Wednesday, 28 February 2018

Chicken cakes







ကြက်ရင်ပုံသားတွေ ဝယ်ထားပြီး ဘာချက်ရမလဲ ထိုင်စဉ်းစားနေတာ တမနက်လောက် အချိန်ကုန်သွားပါလေရော နောက်ဆုံးတော့ ကြက်သားတုံးကို ဗလင်ဒါထဲ ထည့်ကြိတ်ပြီး  အသီးအရွက်လေးတွေရောကာ ကြော်ဖြစ်သွားတာမို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 500g
  • သံပုရာရည် - လက်ဖက်ရည်ဇွန်းတဇွန်း
  • နှမ်းဆီမွှး - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်မိတ် - အပင်ကြီး တစ်ပင်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဂေါ်ဖီ - အဖတ်ကြီးကြီး ၂ဖတ်
  • မုံလာဥနီ - တဥ
  • corn flour - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းတဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လးပုံ​​တပုံ 
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံး
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ခပ်သေးသေးလေးတွေတုံးပြီး ဗလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ဂေါ်ဖီကိုရေဆေးပြီး ခပ်ပါးပါး ရိတ်ရိတ်လေးတွေ လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးထားပါ
  • မုံလာဥကို ရေဆေးပြီး အခွံခွာကာ ခပ်ပါးပါးလေးတွေ ရအောင်ခြစ်ပေးပါ
  • Corn flour , သံပုရာရည် ဆား သံလွင်ဆီ ငရုတ်ကောင်းမှုန့် အရသာမှုန့် ဆား နနွင်းမှုန့်တို့ကိုပြင်ထားပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ ရောနယ်ပေးပါ

ကြက်သားဆုတ်လုံးကြော်ရန်
  • ကြက်ကြိတ်သား အရသာနယ်ပြီးသားကို အရင်ဆုံး လက်ကိုရေဆွတ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံလေးများ ရအောင် ကြက်သားကုန်တဲ့အထိ တလုံးခြင်း ပုံပါအတိုင်း ဆုတ်ပေးပါ
  • ဒယ်အိုးတလုံးကို အပူပေးပါ အိုးပူမှ ဆီကိုထည့်ပြီး အငွေ့တက်လာတာနဲ့ မီးကို အနေတော် လျှော့ပေးပါ
  • ဆီအိုးထဲမထည့်ခင် လက်ကိုရေဆွတ်၍ ဆီအိုးနဲ့ ဝေးရာမှာ လက်ကိုရေခါပြီးမှ ဆုတ်ထားသော ကြက်သားဆုတ်ကို ငါးချက်လောက် ခပ်ဖွဖွလေး ထပ်ဆုတ်ပြီးမှ ဆီအိုးထဲကို ထည့်ပါ
  • ကြော်နေစဉ် အကျက်ညီစေရန် ကြက်သားဆုတ်လုံးကို တဖက်ပြီးတဖက် လှည့်ပေးပါ
  • တခုလုံး အညိုရောင်သန်းပါက ဆယ်ပြီး ဆီစစ်ကာ အအေးခံထားပါ
  • မွှေးပြီး အရသာရှိတဲ့ ကြက်သားဆုတ်လုံးကြော် (chicken cakes )ကို နှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။

No comments:

Post a Comment