Sunday, 5 January 2025

အုန်းထမင်း

 







ကျန်ခဲ့တဲ့ သုံးရက်က မာမာ့သမီးလေးတို့ လာမယ်ဆိုတာနဲ့ အုန်းထမင်း ချက်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ 
 မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အုန်းထမင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. Basmati Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ကြက်သွန်နီ - အလုံးခပ်သေးသေး ခွန်နှစ်လုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  4. အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ready made ဗူးကို သုံးထားပါတယ်)
  5. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး 
  6. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ဆန်ကို ရေသုံးထပ်လောက် ဆေးပေးပါ
  • ရိုးရိုးထမင်းချက်သလိုဘဲ ထမင်းပေါင်းအိုးထဲကို ဆေးထားသော ဆန်များကို ထည့်ပေးပါ
  • ကြက်သွန်နီများကို အခွံခွာပြီး ရေဆေးထားပါ
  • ဆီ ဆား သကြားနှင့် အုန်းနို့တို့ကို အဆင်သင့် ပြင်ထားပါ
  • ဆန်ထည့်ထားသော အိုးထဲကို  အုန်းနို့ ကြက်သွန်နီ ဆီ ဆားနှင့် သကြားနှင့် ရေတို့ထည့်ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  • အပျော့ဆန်ကို သုံးမယ်ဆိုရင်တော့ ရေကို လျှော့ထည့်ပေးပါ
  • အုန်းထမင်းက ရိုးရိုးထမင်းချက်သလိုဘဲ ချက်တာမို့ လို့ ခလုတ်တက်ရင် အုန်းထမင်း ကျက်ပါပြီ
  • ကြက်သားဆီပြန် အမဲသားဆီပြန် ကြိုက်နှစ်သက်ရာ အသားဟင်းများနဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။
မှတ်ချက်။ ။
  • အုန်းနို့ကို ရယ်ဒီမိတ်လာသော ဗူးများကို သုံးနိုင်သလို အုန်းသီးတစ်လုံးကို ခြစ်ပြီး အရည်ညှစ်ယူလို့လဲရပါတယ်။

No comments:

Post a Comment