Sunday 14 July 2024

ဆိတ်ဖူးထောင်း (Finger Root)



 


Sydney မှာ အခုရက်ထဲ အအေးက ပိုကဲနေတော့ ပူပူစပ်စပ်လေးတွေ စားလေမှ နေသာထိုင်သာက ရှိသလိုလို ဖြစ်နေပါတယ်။

ဒီတော့လဲ ပူပူစပ်စပ်လေး စားဖို့ရာအတွက် ဆိတ်ဖူးလေးတွေ (Finger Root)ကို ထောင်းဖြစ်ခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ဆိတ်ဖူးကိုတော့ ပြီးခဲ့တဲ့ရက်က ထိုင်းဆိုင်တစ်ခုကိုသွားရင်း ready made ပုလင်းလေး ဝယ်လာတဲ့အတွက် အဆင်သင့် ထောင်းလိုက်ရုံပါဘဲ။


ပါ၀င်ပစွည်းများ

  1. ဆိတ်ဖူး
  2. ကြက်သွန်ဖြူ
  3. ငရုတ်သီးစိမ်း
  4. မျှင်ငပိ
  5. အရသာမှုန့် 

ပြင်ဆင်ပုံ

  • ဆိတ်ဖူးနှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • မျှင်ငပိကို ကျက်သွားအောင် မီးကင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ငရုတ်ဆုံထဲမှာ ထည့်ပေးပြီး ညက်နေအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ ဆိတ်ဖူးထောင်း မွှေးမွှေးလေးကို ပန်းကန်ထဲ ပြောင်းထည့်ပြီး ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ စားလို့ရပါပြီ။

No comments:

Post a Comment