Monday, 24 March 2025

ပဲကြော်သုပ်

 



မာမာက အသားတွေ သိပ်မစားတော့ အသီးအရွက်နဲ့ ပဲမျိုးစုံကိုဘဲ အားထားရပါတယ် နောက်တစ်ခုက ဆီးချိုရှိတဲ့အတွက် အရမ်းချိုတဲ့ အသီးတွေနဲ့ ထမင်း တို့ကိုလဲ ဆင်ဆင်ချင်ချင် စားရပြန်ပါတယ်။
ဒါကြောင့်မိုလို့ ဒီတစ်ခါတော့ ပဲကြော်ကို ချဉ်ငံစပ်လေး သုပ်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲကြော် - ငါးချပ်
  2. ခရမ်းချဉ်သီး - အနေတော် တစ်လုံး
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. မန်ကျည်းသီးမှည့်အရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ဆား - အနည်းငယ်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - အနည်းငယ်
  8. ငရုတ်သီးစိမ်း - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
  • ပဲကြော်ကို ခပ်ကြမ်းကြမ်း ချေထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းကာ မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွါပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
  • မန်ကျည်းမှည့်ရည်ကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကိုထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် ပဲကြော်သုပ် စိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment