Thursday, 12 July 2018

ကြက်သားဒံပေါက်

 ကြက်သားဒံပေါက်

 လေးညှင်း ဖာလာ သစ်ဂျပိုးခေါက် ကရဝေးရွက် 
စမုံစပါးစေ့ နာနတ်ပွင့် နံနံစေ့

ကြက်သွန်နီကြော် ကြက်သွန်ဖြူထောင်း 
ငရုတ်သီးအရောင်တင်မှုန့် နနွင်းမှုန့် ဆား 
ချင်းထောင်း ငရုတ်သီးစိမ်း ပူစီနံ နံနံပင်

ဒိန်ချဉ် သံပုရာရည် ဆီ

ကြက်သားနှင့် ပါဝင်ပစ္စည်းများ

 အားလုံးကို အရသာဝင်အောင် ရောနယ်ပေးပါ

 အရသာနယ်ထားသော ကြက်သားဇလုံကို
cling wrap နှင့် လုံအောင်ပိတ်ပြီး 
ရေခဲသေတ္တာထဲမှာ တညသိပ် ထားပေးပါ

 နောက်နေ့မနက် ချက်ရန် အသင့်ဖြစ်နေသော 
အရသာနယ်ထားသော ကြက်သား

အရသာနယ်ထားသော ကြက်သားကို 
အိုးထဲထည့်ပြီး ၅မိနစ်လောက် တည်ပေးထားပါ

 basmati ဆန်

 ဆန်ကိုရေဆေးပြီး နာရီဝက်လောက်ရေစိမ်ထားပါ

ghee ထောပါတ်

ထမင်းတဝက် ချက်ရန်အတွက် လေးညှင်း
ghee ထောပါတ် ဖာလာ ငရုတ်ကောင်းစေ့
ကရဝေးရွက် ဆား 

 ရေကို ပွက်ပွက်ဆူအောင်တည်ပြီး လေးညှင်း
ghee ထောပါတ် ဖာလာ ငရုတ်ကောင်းစေ့
ကရဝေးရွက် ဆားတို့ထည့်ကာ ၂မိနစ်လောက်
တည်ပေးပါ

 ပြီးတာနဲ့ ရေစိမ်ထားသောဆန်ကို ရေစစ်ပြီး 
ထည့်ပေးကာ အဖုံးမအုပ်ဘဲ ၅မိနစ်ခန့် တည်ပေးပါ

 ၅မိနစ်ပြည့်တာနဲ့ အပေါက်ခပ်စိတ်စိတ်ပါသော 
ဇကာထဲလောင်းချကာ ရေစစ်ပေးပါ

food colouring

 တဝက်ကျက်အောင် ချက်ထားသော ဆန် နွားနို့
 ကြက်သွန်နီကြော် ဆီ စပျစ်သီးခြောက်နှင့်
food colour

အနည်းငယ်ကျက်အောင် ချက်ထားသော ကြက်သား

ချက်ထားသော ကြက်သားပေါ်မှာ 
တဝက်ကျက်အောင်ချက်ထားသော ထမင်းကို
 အနည်းငယ်ချန်ပြီး ဖြန့်တင်ပေးပါ

ထမင်းပေါ်မှာ ဆီ နွားနို့ စပျစ်သီးခြောက်နှင့် 
ကြက်သွန်ကြော်များ ဖြန့်ခင်းပေးပါ

စပျစ်သီးခြောက်အပေါ်မှာ ချန်ထားသော 
ထမင်းကို ဖြန့်ခင်းပေးပြီး food colourကို
 ရေထမင်းစားဇွန်း လေးဇွန်းနှင့်ရောကာ 
ထမင်းပေါ်မှာ ဇွန်းနှင့်ဖြန့်လောင်းပေးပါ

ထောပါတ်

ထမင်းအပေါ်မှာ ထောပါတ်တုံးလေးများ တင်ပေးပါ

 ချက်မည့်အိုးကို လေလုံစေရန် aluminum foil နှင့်
လုံအောင်ဖုံးပေးပြီး အပေါ်မှ အိုးအဖုံးကို ထပ်ဖုံးပေးပါ
 အောက်ခြေမကပ်စေရန် ချက်မည့်အိုးအောက်ဖက်
မှ အိုးအသားထူသော ဒယ်အိုးပြား တလုံးကိုခံကာ
 ဒံပေါက်ချက်ရန် မီးဖိုပေါ်တင်ပေးပါ

ဒံပေါက်ချက်စဉ် အရင်ဆုံး မီးအားခပ်ပြင်းပြင်းနဲ့ 
၅မိနစ်ခန့် တည်ပေးပါ ပြီးတာနဲ့ မီးကို
နံပါတ်၂လောက်အထိလျှော့ပေးကာ
 နာရီဝက်သာသာ တည်ပေးပါ ပြီးတာနဲ့ 
မီးပိတ်ပေးပြီး လက်ကျန်အပူရှိန်နှင့် 
၁၅မိနစ်ခန့် နှပ်ပေးထားပြီးရင် ရပါပြီ 

 ဒံပေါက်ထမင်းကို ဘေးဘက်မှ ဇောက်ချပြီး ခူးပေးပါ

 ဒံပေါက်ထမင်း ရပါပြီ

အအီပြေ သံပုယိုသီးသနပ်

 ပဲနီလေးဟင်းချို

ဒံပေါက်နှင့် တွဲဖက်စားရန် မုံလာဥနီ 
ဂေါ်ဖီ ပူစီနံနှင့် ငရုတ်သီးစိမ်း

သမီးငယ်လေး အိမ်ခနပြန်လာတုန်း သူစားချင်တာလေးတွေ တမျိုးပြီးတမျိုး မရိုးရအောင် ချက်ကျွေးတဲ့အထဲက ဒီနေ့တော့ ကြက်သားဒံပေါက် ချက်ကျွေးဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ဒံပေါက်ထမင်း ၆ပွဲစာ ချက်ရန် လိုအပ်သောပစ္စည်းများ  
  • Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၆ဗူး
  • ရေ - ၃.၄လီတာ 
  • ghee ထောပါတ် - ထမင်းစားဇွန်း ၂ဇွန်း
  • ကရဝေးရွက် - ၄ရွက်
  • ဖာလာစေ့ - ၄စေ့
  • လေးညှင်း - ၆ပွင့်
  • ငရုတ်ကောင်း - ၆စေ့
  • ဆား - လက်ဖက်ရည်ဇွန်း ၆ဇွန်း

ထမင်းချက်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ရေကိုဆူအောင်တည်ပြီး ဆား ghee ထောပတ် ကရဝေးရွက် ဖာလာစေ့ ငရုတ်ကောင်းစေ့တို့ထည့်ပြီး နှစ်မိနစ်လောက် ဆူအောင်ထားပါ
  • နှစ်မိနစ်ပြည့်တာနဲ့ဆန်ထည့်ကာ မီးအားပြင်ပြင်းနဲ့ ဆူအောင် ဆက်တည်ပါ
  • ဆန်တ၀က်ကျက်ဖို့ ငါးမိနစ်လောက် တည်ပြီးတာနဲ့ အပေါက်စိတ်သော ဇကာထဲ သွန်ချပြီး ရေစစ်ထားပါ
ကြက်သွန်နီကြော်ရန်
  • ဆီ လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံးစာ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်
  • ကြက်သွန်နီ ခက်ကြီးကြီး နှစ်လုံး
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါလှီးထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ပါ ပြီးတာနဲ့ လှီးထားသော ကြက်သွန်နီကို ရွှေဝါရောင်သန်းလာအောင် ကြော်ပြီး ဆယ်ထားပါ

ကြက်သားဟင်းချက်ရန် လိုအပ်သောပစ္စည်းများ
  • ကြက်ပေါင် - တစ်ကီလို
  • ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၃ဇွန်းခန့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ချင်း - တစ်လက်မကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကရဝေးရွက် - ၄ရွက်
  • ဖာလာစေ့ -  ၄စေ့
  • လေးညှင်း - ၄ပွင့်
  • သစ်ဂျပိုးခေါက် - တလက်မခွဲခန့် နှစ်ချောင်း
  • ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  • ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၁၄ဇွန်းခန့်
  • ငရုတ်သီး အရောင်တင်မှုန့်-  လက်ဖက်ရည်ဇွန်း သုံးဇွန်း
  • အားလုံးကို ဇလုံတလုံးထဲမှာထည့်ပြီး အရသာဝင်အောင်နယ်ပေးပြီး cling wrap နှင့် လုံအောင်ပိတ်ပြီး ရေခဲသေတ္တထဲမှာ ၁၂နာရီခန့် နှပ်ထားပေးပါ
  • နောက်နေ့မနက်မှာ အရသာနယ်ထားသော ကြက်သားကို အိုးတလုံးထဲထည့်ပြီး တဝက်ကျက်အောင် ချက်ထားပေးပါ

ဒံပေါက်ချက်ရန် ပါဝင်ပစ္စည်းများ

  • ရေစစ်ထားသော တ၀က်ကျက်ထားသည့် ထမင်း
  • တဝက်ကျက်အောင် ချက်ထားသော ကြက်သား
  • စပျစ်သီးခြောက် - လက်ဖက်ရည်အကြမ်းကန်းကန်လုံး တလုံး
  • food colouring (Yellow) - လေးစက်ခန့်
  • အရောင်ရေရောရန် ရေ - ထမင်းစားဇွန်း၎ဇွန်း
  • နွားနို့ - ထမင်းစားဇွန်း ၄ဇွန်း  
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  • ထောပါတ်ခဲ - တလက်မခန့်
ပြင်ဆင်ပုံ
  • အောက်ခြေမကပ်ဘဲ အိုးဖင်ထူသော အိုးထဲမှာ ချက်ထားသော ကြက်သားကို ဖြန့်ထည့်ပါ
  • ပြီးလျှင် ထိုဟင်းပေါ်မှာ တ၀က်ကျက်ထားသော ထမင်းကို အနည်းငယ်ချန်ကာ  ဖြန့်ပြီးထည့်ပေးပါ 
  • ထမင်းအပေါ်မှာ ဆီနှင့် နွားနို့ကို ဖြန့်ပြီး ထည့်ပေးပါ
  • ကြက်သွန်ကြော် ထမင်းစားဇွန်း ၃ဇွန်းနှင့် စပျစ်သီးခြောက်ကို ဖြန့်ထည့်ပြီး ထိုအပေါ်မှာ ထမင်းအနည်းငယ် ဖြန့်ခင်းပေးပါ
  • ထမင်းအပေါ်မှာ food colouring ကို ရေ ထမင်းစားဇွန်း ၄ဇွန့်နှင့်ရောမွှေကာ ထမင်းပေါ်မှာ ဇွန်းနှင့်ခပ်ပြီး  ဖြန့်လောင်းပေးပါ
  • ထောပါတ်တုံးကို လေးတုံးရအောင် လှီးပေးကာ ထမင်းအပေါ်မှာ တင်ပေးပါ
  • ပြီးတာနဲ့ လေလုံအောင် aluminum foil တထပ်ဖုံးပြီး အိုးအဖုံးကို ထပ်ဖုံးပေးပါ
  • မီးအားပြင်းပြင်းနဲ့ အပူပေးထားသော ဒယ်ပြားပေါ်မှာ ထမင်းအိုးကိုတင်ပြီး ၅မိနစ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ မီးကို နံပါတ် ၂လောက်ထိလျှော့ပြီး နာရီဝက်လာက် ဆက်ပြီးနှပ်ထားပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး ၁၅မိနစ်လောက် မီးဖိုပေါ်မှာ ဆက်နှပ်ထားပြီးရင် ဒံပေါက်ထမင်း မွှေးမွှေးလေး ရပါပြီ 
  • ဒံပေါက်ထမင်းကို သံပုယိုသီးသနပ် ဂေါ်ဖီ မုံလာဥနီ ပူစီနံ ငရုတ်သီးစိမ်း ပဲနီလေးဟင်းချိုတို့နှင့် စားသုံးရန် ပြင်ဆင်ပေးနိုင်ပါပြီ။

No comments:

Post a Comment