Sunday 31 December 2023

သတ်သတ်လွတ် ဟင်းဝါလေး ခရမ်းသီးနှပ်


မာမာက အသားသိပ်မစားတော့ သတ်သတ်လွတ် ဟင်းလေးတွေ နေ့တိုင်းလိုလို ချက်ဖြစ်ပါတယ်  ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး  ဟင်းဝါလေး ခရမ်းသီးနှပ် ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းသီး - အလုံးကြီးကြီး တစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး အခွံခွာပေးကာ ထက်၀က်ခြမ်းကာ ရေနာရီ၀က်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူနှင့်ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ခရမ်းသီး ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ဆီနှင့် နနွင်းမှုန့်တို့ကို ဇောက်နက်သော အိုးထဲထည့်ပြီး  အရသာ၀င်အောင် နယ်ပေးပါ
  • အိုးထဲမှာ အရသာ နယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေး ရအောင်တည်ပေးပါ
  • ခရမ်းသီး နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ အိအိမွှေးမွှေး ခရမ်းသီးနှပ် ဟင်းဝါလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment