မာမာ ဒီနေ့တော့ မာမာ့အိမ်မှာ အလေ့ကျ ပေါက်နေတဲ့ ဗောက်လောက်ရွက်လေးတွေခူးပြီး ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဗောက်လောက်ရွက် -
- အာလူး -
- မြေပဲလှော် -
- ကြက်သွန်နီ -
- ငရုတ်သီးစိမ်း -
- ငရုတ်သီး အလှော်မှုန့် -
- ပဲအကျက်မှုန့် -
- ငါးငံပြာရည် -
- ကြက်သွန်ဖြူ ဆီချက် အဖတ် -
- ကြက်သွန်နီ ဆီချက် -
- အရသာမှုန့် -
- သံပုရာသီး -
- ပုဇွန်ခြောက်မှုန့် -
ပြင်ဆင်ပုံ
- ဗောက်လောက်ရွက်ရဲ့ အရင်းပိုင်း ရင့်နေတဲ့နေရာကို ဖယ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
- အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ ဗောက်လောက်ရွက်ကို ထည့်ပြီး မိနစ်ဝက်လောက်ထားကာ ရေနွေးများ သွန်ပေးပါ
- ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေစစ်ပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- အာလူးကို နူးအောင်ပြုပ်ပြီး အခွံခွာကာ မထူမပါးလေးတွေ လှီးထားပါ
- သံပုရာသီးကို ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
- မြေပဲလှော်ကို မညက်တညက် ထောင်းထားပါ
- ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ဗောက်လောက်ရွက်များ အာလူး ကြက်သွန်နီ ငရုတ်သီးစိမ်း ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူ ဆီချက်ဖတ် ကြက်သွန်နီဆီချက် မြေပဲထောင်း ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဉ်ငံစပ် အသုပ်စုံလေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment