Friday, 6 July 2018

Orange juce







အသီးအရွက်ဖျော်ရည်လေးတွေ လတ်လတ်ဆတ်ဆတ်ဖျော်ပြီး သောက်ချင်စိတ်ပေါ်တိုင်း အိမ်မှာဘဲ ဖျော်သောက်ရတာကို ပိုပြီးနှစ်သက်မိပါတယ် ဒါကြောင့်မို့ ဒီနေ့တော လွယ်​ကူမြန်​Orange juce ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  • လိမော်သီး - ခပ်ကြီးကြီး နှစ်လုံး
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ရေ - 1 cup
  • ရေခဲတုန်း - 1cup
  • ဘလင်ဒါ
ပြင်ဆင်ပုံ
  1. လိမော်သီးကို အခွံခွာပြီး ဘေးဘက်မှာ ကပ်နေသော အဖြူအဖတ်လေးများ စင်အောင် ခွာပေးပါ
  2. အသားထဲမှ အစေ့များထုတ်ကာ အနေတော် အတုံးလေးတွေ တုံးပေးထားပါ
  3. သကြား ရေနှင့် ရေခဲတုန်းတို့ကို ပြင်ထားပါ
  4. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲတုန်း ရေ သကြားနှင့် လိမော်သီးတို့ကို ဘလင်ဒါထဲ ထည့်ပေးပါ
  5. အားလုံးကို ကျေပြီးသမသွားအောင် ကြိတ်ပေးပါ
  6. ပြီးတာနဲ့ သန့်ရှင်းလတ်ဆတ်သော Orange juce ကို မိမိနှစ်သက်သော ဖန်ခွက်ထဲ ထည့်ပေးကာ ရွှေရင်အေးမြသွားအောင် ​သောက်​သုံးနိုင်ပါပြီ။

No comments:

Post a Comment