Wednesday 29 April 2020

BUFFALO CHICKEN WINGS

















ဒီနေ့တော့ ကြက်သားကို ချက်လိုက် ပြုပ်လိုက် ရိုးရိုးကြော်လိုက်နဲ့ ရိုးသလို ဖြစ်လာတဲ့အတွက် Buffalo chicken wings ကြော်လေး ကြော်လိုက်ပါတယ် စားလို့အရမ်း ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ကြက်သားအရသာနယ်ရန်
  1. ကြက်တောင်ပံ - ကီလိုဝက်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. သံပုယိုသီး အရည် - ထမင်းစားဇွန်း နှစ်ဇွန်း
ဂျုံမှုန့် အရသာနယ်ရန်
  1. ဂျုံမှုန့် - ခွက်တစ်ဝက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  2. ပြောင်းကော်မှုန့် - ခွက်တစ်ဝက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  3. Baking powder - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. Garlic powder - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဟင်းချက်ရန် 
  1. ထောပါတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  3. Ketchup - ခွက်တစ်ဝက် (မုန့်လုပ်ရာတွင် ချင်သောခွက်)
  4. ငရုတ်ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  5. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်သား ဆား ငရုတ်ကောင်းမှုန့်နှင့် သံပုယိုသီး အရည်တို့ကို ရောပြီး အရသာဝင်အောင် နယ်ပေးထားပါ
  • နောက်ထပ် ဇလုံတစ်လုံးထဲမှာ ဂျုံမှုန့် ပြောင်းကော်မှုန့် baking powder ဆား ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူမှုန့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောမွှေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အရသာ နယ်ထားသော ကြက်သားကို အရသာ နယ်ထားသော ဂျုံမှုန့်ထဲမှာ တစ်ခုချင်း လူးပေးပါ
  • ကြက်သားမှာ ဂျုံမှုန့်များ လူးပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအလယ်လောက်ထိ လျှော့ပေးပြီးမှ ကြက်သားတုံးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြက်သားကြော်နေစဉ် ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
  • ဆီစစ်သလောက် ဖြစ်တာနဲ့ နောက်တစ်ခါ ဆီအိုးပူပူထဲမှာ ထည့်ပြီးကြော်ပေးပါ
  • ကြက်ကြော်များ ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီး နောက်တစ်ကြိမ် ဆီစစ်ပေးပါ
  • ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးပေးထားပါ
  • နောက်ထပ်ဒယ်အိုးတစ်လုံကို အပူပေးပြီး အိုးထဲမှာ ထောပါတ်ကိုထည့်ပြီး ပျော်သွားအောင် မွှေပေးပါ
  • ထောပါတ်ပျော်သွားတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူနံ့ သင်းလာတာနဲ့ ketchup ငရုတ်သီး အရောင်တင်မှုန့် သကြားနှင့် ပဲငံပြာရည်တို့ ထည့်ပြီး အရသာ သမအောင် မွှေပေးပါ
  • အရသာ သမသွားတာနဲ့ ကြော်ပြီးဆီစစ်ထားသော ကြက်သားများကို ထည့်မွှေပေးပါ
  • အနှစ်များ တော်တော်လေး ခမ်းလာတာနဲ့ မီးပိတ်ပေးပြီး သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment