Tuesday, 28 April 2020

ပဲကြာဇံကြော်


ဒီတစ်ခါတော့ ပဲကြာဇံကြော် ကြော်စားဖြစ်ပါတယ် စားလို့ကောင်းပြီး အရသာ ကောင်းမွန်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲကြာဇံ - တစ်ပွဲစာ (လက်တစ်ဆုပ်စာ)
  2. ကြက်သွန်နီ - တစ်လုံး
  3. ကြက်ဥ - တစ်လုံး
  4. မုန်လာဥနီ - အနည်းငယ်
  5. ပဲတောင့်ရှည် - ငါးတောင့်
  6. ဂေါ်ဖီ - တစ်စိတ်
  7. ရွှေပဲသီး - ဆယ့်ငါးတောင့်
  8. ကြက်သွန်မိတ် - နှစ်ပင်
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. ဆား - အနည်းငယ်
  11. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဟင်းခပ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  14. ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ဆီ - ထမင်းစားဇွန်း - ရှစ်ဇွန်း
  16. နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၅ပုံတစ်ပုံ
ပြင်ဆင်ပုံ

  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ကြီးကြီး အနေအထား တုံးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ရွှေပဲသီးကို အကြောသင်ပြီး ရေဆေးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးပေးပါ
  • ပဲသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်မိတ်ကို လက်တစ်ဆစ်ခန့် လှီးထားပါ
  • ကြဥကို ခလောက်ထားပါ
  • ရေစိမ်ထားသော ပဲကြာဇံ ပျော့လာပါကဆယ်ပြီး ရေစစ်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီကိုထည့်ပါ
  • ပူလာပါကကြက်သွန်ဖြူ နှင့် ကြက်သွန်နီကို မွှေးသွားအောင် အရင်ဆုံး ကြော်ပေးပါ
  • ကြက်သွန်နံ့ မွှေးလာတာနဲ့ ရွှေသီးနှင့် ကြက်သွန်မိတ်မှလွဲပြီး အသီးအရွက်များကို တစ်မိနစ်လောက် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကျက်တာနဲ့ ပဲကြာဇံထည့်ပြီး ငံပြာရည် ဆား ဟင်းခတ်မှုန့် ခရုဆီ ပဲငံပြာရည် တို့ထည့်ကာ သမအောင် မွှေပေးပါ
  • အသီးအရွက်ကြော်စဉ် ထွက်လာသော အရည်ဖြင့် ပဲကြာဇံ ပျော့သွားအောင် ခနထားပေးပါ 
  • ပဲကြာဇံ ပျော့လာပါက အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့နှမ်းဆီ ရွှေပဲသီး ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ်ထည့်ပြီး  အရသာနှံ့အောင် မွှေပေးကာ ပဲကြာဇံကြော်ကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a comment