Sunday 4 June 2023

ချင်းချဉ်လုပ်နည်း

 









ဒီနေ့တော့ အသီးအရွက်ဈေးကို သွားကြရင်း ချင်းနုနုလေးတွေ တွေ့တာနဲ့ ဝယ်လာပြီး ချင်းချဉ်လေး တည်ဖြစ်ပါတယ် ကိုယ့်ဘာသာကို ချင်းချဉ်ကို တည်ပြီးစားတော့ သန့်သန့်လေး စားရသလို ကြာကြာလဲ အထားခံပါတယ်။

မာမာကတော့ မာမာ့အမေ အချဉ်တည်တဲ့ နည်းလေးနဲ့ တည်ပါတယ် အရမ်းအရမ်းကိုလဲ လွယ်ပါတယ် အချဉ်တည်တဲ့ အချိန်မှာ တစ်ချက်လေးဘဲ သတိထားရမှာက ဖန်ပုလင်းနဲ့တည်တာ အကောင်းဆုံးပါဘဲ။

 ကြွေပန်းကန်နဲ့ အချဉ်တည်တဲ့ အခါမှာ ကြွေအကောင်းစား အရည်အသွေး ပြည့်မှီတဲ့ ကြွေဆိုရင် ပြသနာမရှိပေမဲ့ အရည်အသွေး မပြည့်မှီတဲ့ ကြွေဆိုရင် တည်မိတဲ့ အချဉ်ကြောင့် အဆိပ်အတောက်ကို ဖြစ်စေပါတယ် ဒါကြောင့်မို့လို့ မာမာတည်တဲ့ ချင်းချဉ်တည်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ချင်းနု - သုံးဆယ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. သုံပုရာသီး အနေတော် - နှစ်လုံး

ပြင်ဆင်ပုံ
  • သံပုရာသီးကို ရေဆေးပြီး ရေခြောပ်အောင် သုတ်ပေးကာ ထက်ဝက်ခြမ်းထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ရေစစ်ထားပြီး ရေခြောက်အောင် ထားပေးပါ
  • ရေခြောက်သွားပါက ဓါးပြတ်ပြတ်နှင့်  ခပ်ပါးပါးလေးတွေ ရအောင် လှီးပေးပါ
  • ချင်းပြားလေးတွေ လှီးပြီးပါက ခပ်သေးသေး အမြှောင်းလေးတွေ ရလာအောင် ထပ်လှီးပေးပါ
  • ပြီးတာနဲ့ ချင်းများကို ဇလုံတစ်လုံးထဲထည့်ကာ ဆားနှင့် သံပုရာရည်ကို ညှစ်ထဲ့ပေးပါ
  • သံပုရာရည် ညှစ်ထားသော ချင်းများကို ဇလုံထဲမှာဘဲ အရသာ သမအောင် နယ်ပေးပါ
  • အားလုံးသမသွားပါက ချင်းအရောင် အနည်းငယ် ပြောင်းလာပါလိမ့်မည်
  • အရောင်ပြောင်းလာတာနဲ့ ဖန်ပုလင်း သန့်သန့်ထဲထည့်ပြီး ရေခဲသေတာထဲမှာ သိမ်းထားပေးပါ
  • နောက်တစ်နေ့မှာ  ချင်းချဉ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။

No comments:

Post a Comment