Wednesday 6 December 2023

ဆိတ်အူပြုပ်



ဒီနေ့တော့ ဆိတ်အူလေးတွေ ဝယ်လာပြီး ဆိတ်အူ ပြုပ်လေး ပြုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး  ပြုပ်ထားတဲ့ ဆိတ်အူပြုပ် ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆိတ်အူ  - 450 g
  2. စပါးလင် - အနေတော် တစ်ပင်
  3. ချင်း -  တစ်လက်မခန့် 
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  9. ရှောက်ရွက် - မိမိနှစ်သက်သလောက်
  10. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • ဆိတ်အူကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • စပါးလင်ကို အပင်လိုက် ရေဆေးပြီး ထုထားပါ
  • ရှောက်ရွက်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ဇောက်နက်သော အိုးထဲမှာ ဆိတ်အူများ ဆား အချိုမှုန့် စပါးလင် ချင်းနှင့် ရေခပ်များများထည့်ပြီး ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ သုံးမိနစ်လောက် ပြုပ်ပေးကာ ရေများကို သွန်ပေးပါ
  • ဆိတ်အူများ နူးလာတဲ့အထိ ပြုပ်ပေးရင်း ရေကိုထပ်ထပ် ထည့်ပေးပါ
  • ရေကိုပွက်ပွက် ဆူအောင်တည်ပေးရင်း ရေလိုအပ်ပါက ထပ်ထပ်ထည့်ပေးပါ 
  • ရေပွက်ပွက် ဆူလာပြီး ဆိတ်အူများ နူးလာတာနဲ့ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ 
  • ဟင်းရည်အရသာကို မြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး  ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့် ထည့်ပေးကာ မီးမျှင်းမျှင်းနှင့် တည်ထားပါ
  • ဟင်းရည်သောက်ခါနီး ပူနေပါမှ အရသာရှိပြီး မွှေးရနံ့သင်းပျံ့တဲ့ ဆိတ်အူရဲ့ အရသာကို ရမှာ ဖြစ်ပါတယ်။
  • ဆိတ်အူ ဟင်းရည် အဆင်သင့် ဖြစ်တာနဲ့ ငရုတ်သီးစိမ်း ရှောက်ရွက်နှင့် သံပုရာရည်တို့ထည့်ပေးကာ မိမိနှစ်သက်တာလေးတွေနဲ့ တွဲဘက်ပြီး သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment