Friday 12 July 2024

ငါးထမင်းနယ်

 






မာမာ ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ဂျူးမြှစ်လေးတွေ တူးကာ ငါးထမင်းနယ်လေး လုပ်စားပါတယ် စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ငါးထမင်းနယ် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ရှမ်းဆန် - နှစ်ဗူး  (ရှမ်းဆန်မရှိပါက ဆူရှီဆန်ကို သုံးလို့ရပါတယ်)
  2. ငါးခူ - နှစ်ဆယ့်ငါးကျပ်သား
  3. ခရမ်းချဉ်သီး -  နှစ်ဆယ့်ငါးကျပ်သား
  4. အာလူး - နှစ်ဆယ်ကျပ်သား
  5. ရှမ်းပဲပုတ်ပြား - ရှစ်ချပ်
  6. ဆား - လိုသလောက်
  7. အရသာမှုန့် - လိုသလောက်
  8. နနွင်းမှုန့် - အနည်းငယ်

တွဲဖက်စားရန်
  1. နံနံပင် (ရေဆေးထားပါ)
  2. ငရုတ်သီး အခြောက်တောင့်ကြော်
  3. မြေပဲကြော်
  4. ဂျူးမြှစ် (ရေဆေးထားပါ)

ပြုလုပ်ပုံ
  • ပထမဦးဆုံး ထမင်းကို မပျော့ မမာစေဘဲ အနေတော် ချက်ထားပေးပါ
  • ငါးကို မလိုတာတွေ ဖယ်ပေးပြီး ရေစင်အောင်ဆေးကာ နနွင်းမှုန့် ဆားနှင့် အရသာမှုန့်တို့ သင့်သလိုထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် ပြုပ်ပေးပါ
  •  ငါးပြုပ်ကို အအေးခံပြီး အရိုးမပါအောင် နွှင်ထားပါ
  • အာလူးကို နူးအောင်ပြုပ် အခွံခွာကာ ပါးပါးလှီးပြီး ညက်နေအောင် ထောင်းထားပေးပါ
  • ရမ်းချဉ်သီးကို ‌နနွင်းမှုန့် အနည်းငယ်ထည့်ကာ ရေအနည်းငယ်ဖြင့် ပြုပ်ပေးပြီး အနှစ်ဖြစ်အောင် ဇကာဖြင့် တိုက်ထားပါ
  • ရှမ်းပဲပုတ်ပြားကို မီးအေးအေးဖြင့် မီးကင်ပြီး ကြေနေအောင် ထောင်းထားပါ
  • အားလုံးပြီးပြီ ဆိုတာနဲ့ ဇလုံတစ်ခုထဲမှာ ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်တွေကို အကုန်ရောထည့်ကာ ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး သမအောင် နယ်ပေးပါ 
  • အရသာ နယ်ပြီးတာနဲ့ အပေါ့အငန်ကိုတော့ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ အရသာ အရမ်းကောင်းတဲ့ ငါးထမင်းနယ်ကို ရပါပြီ
  • ငါးထမင်းနယ်ကို ပန်းကန်ပြားထဲမှာ ထည့်ပေးပြီး မြေပဲကြော် ငရုတ်သီးကြော် နံနံပင်နဲ့ ဂျူးမြှစ်တို့ထည့်ပြီး စားသုံးလို့ ရပါပြီ။

No comments:

Post a Comment