Thursday 28 December 2023

ခရမ်းသီးကြော်နှပ်

 



ဒီနေ့တော့ ခရမ်းသီးတွေ ဝယ်လာပြီး ကြော်နှပ်လေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ခရမ်းသီး ကြော်နှပ် နှပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ခရမ်းသီး အလုံးကြီးကြီး နှစ်လုံး
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. အရသာမှုန့် - လက်ဘက်ရည်ဇွန်း တစ်ဝက်
  5. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ချက်ပြုပ်ပုံ
  • ခရမ်းသီးကို အခွံခွာပြီး ပုံပါအတိုင်း လှီးပေးကာ ရေမြုပ်အောင်ထည့်ပြီး တစ်နာရီခန့် စိမ်ထားပါ
  • ကြပ်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • ရေစိမ်ပြီးတာနဲ့ ရေဆေးပြီး ရေစစ်ကာ ဆား နှမ်းဆီမွှေး ပဲငံပြာရည်အကြည် အရသာမှုန့်နှင့်ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ခရမ်းသီးကို အိုးဆန့်သလောပ် တစ်ခုချင်းထည့်ကာ ကြော်ပေးပါ
  • တစ်ဖက်ကျက်သွားပါက နောက်တစ်ဖက်ကို လှန်ပေးကာ ကြော်ပေးပါ
  • နှစ်ဖက်လုံး ကျက်သွားပါက ဆယ်ထားပြီး ခရမ်းသီးများ ကုန်တဲ့အထိ ကြော်ပေးပါ
  • အားလုံးကြော်ပြီးတာနဲ့ ဒယ်အိုးထဲက လက်ကျန်ဆီထဲမှာ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူနံ့လေး သင်းလာတာနဲ့ ကြော်ထားတဲ့ ခရမ်းသီးများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပေးပြီး ခရမ်းသီးကြော်နှပ်ကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment