနေအောင်လှော်ပြီး ညက်နေအောင် ထောင်းထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပြုပ်ထားသော ဆန်လှော်ဆန်ပြုပ် အိုးထဲကို ဆား ဟင်းချိုမှုန့် ကြက်သွန်နီတို့ထည့်ကာ ကြက်သွန်နီများ နူးအိလာတဲ့အထိ မီးအနေတော်နှင့် ပြုပ်ပေးပါ
  • ကြက်သွန်နီများ နူးအိလာတာနဲ့ ရေအပျစ်အကျဲ လိုသလိုပြင်ရန် ရေနွေးပူပူကို ထည့်ပေးကာ အရသာကို မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာတာနဲ့ ကြက်သွန်ဖြူထည့်ပြီး ရေဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ အပျစ်အကျဲကို မိမိလိုသလို ထည့်ပေးပါ
  • ပြီးတာနဲ့ ဆန်လှော်ဆန်ပြုပ်ကို ကြက်သွန်ဖြူကြော် ကြက်သွန်နီကြော် နှမ်းဖြူလှော် နှမ်းနက်လှော် ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ်တို့ ထည့်ပေးကာ သတ်သတ်လွတ် ဆန်လှော်ဆန်ပြုပ် မွှေးမွှေးလေးကို သောက်နိူင်ပါပြီ။

Thursday 21 December 2023

သတ်သတ်လွတ် ဆီချက်

 



ဒီနေ့တော့ သတ်သတ်လွတ် စားတဲ့သူတွေအတွက် သတ်သတ်လွတ် ဆီချက်ခေါက်ဆွဲလေး လုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ စာလို့ကောင်းအောင် မြေပဲလှော်ထောင်း များများလေးနဲ့ ပြင်ဆင်ပေးလိုက်ပါတယ်။

ဒါကြောင့်မို့လို့ သတ်သတ်လွတ် စားသူတွေကတွက် အဆင်ပြေရအောင် မာမာလုပ်တဲ့ သတ်သတ်လွတ် ဆီချက်ခေါက်ဆွဲ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။    

ပါ၀င်ပစ္စည်းများ
  1. ခေါက်ဆွဲအခြောက်ထုတ် - 200 g
  2. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာ
  3. နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  4. ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  5. ပဲငံပြာရည်အကြည် - လိုအပ်သလောက် သုံးပေးပါ
  6. ပဲငံပြာရည် အပျစ် - လိုသလောက် သုံးပေးပါ
  7. အချိုမှုန့် -  လိုသလောက်သုံးပေးပါ
  8. မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဗူး
  9. ကြက်သွန်မိတ် - အနည်းငယ်
  10. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ခေါက်ဆွဲ နူးလာပါက ပြုပ်ထားသော ခေါက်ဆွဲရေနွေးကို ဇကာထဲ သွန်ချပြီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • မြေပဲကိုလှော်ပြီး အခြံချွတ်ကာ မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ 
  • နှမ်းထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချက်ချင်းချပြီး အအေးခံပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေး လှီးထားပါ
  • ပဲငံပြာရည် အပျစ် ပဲငံပြာရည် အကြည်နှင့် အရသာမှုန့်ကို အဆင်သင့် ပြင်ထားပါ
တစ်ပွဲစာပြင်ပါမယ်
  • ပြုပ်ထားသော ခေါက်ဆွဲကို တစ်ပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်၍  ပြန်ဆည်ကာ ရေစစ်ပြီး ပြင်မည့်ပန်းကန်ထဲ ထည့်ပေးပါ
  • အချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တစ်ဇွန်း ဆီချက် ထမ်းစားဇွန်း တစ်ဇွန်းခွဲ ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ပဲငံပြာရည်အပျစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သွန်ဖြူဆီချက်ဖတ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ စားပွဲပြင်ပေးပြီး  ကြက်သွန်ချဉ် နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Monday 18 December 2023

ချဉ်ငံစပ် ငှက်ပျောဖူးသုပ်

 


ဒီနေ့တော့ မာမာ ဈေးသွားရင်း ငှက်ပျောဖူး ပြုပ်ပြီးသားလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် ငှက်ပျောဖူး သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငှက်ပျောဖူး ပြုပ်ပြီးသား - အနေတော် တစ်ဖူး
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. နံနံပင် - နှစ်သက်သလောက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  9. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • ငှက်ပျောဖူးကို အနေတော်လေးတွေ ဖဲ့ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပုဇွန်ခြောက်မှုန့်ကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ အနေတော်လေးတွေ လှီးထားပါ 
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မညက်တစ်ညက် အနေအထားရအောင် ထောင်းပေးပါ
သခွားသီးသုပ်ပုံ
  • ဇလုံကြီးကြီးထဲမှာ ငှက်ပျောဖူးများ ပုဇွန်ခြောက်မှုန့် သံပုရာရည် ကြက်သွန်နီ နံနံပင် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ  တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
  • ငှက်ပျောဖူး အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်း စားရင်လဲ အရမ်းကောင်းလွန်းတဲ့ ငှက်ပျောဖူး ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။

Saturday 16 December 2023

သပွတ်သီးကြော်ချက်


 ဒီနေ့တော့ သပွတ်သီးကို ပုဇွန်ခြောက်နဲ့ အရည်သောက်ဆမ်း ကြော်ချက်လေး ချက်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သပွတ်သီး - တစ်တောင့်
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ပုဇွန်ခြောက် - ဆယ့်ခွန်နှစ်ကောင်ခန့်

ပြင်ဆင်ပုံ
  • သပွတ်သီးရဲ့ အပေါ်ဖက်မှ အခွံများကို အခွံခွာဓါးဖြင့် ခွာပေးပါ
  • အခွံများ ခွာပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ ရေဆေးပေးပါ
  • ရေဆေးပြီးမှ ထက်ဝက်ခြမ်းကာ ခပ်စောင်းစောင်း ထူထူလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာပု ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးကာ ကြက်သွန်အဖြူ နှင့် ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းသွားတာနဲ့ ပုဇွန်ခြောက်ကို ရေဆေးပြီး ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းသွားတာနဲ့ သပွတ်သီး ဆားနှင့် အချိုမှုန့် တို့ကိုထည့်ပေးကာ ကြော်ပေးပါ
  • အရသာ သမသွားတာနဲ့ မိမိနှစ်သက်သလောက် ရေထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ သပွတ်သီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကိုဖွင့်ကာ တည်ပေးပါ
  • သပွတ်သီး နူးလာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်က ဖယ်ထားပြီး သုံးဆောင်နိူင်ပါပြီ။ 

Thursday 14 December 2023

ချဉ်ငံစပ် ပိန္နဲသီးသုပ်


 

ဒီနေ့တော့ မာမာ ဈေးသွားရင်း ပိန္နဲသီးပြုပ်ပြီးသားလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် ပိန္နဲသီးပြုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပိန္နဲသီးပြုပ်ပြီးသား - လေးကွင်း
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. နံနံပင် - နှစ်သက်သလောက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  9. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • ပိန္နဲကွင်းကို အနေတော်လေးတွေ ဖဲ့ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပုဇွန်ခြောက်မှုန့်ကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ အနေတော်လေးတွေ လှီးထားပါ 
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မညက်တစ်ညက် အနေအထားရအောင် ထောင်းပေးပါ
သခွားသီးသုပ်ပုံ
  • ဇလုံကြီးကြီးထဲမှာ ပိန္နဲသီများ ပုဇွန်ခြောက်မှုန့် သံပုရာရည် ကြက်သွန်နီ နံနံပင် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ  တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
  • ပိန္နဲသီး အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်း စားရင်လဲ အရမ်းကောင်းလွန်းတဲ့ ပိန္နဲသီးသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။

Sunday 10 December 2023

ဆန်ကြာဇံ ထမင်းသုပ်

 



ဒီနေ့တော့ ဆန်ကြာဇံကို ချဉ်ချဉ်ငံငံစပ်စပ်လေး သုပ်စားပါတယ် ထမင်းမစားချင်တဲ့ နေ့တွေဆို အခုလို အသုပ်လေး သုပ်စားလိုက်တယ် ဆိုရင်ဘဲ အာသာပြေသွားတတ်ပါတယ်။

ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် အသုပ်တစ်မျိုး သုပ်စားချင်ရင်တော့ မာမာ ပြင်ဆင်ပြီး သုပ်စားပုံလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ဆန်ကြာဇံ အခြောက် - 50 g
  2. ထမင်း - အနည်းငယ်
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
  6. နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ကြာဇံအရောင်အတွက် သုံးရန်)
  7. ဆီ - လိုသလောက်
  8. အရသာမှုန့် - လိုသလောက်
  9. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  10. မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ငါးငံပြာရည် - လိုသလောက်
  12. နံနံပင် - လိုသလောက်
  13. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  14. ကြက်သွန်ဖြူ  - ၁၃မွှာ (ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  15. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  16. ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
  17. ဂေါ်ဖီ - အနည်းငယ်

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ

  1. ဆန်ကြာဇံ
  2. ထမင်း
  3. ဆီချက်
  4. ငံပြာရည်
  5. ပုဇွန်ခြောက်မှုန့်
  6. ပဲအကျက်မှုန့်
  7. ငရုတ်သီး အလှော်မှုန့်
  8. ကြက်သားမှုန့်
  9. မန်ကျည်းသီးမှည့်
  10. နံနံပင်

ကြာဇံ ပြုပ်ရန်

  • ဆန်ကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားပါ
  • အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော ဆန်ကြာဇံကို ရေသွန်ပြီး ဆန်ကြာဇံ အရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် သုံးမိနစ်လောက် ကြာတာနဲ့ ရေနွေးစိမ်ထားသော ကြာဇံကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
  • တစ်ခါတစ်လေ ရေနွေးစိမ်ရန် အသုံးပြုသော ဆန်ကြာဇံသည် ဆန်အပျော့ အမာပေါ် မူတည်သောကြောင့် အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ။

ဆီချက် ချက်ရန်

  1. ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ 
  3. ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  4. ကြက်သွန်ဖြူများ အဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  5. ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ

ဟင်းခါးချက်ရန်

  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ

အသုပ် တစ်ပွဲစာပြင်ရန်

  • အသုပ်သုပ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာလောက်နဲ့ စိမ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ထမင်းအနည်းငယ်နှင့် ဆန်ကြာဇံ တစ်ပွဲစာ ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာ နံနံပင်တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • ချဉ်ငံစပ် ဆန်ကြာဇံ ထမင်း အသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။

Saturday 9 December 2023

ကြက်သားပြုပ်ကြော်


ဒီနေ့တော့ ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ချက်ဖြစ်ပါတယ် တစ်ချို့ကလဲ ကြက်သားပြုပ်ကြော် ချက်တဲ့အခါ လွယ်လွယ်လေးလို့ ထင်မိမှာပါဘဲ။

ဟုတ်ပါတယ် ဟင်းချက်နေကျ ဟင်းချက်တတ်နေတဲ့ သူတွေအတွက်တော့ အရမ်းကိုဘဲ လွယ်ပါတယ် ချက်နေမကျရင်တော့ အချိန်အဆလေးတွေအတွက် အနည်းငယ် ခက်တတ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ စားလို့လဲကောင်းစေ ထမင်းလဲ မြိန်စေဆိုတဲ့ ကြက်သားပြုပ်ကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ 
  1. ကြက်ပေါင်သား - သုံးဆယ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ချင်း - ခပ်ပါးပါး လေးပြား
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (များများထည့်ရင်လဲ ရပါတယ်)
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေစစ်ကာ အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ထားပါးပါးလေးတွေ လှီးပေးထားပါ
  • ဇောက်အနည်းငယ်နက်သော အိုးထဲမှာ ကြက်သား ဆား နနွင်း ချင်း အရသာမှုန့်တို့ကို အရသာဝင်အောင် နယ်ပေးပါ  
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  • လုံးရည်လေး ခမ်းကာနီးတော့မှ ရေမြုပ်အောင် ပထမတစ်ရည် ထပ်ထည့်ပေးပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ပထမတစ်ရည် ခမ်းကာနီးမှာ ကြက်သားနူးမနူး စမ်းကြည့်ပေးပါ
  • ကြက်သားမနူးသေးပါက ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးပါက မီးအပူရှိန်ကို အနည်းငယ် လျှော့လိုက်ပြီး ရေခမ်းတဲ့အထိ ထားပေးပါ
  • ကြက်ပြုပ်အိုးထဲကို ဆီခပ်များများ ထည်ံပေးပြီး ကြော််ပေးပါ
  • မာမာကတော့ ထမင်းပူပူလေးနဲ့ နယ်စားရအောင် ဆီကိုခပ်များများလေး ထည့်ပေးပါတယ်
  • ကြက်ကြော် တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော််ပေးပါ
  • ကြက်ကြော် တစ်တုံးလုံး ကျက်တာနဲ့ ဆယ်ပြီး ဆီစစ်ပြီးတာနဲ့ ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ရပါပြီ။

Wednesday 6 December 2023

ဆိတ်အူပြုပ်



ဒီနေ့တော့ ဆိတ်အူလေးတွေ ဝယ်လာပြီး ဆိတ်အူ ပြုပ်လေး ပြုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး  ပြုပ်ထားတဲ့ ဆိတ်အူပြုပ် ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆိတ်အူ  - 450 g
  2. စပါးလင် - အနေတော် တစ်ပင်
  3. ချင်း -  တစ်လက်မခန့် 
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  9. ရှောက်ရွက် - မိမိနှစ်သက်သလောက်
  10. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • ဆိတ်အူကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • စပါးလင်ကို အပင်လိုက် ရေဆေးပြီး ထုထားပါ
  • ရှောက်ရွက်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ဇောက်နက်သော အိုးထဲမှာ ဆိတ်အူများ ဆား အချိုမှုန့် စပါးလင် ချင်းနှင့် ရေခပ်များများထည့်ပြီး ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ သုံးမိနစ်လောက် ပြုပ်ပေးကာ ရေများကို သွန်ပေးပါ
  • ဆိတ်အူများ နူးလာတဲ့အထိ ပြုပ်ပေးရင်း ရေကိုထပ်ထပ် ထည့်ပေးပါ
  • ရေကိုပွက်ပွက် ဆူအောင်တည်ပေးရင်း ရေလိုအပ်ပါက ထပ်ထပ်ထည့်ပေးပါ 
  • ရေပွက်ပွက် ဆူလာပြီး ဆိတ်အူများ နူးလာတာနဲ့ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ 
  • ဟင်းရည်အရသာကို မြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး  ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့် ထည့်ပေးကာ မီးမျှင်းမျှင်းနှင့် တည်ထားပါ
  • ဟင်းရည်သောက်ခါနီး ပူနေပါမှ အရသာရှိပြီး မွှေးရနံ့သင်းပျံ့တဲ့ ဆိတ်အူရဲ့ အရသာကို ရမှာ ဖြစ်ပါတယ်။
  • ဆိတ်အူ ဟင်းရည် အဆင်သင့် ဖြစ်တာနဲ့ ငရုတ်သီးစိမ်း ရှောက်ရွက်နှင့် သံပုရာရည်တို့ထည့်ပေးကာ မိမိနှစ်သက်တာလေးတွေနဲ့ တွဲဘက်ပြီး သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday 5 December 2023

ချဉ်ငံစပ် ပဲကြာဇံသုပ်

 


ဒီနေ့တော့ ပဲကြာဇံကို ချဉ်ချဉ်ငံငံစပ်စပ်လေး သုပ်စားပါတယ် ထမင်းမစားချင်တဲ့ နေ့တွေဆို အခုလို အသုပ်လေး သုပ်စားလိုက်တယ် ဆိုရင်ဘဲ အာသာပြေသွားတတ်ပါတယ်။

ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် အသုပ်တစ်မျိုး သုပ်စားချင်ရင်တော့ မာမာ ပြင်ဆင်ပြီး သုပ်စားပုံလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ပဲကြာဇံ အခြောက် - 50 g
  2. အာလူး - အနေတော် သုံးလုံး
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
  6. နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ကြာဇံအရောင်အတွက် သုံးရန်)
  7. ဆီ - လိုသလောက်
  8. အရသာမှုန့် - လိုသလောက်
  9. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  10. မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ငါးငံပြာရည် - လိုသလောက်
  12. နံနံပင် - လိုသလောက်
  13. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  14. ကြက်သွန်ဖြူ  - ၁၃မွှာ (ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  15. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  16. ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
  17. ဂေါ်ဖီ - အနည်းငယ်

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ

  1. ပဲကြာဇံ
  2. ဆီချက်
  3. ငံပြာရည်
  4. ပုဇွန်ခြောက်မှုန့်
  5. ပဲအကျက်မှုန့်
  6. ငရုတ်သီး အလှော်မှုန့်
  7. ကြက်သားမှုန့်
  8. မန်ကျည်းသီးမှည့်
  9. နံနံပင်

ကြာဇံနှင့်အာလူး ပြုပ်ရန်

  • ပဲကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားပါ
  • အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော ပဲကြာဇံကို ရေသွန်ပြီး ပဲကြာဇံ အရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် သုံးမိနစ်လောက် ကြာတာနဲ့ ရေနွေးစိမ်ထားသော ကြာဇံကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
  • တစ်ခါတစ်လေ ရေနွေးစိမ်ရန် အသုံးပြုသော ပဲကြာဇံသည် ဆန်အပျော့ အမာပေါ် မူတည်သောကြောင့် အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
  • အိုးတစ်လုံးထဲမှာ ရေခပ်များများနှင့် အာလူးတို့ထည့်ကာ ပြုပ်ပေးပါ
  • အာလူးများ နူးလာပါက ရေများသွန်ပြီး အအေးခံကာ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ

ဆီချက် ချက်ရန်

  1. ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ 
  3. ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  4. ကြက်သွန်ဖြူများ အဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  5. ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ

ဟင်းခါးချက်ရန်

  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ

အသုပ် တစ်ပွဲစာပြင်ရန်

  • အသုပ်သုပ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာလောက်နဲ့ စိမ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆန်ကြာဇံ တစ်ပွဲစာနှင့် အာလူးတို့ကို ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာ နံနံပင်တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • ချဉ်ငံစပ် ပဲကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။

Monday 4 December 2023

ချဉ်ငံစပ် ပဲကြာဇံ ထမင်းသုပ်



 အခုရက်ထဲ အသုပ်စုံလေးတွေဘဲ စားချင်မိလေတော့ အစာပလာတွေကို အလုပ်အားတုံး အဆင်သင့် ပြင်ထားပြီး စိတ်ထဲပေါ်လာတဲ့ အသုပ်လေးတွေကို လွယ်ကူမြန်ဆန်စွာနဲ့ သုပ်စားဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာသုပ်စားဖြစ်တဲ့ ထမင်းနဲ့ပဲကြာဇံသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ချက်ပြီးသား ထမင်း - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  2. ပဲကြာဇံ - 100 g
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. ပုဇွန်ခြောက်မှုန့် - လိုသလောက်
  5. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  6. အရသာမှုန့် - လိုသလောက်
  7. ကြက်သွန်ဖြူ  ဆီချက် - လိုသလောက်
  8. ကြက်သွန်နီ ဆီချက်ဖတ် - လိုသလောက်
  9. မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - လိုသလောက်
  11. နံနံပင် - လိုသလောက်

ကြာဇံပြုပ်ရန်
  • ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ုပြီး အနည်းဆုံး သုံးနာရီလောက် ရေစိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ရေများကို သွန်ပလိုက်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး ထည့်ထားပါ
  • ရေကို ပွက်ပွက်ဆူအောင်တည်ပြီး ကြာဇံဇလုံထဲကို လောင်းထည့်ပေးပါ
  • ရေနွေးထည့်ပြီးတာနဲ့ သုံးမိနစ်လောက် စိမ်ထားပြီး ရေနွေးကို သွန်ပေးကာ ရေစစ်ထားပါ

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  • ထမင်း
  • ပဲကြာဇံ
  • ဆီချက်
  • ငါးငံပြာရည်
  • ပုဇွန်ခြောက်မှုန့်
  • ပဲအကျက်မှုန့်
  • အချိုမှုန့်
  • ငရုတ်သီး အလှော်မှုန့်
  • ကြက်သားမှုန့်
  • မန်ကျည်းသီးမှည့်ရည်
  • လှီးထားသော နံနံပင်

ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့် ကြော်ပေးပါ
  • ကြက်သွန်ဖြူများ အဝါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပြီး အအေးခံထားပါ
  • ဆီကိုလဲ အအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်များကို ရောပေးပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တစ်၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ နှစ်မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
အသုပ်တစ်ပွဲစာပြင်ရန်
  • ချက်ပြီးသားထမင်း
  • ပဲကြာဇံ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပေးပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြာဇံတစ်ပွဲစာနှင့် ထမင်း တို့ထည့်ပါ  
  • ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်း၊ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း မကျည်းမှည့်ရည် ထမင်းစားဇွန်း တစ်၀က်သာသာနှင့်နံနံပင် တို့ကိုထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • စားပွဲပြင်ပြီးတာနဲ့ စားပွဲပြင်ရန် ပန်းကန်ပြားထဲ  ပြောင်းထည့်ပေးပါ
  • ချဉ်ငံစပ် ထမင်းပဲကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ကြက်သွန်နီဆီချက်ဖတ်ကို ဖြူးပေးကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Sunday 3 December 2023

မန္တလေး ပဲကြော်


ဒီနေ့တော့ မိုးလေအေးနေတဲ့ ရာသီဥတုလေး ဖြစ်နေတော့ အပြင်လဲ မသွားချင်တာနဲ့ မြန်မာမုန့်လေးတွေထဲက မန္တလေးပဲကြော်လေး လုပ်စားဖြစ်ပြန်ပါတယ်။

မြန်မာရိုးရာ မုန့်လေးတစ်မျိုးဖြစ်ပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့  မန္တလေး ပဲကြော် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ပြုပ်ပြီးသား Red  Kidney  Beans - 240 g တစ်ဗူး
  4. ချင်း - တစ်လက်မခန့်
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  6. ဆီ -  လိုသလောက် သုံးပေးပါ
  7. မန်ကျည်းသီးမှည့် အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  9. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  11. နံနံပင် - အပင်ကြီးကြီး နှစ်ပင်
  12. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  14. ရေခပ်နွေးနွေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်ကို ထည့်ထားပါ
  • ပြုပ်ပြီးသား ပဲများကို အရည်များ ဖယ်ထားပါ
  • အရည်ဖယ်ထားသောပဲကို ဇလုံတစ်ခုထဲမှာထည့်ပြီး မညက်တစ်ညက် ချေထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ကောက်ညှင်းမှုန့်ထည့်ထားသော ဇလုံထဲမှာ ချေထားသောပဲ ထောင်းထားသော ချင်း ထောင်းထားသော ကြက်သွန်ဖြူ  ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပေးပါ
  • ပဲဗူးထဲမှ ဖယ်ထားသော ပဲပြုပ်အရည်ကိုလဲ ကောက်ညှင်းထည့်ထားသော ဇလုံထဲသို့ နည်းနည်းချင်း ထည့်ပေးကာ သမသွားအောင် နယ်ပေးပါ
  • ကောက်ညှင်းဆန် အပျော့အမာပေါ် မူတည်ပြီး ပဲပြုပ်အရည်ကို လိုတိုးပိုလျှော့ လုပ်ပြီး ထည့်နယ်ပါ
  • မုန့်သား ပျော့ပြီး စေးလာပါက နှစ်နာရီလောက် နှပ်ထားပါ
  • မုန့်သားနှပ်ထားချိန် ပြည့်တော့မှ ကြော်ပေးပါက ကြော်နေစဉ် ကောက်ညှင်းသား ဆီမပေါက်မှာ ဖြစ်ပါတယ်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးကိုအနေတော်လောက်အထိ လျှော့ပေးပါ
  • ပြီးတာနဲ့ မုန့်သားကို ထမင်းစားဇွန်း တစ်ဇွန်းခွဲစာယူပြီး အရင်ဆုံး လက်နဲ့ဆုတ်ပြီး လုံးပေးပါ 
  • ပြီးမှ လက်ဝါးပေါ်တင်ပြီး ထူထူပြားပြားလေးလုပ်ကာ ဆီအိုးထဲထည့်ပြီး  ကြော်ပေးပါ
  • အိုးဆန့်သလောက် ထည့်ကြော်ပေးပြီး တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး မုန့်သားကျက်လာပါက ဆယ်ပြီးဆီစစ်ပေးပါ။
အချဉ်စပ်နည်း
  • မကျည်းသီးမှည့် အနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးနွေးလေးနဲ့ဖျော်ပါ
  • ငရုတ်သီးအလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
  • ကြက်သွန်ဖြူ  အမွှာကြီးကြီး ၃မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပြီးထည့်ပါ
  • ငရုတ်သီးစိမ်း စားနိုင်သလောက်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထည့်ပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထည့်ပါ
  • သကြား ထမင်းစားဇွန်း တစ်ဇွန်းထည့်ပါ
  • ရေနွေးနွေးလေး လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာနှင့် ရောပြီးဖျော်ပေးပါ
  • ချိုချဉ်ငံစပ် အရသာ ကောင်းလှသော အချဉ်လေးရပါပြီ။
မှတ်ချက် ။ ။ Ready made ပဲဗူးမရှိပါက ပဲကတီပါပြုပ် ပြုပ်ပြီးသား ဆယ့်ငါးကျပ်သားကို သုံးပေးပါ ဗူးထဲမှာပါသော ပဲပြုပ်ရည်အစား ရေထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးကို နည်းနည်းချင်း ထည့်ပေးကာ ကောက်ညှင်းမှုန့်နှင့် ရောနယ်ပေးပါ မန္တလေး ပဲကြော်နှင့် တွဲဖက်ကာ ချိုချဉ်ငံစပ် အရသာကောင်းလှသော အချဉ်လေးနှင့် မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။