Tuesday 9 July 2024

ကြက်ခြေထောက်ရိုးသုပ်

 


မာမာ ဒီနေ့တော့ ကြက်ခြေထောက်လေးတွေ ဝယ်လာပြီး ဆေးကြောသန့်စင်ကာ ကျက်နေအောင်ပြုပ်ပြီး ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။


ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ကြက်ခြေထောက် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ပြုပ်ပြီးသား ကြက်ခြေထောက် - ဆယ်ချောင်း
  2. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ယိုးဒယား ပုဇွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. သံပုရာသီး - တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်သီးစိမ်း - ငါးတောင့်ခန့်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ပူစီနံ - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ပူစီနံကို ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလု ခပ်ကြီးကြီးထဲမှာ အားလုံးထည့်ပြီး သံပုရာရည် ညှစ်ထည့်ကာအရသာ သမအောင် နယ်ပေးပါ
  • အားလုံးအရသာ သမသွားတာနဲ့ အရသာကို မြည်းပေးပြီး ချိုချဉ်ငံစပ် အရသာကို မြည်းပေးကာ လိုအပ်တာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုရင်တော့ ချဉ်ငံစပ် ကြက်ခြေထောက် သုပ်လေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

No comments:

Post a Comment