Sunday 29 July 2018

ချဉ်ငံစပ် ငှက်ပျောဖူးဟင်း










ငှက်ပျောဖူးလေး ဝယ်လာပြီး ချဉ်ငံစပ်လေး ချက်ဖြစ်ပြန်ပါတယ် ထမင်းစားမြိန်တဲ့ ဟင်းလေးဖြစ်လို့ ငှက်ပျောဖူးလေးများ ရခဲ့ရင် ချက်စားလို့ရအောင် ငှက်ပျောဖေးဆေးနည်းနဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငှက်ပျောဖူး  - အနေတော် တစ်ဖူး
  2. ငရုတ်စိမ်း - နှစ်သက်သလောက် (သို့ ) 
  3. ငရုတ်သီးမှုန့် အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ပုဇွန်ငပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - နှစ်မွှာ
  7. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (ငှက်ပျောဖူးဆေးရန်)
  8. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  9. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  10. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း (သို့ ) ပုဇွန်ထုတ် သုံးကောင်
ငှက်ပျောဖူးဆေးရန်

  1. ငှက်ပျောဖူးမှ ရင့်နေသော အဖတ်များကို ဖယ်ပေးပါ
  2. ထိုရင့်နေသော အဖတ်ပေါ်မှ ပေါ်လာသော ငှက်ပျောပွင့်များကို သတ်သတ်ဖယ်ထားပါ
  3. ငှက်ပျောဖူးမှ ရင့်နေသောအဖတ်များ ကုန်သွားပါက ဓါးပြတ်ပြတ်နှင့် မထူမပါး လှီးပေးပါ
  4. ငှက်ပျောဖူးမှ အစေးများ အကုန်နီးပါး ထွက်သွားစေရန် ဆားထမင်းစားဇွန်း နှစ်ဇွန်းနှင့် သံပုရာသီး နှစ်လုံးတို့ကို အရည်ညှစ်ကာ လှီးထားသော ငှက်ပျောဖူးတို့နှင့် ရောပြီး ခပ်နာနာ နယ်ပေးပါ
  5. ငှက်ပျောဖူးများ အစေးများ ကုန်သွားစေရန် ရေ ၅ထပ်လောက် ဆေးပေးပါ
ပြင်ဆင်ပုံ
  • ဆေးထားသော ငှက်ပျောဖူးကို ပြင်ထားပါ
  • ငရုတ်သီးစိမ်းနဲ့ ချက်မယ်ဆို ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးပေးပါ
  • ငရုတ်သီး အရောင်တင်မှုန့် သုံးမယ်ဆိုရင် ပြင်ထားပါ
  • ကြက်သွန်နီ အနေတော် တစ်ခြမ်းကို ခပ်နုတ်နုတ်လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  • မျှင်ငါးပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးစိမ်း (သို့ )ငရုတ်သီးအရောင်တင်မှုန့် နှင့် ကြက်သွန်အဖြူ အနီကို မွှေးလာအောင် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ငှက်ပျောဖူးကို ထည့်ကြော်ပါ
  • ငှက်ပျောဖူးအနည်းငယ် နွမ်းတာနဲ့မျှင်ငပိ ဆား ပုဇွန်စိမ်း ၃ ကောင်မျှ သို့်မဟုတ် ပုဇွန်ခြောက်မှုန့်ထည့်ကာ မွှေပေးပါ
  • ပြီးတာနဲ့ ရေကို ငှက်ပျောဖူး ဖုံးမြုပ်အောင် ထည့်ပေးကာ ဆူပွက်လာသည်အထိ ချက်ပေးပါ 
  • ရေဆူပြီး ပွက်လာပြီဆိုလျှင် မကျည်းသီးမှည့်ကို ပျစ်ပျစ်လေး ဖျော်ထဲ့ကာ အရသာ မြည်းပေးပါ
  • အရသာကို လိုသလို ပြင်ပေးပြီး ဆီကျန်ရေကျန် အနေထားရအောင် တည်ပေးပါ
  • ငှက်ပျောဖူးများ နူးအိလာပြီဆိုရင် မီးပိတ်ပေးပါ
  • ထမင်းစားမြိန်စေမဲ့ ငှက်ပျောဖူး ချဉ်ငံစပ် နူးနူးအိအိလေးကို သုံးဆောင်နိုင်ပါပြီ။

မျှစ်ပုဇွန် အစပ်ချက်




မျှစ်အကြွတ်လေးတွေ ရလာတော့ ပုဇွန်ထုပ်နဲ့ ချိုချဉ်ငံစပ် စိမ့်စိမ့်လေး ချက်မိပြန်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်မဲ့ ဟင်းလေးဖြစ်တဲ့အတွက် မျှစ်နဲ့ပုဇွန်ထုတ်လေးများ အဆင်သင့် ရှိနေရင်တော့ ချက်ကြည့်ရအောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် -  အနေတော် ငါးထုတ်
  2. မျှစ်ကြွတ် - ငါးခု
  3. ခရမ်းချဉ်သီး - ခပ်ကြီးကြီး သုံးလုံး
  4. ကြက်သွန်နီ - အနေတော် တစ်ဥ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. ငရုတ်​သီးစိမ်း အစပ်​​တောင့့် - နှစ်တောင့်
  7. ငရုတ်သီးစိမ်း - စားနိုင်သလောက် (ဟင်းအိုးအုပ်ရန် )
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. သီိဟို​စေ့ - ထမင်းစားဇွန်း သုံးဇွန်း
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  15. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  16. သံပုရာရည် - ထမင်းစားဇွန်း သုံးဇွန်း


ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး ​ပုဇွန်​ကိုယ်​လုံးကို အခွံခွာကာ အမည်းကြောင်း ထုတ်ပေးပြီးခေါင်းထဲမှ အစာအိတ်ထုတ်ထားပါ
  • မျှစ်ကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးကာ ခပ်နုတ်နုတ်စဉ်းထားပါ 
  • ကြက်သွန်နီကို အခွံခွာပြိး ရေဆေးကာ ခပ်နုတ်နုတ်စဉ်းထားပါ
  • ကြက်သွန်ဖြုကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်စဉ်းထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်ညက်ထောင်းထားပါ 
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ညက်နေအောင် ရောထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်​ပါးပါး လှီးထား​ပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • မြေပဲကို မညက်​တညက်​ ​ထောင်းထားပါ
  • သံပုရာရည်ကို ပြင်ထားပါ
  • ဆီ နနွင်းမှုန့် ဆား သကြား ငါးငံပြာရည်တို့ကို ပြင်ထားပါ
ဟင်းချက်ရန်
  • အိုးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထည့်ပါ
  • နနွင်းမှုန့် ထည့်ပြီးတာနဲ့ ကြက်သွန်အဖြူ အနီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်ထောင်း ငရုတ်​သီးစိမ်း  ငရုတ်သီးစိမ်းတို့ကိုထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ငရုတ်သီး ဆီသတ်ကို ဘေးခနတွန်းထားကာ သီဟိုစေ့နှင့် ခရမ်းချဉ်သီးကိုထည့်ပြီး ကျေအောင်မွှေပေးပါ
  • ခရမ်းချဉ်သီး ကျေသွားတာနဲ့မျှစ် သံပုရာရည် ဆား သကြား ငံပြာရည်တို့တခါထဲ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ မျှစ်ကို ​ရေမြုပ်​​အောင်​ထည့်​ကာ အဖုံးအုပ်​ပြီး တည်​​ပေးပါ
  • ​ရေဆူပြီး မျှစ်မနူးသေးခင် ရေမခမ်းခင်​ အရသာမြည်းကာ လိုသလိုပြင်​​ပေးပါ
  • ပြီးတာနဲ့ မျှစ်နူးစေရန် မျှစ်ကို ရေမြုပ်အောင်ထည့်ပြီး တခါဆက်တည်ပေးပါ
  • နောက်တကြိမ် ထည့်ထားသော ရေမခမ်းခင် ပုဇွန်ထုတ်နှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးပါ
  • ပုဇွန်အနံ့ ပျောက်စေရန် အိုးအဖုံးကို ခနအုပ်ပေးကာ တည်ပေးပါ
  • ပုဇွန်ထည့်ပြီး အပေါ့အငံ တခါထပ်မြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး မျှစ်ပုဇွန်ထုတ် ချဉ်ငံစပ်မွှေး စိမ့်စိမ့်လေးကို စားသုံးရန်​ စားပွဲပြင်​ပေးနိုင်​ပါပြီ။

Saturday 28 July 2018

သင်္ဘောသီးထောင်း






ရာသီဥတုက -3°c ဆိုတော့ ပူပူစပ်စပ်လေးတွေဘဲ စားချင်​နေမိတယ်​ ဒီ​တော့လဲ  သင်္ဘောသီး​ထောင်းသုပ်လေးကို ချိုချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် စားလို့အင်မတန်မှ ကောင်းလွန်းတဲ့အတွက် ထောင်းနည်းလေး ထပ်မံမျှ​ဝေလို​က်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သင်္ဘောသီးစိမ်း - အနေတော် တစ်ခြမ်း
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ပုဇွန်ခြောက် - အကောင် ၂၀ခန့်
  4. မြေပဲလှော် - အစေ့၂၀ခန့်
  5. ငရုတ်သီးစိမ်း - ၃တာင့်ခန့် (အစပ်ကြိုက်လျှင် ပိုထည့်ပါ)
  6. ငရုတ်သီး အခြောက်တောင့် - ၃တောင့်
  7. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် ၂ခဲ
  8. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  9. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း 
  11. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ပဲတောင့်ရှည် - ၃တောင့် 
  13. ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) ခရမ်းချဉ်သီး အလုံးကြီးကြီး တစ်လုံး
  14. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )

တွဲဖက်စားရန်
  • ဂေါ်ဖီ - အနည်းငယ်
  • ပဲတောင့်ရှည် - ၅တောင့်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အမြှောင်းရှည်ရှည်လေးတွေရအောင် ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်စီ ခြမ်းထားပါ
  • ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ
  • မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ငရုတ်သီးအခြောက်နှင့် ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ
  • ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး မညက်တညက် ရောထောင်းပါ
  • ထန်းလျှက်ခဲကိုပါ ညက်နေအောင် ရောထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ
  • ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၁၀ချက် အချက်၁၂ချက်လောက် ထောင်းရင်ရပြီး သစ်သားကျည်ပွေ့ဆိုပါက အချက် ၃၀ လောက်ထောင်းပေးမှ အရသာဝင်ပါတယ်
  • သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  • ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ပုံတွင်ပြထားသော ငါးငံပြာရည်၂မျိုးကို ထမင်းစားဇွန်း ၂ဇွန်းသာသာစီနှင့် ဆားပါ ထည့်ပေးပါ
  • သင်္ဘောသီး ထောင်းပြီးပါက ပဲတောင့်ရှည်ကို ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ
  • ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ဇွန်းနှင့် သမအောင်နယ်ပေပြီးရင် ရပါပြီ
  • စားပွဲပြင်တဲ့အခါ ပန်းကန်ထဲမှာ ဆလတ်​ရွက်​နှင့်​​ဂေါ်ဖီခင်းကာ ငရုတ်ဆုံထဲမှ အရည်များရော အဖတ်များပါ ဇွန်းနှင့်​ခတ်​ ထည့်​​ပေး၍ မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်
  • ချိုချိုစပ်စပ်မွှေးမွှေး ယိုးဒယား သင်္ဘောသီးထောင်းလေးကို ငရုတ်သီးစိမ်း ဂေါ်ဖီနှင့် ပဲတောင့်ရှည်တို့နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။

Friday 27 July 2018

စပါးလင် ဆီချက်ချက်နည်း






ဒီနေ့တော့ ဗီယက်နမ် အစားအသောက် အများစုမှာ မပါမဖြစ်တဲ့  စပါးလင်ဆီချက်လေး ချက်ပါတယ် ဒီဆီချက်လေးတွေက ဗီယက်နမ် လူမျိုးအများစုက တစ်ခြားအစား အစာတွေနဲ့ တွဲဖက်ပြီး စားကြပါတယ်။

တစ်ခါတစ်လေမှာ သူတို့လို ချက်စားချင်တဲ့အတွက်  ဒီဆီချက် ချက်နည်းလေးကို သူငယ်ချင်း ဗီယက်နမ်မလေးဆီက သင်ယူထားတဲ့အတိုင်း ချက်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. စပါးလင် အရင်းပိုင်း -  ခြောက်လက်မခန့် လေးပင်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာ
  3. ငရုတ်သီးအစပ် လုံးခြမ်းကွဲ - ထမင်းစားဇွန်း ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး

ပြင်ဆင်ပုံ
  • စပါးလင် အရင်းပိုင်းကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • လှီးထားသော စပါးလင်ကို ငရုတ်ဆုံရှိပါက ငရုတ်ဆုံနှင့် ညက်အောင် ထောင်းပေးပါ
  • ငရုတ်ဆုံ မရှိပါက အသီးအရွက် ကြိတ်ရာတွင် အသုံးပြုသော ဗလင်ဒါထဲမှာ ရေအနည်းငယ်နှင့် စပါးလင်ကိုထည့်ကာ ညက်နေအောင် ရောကြိတ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ပုံပါအတိုင်းရအောင် မညက်တစ်ညက် ကြိတ်ပေးပါ
  • ငရုတ်သီး အစပ်တောင့်ကို ပုံပါအတိုင်း လုံခြမ်းကွဲရအောင် ကြိတ်ပေးပါ
  • အိုးအသားထူသော ဒယ်အိုးကို မီးအပူပေးပါ
  • အိုးပူလာတာနဲ့ ဆီနှင့် နနွင်းမှုန့်ကို ထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ စပါးလင်ထောင်း ငရုတ်သီး လုံးခြမ်းကွဲ ကြက်သွန်ဖြူထောင်းတို့ကို တခါထဲ ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် အဆက်မပြတ် မွှေပေးပါ
  • စပါးလင်ထောင်း ကြက်သွန်ဖြူထောင်းနှင့် ငရုတ်သီး လုံးခြမ်းကွဲတို့ မွှေးလာပြီး အနည်းငယ် ကြွတ်လာပါက မီးပိတ်ပေးပါ
  • မီးဖိုပေါ်မှာ လက်ကျန်မီး အပူရှိန်နှင့် ကြွတ်နေအောင် ဆက်ကြော်ပေးပါ
  • ဒယ်အိုးအသား ပါးပါက ခနလေးနှင့် ကျွမ်းသွားတတ်တဲ့အတွက် အိုးအသားထူတာကို  ရွေးသုံးပါ
  • စပါးလင်ဆီချက်က ကျွမ်းသွားတဲ့အခါ ခါးတတ်တဲ့အတွက် သတိထားပြီး မွှေမွှေပေးပါ
  • စပါးလင်ဆီချက်လေး မွှေးပြီးကြွတ်လာတာနဲ့ အဖတ်များကို ဆီစစ်ပြီး အေအးခံထားပါ
  • ဆီများကိုလဲ အအေးခံထားပါ
  • နှစ်မျိုးလုံး အေးသွားပါက ပန်းကန်လုံး တစ်ခုထဲမှာ ရောပေးပြီး မွှေးပြီးစပ်နေတဲ့ စပါးလင်ဆီချက်ကို ခေါက်ဆွဲကြော် ခေါက်ဆွဲပြုပ် ကြာဇံကြော် ကြာဇံပြုပ် အသားပြုပ် အစရှိသည်တို့နှင့် တခြားအစာများနှင့်လဲ မိမိနှစ်သက်သလို တွဲဖက်ပြီး စားသုံးနိူင်ပါပြီ။

Thursday 26 July 2018

မလေးရှားစတိုင်လ် ပုဇွန်ဟင်း


အခွံခွာကာ သန့်စင်ထားသော ပုဇွန်ထုတ်

ခရမ်းချဉ်သီး ငရုတ်သီးစိမ်း ငရုတ်သီး
အနှစ်ထောင်းနှင့် သီဟိုလ်စေ့ထောင်း

ဆား ဆီ သံပုရာရည်နှင့် သကြား






အေးလွန်းတဲ့ ရာသီဥတုကြောင့် ချဉ်ငံစပ်လေးတွေ စားချင်တာနဲ့ အရင်ရက်က ချက်ဖြစ်ခဲ့တဲ့ မလေးရှားစတိုင်လ် ပုဇွန်ချဉ်ငံစပ် စိမ့်စိမ့်လေးရဲ့  ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် -  300 g
  2. ခရမ်းချဉ်သီး - ခပ်ကြီးကြီး ၃လုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂ မွှာ
  5. ငရုတ်​သီးစိမ်း အစပ်​​တောင့့် - ၂တောင့်
  6. ချင်း - လက်တစ်ဆစ်ခန့်
  7. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. သီိဟို​စေ့ - ထမင်းစားဇွန်း ၃ဇွန်း
  10. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  14. သံပုရာရည် - ထမင်းစားဇွန်း ၃ဇွန်း


ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး ​ပုဇွန်​ကိုယ်​လုံးကို အခွံခွာကာ အမည်းကြောင်း ထုတ်ပေးပြီးခေါင်းထဲမှ အစာအိတ်ထုတ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ 
  • ကြက်သွန်နီကို အခွံခွာပြိး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • ကြက်သွန်ဖြုကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ညက်ညက် ထောင်းထားပါ 
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ညက်နေအောင် ရောထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်​ပါးပါး လှီးထား​ပါ
  • စီဟိုစေ့ကို မညက်​တစ်ညက်​ ​ထောင်းထားပါ
  • သံပုရာရည်ကို ပြင်ထားပါ
  • ဆီ နနွင်းမှုန့် ဆား သကြား ငါးငံပြာရည်တို့ကို ပြင်ထားပါ
ဟင်းချက်ရန်
  • အိုးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထည့်ပါ
  • နနွင်းမှုန့် ထည့်ပြီးတာနဲ့ ကြက်သွန်အဖြူ အနီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်ထောင်း ငရုတ်​သီးစိမ်း  ငရုတ်သီးစိမ်းတို့ကိုထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ငရုတ်သီး ဆီသတ်ကို ဘေးခနတွန်းထားကာ သီဟိုစေ့နှင့် ခရမ်းချဉ်သီးကိုထည့်ပြီး ကျေအောင်မွှေပေးပါ
  • ခရမ်းချဉ်သီး ကျေသွားတာနဲ့ ပုဇွန်​ထုတ်​ သံပုရာရည် ဆား သကြား ငံပြာရည်တို့တခါထဲ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ပုဇွန်​ကို ​ရေမြုပ်​​အောင်​ထည့်​ကာ အဖုံးအုပ်​ပြီး တည်​​ပေးပါ
  • ​ရေဆူပြီး ရေမခမ်းခင်​ အရသာမြည်းကာ လိုသလိုပြင်​​ပေးပြီး မီးပိတ်​​ပေးပါ
  • ပြီးတာနဲ့ မလေးရှားစတိုင်လ် ပုဇွန်ထုတ် ချဉ်ငံစပ်မွှေး စိမ့်စိမ့်လေးကို စားသုံးရန်​ စားပွဲပြင်​ပေးနိုင်​ပါပြီ။

Tuesday 24 July 2018

မှိုဟင်းချို ( Australian King Oyster Mushroom)







တောသူမြို့တက်တော့ လိုချင်တာလေးတွေ ရလာလို့ ပျော်မှပျော်ပါဘဲ အသီးအရွက်တွေက ဈေးကြီးပေမဲ့ စားချင်​လွန်းလို့ ဝယ်လာခဲ့မိတယ်။

အဲဒီအထဲကမှ Australian King Oyster Mushroom ကို ငရုတ်သီးစိမ်း စပ်စပ်မွှေးမွှေးလေးနဲ့ အရည်သောက်ဆမ်းချက်ကာ နံနံပင်​အုပ်​ကာ ချက်​ထားတဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မှို (Australian King Oyster Mushroom)  - 500 g
  2. ငရုတ်သီးစိမ်း - အစပ်တောင့် ၂တောင့်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ကြက်သွန်ဖြူ -၂မွှာ
  7. ကြက်သွန်နီ - တစ်ခြမ်း
  8. နံနံပင် - အနည်းငယ်

ပြင်ဆင်ပုံ
  1. မှိုကို ရေဆေးပြီး ပုံပါအတိုင်း ခပ်ပါးပါး လှီးထားပါ
  2. နံနံပင်​ကိ ​ရေ​ဆေးထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပြီးမှ ခပ်ပါးပါးလှီးပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် ထောင်းထားပါ
  6. ဒယ်အိုးတလုံးကို အပူပေးပါ ဆီပူလာပါက နနွင်းမှုန့်ထည့်ပါ
  7. ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူကို နွမ်းရုံလေး ဆီသတ်ပါ
  8. ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးစိမ်း ထောင်းပြီးသားကို ထည့်ကြော်ပါ
  9. ငရုတ်သီးနံ့ သင်းလာတာနဲ့ ဆားနှင့် မှိုကိုထည့်ကြော်ပါ
  10. မှိုများနွမ်းလာတာနဲ့ အရည်အနည်းငယ်ထည့်ကာ ရေဆူအောင် တည်ပေးပါ
  11. ရေပွက်ပွက် ဆူလာတာနဲ့ ကိုယ်လိုချင်သလောက် ရေထည့်ကာ အရသာမြည်း၍ လိုသလိုပြင်ပေးပါ
  12. ရေလဲပွက်ပွက်ဆူလာပြီး အရသာလဲ အနေတော်ရပြီဆိုရင် နံနံပင် အုပ်ပေးကာ မှိုအစပ်ဟင်း မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

Monday 23 July 2018

Enoki mushroom အကြွတ်ကြော်











ဒီနေ့တော့ Enoki mushroom လေးတွေကို တန်ပူရာမှုန့်နဲ့ ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ် သတ်သတ်လွတ် စားသူတွေအတွက် အရမ်းအဆင်ပြေစေတဲ့ အကြော်လေးပါ။

 ကြော်ရတာ လွယ်သလောက် စားရတာ အရမ်းကောင်းပါတယ် မှိုလေးတွေလဲ အဆင်သင့် ရှိနေမယ် အချိန်လေးလဲ အားမယ်ဆိုရင်တော့ ကြော်စားကြည့်စေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Enoki mushroom  -  60 g
  2. တန်ပူရာမှုန့် - 150 g
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်မရှိတရှိ
  4. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနည်းနည်းချင်းထည့်ကာ ရောပေးပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • ရေကိုတခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ပေးကာ လိုတိုးပိုလျော့ လုပ်ပေးပါ
  • မုန့်နှစ်ခပ်ပြစ်ပြစ် ရအောင်ဖျော်ပေးပါ
  • မှိုဧ။် မလိုအပ်သော အောက်ပိုင်းနေရာကို ဖြတ်ပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  • မှိုကို လက်ညှိုးတချောင်းစာ သာသာ ယူပေးပြီး ဖျော်ထားသာ မုန့်နှစ်ထဲမှာ  နှစ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအားပြင်းပြင်းနဲ့ အပူပေးပါ
  • ဆီပူပြီး ကျက်လာပါက မီးကိုအလယ်လောက်အထိ လျှော့ပေးပြီးမှ မှို မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • မီးအရမ်း များပါက အထဲမှ မှိုများမကျက်ဘဲ ပျော့ပြဲကြီး ဖြစ်နေတတ်ပါတယ်
  • ကြော်နေစဉ် တစ်ဖက်က ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မှိုကြော် ကြွတ်ကြွတ်ရွရွ ချိုချိုလေးကို ဆလတ်ရွက် နှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ကာ သုံးဆောင်လို့ရပါပြီ။

Sunday 22 July 2018

Chicken pad Thai


တခါတလေ ရာသီဥတုကြောင့် ထမင်းမစားချင်တဲ့ အခါမျိုးတွေမှာ စိတ်ထဲမှာ ပေါ်လာလေးတွေ ရှာကြံပြီး စားရလေ့ ရှိတတ်ကြပါတယ် ဒါကြောင့်မို့လို့ ဒီတခါတော့ စိတ်အပြောင်းအလဲလေး ဖြစ်ရလေအောင် chicken pad Thai လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန်ပြားခေါက်ဆွဲ - 150 g
  2. ပဲပင်ပေါက် - 100 g
  3. ခပ်ပ်ပါးပါး လှီးထားသော ကြက်ရင်ပုံသား - 100 g
  4. brown sugar - ထမင်းစားဇွန်း တစ်ဇွန်း
  5. မြေပဲ - ထမင်းစားဇွန်း ၃ဇွန်း
  6. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  9. ကြက်သွန်နီ - အနေတော် တစ်လုံးကို လေးစိတ်ရအောင် လှီးထားပါ
  10. ကြက်သွန်ဖြူ - ၂မွှာကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  11. ငရုတ်သီးစိမ်း အနီရောင်အတောင့် - အတောင့်ကြီးကြီး တစ်ေတာင့် (ခပ်ကြမ်းကြမ်း လှီးထားပါ)
  12. ဂျူးဖူး - ၂ပင် ( ခပ်ရှည်ရှည် လှီးထားပါ)
  13. နံနံပင် - ၂ပင် (လှီးထားပါ)
  14. ကြက်သွန်မိတ် - တစ်ပင်  (လှီးထားပါ) 
  15. ဆီ - စားပွဲတင်ဇွန်း တစ်ဇွန်း
  16. ကြက်ဉ - နှစ်လုံး (ပန်းကန်ထဲမှာ ခလောက်ထားပါ)
  17. နာနတ်ပွင့် - တစ်ပွင့်
  18. မုံလာဥနီ  - အနည်းငယ် (လှီးထားပါ)

ပြင်ဆင်ချက်ပြုပ်ပုံ
  • ဆန်ပြားခေါက်ဆွဲကို ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ကြက်သားကို အရင်ဆုံး ၄မိနစ်လောက် ကြော်ပေးပြီး ဘေးကိုတွန်းထားပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း သကြားအညို ကြက်သွန်ဖြူ ကြက်သွန်နီ နာနတ်ပွင့်တို့ကို ထည့်ကြော်ပါ 
  • မွှေးလာတာနဲ့ ကြက်သားနှင့် ပြန်ရောကာ ၃ချက်လောက် မွှေပေးပါ
  • ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကိုထည့်ကာ ကျက်အောင် ကြော်ပေးပါ
  • ပြီးတာနဲ့ မုံလာဥနီနှင့် ပဲပင်ပေါက်ကို ထည့်မွှေပေးပါ
  • ပဲပင်ပေါက်နှင့်မုံလာဥနီကို မိနစ်ဝက်လောက်ကြော်ပေးပြီး ငါးငံပြာရည်နှင့် သံပုရာရည်တို့ ထည့်မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ ဆန်ပြားကို ထည့်မွှေကာ နံနံပင် မြေပဲလှော် ကြက်သွန်မိတ်နှင့် ဂျုးဖူးတို့ထည့်မွှေကာ အရသာမြည်း၍ လိုသလိုပြင်ကာ စားပွဲပြင်နိုင်ပါပြီ။

Thursday 19 July 2018

ကြက်သား ကိုက်လံကြော်


တခါတလေ အချိန်မရတဲ့ အခါမျိုးတို့ ဟင်းအမယ်စုံအောင် မချက်ချင်တဲ့ နေ့မျိုးဆိုရင် အခုလို ဟင်းတစ်မယ်ထဲနဲ့ ထမင်းစားလို့ မြိန်စေတဲ့ ကြက်သားကိုက်လံ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကိုက်လံ - ၇ပင်
  2. ပြုပ်ထားသော ကြက်ရင်ပုံသား - အနေတော် တစ်တုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. နာနတ်ပွင့် - တစ်ပွင့်
  5. လေးညှင်း - တစ်ပွင့်
  6. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  11. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  1. ကိုက်လံကို အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင်ဆေး၍ ရေစစ်ထားပါ
  2. ပြုပ်ထားသော ကြက်သားကို အသားနွှင်ထားပါ
  3. နာနတ်ပွင့် လေးညှင်း ဆား သကြား ဆီ ငရုတ်ကောင်းနှင့် နနွင်းမှုန့်တို့ကို ပြင်ထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  5. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  6. ဆီအငွေ့ တက်လာတာနဲ့သကြားကို ညိုရောင်သန်းလာအောင် ကြော်ပေးပါ
  7. ပြီးတာနဲ့ လေးညှင်း နာနတ်ပွင့်နှင့် ကြက်သွန်ဖြူတို့ကို နွမ်းရုံလေး ထည့်ကြော်ပါ
  8. ပြီးတာနဲ့ ရေစစ်ထားသော ကိုက်လံများ ပဲငံပြာရည်နှင့် ကြက်သားကိုများ​ထည့်ပြီး ဆားထည့်မွှေပါ
  9. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရွက်မှ ထွက်လာသော အရည်များ မခမ်းခင် အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်းမှုန့် ဖြူးပြီး စားသုံးနိုင်ပါပြီ။

Wednesday 18 July 2018

ထိုင်းစတိုင်လ် ခရမ်းသီး ကြက်သားဟင်း


ခရမ်းကြွတ်သီးလေးတွေ ရလာတော့ ဘယ်လိုချက်စားရင် ကောင်းမလဲ စဉ်းစားနေရင်းက ထိုင်းဆိုင်မှာ စားဖူးခဲ့တဲ့ ခရမ်းကြွတ်သီး ကြက်သားဟင်း စပ်စပ်မွှေးမွှေးလေးကို သတိရမိတာနဲ့ ထိုင်းစတိုင်လ်လေးဘဲ ချက်လိုက်ပါတယ်။

မာမာက အစပ်စားတဲ့အတွက် ငရုပ်သီးအစပ်ကို ပိုထည့်ထားပါတယ် အစပ်မစားနိုင်ရင်တာ့ ငရုတ်သီးစိမ်းကို လျှော့ထည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းကြွတ်သီး - 250 g
  2. ကြက်ရင်ပုံသား - 500 g
  3. မညက်တညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ညက်နေအောင် ထောင်းထားသော ငရုတ်သီးစိမ်း - ဆယ်တောင့်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. brown sugar - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  8. lime leaves - နှစ်ရွက်
  9. ပင်စိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  12. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  13. အုန်းနို့ - 1 1/2 cups

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာပြတ်အောင်လှီးပြီး ထက်ဝက်ခြမ်းကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သားကို အတုံးလိုက် ရေဆေးကာ ခပ်ပါးလေးတွေ လှီးထားပေးပါ
  • ပါဝင်ပစ္စည်းများ ပြင်ထားပါ
  • ဇောက်နက်သောအိုးကို အပူပေးပြီး ဆီထည့်ကာ brown sugarကို အရင်ဆုံး ပျော်သွားအောင် ထည့်ကြော်ပေးပါ
  • သကြားများ အရည်ပျော်လာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ lime leave ပင်စိမ်းရွက်  ငရုတ်သီးစိမ်းထောင်း ဆား  ငရုတ်သီး အရောင်တင်မှုန့်နှင့် နနွင်းမှုန့်များကိုထည့်ပြီး ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ သင်းလာတာနဲ့ ကြက်သားထည့်ပြီး မွှေပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အသားကျက်အောင် တည်ပေးပါ
  • ရေမခမ်းခင် လှီးထားသော ခရမ်းကြွတ်သီးများနှင့် အုန်းနို့တို့ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး ခရမ်းသီး မနူးသေးပါက ရေနွေးပူပူ အနည်းငယ် ထည့်ပေးပြီး အထက်အောက် သမသွားအောင် အိုးကိုလှုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • အရသာ အနေတော် ဖြစ်ပါက အရည်အနည်းငယ်ချန်ကာ ပင်စိမ်းရွက်အုပ်ပေးပြီး မီးပိတ်ပေးပါ 
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေး ရအောင်တည်ပေးပြီးတာနဲ့ စပ်ပြီးမွှေးနေသော ခရမ်းသီးနှပ် စပ်စပ်မွှေးမွှေးလေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။