Sunday 26 April 2020

အသီးအရွက် အစိမ်းကြော်


ဒီနေ့တော့ အသီးအရွက်လေးတွေ ဝယ်လာပြီး အစိမ်းကြော်လေး ကြော်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းလို့ ကြော်စားချင်ရင် ကြော်စားနိူင်အောင် မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပင်ပေါက် - 225 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. Lettuce leaves - အနေတော် တစ်စိတ်
  5. ဘေဘီမုန့်ညှင်း - အနေတော် ၃ခက်
  6. ပဲတောင့်ရှည် - ၅တောင့်
  7. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း 
အရသာစပ်ရန်
  1. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  2. ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
  3. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ

  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးထားပါ
  • Lettuce leaves ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • ဘေဘီမုန့်ညှင်းကို ရေဆေးပြီး လက်နှစ်လုံးလောက် အထူလေးတွေ လှီးထားပါ
  • ပဲပင်ပေါက်ကို ရေစစ်ပြီး ရေစစ်ထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူနံ့ သင်းလာတာနဲ့ မုံလာဥနီ ပဲသီး ဘေဘီမုန့်ညှင်းတို့ကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • အရင်ဆုံး ထည့်ကြော်ထားသော အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ပဲပင်ပေါက်နှင့် lettuce leaves တို့ကိုထည့်ပြီး ကြော်ပေးပါ
  • မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အသီးအရွက်ကြော်များ အရသာ သမလောက်ပြီ ဆိုတာနဲ့ တရုတ်နံနံထဲ့ပေးပြီး အရသာမြည်းပြီကား လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသီးအရွက် အစိမ်းကြော်လေး ရပါပြီ။

No comments:

Post a Comment