Sunday, 4 February 2018

ဗုံလုံသီး ကြော်ချက်





ခြံထွက် ဗုံလုံသီးလေးတွေခူးကာ အရည်သောက်ဆမ်းလေး လွယ်ကူမြန်ဆန်စွာ ချက်မိတာမို့လို့ မာမာချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • ဗုံလုံသီး - ခပ်ကြီးကြီး နှစ်တောင့်
  • ကြက်ပေါင် - တခု
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ကြက်သားပြုပ်ရန်
  • ကြက်ပေါင်
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားကို အရသာနယ်ပြီး ရေမြုပ်အောင်ထည့်ပေးပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
  • ရေခမ်းတာနဲ့ အသားထွင်ပေးထားပါ
ပြင်ဆင်ပုံ

  • ဗုံလုံသီးကို အပေါ်ယံ အဖြူရောင် အမှေးအခွံခွာပြီး အနေတော် ပိုင်းဖြတ်ကာ ထက်ဝက်ခြမ်းပေးပါ
  • အထဲမှ ရင့်နေသော အစေ့များနှင့် မလိုသော အမျှင်များ ဖယ်ပေးကာ ပုံပါအတိုင်း လှီးထားပါ
  • အစေ့များ နုနေသေးရင်တော့ မဖယ်ဘဲ ဒီအတိုင်း လှီးပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီကို ပြင်ထားပါ
  • ကြက်သားပြုပ်ကို ပြင်ထားပေးပါ
  • အိုးတလုံးထဲမှာ ဆီကိုထည့်ပြီး နနွင်းမှုန့်ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့  ကြက်သွန်ဖြူ ကြက်သွန်နီကို ပျော့ရုံလေး ကြော်လိုက်ပါ
  • ပြီးတာနဲ့ ပြုပ်ထားသော ကြက်သားကို ထည့်မွှေပါ
  • သမသွားပြီ ဆိုတာနဲ့ လှီးထားသော ဗုံလုံသီး ဆား အရသာမှုန့်နှင့် ရေအနည်းငယ်တို့ကိုထည့်ကာ ဟင်းလုံးမိအောင် တည်ပေးပါ
  • လုံးရေပွက်ပွက်ဆူလာပြီး ၂မိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ မိမိနှစ်သက်သလောက် ရေကို ထည့်ပြီး ၃မိနစ်လောက် အဖုံးမအုပ်ဘဲ တည်ပေးထားပါ
  • ဟင်းရည်ဆူလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ဗုံလုံသီးကြော်ချက် ချိုချိုလေးကို ဟင်းပွဲပြင်ပေးပါ။

No comments:

Post a Comment