Saturday 4 April 2020

ဆန်ပြားခေါက်ဆွဲကြော်


နေ့လည်နေ့ခင်း အစာပြေ စားဖို့အတွက် ဗီယက်နမ်ဈေးကနေ ဝယ်လာတဲ့ ဆန်ပြားခေါက်ဆွဲဖတ်ကို အသားမပါဘဲ ကြော်ဖြစ်ပါတယ် ကြော်ပြီးပြီးချင်း ပူပူလေး စားရတဲ့ အရသာက အရမ်းကို ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဆန်ပြားခေါက်ဆွဲ - တစ်ရုတ်ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
  2. ဘဲဥ - နှစ်လုံး
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ဘေဘီမုန့်ညှင်း - အနေတော် တစ်ပင်
  6. ပဲပင်ပေါက် - နှစ်သက်သလောက်
  7. ပဲတောင့်ရှည် - ငါးတောင့်
  8. ကြက်သွန်မိတ် - အနေတော်နှစ်ပင်
  9. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  14. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  16. ဆီ - ထမင်းစားဇွန်း ခြောက်ဇွန်း 
ပြင်ဆင်ပုံ
  • ဘဲဥကို ဇလုံထဲမှာ ဖောက်ထဲ့ပေးပြီး ခလောက်ထားပါ
  • ဆန်ပြားခေါက်ဆွဲနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
  • ဘေဘီမုန့်ညှင်းကို ခပ်ကြမ်းကြမ်း လှီးပေပြီး ရေဆေးကာ ရေစစ်ထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ကာ ရေစစ်ထားပါ
  • ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပေးပြီး ခပ်စောင်းစောင်း လှီးပေးထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆား အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီတို့ကို အဂရသာ သမအောင် မွှေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် သကြားကို အရင်ဆုံးထည့်ပြီး ညိုလာတဲ့အထိ ကြော်ပေးပါ
  • သကြားများ အရည်ပျော်လာပြီး  ညိုရောင်သန်းလာတာနဲ့ ကြက်သွန်ဖြူကို မွှေးလာရုံလေး ည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ရေစစ်ထားတဲ့ ဘေဘီမုန့်ညှင်း ပဲသီးနှင့် မုံလာဥနီတို့ကို အရင်ဆုံး ထည့်ေ ကြာ်ပေးပါ
  • အသီးအရွက်များကို တစ်မိနစ်လောက်ဘဲ ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ်လေး နွမ်းသွားပါက ဆန်ပြားခေါက်ဆွဲနှင့်ဘ အရသာ စပ်ထားသော အရည်ကကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာ မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ အိုးဘေးမှာ ခနတွန်းထားပြီး ခလောက်ထားတဲ့ ဘဲဥကိုထည့်ပေးပါ
  • ဘဲဥကျက်တာနဲ့ ဆန်ပြားကြော်ထဲမှာ ရောမွှေပေးပါ
  • ပြီးတာနဲ့ ပဲပင်ပေါက် တရုတ်နံနံနှင့် ကြက်သွန်မိတ်တို့ကို ထည့်ပေးပြီး မွှေပေးပြီးပါက ဆန်ပြားခေါက်ဆွဲကြော် ရပါပြီ
  • ကြာ်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ဆန်ပြားခေါက်ဆွဲကြော်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment