Sunday 12 April 2020

သာကူပေါင်း စိမ့်စိမ့်လေး













အခုရက်ထဲ COVID 19 ကြောင့် အပြင်မထွက်ရလေတော့ အိမ်မှာရှိတာလေးတွေဘဲ ချက်လိုက်ပြုပ်လိုက် မုန့်လေးတွေ လုပ်လိုက်နဲ့ အချိန်တွေကို ကုန်စေခဲ့ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ သာကူကျိုပြီး သာကူပြန်ပေါင်းလုပ်စားဖြစ်လို့ မာမာပြင်ဆင်ပြီး မုန့်လုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သာကူ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် ၂ခွက်
  2. ရေ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်၂ခွက်
  3. ဆွမ်းမွှေးရည် - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက် ( ဆွမ်းမွှေးရွက် ကြိတ်ရန်)
  4. ရေ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် ၈ခွက် (သာကူကျိုရန်)
  5. သကြား - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက် 
  6. ခြစ်ထားသော အုန်းသီးမှုန့် - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ဆွမ်းမွှေးရွက် - ၂ရွက်
ဆွှမ်းမွှေးရည်ကြိတ်ရန်
  • ဆွမ်းမွှေးရွက် ၂ရွက်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ပေးပါ
  • ဘလန်ဒါထဲမှာ ဆွမ်းမွှေးရွက်နှင့် ရေတစ်ခွက်ကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ 
  • ဆွမ်းမွှေးရွက် ညက်သွားနေတာနဲ့ ပိတ်စပါးပါးထဲထည့်ပြီး ဆွမ်းမွှေးရည်ကို ယူထားပါ
  • သာကူကျိုနေစဉ် အသုံးပြုသော သာကူများ မတူနိူင်တဲ့အတွက် ရေကို လိုတိုးပိုလျှော့လုပ်ပြီး ကျိုပေးပါ
ပြင်ဆင်ပုံ
  • သာကူမကျိုခင် သာကူစေ့များကို ရေမြန်မြန်ဆေးပြီး ရေစစ်ထားပါ
  • ရေစိမ်တာ ကြာပါက သာကူများ ကျေကုန်နိူင်ပါတယ်
  • ရေနှင့် ဆွမ်းမွှေးရွက်ဖျော်ရည်ကို ရောပြီးဖျော်ထားပါ
  • အရင်ဆုံး ဇောက်နက်သော အိုးထဲမှာ ရေ ဆွမ်းမွှေးရည်နှင့် ဆား တို့ကိုထည့်ပြီး ဆူပွက်လာသည်အထိ တည်ပေးပါ
  • အရည်များ ဆူပွက်လာလျှင် သာကူကိုထည့်ပြီး အဆက်မပြတ် မွှေပေးပါ
  • သာကူစေ့ရဲ့ အလည်မှ အဖြူရောင် ၀တ်ဆံလေးတွေ ပေါ်လာတာနဲ့ မီးဖိုပေါ်မှချပြီး ဇကာထဲကို သွန်ချပေးပါ
  • ပြီးတာနဲ့ ရေတစ်ထပ် ဆေးပေးပြီး ရေစစ်ပေးပါ
  • သာကူများ ရေစစ်သွားပါက ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးထဲ ထည့်ပြီး ၈မိနစ် ပေါင်းပေးပါ
  • ပေါင်းချိန်ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • သာကူပေါင်းနေစဉ် သကြားပန်းကန်နှင့် အုန်းသီးမှုန့် ပန်းကန်ကို ပြင်ထားပါ
  • ဇွန်းနှစ်ချောင်းနှင့် ရေပန်းကန်ကို အဆင်သင့် ပြင်ထားပါ
  • ပေါင်းထားသော သာကူပန်းကန်ကို အပြင်ကို ထုတ်ပေးပြီး ရေစွတ်ထားသော ဇွန်းနှင့် ခပ်ပေးပြီး သကြားပန်းကန်ထဲမှာ အရင်ဆုံးလူးပေးပါ
  • သကြားလူးပြီးတာနဲ့ အုန်းသီးမှုန့်နှင့် လူးပေးပါ
  • အုန်းသီးဖတ်များ လူးပေးပြီးသွားပါက ချိုစိမ့်စိမ့် သာဂူပေါင်းလေးများကို သုံးဆောင်နိူင်ရန် ပြင်ပေးနိူင်ပါပြီ။
မှတ်ချက် ။ ။ သာကူကျိုရာတွင် အသုံးပြုသော သာကူများ မတူနိူင်တဲ့အတွက် ရေကို လိုတိုးပိုလျှော့လုပ်ကာ ချင့်ချိန်ပေးရန် သတိထားပေးပါ
မာမာပြထားသော ပေါင်းအိုးအဆင်သင့် မရှိပါက ဇောက်နက်သော ဒယ်အိုးထဲမှာ ရေတစ်ဝက်လောက်ထည့်ပြီး ပေါင်းခံခုံ တင်ပေးပါ
ထိုခုံပေါ်မှာ သာကူပန်းကန်ကို တင်ပေးကာ အဖုံးအုပ်ပြီး ၈မိနစ်ပေါင်းပေးပါ။

No comments:

Post a Comment