Tuesday 16 July 2024

ဒညင်းသီး အုန်းနို့ဆီပြန်

 


မာမာ ဒီနေ့တော့ ဒညင်းသီးလေးဆွေ ဝယ်လာပြီး အုန်းနို့နဲ့ ခပ်စိမ့်စိမ့် မွှေးမွှေးလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဒညင်းသီး အုန်းနို့စိမ့်စိမ့် မွှေးမွှေးလေးအတွက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဒညင်းသီး - ၂၅လုံးခန့်
  2. ထန်းလျှက်ခဲ - သုံးခဲ
  3. အုန်းနို့ - 400ml
  4. ဆား - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
  • ဒညင်းသီးများကို ရေဆေးပြီး အိုးထဲကို ထည့်ပေးပါ
  • ဒညင်းသီး အိုးထဲမှာ ထန်းလျှက်ခဲ ထည့်ပေးကာ ရေခပ်များများ ထည့်ပြီး ပြုပ်ပေးပါ
  • အရင်ဆုံး ထည့်ပြီးပြုပ်ထားတဲ့ ရေမခမ်းခင် နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး ပြုပ်ပေးပါ
  • ဒုတိယတရည် ခမ်းကာနီးတာနဲ့ ဒညင်းသီး နူးမနူး စမ်းကြည့်ပါ
  • ဒညင်းသီးများ မနူးသေးပါက ရေထပ်ထည့်ပြီး ပြုပ်ပေးပါ
  • ဒညင်သီးများ နူးရင်မီးပိတ်ပြီး အအေးခံကာ အခွံများခွါကာ ရေဆေးထားပါ
  • အိုးတစ်လုံးထဲမှာ ဒညင်းသီး ဆားနှင့် အုန်းနို့တို့ထည့်ကာ တည်ပေးပါ
  • အုန်းနို့များ မခမ်းခင် အရသာ သမအောင် မွှေပေးပါ
  • အုန်းနို့များ ခမ်းလာပြီး ဥလာပါက မီးပိတ်ပေးပါ
  • ပြီးတာနဲ့ အုန်းနို့ဒညင်းသီးဟင်း စိမ့်စိမ့်မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment