Thursday 19 July 2018

ကြက်သား ကိုက်လံကြော်


တခါတလေ အချိန်မရတဲ့ အခါမျိုးတို့ ဟင်းအမယ်စုံအောင် မချက်ချင်တဲ့ နေ့မျိုးဆိုရင် အခုလို ဟင်းတစ်မယ်ထဲနဲ့ ထမင်းစားလို့ မြိန်စေတဲ့ ကြက်သားကိုက်လံ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကိုက်လံ - ၇ပင်
  2. ပြုပ်ထားသော ကြက်ရင်ပုံသား - အနေတော် တစ်တုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. နာနတ်ပွင့် - တစ်ပွင့်
  5. လေးညှင်း - တစ်ပွင့်
  6. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  11. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  1. ကိုက်လံကို အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင်ဆေး၍ ရေစစ်ထားပါ
  2. ပြုပ်ထားသော ကြက်သားကို အသားနွှင်ထားပါ
  3. နာနတ်ပွင့် လေးညှင်း ဆား သကြား ဆီ ငရုတ်ကောင်းနှင့် နနွင်းမှုန့်တို့ကို ပြင်ထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  5. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  6. ဆီအငွေ့ တက်လာတာနဲ့သကြားကို ညိုရောင်သန်းလာအောင် ကြော်ပေးပါ
  7. ပြီးတာနဲ့ လေးညှင်း နာနတ်ပွင့်နှင့် ကြက်သွန်ဖြူတို့ကို နွမ်းရုံလေး ထည့်ကြော်ပါ
  8. ပြီးတာနဲ့ ရေစစ်ထားသော ကိုက်လံများ ပဲငံပြာရည်နှင့် ကြက်သားကိုများ​ထည့်ပြီး ဆားထည့်မွှေပါ
  9. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရွက်မှ ထွက်လာသော အရည်များ မခမ်းခင် အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်းမှုန့် ဖြူးပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment