Thursday, 30 April 2020

မန်ကျည်းသီးစိမ်း ငါးပိချက်


မန်ကျည်းသီးစိမ်းလေးတွေ ပေါ်လာပြန်ပြီမို့လို့ ဒီနေ့တော့ ငါးပိချက်လေး ချက်ပါအုံးမယ် စားမြိန်ဟင်းလေး တစ်မယ် ဖြစ်တာကြောင့် ဆီပြန်ဟင်းတွေ မလိုတဲ့အတွက် ဒီတစ်မယ်ထဲနဲ့ဘဲ စားပါမယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မန်ကျည်းသီးစိမ်း - အနေတော် ၁၅၀တောင့်လောက်
  2. ပုဇွန် - နှစ်ဆယ်သား
  3. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး (ခပ်ပါးပါးလှီးရန်)
  4. ကြက်သွန်နီ - အနေတော် နှစ်လုံး (ထောင်းရန်)
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း လေးဇွန်း
  7. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ခြောက်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ဆီ - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်း 
ပြင်ဆင်ပုံ
  • မန်ကျည်းသီးစိမ်း အခွံမှာ ကပ်နေသော အညိုရောင် အပေါ်ယံများ ကျွတ်သွားအောင် ဓါးနှင့် ခြစ်ပေးပါ။
  • မန်ကျည်းသီးစိမ်းက အနည်းငယ် ရင့်တဲ့အတွက် အစေ့များထုတ်ရန် ထက်ခြမ်းခြမ်းကာ အစေ့များ ထုတ်ပေးပါ။
  • ပြီးတာနဲ့ ရေသုံးထပ်လောက်ဆေးပြီး ရေစစ်ကာ မညက်တညက် ထောင်းပေးထားပါ။
  • ပုဇွန်ကို ရေဆေးပြီး ခေါင်းဖြုတ်ပြီး ကြောဖက်မှ အမည်းကြောင်းကို ဖယ်းထားပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရဆေးထားပါ။
  • ကြက်သွန်နီ နှစ်လုံးသို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • ငရုတ်သီးမှုန့်ကို ပြင်ထားပါ။
  • ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်တို့ကို ရောပြီး ထောင်းပေးပါ။
  • နနွင်းမှုန့် ဆီ ငံပြာရည် အရသာမှုန့်တို့ကို ပြင်ထားပါ။
ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့် ထည့်ပေးပါ။
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းအောင်ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ကြော်ပေးပါ။
  • ငရုတ်သီးနံ့သင်းလာတာနဲ့ ပုဇွန်များကို ထည့်မွှေပေးပါ။
  • ပုဇွန်များ မာလာတာနဲ့ ငံပြာရည်နှင့်အရသာမှုန့်ကိုထည့်မွှေပေးပါ။
  • ပြီးတာနဲ့ ထောင်းထားသော မန်ကျည်းသီးစိမ်းကို ထည့်မွှေပေးပြီး ၅မိနစ်လောက် ကြော်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ။
  • ရေခမ်ုးပီး ဆီမပြန်ခင်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။
  • အရသာ မြည်းပြီးတာနဲ့ဆီပြန်ပြီး အနည်းငယ်ေ ခြောက်လာအောင် မီးအေးအေးနဲ့ တည်ပေးပါ။
  • ပြီးတာနဲ့ငရုတ်သီးစိမ်းလေးတွေ ထည့်မွှေပေးကာ မီးပိတ်ပေးပါ။
  • ချဉ်ငံစပ်မွှေး မန်ကျည်းသီးစိမ်း ငါးပိချက်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

ငါးမြင်းဗိုက်သား ငါးပိရည်ချက်


ဒီနေ့တော့ အဆီများတဲ့ ငါးမြင်းဗိုက်သားလေးတွေ  ဝယ်လာပြီး အအီပြေရလေအောင် ချဉ်ချဉ်ငံငံစပ်စပ် အရသာလေး ရလေအောင် ငါးပိရည်ကျိုလေးနဲ့ ငါးပိချက်ယောင်ယောင်လေး ချက်ပါတယ် တို့စရာ အစုံနဲ့ ထမင်းစားရမှာမို့လို့ ထမင်းတော့ မြိန်အုံးမှာ သေချာပါတယ် ဒါကြောင့်မို့လို့ မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ


  1. ငါးမြင်းဗိုက်သား - သုံးဆယ်သားခန့်
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငါးပိရည် ကျိုပြီးသား - ထမင်းစားဇွန်း ဆယ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  11. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  12. ခရမ်းချဉ်သီး - အနေတော် ငါးလုံး
ပြင်ဆင်ပုံ

  • ငါးမြင်းဗိုက်သားကို ရေစင်အောင် ဆေးပေးပြီး ခပ်ကြီးကြီး တုံးပေးပါ
  • တုံးပြီးသားငါးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဟင်းချက်ရန် ပါဝင်သောပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူ နှင့် တို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့်တ်ု့ ရောပြီးထောင်းထားတာတို့ကို ထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့မွှေးလာပါက ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အခွံများ လိပ်လာတဲ့အထိ ချက်ပေးပါ
  •  ခရမ်းချဉ်သီး အခွံများ လိပ်လာတာနဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတစ်ခမ်း အချိန်မှာ ကျိုထားသော ငါးပိရည်ကို ထည့်မွှေပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပါ
  • ငါးမြင်းဗိုက်သား ငါးပိရည်ကျို ချိုချဉ်ငံစပ် အရသာလေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် တို့စရာ အစုံတို့ဖြင့်  ပြင်ပေးနိုင်ပါပြီ။

က ကတစ်ငါး ငါးပိချက်


ဒီနေ့တော့ က ကတစ်ငါးတစ်ကောင် ဝယ်လာပြီး ငါးပိရည်ကျိုလေးနဲ့ ချဉ်ငံစပ် ငါးပိချက်ယောင်ယောင်လေး ချက်ပါတယ် တို့စရာ အစုံနဲ့ ထမင်းစားရမှာမို့လို့ ထမင်းတော့ မြိန်အုံးမှာ သေချာပါတယ် ဒါကြောင့်မို့လို့ မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ


  1. က ကတစ်ငါး - အကောင်ကြီးကြီး တစ်ကောင်
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးပိရည် ကျိုပြီးသား - ထမင်းစားဇွန်း ဆယ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  12. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  13. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  14. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
ပြင်ဆင်ပုံ

  • က ကတစ်ငါးကို အကြေးခွံထိုးပြီး မလိုတာတွေ ဖယ်ပေကာ အသားလွှာပေးကာ ထိုငါးအသားလွှာကို ခပ်ကြီးကြီး တုံးပေးပါ
  • အသားလွှာထားသော ငါးတုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • အားလုံးပြီးပါက ငါးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့်တ်ု့ ရောပြီးထောင်းထားတာတို့ကို ထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့မွှေးလာပါက ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အခွံများ လိပ်လာတဲ့အထိ ချက်ပေးပါ
  •  ခရမ်းချဉ်သီး အခွံများ လိပ်လာတာနဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတစ်ခမ်း အချိန်မှာ ကျိုထားသော ငါးပိရည်ကို ထည့်မွှေပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ အုပ်ပေးပါ
  • က ကတစ်ငါး ငါးပိရည်ကျို ချိုချဉ်ငံစပ် အရသာလေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် တို့စရာ အစုံတို့ဖြင့်  ပြင်ပေးနိုင်ပါပြီ။

ငါးပိရည် တောဖျော်


ဒီနေ့တော့ တမာရွက်ပြုပ် တို့စရာလေး ဝယ်လာပြီး ငါးပိရည် တောဖျော်လေးနဲ့ ထမင်းမြိန်မြိန် စားပါမယ် တောဖျော်လို့ ဆိုတဲ့အတိုင်း ငရုပ်သီးမှုန့်ကလွဲရင် ဘာခပ်စရာမှ မပါဘဲ ဖျော်ထားပါတယ် ဒါကြောင့်မို့လို့ လူတိုင်းနီးပါး ဖျော်တတ်တဲ့ ငါးပိရည်တောဖျော် ဖျော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - ငါးကျပ်သား (သုံးဦးစပ်ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါဝင်ပစ္စည်းများ
  1. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ငရုတ်သီး အလှော်မှုန့် ထမင်းစားဇွန်း တစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကိုလဲ ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပါဝင်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

ဘာဆာငါး ငါးငပိရည်ဖျော် မွှေးမွှေးလေး


ဒီတစ်ခါတော့ ဆလတ်ရွက် နုနုလေးတွေ ဝယ်လာပြီးတော့ ငါးပိရည်ဖျော်နဲ့ တို့စားချင်တာနဲ့ ဘာဆာငါးကို ပြုပ်ပြီး ငါးပိရည်ဖျော်လေး ဖျော်လိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ဖျော်ထားတဲ့ ငါးပိရည်ဖျော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက ဇကာစိတ်စိတ်လေးခံပြီး အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။
ဖျော်စရာထောင်းရန် ပါဝင်ပစ္စည်းများ
  1. ဘာဆာငါးပြား - နှစ်ပြား
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် (အနီရောင်နှင့် အစိမ်းရောင် ရောပြီးသုံးပါ)
  3. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  4. နံနံပင် - အနေတော် သုံးပင်ခန့်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ဘာဆာငါးပြားကို ရေဆေးပြီး အိုးတစ်လုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ ပြုပ်ပေးပါ
  • ရေခမ်းတာနဲ့ အအေးခံပြီး ငါးအသားများကို မွှထားပါ
  • ငရုတ်သီးစိမ်းများကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ခရမ်းချဉ်သီးကိုလဲ ရေဆေးကာ အိုးထဲထည့်ပြီး ရေမြုပ်အောင် ထည့်ပေးပါ
  • ပြီးတာနဲ့ ခရမ်းချဉ်သီးများ နူးအိလာတဲ့အထိ ပြုပ်ပေးထားပါ
  • ငရုတ်သီး အလှော်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုလဲ ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပါဝင်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ပြီးတာနဲ့ အအေးခံပြီး တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လိုအပ်တဲ့အချိန် ယူသုံးနိုင်အောင် လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာ ရှိလှတဲ့ ပုဇွန်ထုတ် ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

ငါးမြစ်ချင်း ငါးပိရည်


ဒီတစ်ခါတော့ ငါးမြစ်ချင်းတစ်ကောင် ဝယ်လာပြီး တစ်ဝက်ကို ဟင်းခါးချက်ဖို့ ပြင်လိုက်ကာ တစ်ဝက်ကိုတော့ ငါးပိရည်နဲ့ ရောပြီးကျိုပါမယ် ငါးပိရည်သာ ပါလို့ကတော့ ဟင်းမလိုလောက်အောင်ကို ထမင်းစားလို့ မြိန်စေတာမို့လို့ မာမာပြင်ဆင်ပြီး ကျိုထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက ဇကာစိတ်စိတ်လေးခံပြီး အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါဝင်ပစ္စည်းများ
  1. ငါးမြစ်ချင်း - အနေတော် တစ်ကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် (အနီရောင်ကိုဘဲသုံးပါ)
  3. ကုလားအော် ငရုတ်သီး - ငါးတောင့်
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  5. ကြက်သွန်နီ - အနေတော် သုံးလုံး
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ငါးကို အကြေးခွံထိုးပြီး မလိုတာတွေ ဖယ်ပေးကာ ထက်ဝက်ပိုင်းပေးပြီး ရေစင်အောင် ဆေးပေးပါ
  • ပြီးတာနဲ့ အိုးတစ်လုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ငါးအသား နူးလာတာနဲ့ အရိုးအသား သပ်သပ်စီ ထွင်ပေးပါ
  • အရိုးထွင်ထားသော ငါးတစ်ဝက်ကို ဟင်းခါးချက်ရန် ချန်ထားပြီး ကျန်တစ်ဝက်ကို ငါးပိရည်ကျိုထဲ ထည့်သုံးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံမခွာဘဲ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ အခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ငရုတ်သီးစိမ်းများကိုလဲ  အညှာများချွေ ပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်းများကို မညက်တစ်ညက် ထောင်းပေးထားပါ
  • ကုလားအော် ငရုတ်သီးကိုလဲ ရေဆေးထားပါါ
  • ငရုတ်သီး အလှော်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုလဲ ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပါဝင်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ အရသာ စပ်ထားသော ငါးပိရည်အဖျော်ကို ဆီအိုးထဲ လောင်းထည့်ပေးကာ ပွက်ပွက်ဆူအောင် ကျိုပေးပါ
  • ပြီးတာနဲ့ အအေးခံပြီး တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လိုအပ်တဲ့အချိန် ယူသုံးနိုင်အောင် လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာ ရှိလှတဲ့ ငါးမြစ်ချင်း ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

ပုဇွန်ထုတ် ငါးပိရည်ဖျော်


ဒီနေ့တော့ ပုဇွန်ထုတ်တွေ ဝယ်လာပြီး အမျိုးစုံအောင် ကြိုးခုံရပါတော့မယ် ဒီတစ်ခါတော့ ပုဇွန်ထုတ်တွေကို အခွံခွာပြီး ငါးပိရည်နဲ့ရောပြီး ချက်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက ဇကာစိတ်စိတ်လေးခံပြီး အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါဝင်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ဆယ်ကောင်ခန့်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် (အနီရောင်နှင့် အစိမ်းရောင် ရောပြီးသုံးပါ)
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. နံနံပင် - အနေတော် သုံးပင်ခန့်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံမခွာဘဲ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ အခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ပုဇွန်ကိုလဲ ရေဆေးကာ အခွံ ခေါင်းနှင့် ကျောဘက်မှခွဲကာ အမည်းကြောင်းကို ထုတ်ပေးထားပါ
  • ငရုတ်သီးစိမ်းများကိုလဲ  အညှာများချွေ ပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်းများကို မညက်တစ်ညက် ထောင်းပေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီး အလှော်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုလဲ ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပုဇွန်မှလွဲပြီး ပါဝင်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ပုဇွန်ထုတ်ကို သုံးမိနစ်ခန့် ထည့်ပြီး ကြော်ပေးပါ
  • ပုဇွန်ကြော်လို့ ပြီးတာနဲ့ အရသာ စပ်ထားသော ငါးပိရည်အဖျော်ကို ပုဇွန်ကြော်ထဲ လောင်းထည့်ပေးကာ ပွက်ပွက်ဆူအောင် ကျိုပေးပါ
  • ပြီးတာနဲ့ အအေးခံပြီး တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လိုအပ်တဲ့အချိန် ယူသုံးနိုင်အောင် လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာ ရှိလှတဲ့ ပုဇွန်ထုတ် ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Wednesday, 29 April 2020

BUFFALO CHICKEN WINGS

















ဒီနေ့တော့ ကြက်သားကို ချက်လိုက် ပြုပ်လိုက် ရိုးရိုးကြော်လိုက်နဲ့ ရိုးသလို ဖြစ်လာတဲ့အတွက် Buffalo chicken wings ကြော်လေး ကြော်လိုက်ပါတယ် စားလို့အရမ်း ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ကြက်သားအရသာနယ်ရန်

  1. ကြက်တောင်ပံ - ကီလိုဝက်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. သံပုယိုသီး အရည် - ထမင်းစားဇွန်း နှစ်ဇွန်း
ဂျုံမှုန့် အရသာနယ်ရန်
  1. ဂျုံမှုန့် - ခွက်တစ်ဝက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  2. ပြောင်းကော်မှုန့် - ခွက်တစ်ဝက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  3. Baking powder - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. Garlic powder - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဟင်းချက်ရန် ပါဝင်
  1. ထောပါတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  3. Ketchup - ခွက်တစ်ဝက် (မုန့်လုပ်ရာတွင် ချင်သောခွက်)
  4. ငရုတ်ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  5. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်သား ဆား ငရုတ်ကောင်းမှုန့်နှင့် သံပုယိုသီး အရည်တို့ကို ရောပြီး အရသာဝင်အောင် နယ်ပေးထားပါ
  • နောက်ထပ် ဇလုံတစ်လုံးထဲမှာ ဂျုံမှုန့် ပြောင်းကော်မှုန့် baking powder ဆား ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူမှုန့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောမွှေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အရသာ နယ်ထားသော ကြက်သားကို အရသာ နယ်ထားသော ဂျုံမှုန့်ထဲမှာ တစ်ခုချင်း လူးပေးပါ
  • ကြက်သားမှာ ဂျုံမှုန့်များ လူးပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအလယ်လောက်ထိ လျှော့ပေးပြီးမှ ကြက်သားတုံးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြက်သားကြော်နေစဉ် ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
  • ဆီစစ်သလောက် ဖြစ်တာနဲ့ နောက်တစ်ခါ ဆီအိုးပူပူထဲမှာ ထည့်ပြီးကြော်ပေးပါ
  • ကြက်ကြော်များ ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီး နောက်တစ်ကြိမ် ဆီစစ်ပေးပါ
  • ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးပေးထားပါ
  • နောက်ထပ်ဒယ်အိုးတစ်လုံကို အပူပေးပြီး အိုးထဲမှာ ထောပါတ်ကိုထည့်ပြီး ပျော်သွားအောင် မွှေပေးပါ
  • ထောပါတ်ပျော်သွားတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူနံ့ သင်းလာတာနဲ့ ketchup ငရုတ်သီး အရောင်တင်မှုန့် သကြားနှင့် ပဲငံပြာရည်တို့ ထည့်ပြီး အရသာ သမအောင် မွှေပေးပါ
  • အရသာ သမသွားတာနဲ့ ကြော်ပြီးဆီစစ်ထားသော ကြက်သားများကို ထည့်မွှေပေးပါ
  • အနှစ်များ တော်တော်လေး ခမ်းလာတာနဲ့ မီးပိတ်ပေးပြီး သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Tuesday, 28 April 2020

ကြက်သား အစိမ်းကြော်


အခုရက်ထဲ ရာသီဥတုကလဲ မတည်ငြိမ်သေးသလို တောမီးတွေကလဲ ဟိုတစ်ကွက် ဒီတစ်ကွက် လောင်နေဆဲမို့လို့ ထွေလီကာလီတွေလဲ သိပ်မချက်ဖြစ်ပြန်ပါဘူး။

ဒီနေ့တော့ ထမင်းပူပူ ဟင်းပူပူလေး စားရလေအောင် ကြက်သားပဲသီး အစိမ်းကြော်လေး ကြော်ဖြစ်တာနဲ့ မာမာကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 100 g
  2. ပဲတောင့်ရှည် - ဆယ်တောင့်ခန့်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. တရုတ်မုန့်ညှင်းဖြူ - သုံးဖတ်ခန့်
  5. ကြက်သွန်နီ  - အနေတော် တစ်ဥ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ

ကြက်သားအရသာနယ်ရန်

  1. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ပြောင်းကော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  1. ကြက်သားကို အတုံးလိုက် ရေဆေးပြီး ပုံပါအတိုင်း အမြှောင်းလေးတွေလှီးကာ အရသာ နယ်ထားပါ
  2. ပဲတောင့်ရှည်ကို ရေဆေးကာ ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
  3. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  4. တရုတ်မုန့်ညှင်းဖြူကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  5. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အဖတ်လေးတွေ ရလာအောင် လှီးထားပါ
  6. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  7. ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  8. ဆီပူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထဲ့ကြော်ပေးပါ
  9. ကြက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထဲ့ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  10. အိုးထဲမှာ ရေခမ်းသွားပြီး ဆီပြန်ထွက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
  11. ကြက်သွန်နွမ်းတာနဲ့ တရုတ်မုန့်ညှင်း မုံလာဥနီ ဆား အရသာမှုန့်နှင့် ပဲသီးတို့ကို ထည့်ကြော်ပါ
  12. အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပါ
  13. အသီးများ နွမ်းလာတာနဲ့ ပဲငံပြာရည်ထည့်ပေးပြီး အရသာ သမအောင် မွှေပေးပါ 
  14. ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  15. အရသာ ပြင်ပြီးတာနဲ့ ကြက်သားကြော် ချိုစိမ့်စိမ့်လေးကို ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိုင်ပါပြီ။

ခေါက်ဆွဲကြော်


ဒီနေ့တော့ ထမင်းမချက်တော့ဘဲ ခေါက်ဆွဲဘဲ ကြော်စားကြပါတယ် အသီးအရွက်တွေ အများကြီးထည့်ပြီး ကြော်ထားတဲ့အတွက် ထမင်းမပါပေမဲ့ ခေါက်ဆွဲကြော် တစ်ပွဲဆိုရင်လဲ ဗိုက်ဝစေတာမို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ခေါက်ဆွဲအစို - ငါးဆယ်သား
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ဘရော့ကိုလီ - ၇ခက်ခန့်
  5. ကြက်သွန်နီ - အနေတော်တစ်ဥ
  6. ကြက်သွန်မိတ် - အပင်ကြီးကြီး နှစ်ပင်
  7. မုံလာဥနီ - အနေတော် တစ်ဥ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  11. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  14. ဆီ - ထမင်းစားဇွန်း ၈ဇွန်းခန့် (ခေါက်ဆွဲကြော်ရန်)
  15. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (ကြက်ဥကြော်ရန်)
  16. ရိုးရိုးရေ - ထမင်းစားဇွန်း ၈ဇွန်း
  17. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  18. ကြက်ဥ - သုံးလုံး
  19. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြက်ဥထဲထည့်ရန်)
  20. အရာသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်ဥထဲထည့်ရန်)
ကြက်ဥကြော်ရန်
  1. ဇလုံတစ်လုံးထဲမှာ ကြက်ဥကို ဖောက်ထည့်ပေးပါ
  2. ကြက်ဥဇလုံထဲမှာ ဆားနှင့် အရသာမှုန့်ကိုထည့်ပြီး ခလောက်ပေးပါ
  3. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ ကြက်ဥများကို ဖြန့်ပြီးထည့်ပေးပါ
  5. တစ်ဖက်ကျက်မှ တစ်ဖက်ကို လှန်ပေးကာ နှစ်ဖက်လုံးကျက်သွားမှ ဆယ်ပြီးပုံပါအတိုင်း ရအောင် ကပ်ကျေးနှင့် ညှပ်ပေးပါ

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
  • ဘရော့ကိုလီကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး တလက်မလောက် အရှည်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အဖတ်လေးတွေ ရလာအောင် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ ကြက်သွန်နီ ပဲသီး ဂေါ်ဖီ မှိုနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆား ခရုဆီ ပဲငံပြာရည်အကျဲနှင့် ရိုးရိုးရေ တစ်ဝက်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသောရေကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ခေါက်ဆွဲကြော် ကျက်တာနဲ့ ခေါက်ဆွဲကြော် အိုးထဲကို  ကြက်သွန်မိတ်နှင့် တရုတ်နံနံကို ထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို ရပါပြီ
  • ခေါက်ဆွဲကြော်ပွဲ ပြင်ပေးပြီးတာနဲ့ ကြော်ပြီးညှပ်ထားသော ကြက်ဥကြော်ကို အပေါ်ယံမှ ဖြူးပေးပြီး စားသုံးနိုင်ပါပြီ။

ကြက်အသည်းအမြစ် အစိမ်းကြော်


ဒီနေ့တော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်လေးတွေ ရလာတာနဲ့ အသီးအရွက်ကြော် ဟင်းလေးတွေ ချက်ဖြစ်ပါတယ် ဒီတစ်ခါတော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့  ကြက်အသည်း အမြစ်လေးနဲ့ အစိမ်းကြော်လေး ကြော်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်အသည်းအမြစ် - ငါးစုံ
  2. ရွှေပဲသီး - ဆယ်တောင့်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ပဲတောင့်ရှည် - ငါးတောင့်
  5. ပန်းဂေါ်ဖီ - အခက်ကြီးကြီး သုံးခက်
  6. ကြက်သွန်နီ - အနေတော် တစ်ဥ
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. နှမ်းဆီ  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  14. ဆား - လက်ဖက်ရည်ဇွန်း သုံးတစ်ပုံ (ကြက်အသည်းအမြစ် အရသာနယ်ရန်)
  15. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်အသည်းအမြစ် အရသာနယ်ရန်)
  16. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်အမြစ်ဆေးရန်)
  17. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း (ကြက်အမြစ်ဆေးရန်)

ပြင်ဆင်ပုံ
  1. ကြက်အသည်းများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားကာ ခပ်ပါးပါး လှီးထားပါ
  2. ကြက်အမြစ်များကို အတွင်းဖက်မှ မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့်နနွင်းမှုန့်တို့ထည့်ကာ ခပ်နာနာ နယ်ပေးပါ
  3. ကြက်အမြစ်ထဲမှ အချွဲများ ထွက်လာအောင် ခပ်နာနာလေး နယ်ပေးကာ ရေငါးထပ်လောက်နှင့် ဆေးပေးပါ
  4. ပြီးတာနဲ့ အမြစ်များကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  5. လှီးထားသော ကြက်အမြစ်နှင့် ကြက်အသည်းတို့ကို ဆား နနွင်းမှုန့် အရသာမှုန့်တို့နှင့် အရသာဝင်အောင် နယ်ထားပါ
  6. ရွှေပဲသီးကို အကြောသင်ပြီး ရေစင်အောင်ဆေးကာ ရေစစ်ထားပါ
  7. ပဲသီးကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  8. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ရှည်ရှည်အမြှောင်းလေးတွေ လှီးထားပါ
  9. ပန်းဂေါ်ဖီကို ရေဆေးကာ အနေတော် လှီးထားပါ
  10. ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး အကွင်းလေးတွေ လှီးထားပါ
  11. ကြက်သွန်ုဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  12. ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  13. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး ပူအောင်တည်ပေးပါ
  14. ဆီပူလာတာနဲ့ အိုးထဲကို အရင်ဆုံး အရသာ နယ်ထားသော ကြက်အသည်းအမြစ်များကို ထည့်ကြော်ပေးပါ
  15. အသည်းအမြစ်ထဲမှ ထွက်လာသော အရည်များ ခမ်းလာတာနဲ့ ဘေးကိုခန တွန်းထားပြီး ကြက်သွန်နှစ်မျိုးလုံးကို ထည့်ကြော်ပေးပါ
  16. ကြက်သွန်အနည်းငယ် နွမ်းလာတာနဲ့ ရွှေပဲသီးမှလွဲပြီး ကျန်အသီးအရွက်များကို ထည့်ကြော်ပေးပါ
  17. နှစ်မိနစ်ခန့် ကြော်ပြီးတာနဲ့ ခရုဆီ နှမ်းဆီ အရသာမှုန့် ပဲငံပြာရည်နှင့် ဆားတို့ကို ထည့်မွှေပါ
  18. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့  အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  19. ပြီးတာနဲ့ ရွှေပဲသီးကိုထည့်ပြီး မွှေပေးကာ မွှေပေးကာ တစ်မိနစ်ခန့် ထားပေးပါ
  20.  ထမင်းပူပူလေးနှင့် စားသုံးရန် အရမ်းကို လိုက်ဖက်လွန်းတဲ့ ကြက်အသည်းအမြစ် အသီးအရွက်ကြော်လေးကို စားသုံးရန်  ပြင်ပေးနိုင်ပါပြီ။

ပဲကြာဇံကြော်


ဒီတစ်ခါတော့ ပဲကြာဇံကြော် ကြော်စားဖြစ်ပါတယ် စားလို့ကောင်းပြီး အရသာ ကောင်းမွန်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲကြာဇံ - တစ်ပွဲစာ (လက်တစ်ဆုပ်စာ)
  2. ကြက်သွန်နီ - တစ်လုံး
  3. ကြက်ဥ - တစ်လုံး
  4. မုန်လာဥနီ - အနည်းငယ်
  5. ပဲတောင့်ရှည် - ငါးတောင့်
  6. ဂေါ်ဖီ - တစ်စိတ်
  7. ရွှေပဲသီး - ဆယ့်ငါးတောင့်
  8. ကြက်သွန်မိတ် - နှစ်ပင်
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. ဆား - အနည်းငယ်
  11. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဟင်းခပ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  14. ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ဆီ - ထမင်းစားဇွန်း - ရှစ်ဇွန်း
  16. နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၅ပုံတစ်ပုံ
ပြင်ဆင်ပုံ

  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ကြီးကြီး အနေအထား တုံးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ရွှေပဲသီးကို အကြောသင်ပြီး ရေဆေးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးပေးပါ
  • ပဲသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်မိတ်ကို လက်တစ်ဆစ်ခန့် လှီးထားပါ
  • ကြဥကို ခလောက်ထားပါ
  • ရေစိမ်ထားသော ပဲကြာဇံ ပျော့လာပါကဆယ်ပြီး ရေစစ်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီကိုထည့်ပါ
  • ပူလာပါကကြက်သွန်ဖြူ နှင့် ကြက်သွန်နီကို မွှေးသွားအောင် အရင်ဆုံး ကြော်ပေးပါ
  • ကြက်သွန်နံ့ မွှေးလာတာနဲ့ ရွှေသီးနှင့် ကြက်သွန်မိတ်မှလွဲပြီး အသီးအရွက်များကို တစ်မိနစ်လောက် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကျက်တာနဲ့ ပဲကြာဇံထည့်ပြီး ငံပြာရည် ဆား ဟင်းခတ်မှုန့် ခရုဆီ ပဲငံပြာရည် တို့ထည့်ကာ သမအောင် မွှေပေးပါ
  • အသီးအရွက်ကြော်စဉ် ထွက်လာသော အရည်ဖြင့် ပဲကြာဇံ ပျော့သွားအောင် ခနထားပေးပါ 
  • ပဲကြာဇံ ပျော့လာပါက အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့နှမ်းဆီ ရွှေပဲသီး ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ်ထည့်ပြီး  အရသာနှံ့အောင် မွှေပေးကာ ပဲကြာဇံကြော်ကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

ဘာဆာငါး ချဉ်ငံစပ် ငါးပိချက်


ဒီနေ့တော့ ဘာဆာငါး အရိုးထွင်ပြီးသားလေးတွေ ဝယ်လာပြီး ချဉ်ငံစပ် ငါးပိချက်ယောင်ယောင်လေး ချက်ပါတယ် တို့စရာ အစုံနဲ့ ထမင်းစားရမှာမို့လို့ ထမင်းတော့ မြိန်အုံးမှာ သေချာပါတယ် ဒါကြောင့်မို့လို့ မာမာချက်တဲ့ နည်းလေးကို မှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - နှစ်ပြား
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  11. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  12. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  13. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
ပြင်ဆင်ပုံ

  • ဘာဆာငါး အသားလွှာကို ခပ်ကြီးကြီး တုံးပေးပါ
  • အသားလွှာထားသော ငါးတုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • အားလုံးပြီးပါက ငါးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့်ငရုတ်သီးအရောင်တင်မှုန့်ထောင်းထားတာတို့ကို ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့မွှေးလာပါက ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အခွံများ လိပ်လာတဲ့အထိ ချက်ပေးပါ
  •  ခရမ်းချဉ်သီး အခွံများ လိပ်လာတာနဲ့ အရသာနယ်ထားသော ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတခမ်း အချိန်မှာ ရေကိုလိုသလောက်ထည့်ပြီး ထည့်မွှေပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်းနှင့် ကြက်သွန်မိတ်တို့ အုပ်ပေးပါ
  • ငါးငပိချက်ဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိုင်ပါပြီ။

ကြက်ဟင်းခါးသီးကြော်



ဒီနေ့တော့ ကြက်ဟင်းခါးသီး အခါးသီးလေးတွေ ဝယ်လာဖြစ်တာနဲ့ အခါးကြိုက်တဲ့ အိမ်သားတွေအတွက် ကြော်ဖြစ်ပါတယ် ကြက်ဟင်းခါးသီးက ထိုင်ဝမ်သီး ခပ်ပွပွကြီးတွေဆို အခါးပေါ့ပြီး အခုလို မြန်မာသီး ခပ်ကျစ်ကျစ်နဲ့ ဘို့တွေအများကြီးပါတဲ့ အသီးဆိုရင်တော့ အခါးအရသာက လေးလေးပင်ပင် ရှိလွန်းလှပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဟင်းခါးသီး - အနေတော် ငါးလုံး
  2. ပုဇွန်ခြောက် - အကောင် နှစ်ဆယ်ခန့်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ

  1. ကြက်ဟင်းခါးသီးကို ထိပ်နှစ်ဖက်မှ ဖြတ်ကာ ဇွန်းအရိုး ခပ်ရှည်ရှည်ဖြင့် အထဲမှ အစေ့များကို ကလော်ထုတ်ပေးပါ
  2. အစေ့များဖယ်ပြီးပါက ခပ်ထူထူ အနေအထားလေးတွေ အကွင်းလိုက် လှီးပေးပါ
  3. အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  4. ဖယ်ထားသော အစေ့များကို အသုံးမလိုတဲ့အတွက် ဖယ်ထားလိုက်ပါ
  5. ပုဇွန်ခြောက်ကို ရေမြုပ်အောင်ထဲ့ပြီး ရေစိမ်ထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
  7. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စဉ်းထားပါ
  8. ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ရေစိမ်ထားသော ပုဇွန်ခြောက်များကို ရေစစ်ကာထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  9. အားလုံး အဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထဲ့ပြီး ဆီကိုအပူပေးပါ
  10. ဆီပူလာတာနဲ့ ပုဇွန်ခြောက်ထောင်းကို ထဲ့ကြော်ပေးပါ
  11. ပြီးတာနဲ့ပုဇွန်ခြောက်ထောင်းထဲမှာပါတဲ့ ကြက်သွန်များကို နွမ်းပြီး မွှေးသွားအောင် ကြော်ပေးပါ
  12. ကြက်သွန်နံ့ သင်းလာတာနဲ့ ငံပြာရည် ထည့်မွှေပေးပါ
  13. ပြီးတာနဲ့ ကြက်ဟင်းခါးသီးများကို ထည့်ကြော်ပေးပါ
  14. ဆား အရသာမှုန့်တို့ ထည့်မွှေပြီး အားလုံးကို သမအောင်မွှေကာ ကြော်ပေးပါ
  15. ကြော်နေစဉ်မှာ ဟင်းအိုး အိုးမကပ်စေရန် ကြက်ဟင်းခါးသီးများကို မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  16. ကြက်ဟင်းခါးသီးများ နွမ်းလာပြီး ဆီသံကြား လာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  17. မိမိစိတ်ကြိုက် အရသာ ရလာတာနဲ့  ကြက်ဟင်းခါးသီးဟင်း ကြော်ချက်လေးကို စားသုံးဖို့ပြင်ဆင်ပေးနိုင်ပါပြီ။

Monday, 27 April 2020

ငါးခူမီးကင် ငါးပိရည်ဖျော်


ဒီနေ့တော့ ငါးပိရည်ကို ငါးခူမီးကင်လေးနဲ့ အဖျော်လုပ်ပါတယ် မြန်မာဆန်ဆန် ထမင်းဝိုင်းလေးမှာ ဆီပြန်ဟင်းလေးတစ်မယ် အရည်သောက်ဆမ်းလေးတစ်မယ် ငါးပိရည် တို့စရာလေးတွေရယ် အသီးအရွက်ကြော်လေးတစ်မယ်ရယ်တော့ များသောအားဖြင့် ပါတတ်ကြပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာ့အိမ်က ထမင်းဝိုင်းလေးမှာ ပါတတ်တဲ့ ငါးပိရည်ဖျော် ဖျော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သာ
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် ၄လုံးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။
ဖျော်စရာထောင်းပြီး ချက်ရန် ပါဝင်ပစ္စည်းများ

  • ငါးခူ - အကောင်ကြီးကြီး တစ်ကောင်
  • ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ
  • ကြက်သွန်နီ - အနေတော် လေးလုံး
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  • ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အမွှာလေးတွေ ထွင်ပေးပြီး အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကို အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်ဖုတ်ပေးပါ
  • ပြီးတာနဲ့ ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ငါးကို မလိုတာတွေ ဖယ်ပြီး ရေစင်အောင်ဆေးကာ ဘေးနှစ်ဖက်ကို ခပ်စိတ်စိတ်လေး မွှန်းပေးပါ
  • ပြီးတာနဲ့ အကျက်ညီစေရန် ငါးကို ဒုတ်နဲ့ထိုးပြီး မီးသွေးမီးဖိုရှိပါက ကျက်သွားအောင် ကင်ပေးပါ သို့မဟုတ်
  • အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်ကင်ပေးပါ
  • ပြီးတာနဲ့ ငါးကင်ကို အရိုးအသား သပ်သပ်စီ နွှင်ထားပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ မညက်တညက် ထောင်းပေးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ငါးကင် ငရုတ်သီးစိမ်း ငရုတ်သီး အလှော်မှုန့် အရသာမှုန့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက် ထောင်ပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငါးကင်ထောင်းများကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး သင်းလာတာနဲ့ ကျိုထားသော ငါးပိရည်ကို လောင်းထည့်ပေးပါ
  • ငါးပိရည် ပွက်ပွက်ဆူလာတာနဲ့ မိမိစားနိုင်သလောက်ကို ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြိးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာ ရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။