Monday, 23 July 2018

Enoki mushroom အကြွတ်ကြော်











ဒီနေ့တော့ Enoki mushroom လေးတွေကို တန်ပူရာမှုန့်နဲ့ ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ် သတ်သတ်လွတ် စားသူတွေအတွက် အရမ်းအဆင်ပြေစေတဲ့ အကြော်လေးပါ ကြော်ရတာ လွယ်သလောက် စားရတာ အရမ်းကောင်းပါတယ် မှိုလေးတွေလဲ အဆင်သင့် ရှိနေမယ် အချိန်လေးလဲ အားမယ်ဆိုရင်တော့ ကြော်စားကြည့်စေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • Enoki mushroom  -  60g
  • တန်ပူရာမှုန့် - 150 g
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်မရှိတရှိ
  • ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနည်းနည်းချင်းထည့်ကာ ရောပေးပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • ရေကိုတခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ပေးကာ လိုတိုးပိုလျော့ လုပ်ပေးပါ
  • မုန့်နှစ်ခပ်ပြစ်ပြစ် ရအောင်ဖျော်ပေးပါ
  • မှိုဧ။် မလိုအပ်သော အောက်ပိုင်းနေရာကို ဖြတ်ပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  • မှိုကို လက်ညှိုးတချောင်းစာ သာသာ ယူပေးပြီး ဖျော်ထားသာ မုန့်နှစ်ထဲမှာ  နှစ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအားပြင်းပြင်းနဲ့ အပူပေးပါ
  • ဆီပူပြီး ကျက်လာပါက မီးကိုအလယ်လောက်အထိ လျှော့ပေးပြီးမှ မှို မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • မီးအရမ်း များပါက အထဲမှ မှိုများမကျက်ဘဲ ပျော့ပြဲကြီး ဖြစ်နေတတ်ပါတယ်
  • ကြော်နေစဉ် တစ်ဖက်က ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မှိုကြော် ကြွတ်ကြွတ်ရွရွ ချိုချိုလေးကို ဆလတ်ရွက် နှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ကာ သုံးဆောင်လို့ရပါပြီ။

No comments:

Post a Comment