Tuesday 26 December 2023

သတ်သတ်လွတ်ပဲဟင်း အရည်သောက်ဆမ်း



ဒီနေ့တော့ Broad bean လေးတွေ ဝယ်လာပြီး အရည်သောက်ဆမ်းလေး ချက်ပါတယ် ပဲကြီးဟင်းလိုဘဲ သောက်လို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲဟင်းချို ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Broad bean - 350 g
  2. ကြက်သွန်နီ - အလုံးခပ်သေးသေး သုံးလုံး
  3. ကြက်သွန်ဖြူ - အမွှာ ကြီးကြီး သုံးမွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီချက်ချက်ပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် 
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ပဲများကို ရေဆေးပြီး နနွင်းမှုန့် နှင့် ပဲကို ရေမြုပ်အောင်ထဲ့ကာ ပဲနူးအောင် ပြုပ်ပေးပါ
  • ပဲပြုပ်နေစဉ် ပဲရေများ ဝေကျတတ်တဲ့အတွက် အိုးပေါ်မှာ သစ်သားယောင်းမကို ကန့်လန့်ဖြတ် တင်ပေးထားပါ
  • Broad bean ပဲက အနူးမြန်စေတဲ့အတွက် စပြီးပြုပ်တဲ့ရေနဲ့ဘဲ ပဲကိုနူးစေပါတယ်
  • ကြက်သွန်နီကို အခွံခွာကာ  အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ပဲနူးအောင် ပြုပ်ထားသော ပဲအိုးထဲသို့ ဟင်းရည်သောက်ပန်းကန် ၂လုံးစာ ရေထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တို့ကို ထည့်ပေးပြီး တည်ပေးပါ
  • ပဲရည်ဆူလာပါက အရသာမှုန့် ဆီချက်ချက်ပြီးသား ထမင်းစားဇွန်း သုံးဇွန်းနှင့်ဆားတို့ကိုထည့်ပြီး ကြက်သွန်များ နူးအောင်တည်ပေးပါ
  • ကြက်သွန်များ နူး လာပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  •  အရသာ မြည်းပြီးတာနဲ့ မီးပိတ်ပေးကာ ပဲဟင်းပူပူနွေးနွေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment