မာမာ အရင်တပါတ်က ငါးကြီးချဉ် လုပ်နည်းလေးကို https://mmlazp.blogspot.com/2025/01/blog-post_16.html ဒီလင့်မှ မျှဝေပေးခဲ့ပါတယ်။
ဒါကြောင့်မို့လို့ ဒီနေ့တော့ ငါးကြီးချဉ်ကို ဆီပြန်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက် ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ငါးကြီးချဉ် - ဆယ်တုံးခန့်
- ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ကြက်သွန်ဖြူ - သုံးမွှာ
- ကြက်သွန်နီ - အနေတော် တစ်လုံး
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- မန်ကျည်းသီးမှည့် - အနည်းငယ်
- ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
- ငါးကြီးချဉ်ထဲမှ ထမင်းများကို ဖယ်ပေးပါ
- ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို အခွံခွာကာ ရေဆေးပြီး ငရုတ်သီး လုံးခြမ်းကွဲနှင့် ရောထောင်းပေးပါ
- မန်ကျည်းသီးမှည့်ကို ရေနှင့်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေစိမ်ထားပါ
- ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာပါက ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
- ငရုတ်သီးနံ့ သင်းလာပါက ငါးကြီးချဉ်များနှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
- ရေမခမ်းခင် ရေစိမ်ထားသော မန်ကျည်းသီးမှည့်ရည်ကို ထည့်မွှေပေးပြီး ရေခမ်းတဲ့အထိ ဆက်တည်ပေးပါ
- ရေမခမ်းခင် အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာတဲ့အထိ ပြင်ပေးပါ
- ရေခမ်းပြီး ဆီပြန်လာပါက မီးပိတ်ပေးပြီးပါက ငါးကြီးချဉ်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment