Wednesday, 18 July 2018

ထိုင်းစတိုင်လ် ခရမ်းသီး ကြက်သားဟင်း


ခရမ်းကြွတ်သီးလေးတွေ ရလာတော့ ဘယ်လိုချက်စားရင် ကောင်းမလဲ စဉ်းစားနေရင်းက ထိုင်းဆိုင်မှာ စားဖူးခဲ့တဲ့ ခရမ်းကြွတ်သီး ကြက်သားဟင်း စပ်စပ်မွှေးမွှေးလေးကို သတိရမိတာနဲ့ ထိုင်းစတိုင်လ်လေး ချက်လိုက်ပါတယ်ဒ

မာမာက အစပ်စားတဲ့အတွက် ငရုပ်သီးအစပ်ကို ပိုထည့်ထားပါတယ် အစပ်မစားနိုင်ရင်တာ့ ငရုတ်သီးစိမ်းကို လျှော့ထည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ခရမ်းကြွတ်သီး - 250 g
  • ကြက်ရင်ပုံသား - 500 g
  • မညက်တညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ညက်နေအောင် ထောင်းထားသော ငရုတ်သီးစိမ်း - ၁၀တောင့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • brown sugar - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • lime leaves - ၂ရွက်
  • ပင်စိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  • အုန်းနို့ - 1 1/2 cups
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာပြတ်အောင်လှီးပြီး ထက်ဝက်ခြမ်းကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သားကို အတုံးလိုက် ရေဆေးကာ ခပ်ပါးလေးတွေ လှီးထားပေးပါ
  • ပါဝင်ပစ္စည်းများ ပြင်ထားပါ
  • ဇောက်နက်သောအိုးကို အပူပေးပြီး ဆီထည့်ကာ brown sugarကို အရင်ဆုံး ပျော်သွားအောင် ထည့်ကြော်ပေးပါ
  • သကြားများ အရည်ပျော်လာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ lime leave ပင်စိမ်းရွက်  ငရုတ်သီးစိမ်းထောင်း ဆား  ငရုတ်သီး အရောင်တင်မှုန့်နှင့် နနွင်းမှုန့်များကိုထည့်ပြီး ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ သင်းလာတာနဲ့ ကြက်သားထည့်ပြီး မွှေပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အသားကျက်အောင် တည်ပေးပါ
  • ရေမခမ်းခင် လှီးထားသော ခရမ်းကြွတ်သီးများနှင့် အုန်းနို့တို့ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး ခရမ်းသီး မနူးသေးပါက ရေနွေးပူပူ အနည်းငယ်ထည့်ပေးပြီး အထက်အောက် သမသွားအောင် အိုးကို လှုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • အရသာ အနေတော် ဖြစ်ပါက အရည်အနည်းငယ်ချန်ကာ ပင်စိမ်းရွက်အုပ်ပေးပြီး မီးပိတ်ပေးပါ 
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေး ရအောင်တည်ပေးပြီးတာနဲ့ စပ်ပြီးမွှေးနေသော ခရမ်းသီးနှပ် စပ်စပ်မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment