Wednesday, 28 February 2018

Chicken cakes







ကြက်ရင်ပုံသားတွေ ဝယ်ထားပြီး ဘာချက်ရမလဲ ထိုင်စဉ်းစားနေတာ တမနက်လောက် အချိန်ကုန်သွားပါလေရော နောက်ဆုံးတော့ ကြက်သားတုံးကို ဗလင်ဒါထဲ ထည့်ကြိတ်ပြီး  အသီးအရွက်လေးတွေရောကာ ကြော်ဖြစ်သွားတာမို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 500g
  • သံပုရာရည် - လက်ဖက်ရည်ဇွန်းတဇွန်း
  • နှမ်းဆီမွှး - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်မိတ် - အပင်ကြီး တစ်ပင်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဂေါ်ဖီ - အဖတ်ကြီးကြီး ၂ဖတ်
  • မုံလာဥနီ - တဥ
  • corn flour - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းတဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လးပုံ​​တပုံ 
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံး
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ခပ်သေးသေးလေးတွေတုံးပြီး ဗလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ဂေါ်ဖီကိုရေဆေးပြီး ခပ်ပါးပါး ရိတ်ရိတ်လေးတွေ လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးထားပါ
  • မုံလာဥကို ရေဆေးပြီး အခွံခွာကာ ခပ်ပါးပါးလေးတွေ ရအောင်ခြစ်ပေးပါ
  • Corn flour , သံပုရာရည် ဆား သံလွင်ဆီ ငရုတ်ကောင်းမှုန့် အရသာမှုန့် ဆား နနွင်းမှုန့်တို့ကိုပြင်ထားပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ ရောနယ်ပေးပါ

ကြက်သားဆုတ်လုံးကြော်ရန်
  • ကြက်ကြိတ်သား အရသာနယ်ပြီးသားကို အရင်ဆုံး လက်ကိုရေဆွတ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံလေးများ ရအောင် ကြက်သားကုန်တဲ့အထိ တလုံးခြင်း ပုံပါအတိုင်း ဆုတ်ပေးပါ
  • ဒယ်အိုးတလုံးကို အပူပေးပါ အိုးပူမှ ဆီကိုထည့်ပြီး အငွေ့တက်လာတာနဲ့ မီးကို အနေတော် လျှော့ပေးပါ
  • ဆီအိုးထဲမထည့်ခင် လက်ကိုရေဆွတ်၍ ဆီအိုးနဲ့ ဝေးရာမှာ လက်ကိုရေခါပြီးမှ ဆုတ်ထားသော ကြက်သားဆုတ်ကို ငါးချက်လောက် ခပ်ဖွဖွလေး ထပ်ဆုတ်ပြီးမှ ဆီအိုးထဲကို ထည့်ပါ
  • ကြော်နေစဉ် အကျက်ညီစေရန် ကြက်သားဆုတ်လုံးကို တဖက်ပြီးတဖက် လှည့်ပေးပါ
  • တခုလုံး အညိုရောင်သန်းပါက ဆယ်ပြီး ဆီစစ်ကာ အအေးခံထားပါ
  • မွှေးပြီး အရသာရှိတဲ့ ကြက်သားဆုတ်လုံးကြော် (chicken cakes )ကို နှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။

Monday, 26 February 2018

သံပုရာရည်စိမ် မုံလာဥ ပိုးတီသုပ်








မုံလာဥလေးတွေ ပိုးတီလှီးပြီး သံပုရည်စိမ်ကာ သုပ်စားချင်တာနဲ့ ဒီနေ့ပြင်ဆင်ဖြစ်ပြန်ပါတယ် ကြွတ်ကြွတ်လေးနဲ့ စားလို့ကောင်းတဲ့အတွက် သံပုရာရည်စိမ်ပြီး သုပ်တဲ့နည်းလေး မျှဝေလိုက်ပါတယ် မုံလာဥို ပိုးတပုံစံ မလှီးတတ်ရင်လဲ ပြသနာ မရှိပါဘူး ခပ်ပါးပါးလေးတွေလှီးပြီး သံပုရာရည်စိမ်ကာ သုပ်စားနိုင်ပါတယ် ။

ပါဝင်ပစ္စည်း
  • မုံလာဥ - ဥကြီးကြီး တဥ
  • သံပုရာသီး - ၂လုံး
  • နံနံပင် - အနေတော် ၄ပင်ခန့်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း တဇွန်းသာသာ
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တ၀က်သာသာ
  • ဆား - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • မုံလာဥကို အခွံခွာပြီး ပိုးတီပုံစံ ရအောင် လှီးပေးပါ
  • ဇလုံတလုံးထဲမှာ ဆားကိုထည့်ပြီး သံပုသီးကို အရည်ညှစ်ပေးပါ
  • ထိုသံပုရာရည် အထဲမှာ ပိုးတီပုံစံ လှီးထားသော မုံလာဥကိုထည့်ပြီး စိမ်ပေးပါ
  • မုံလာဥမြုပ်တဲ့အထိ ရေထပ်ထည့်ပြီး တနာရီလောက် စိမ်ထားပေးပါ
  • သုပ်စားတော့မည် ဆိုပါက သံပုရာရည် စိမ်ထားသော မုံလာဥပိုးတီများကို စိမ်ထားသော သံပုရာရည်များ  ညှစ်ပေးကာ ပန်းကန်တခုထဲ ထည့်ပေးပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ပါဝင်ပစ္စည်း အားလုံးပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးပါ
  • စားသုံးရန် ပန်းကန်တခုထဲ ပြောင်းထည့်ပေးကာ ချဉ်ငံစပ် မုံလာဥပိုးတီသုပ် ကြွတ်ကြွတ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Friday, 23 February 2018

ပဲနီပြားနှပ်​ စိမ့်စိမ့်လေး




ဒီနေ့တော့ မိုးလေးတဖွဲဖွဲနဲ့ လွမ်း​နေမိတာက ကိုယ့်​​မွေးရပ်​​မြေ ကိုယ့်​ဇာတိ​လေးပါဘဲ ရွာမှာ​မွေး ရွာမှာကြီးဆို​တော့ ရွာဓလေ့ အစားအ​သောက်​ကအစ ​မေ့မရခဲ့ဘဲ ဒီ​နေ့ထိလဲ စွဲလန်း​နေတုံးပါဘဲ။

သိတတ်စအရွယ် ခပ်ငယ်ခယ်ထဲက မိုး​ရွာရင် စိုစိစိနဲ့မို့လို့ ဈေးသွားရမှာ အင်မတန် ပျင်းပါတယ် အိမ်မှာရှိတာတွေယူပြီး ကြီးကြီးနဲ့အတူတူ ဟင်းပွဲလေးတွေ ဖြစ်အောင် ဖန်တီးတာကို သတိ​ရမိပါသေးတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ပဲနီပြားပြုပ်ပြီးသား​ကို ချင်း ကြက်သွန်ဖြူ ကြက်သွန်နီတို့နဲ့ ကြော့်နှပ် နှပ်ကာ ငါးပိရည်​နဲ့နယ်​ပြီး ကြက်​အသည်းအမြစ် ​ဟင်း​လေးနဲ့ တွဲဖက်​ပြီး စားကြဖို့ လွယ်ကူမြန်​ဆန်​ ပဲနီပြားနှပ်​နည်း​လေး မျှ​ဝေလိုက်​ပါတယ်​။

ပါဝင်ပစ္စည်းများ

  • Ready made red beans - တဗူး
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တဆစ်သာသာ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • ပဲဗူးကို ဖောက်ပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး အနေတော် လှီးထားပါ
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဆီကို အပူပေးပြီး ဆီပူလာပါက နနွင်းအနည်းငယ် ထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ပျော့လာတဲ့ထိ ကြော်ပေးပါ
  • ကြော်ထားသော ကြက်သွန်များထဲကို ပဲနှင့် ဆား တခါထဲ ထည့်ကြော်ပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးထာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ကာ ပဲနီပြားနှပ် စိမ့်စိမ့်လေးကို မိမိနှစ်သက်သော ဟင်းတို့နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။

Thursday, 22 February 2018

ကြက်​သား အသည်းအမြစ်​ ဆီပြန်​ဟင်း



ဒီေ​​န့​တော့ ကြက်​သားနဲ့ ​အသည်းအမြစ်​​လေး​တွေ​ရောပြီး မဆလာ နိုင်နို​င်​အုပ်​ကာ အိုးကပ်ဆီပြန်လေး ချက်ထားပါတယ် အိုးကပ်ပြီး ဆီပြန်လေလေ အသည်းလေးတွေက မွှေးပြီးစားလို့ ကောင်းလေလေမို့လို့ ဟင်းကျက်ခါနီးတာနဲ့ မီးကိုပူတယ်ဆိုရုံလေးထားကာ မီးအေးအေးလေးနဲ့ ချက်ဖို့တော့ အကြံလေး ပေးပါရစေ။

ပါဝင်ပစ္စည်းများ

  • ကြက်သား ကြက်အသည်း ကြက်အမြစ် အစုံ - 500g
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး၎မွှာ
  • ချင်း - လက်မ၀က်ခန့်
  • စပါးလင် - နုသောအပိုင်း တလက်မခန့်
  • မဆလာ - ထမင်းစားဇွန်း တဇွန်း
  • သစ်ဂျပိုးခေါက် - တလက်မခန့်
  • ကရဝေးရွက် - ၂ရွက်
  • ဖာလာစေ့ - ၂စေ့
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း

ကြက်သားနှပ်ရန် ပါဝင်ပစ္စည်းများ
  • ကြက်သားများကို ရေဆေးပြီး သင့်တော်သလို ခုတ်ထားပါ
  • ကြက်အသည်းများကို ရေဆေးထားပါ
  • ကြက်အမြစ်များကို ဆားနနွင်းထည့်ပြီး နာနာနယ်ကာ ရေစင်အောင် ဆေးထားပါ
  • ဆား ငံပြာရည် နနွင်းမှုန့်နှင့် အချိုမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ

 ပြင်ဆင်ပုံ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီး ရေဆေးပြီး ငရုတ်သီးမှုန့်နှင့်ရော၍ ညက်နေအောင် ထောင်းထားပါ
  • ဟင်းမချက်ခင် အရသာနယ်ထားသော ကြက်သားနှင့် အမြစ်များကို ပြင်ထားပါ
  • ဟင်းမချက်ခင် အရသာ နယ်ထားသော အသည်းများကို သပ်သပ်ဖယ်ထားပေးပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာတာနဲ့ ငရုတ်သီးထောင်း ဖာလာ သစ်ဂျပိုးခေါက် ကရဝေးရွက်တို့ကို ထည့်ပေးကာ ရွှေဝါရောင်သန်းလာတဲ့အထိ ဆီသတ်ပေးပါ
  • ဆီသတ်နံ့ သင်းပြီးမွှေးလာတာနဲ့ အရသာဝင်အောင် နှပ်ထားသော ကြက်သားနှင့် အမြစ်များကို ဆီသတ်ထားသော ဒယ်အိုးထဲထည့်ပြီး ရောမွှေပေးပါ
  • ကြက်သား အသားများ မာပြီးတင်းလာတော့မှ သပ်သပ်ဖယ်ထားသော ကြက်အသည်းများကို ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ကြက်အသည်းများ မာလာတာနဲ့ မဆလာထည့် မွှေပေးပါ
  • ပြီးမှ ကြက်သားမြုပ်ရုံ ရေထည့်ပြီး ပွက်လာအောင် တည်ပေးပါ
  • အိုးအဖုံးကို အုပ်ပြီး မီးနည်းနည်းဖြင့် ကြက်သားနူးအိလာသည် ရေနည်းနည်းခြင်း ထည့်ပေးကာ နူးတဲ့အထိတည်ထားပေးပါ
  • ဆီမပြန်ခင် ဆီလည်ရေလည်လေး ရပြီဆိုတာနဲ့ အရသာကို လိုသလို ပြင်ပေးပါ
  • ကြက်သားနူးပြီဆိုတာနဲ့ မီးကိုခပ်မျှင်းမျှင်းလေးထားပြီး ရေခမ်းပြီး ကြက်သား အိုးကပ်ကာ ဆီပြန်တဲ့ထိ တည်ပေးပါ 
  • ကြက်သားများ အိုးထဲမှာ တဗျစ်ဗျစ် မြည်လာကာ အိုးကပ်လုနီးပါး ဆီပြန်လာပြီဆိုရင်တော့ မီးပိတ်ပေးပါ
  • ပိတ်ထားသော မီးဖိုပေါ်မှာ ဟင်းအိုးကို ဆက်ထားပေးပါက အရသာရှိလွန်းတဲ့ ကြက်သားအသည်းအမြစ် အိုးကပ် ဆီပြန်ဟင်း မွှေးမွှေးလေးကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Wednesday, 21 February 2018

ငါးဆားနယ်​​ကြော်​ စပ်စပ်လေး


အခုရက်ထဲ မာမာခရီးသွားနေတာနဲ့ အိမ်ချက်ဟင်းလေးတွေ မတင်ဖြစ်တာ ကြာသွားခဲ့ပါတယ် ဒီနေ့တော့ ခရီးကလဲပန်းလာ ဘိုစာတွေနဲ့ နပန်းလုံးရတာ မနှစ်သက်ဘဲ မြိုမြိုချနေရတာ ရက်ကကြာလာတော့ ထမင်းကိုဘဲ အားရပါးရပါးရ စားချင်လာတာနဲ့ ခရီးမသွားခင် ထည့်ထားခဲ့တဲ့ ငါးဆာနယ်ကို ခပ်စပ်စပ်လေး ကြော်ကာ ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။









အခုရက်ထဲ မာမာခရီးသွားနေတာနဲ့ အိမ်ချက်ဟင်းလေးတွေ မတင်ဖြစ်တာ ကြာသွားခဲ့ပါတယ် ဒီနေ့တော့ ခရီးကလဲပန်းလာ ဘိုစာတွေနဲ့ နပန်းလုံးရတာ မနှစ်သက်ဘဲ မြိုမြိုချနေရတာ ရက်ကကြာလာတော့ ထမင်းကိုဘဲ အားရပါးရပါးရ စားချင်လာတာနဲ့ ခရီးမသွားခင် ထည့်ထားခဲ့တဲ့ ငါးဆာနယ်ကို ခပ်စပ်စပ်လေး ကြော်ကာ ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘာဆာငါး - 1000g
  • ဆီ - စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်းမောက်မောက် ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း (ငရုတ်သီးကြော်ထဲ ထည့်ရန်)
  • ဟင်းချိုမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆားကြမ်း - ထမင်းစားဇွန်းမောက်မောက် ၃ဇွန်း (ငါးနယ်ရန်)

ငါးပိကောင်လုပ်ရန်

  1. နှစ်သက်ရာငါး တကီလိုကို အကောင်လိုက်သို့မဟုတ် အနေတော်ပိုင်းပေးပါ
  2. မာမာကတော့ ဘာဆာငါးကိုဘဲ သုံးထားပါတယ်
  3. ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲ ထဲ့ပြီး နှံ့အောင်မွှေပေးပါ
  4. သန့်ပြန့်သော ပလစတစ်အိတ်ထဲကို ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ
  5. ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ
  6. ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ဇလုံတခု ခံပေးထားပါ
  7. အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ
  8. ၂ရက် ၃ရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရပါပြီ

ကြော်ရန်အတွက်

  1. ငါးကိုဆားအငံ ပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ
  2. အငံတော်တော်လေး အငံပေါ့စေချင်ရင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက် စိမ်ပြီးမှဆေးပေးပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး မညက်တညက် ထောင်းပေးပါ
  4. ငရုတ်သီးမှုန့်ကို ပြင်ထားပါ
  5. ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကိုမီးအနေတော်လောက်နဲ့အပူပေးပါ
  6. ဆီပူလာပါက နနွင်းမှုန့်အနည်းငယ် ထဲ့ပေးပါ
  7. ငါးဆားနယ်ကို အိုးဆန့်သလောက် ထဲ့ကြော်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ
  8. ကြော်ပြီးလို့ပိုသော ဆီထဲသို့ ငရုတ်သီးတောင့်ကို ညိုရောင်သန်းလာတဲ့ထိ ကြော်ပြီး ဆယ်ထားပါ
  9. ဆီများနေရင် နည်းနည်းဖယ်ပြီး မီးကိုထပ်ပြီးလျှော့ပေးကာ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူကို အ၀ါရောင်သန်းလာအောင် ကြော်လိုက်ပါ
  10. ကြက်သွန်ဖြူကြော် နဲနဲလေး ၀ါလာတာနဲ့ မီးပိတ်လိုက်ပါ
  11. လက်ကျန်အပူရှိန်နဲ့ဘဲ ငရူတ်သီး လုံးခြမ်းကွဲကို ထဲ့မွှေပါ
  12. ပြီးတာနဲ့ ငရုတ်သီးကြော်ထဲကို ဆားနှင့်ဟင်းချိုမှုန့်ကို ထဲ့ပြီးကြော်ပေးပါ
  13. ကြော်ချိန်ခနအတွင်း ငရုတ်သီးအရောင်ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ကြော်ထားတဲ့ ငါးပိကောင်ကြော်ကို အိုးထဲမှာဘဲ ထဲ့မွှေပေးပါ
  14. မွှေပြီးတာနဲ့ ပန်းကန်ထဲကို ပြောင်းထဲ့ပေးပါ 
  15. ထမင်းမိန်စေတဲ့ ငါးဆားနယ်ကြော် ရပါပြီ။

Saturday, 10 February 2018

သရက်သီးစိမ်း ငါးငပိချက်













သရက်သီးစိမ်းလေးတွေ ဝယ်လာပြီး ငါးငပိချက် ချက်ဖြစ်တာနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘာဆာငါး - 200g
  • သရက်သီးစိမ်း - အလုံးကြီးကြီး ၂လုံး
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း ၄ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ဟင်းခတ်ဇွန်းကြီး တဇွန်း 
ပြင်ဆင်ပုံ
  • အသားလွှာထားသော ဘာဆာငါးကို ခပ်နုတ်နုတ် စဉ်းပေးထားပါ
  • သရက်သီးစိမ်းကို အခွံခွာကာ ရေဆေးပြီး ခပ်သေးသေး မျှင်မျှင်လေးတွေရအောင် လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကို ခပ်သေးသေး လှီးပေးထားပါ
  • ငရုတ်သီးမှုန့် ဆီ ငံပြာရည် အချိုမှုန့်တို့ကို ပြင်ထားပါ
ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းအောင်ထည့်ကြော်ပါ
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်ကြော်ပါ
  • ငရုတ်သီးနံ့သင်းလာတာနဲ့ စဉ်းထားသောငါးကို ထည့်မွှေပါ
  • ငါးထည့်ပြီးတာနဲ့ ငါးများကို ဖိချေပြီး ကျေအောင်မွှေပေးပါ
  • ငါးအသားများ ကျေလာပြီး မာလာတာနဲ့ဆား ငံပြာရည်နှင့်အချိုမှုန့်ကိုထည့်မွှေပါ
  • ပြီးတာနဲ့ လှီးထားသော သရက်သီးခြစ်ကို ထည့်မွှေပေးပြီး ၅မိနစ်လောက်ကြော်ပေးပြီး အရသာမြည်းပေးပါ
  • အရသာမြည်းပြီးတာနဲ့ မီးပိတ်ကာ နံနံပ င င ထည့်မွှေပေြး​​ပီး ချဉ်ငံစပ်မွှေး သရက်သီးစိမ်း ငါးပိချက်လေးကို စားရန်ပြင်ပေးပါ။

Sunday, 4 February 2018

ဗုံလုံသီး ကြော်ချက်





ခြံထွက် ဗုံလုံသီးလေးတွေခူးကာ အရည်သောက်ဆမ်းလေး လွယ်ကူမြန်ဆန်စွာ ချက်မိတာမို့လို့ မာမာချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • ဗုံလုံသီး - ခပ်ကြီးကြီး နှစ်တောင့်
  • ကြက်ပေါင် - တခု
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ကြက်သားပြုပ်ရန်
  • ကြက်ပေါင်
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားကို အရသာနယ်ပြီး ရေမြုပ်အောင်ထည့်ပေးပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
  • ရေခမ်းတာနဲ့ အသားထွင်ပေးထားပါ
ပြင်ဆင်ပုံ

  • ဗုံလုံသီးကို အပေါ်ယံ အဖြူရောင် အမှေးအခွံခွာပြီး အနေတော် ပိုင်းဖြတ်ကာ ထက်ဝက်ခြမ်းပေးပါ
  • အထဲမှ ရင့်နေသော အစေ့များနှင့် မလိုသော အမျှင်များ ဖယ်ပေးကာ ပုံပါအတိုင်း လှီးထားပါ
  • အစေ့များ နုနေသေးရင်တော့ မဖယ်ဘဲ ဒီအတိုင်း လှီးပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီကို ပြင်ထားပါ
  • ကြက်သားပြုပ်ကို ပြင်ထားပေးပါ
  • အိုးတလုံးထဲမှာ ဆီကိုထည့်ပြီး နနွင်းမှုန့်ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့  ကြက်သွန်ဖြူ ကြက်သွန်နီကို ပျော့ရုံလေး ကြော်လိုက်ပါ
  • ပြီးတာနဲ့ ပြုပ်ထားသော ကြက်သားကို ထည့်မွှေပါ
  • သမသွားပြီ ဆိုတာနဲ့ လှီးထားသော ဗုံလုံသီး ဆား အရသာမှုန့်နှင့် ရေအနည်းငယ်တို့ကိုထည့်ကာ ဟင်းလုံးမိအောင် တည်ပေးပါ
  • လုံးရေပွက်ပွက်ဆူလာပြီး ၂မိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ မိမိနှစ်သက်သလောက် ရေကို ထည့်ပြီး ၃မိနစ်လောက် အဖုံးမအုပ်ဘဲ တည်ပေးထားပါ
  • ဟင်းရည်ဆူလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ဗုံလုံသီးကြော်ချက် ချိုချိုလေးကို ဟင်းပွဲပြင်ပေးပါ။