Wednesday 27 December 2023

မုံလာဥ ချဉ်ငံစပ် ချဉ်ရည်ဟင်း








ဒီနေ့တော့ မုံလာဥ နီနီလေးတွေ ဝယ်လာပြီး ထမင်းစားလို့ မြိန်စေမဲ့ ချဉ်ရည်ဟင်းလေး တစ်မယ်ချက်ပါတယ် မုန်လာရွက်လေးတွေနဲ့ မုံလာဥလေးတွေကို ပုဇွန်ထုတ်လေးတွေနဲ့ ရောကာ ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. အနီရောင်မုံလာဥ - ဆယ်ပင်ခန့် (အပင်နဲ့ဥတွဲရက်) 
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တဆစ်ရဲ ့တစ်ဝက်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. မန်ကျည်းသီးမှည့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ပုဇွန်ထုတ် - ၁၅ကောင်ခန့်

ပြင်ဆင်ပုံ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ရှမ်းနံနံရွက်ကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ
  • မုံလာပင်များကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  • မုန်လာဥကို မလိုတာတွေ ဖယ်ပေးပြီး ရေဆးကာ ထက်ဝက်ခြမ်းထားပါ
  • ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော မုံလာပင်နှင့် မုန်လာဥနှင့် မုံလာရွက်များ ပုဇွန်ထုတ် နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥနှင့် မုန်လာရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မုံလာဥများ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး  ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  •  ပုဇွန်ကြော် ပဲသီးကြော်တို့နဲ့ လိုက်ဖက်လွန်းတဲ့ မုံလာဥ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

No comments:

Post a Comment